Published 19 December 2022
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူဟာ စစ်ဝတ်စုံဝတ်ဆင်လျက် စစ်ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါကာ ယူကရိန်းမှာရှိတဲ့ ရုရှားတပ်တွေကို စစ်ဆေးခဲ့ရာ အဲဒီ ဗွီဒီယိုကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးပါတယ်။
အထူးစစ်ဆင်ရေးဇုန်အတွင်းက ရုရှားတပ်ဖွဲ့တွေ ရှေ့သို့နေရာယူထားတဲ့အခြေအနေတွေနှင့် တပ်ဖြန့်ထားရှိမှုတွေကို ရုရှားစစ်ဝန်ကြီးဌာနအကြီးအကဲဟာ ပျံသန်းပြီးကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်ဘယ်တုန်းကလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ ဒါပေမယ့် အဲဒီခရီးစဉ်ဟာ သမ္မတပူတင်နှင့် ရှိုအီဂူအပါအဝင်ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအကြီးအကဲတွေ တွေ့ဆုံကြအပြီး နှစ်ရက်အကြာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russia_Defense_Minsiter_Inspection
#Sergei_Shoigu
#Russia_Ukraine_Crisis
#Local_News
Published - 18 Dec 2022
ပန်းဆိုးတန်း-ဒလ ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ဒီဇင်ဘာလ ၁၈ ရက် ညနေ
၆ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ခရီးသည် ပြည်သူအယောက် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ကြကြောင်း သိရသည်။
ယင်းဒဏ်ရာရသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း။ဒဏ်ရာရသူများထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ ဦးရှိကာ ယင်းတို့မှာ စိုးရိမ်ရကြောင်း ပရဟိတ ကူညီရေးအဖွဲ့တစ်ခုမှ လိုက်ပါကူညီပေးခဲ့သူကဆိုသည်။
"ကျွန်တော်တို့ပရဟိတအသင်းကား ဆယ်စီးလောက်ပေါင်းစုပြီးပို့ခဲ့ကြပါတယ်။ငါးယောက်ကတော့ ဒဏ်ရာပြင်းပါတယ်ခင်ဗျာ"ဟု ယင်းကပြောသည်။
Photo-CJ
ymg/mt
#Yangon_Media_Group
Published 18 Dec 2022
ဂျပန်နိုင်ငံရဲ့ မကြာသေးခင်က အမျိုးသား ကာကွယ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင်လိုက်တာဟာ အင်မတန်အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပြီး ကာကွယ်မှုမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းလဲ လိုက်တဲ့ သင်္ကေတဖြစ်တယ်လို့ ဂျပန်ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
ဂျပန်အစိုးရဟာ သောကြနေ့က အမျိုးသားလုံခြုံရေးမဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်တွေကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြန်လည်ရေးဆွဲခဲ့ပါတယ်။
အဲဒီပြောင်းလဲမှုအရ ပြန်လည်တိုက်ခိုက်ခြင်းစွမ်းရည်လို့ အမည်တပ်ထားတဲ့ ဒုံးကျည်ပစ်လွှတ်စခန်းတွေကို အခြား နိုင်ငံတွေမှာ ဂျပန်ဟာ တပ်ဆင်ခွင့်ရှိလာမှာဖြစ်ပါတယ်။
ဒါဟာ ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေ အခန်း(၉)မှာပါရှိတဲ့ အထူး သီးသန့်ကာကွယ်ရေး ဗဟိုပြုမှု အခြေခံမူကို ချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်ဝေဖန်သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် ဂျပန်ဟာ ကာကွယ်ရေးအသုံးစရိတ်တွေ သိသိသာသာတိုးမြှင့်တော့မှာလည်းဖြစ်ပါတယ်။ ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်မှာ ဂျပန်ဟာ ၂၀၂၃မှ ၂၀၂၇ အထိ(၅)နှစ်တာကလာအတွင်း အမေရိကန်ဒေါ်လာ ၃၁၄.၅ ဘီလျံနှင့်ညီမျှတဲ့ ဂျပန်ယမ်း ၄၃ ထရီလီယံကို သုံးစွဲပါလိမ့်မယ်။ဒီ ပမာဏဟာ လာမယ့်နှစ်မှာပြီးဆုံးမယ့် ဂျပန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ထက်တောင် ၁ဆခွဲများနေပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့က ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေကနေသွေဖည်ဆောင်ရွက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာကာ လက်နက်ပြိုင်ဆိုင်မှုကို ပိုပြင်းထန်လာစေလိမ့်မှာမို့ အန္တရာယ်များတဲ့အလုပ်လို့ ပြည်သူတွေက ထင်မြင်နေကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဂျပန်အနေနှင့် ကာကွယ်ရေးမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းရွှေ့လိုက် တဲ့သဘောဖြစ်တယ်လို့ ယိုကိုဟားမား အမျိုးသားတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ရှင်ဂျီယို ဟာဂီဝါယာက ပြောပါတယ်။
“ သိပ်အန္တရာယ်များတယ်လို့ ကျွန်တော်ထင်တယ်။ သုံးထားတဲ့ အထူးသီးသန့် ကာကွယ်ရေးဆိုတဲ့အသုံးအနှုံးက ဗန်းပြ သက်သက်ဖြစ်နေတယ်။ ဂျပန်ဟာ ကာကွယ်ရေးကိုပဲဆက်လုပ်မှာပါလို့ ပါးစပ်ကပြောနေပေမယ့် လက်တွေက အခြား နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်းတွေကို စတင် တိုက်ခိုက်ဖို့ စဉ်းစားတာပဲဖြစ်တယ်။ ဂျပန်ဟာ သမိုင်းသင်ခန်းစာမယူသေးဘူး” လို့ သူကဆက်ပြောပါတယ်။
ဂျပန်ဟာ တရုတ်နှင့် တစ်ခါက စစ်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးပြီ။အဲဒီမှာ တရုတ်တွေအများကြီးသေသလို ဂျပန်တွေလည်း သေကြတာပဲ။အနာဂတ် မျိုးဆက်သစ်တွေကို ဒီလမ်းကြောင်းအတိုင်း ဆက်လိုက်ခိုင်းခွင့်မပေးနိုင်ဘူး” လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။
ကာလရှည်ကြာထိန်းသိမ်းထားတဲ့ ဂျပန်ရဲ့ကာကွယ်ရေးမူဝါဒဟာ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံဖြစ်လာစေဖို့မဟုတ်ဘူး။ဒီလိုပြောင်းလဲလိုက်တာဟာ ဒေသအတွင်း မတည်မငြိမ်ပိုဖြစ်စေလိမ့်မယ် လို့ ဂျပန်ကျိုဒိုသတင်းဌာနက ဝေဖန်ရေးသားခဲ့ပါတယ်။
Source CCTV+
#Japan’s_national defense policy
#Japan_change_defense_strategy
#Geo_politics
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 December 2022
ပြည်မြို့အကောက်တောင်ဘုရားသို့ လာရောက်ကြတဲ့ ဘုရားဖူးတွေကို နေစားငြိမ်း အခမဲ့အလှူပေးနေဆဲဖြစ်တယ်လို့ အကောက်တောင်ဘဏာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု) နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_17 December 2022
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားခရီးသွားဈေးကွက်ဟာ တတိယအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 19 Dec 2022
တရုတ်အမျိုးသမီးဟာ သူနှင့် ၁၀နှစ်ကြာလက်ထပ်ထားတဲ့ ခင်ပွန်းဖြစ်သူဟာ ငါးမျှားဝါသနာကြီးလွန်းလို့ ကွာရှင်းလိုက်ပါတယ်။ ခင်ပွန်းဟာ ငါးမျှားတာကို မိသားစုအရေးထက် ရှေ့တန်းတင်ထားတယ်လို့ သူမကပြောပါတယ်။
ရှန်ဒေါင်းပြည်နယ် ဂျုယီခရိုင်ပြည်သူ့တရားရုံးမှာ ကျန်လို့အမည်ရတဲ့ အမျိုးသမီးက ခင်ပွန်းဖြစ်သူကို ကွာရှင်းခွင့်လျှောက်ထားခဲ့ပါတယ်။ သူမအနေနှင့် ခင်ပွန်းဖြစ်သူရဲ့ ငါးမျှားတာစွဲလန်းနေမှုအပေါ် ဆက်ပြီး စိတ်မရှည်နိုင်တော့ဘူး၊လုံလောက်ပြီလို့ သူမကပြောပါတယ်။ သူမက အိမ်မှုတာဝန်တွေအကုန်သိမ်းကျုံးလုပ်ပြီး ကလေးနှစ်ယောက်ထိန်းနေရချိန်မှာ ခင်ပွန်းက ဆိုဖာပေါ်မှာ စမတ်ဖုန်းတောက်လျှောက်ပွတ်နေပြီး ညစာစာပြီးတာနှင့် သူငယ်ချင်းတွေနှင့် နေ့တိုင်းငါးမျှားထွက်တော့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
ငါးမျှားတာထက် သူမနှင့်ကလေးတွေအတွက် အချိန်ပိုပေးဖို့သူမက မကြာခဏ ထပ်တလဲလဲပြောခဲ့ပြီးနောက် မရတော့တဲ့အဆုံး “ကျန်”က ရွေးစရာလမ်းမရှိဘဲ ကွာရှင်းခဲ့ရတာဖြစ်ပါတယ်။
“ ကျွန်မ မနက် ၆နာရီဆို နေ့တိုင်းအိပ်ရာထရတယ်။မနက်စာပြင်ရတယ်။ အဲဒီနောက် ကျွန်မ အလုပ်မသွားခင် ကလေးနှစ်ယောက်ကို ကျောင်းပို့ရတယ်။ နေ့တိုင်း ပန်းကန်ဆေးတော့လည်း ကျွန်မ၊အိမ်သန့်ရှင်းရေးလုပ်တာလည်း ကျွန်မ၊ ကလေးတွေကို ကျောင်းသွားကြိုတာလည်း ကျွန်မ၊ပြီးတော့ ကလေးတွေနှင့်အိမ်စာလုပ်ပေးရတာလည်း ကျွန်မ။ ကျွန်မသိပ်ပင်ပန်းပြီ” လို့ ကျန်က တရားရုံးကို လျှောက်တဲ့စာမှာ ရေးသားဖော်ပြထားပါတယ်။
“ ကျွန်မမနက်စာပြင်ပြီးမှ သူက အိပ်ရာထတယ်။ အလုပ်ကပြန်လာရင်လည်း ဆိုဖာပေါ်မှာပဲလှဲလျှောင်းပြီး မိုဘိုင်းဖုန်းတစ်လုံးနှင့်ဆော့နေတော့တာပဲ” လို့ သူမကဖြည့်စွက်ပြောပါတယ်။” ညစာလည်းစားပြီတာနှင့် ချက်ခြင်းပဲ ငါးမျှားထွက်တော့တာ။ မကြာခဏဆိုသလို ငါးကို တစ်ညလုံးမျှားတာ” လို့လည်း သူမကပြောပါတယ်။
မိန်းမဖြစ်သူရဲ့ ညည်းတွားပြောဆိုသံတွေကို ငြီးငွေ့လာပြီးနောက် “ဆန်း” လို့ခေါ်တဲ့ အဲဒီခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့ သဘောတူလိုက်ပါတယ်။ (သူ့အနေနှင့် ငါးမျှားဖို့ အချိန်ပိုရသွားပြီလို့ ထင်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်)။ သူတို့နှစ်ဦးကို တရားရုံးကစေ့စပ်ပေးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တရားရုံးက ကွာရှင်းမိန့်ချလိုက်ရပါတယ်။ အမိန့်ချမယ့်အချိန်မှာ “ဆန်း”က လက်ရှိတရားရုံးအလုပ်ရှိနေတာမေ့နေပြီး ငါးထွက်မျှားနေလို့ဖြစ်ပါတယ်တဲ့။
“ ငါးမျှားတာ မကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမယ့် ဘာပဲလုပ်လုပ် စည်းတစ်ခုတော့ရှိရမယ်လေ။ ခင်ဗျား လက်ထပ်ပြီးပြီဆိုရင် ခင်ပွန်းတစ်ယောက်အနေနှင့် ဒါမှမဟုတ် ဇနီးတစ်ယောက်အဖြစ် ပြီးတော့ မိဘအဖြစ် တာဝန်ယူဖို့လိုတယ်။ မိသားစုရဲ့ရှေ့မှာ ငါးမျှားတဲ့အလုပ်ကိုသွားမထားပါနှင့်” လို့ တရားသူကြီး ဖူဟောင်လျန်းက “ဆန်း”ကိုပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။ ဒါပေမယ့် “ဆန်း”ကြည့်ရတာ အဲသလိုပြောလို့ နာတဲ့ပုံလည်း မပေါ်ပါဘူးလို့ သတင်းမှာရေးသားထားပါတယ်။
Source:SCMP
#fishing_addiction
#Wife_divorces_husband_of_fishing_addiction
#Strange_News
#LocalNews
Published_ 18 December 2022
ရန်ကုန်-မော်လမြိုင် ညရထားခရီးစဉ်များကို ယနေ့ မှစ၍ယာယီ ရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင် ဘူတာကြီးက သတင်းထုတ်ပြန်ထားသည်။
မော်လမြိုင်ဘူတာမှ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ညရထား ခရီးစဉ်အတွက် ကြိုတင်ဝယ်ယူထားသော ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံတွင် ပြန်လည်ပေးချေနေပြီဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း မော်လမြိုင်-ရန်ကုန် ပြေးဆွဲလျက် ရှိသော လေအိတ် နေ့အမြန်ရထားကိုမူ နေ့စဉ် အစုန်အဆန် ပြေးဆွဲပေးနေမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 18 Dec 2022
မြောက်ကိုရီးယားနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဖက်ကမ်းခြေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ဒီဇင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုးရီးယားနှင့် ဂျပန်တို့ကပြောပါတယ်။
တောင်ကိုးရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) ကပြောကြားရာမှာ တာလတ်ပစ် ဒုံးကျည်နှစ်စင်းဟာ ၅၀၀ကီလိုမီတာ အမြင့်ကနေ ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး တိုရှီယိုအီနိုကလည်း ‘ ဒုံးကျည်တွေဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်အပြင်ဘက်ကျသွားခဲ့ပုံရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းတွေတက်မလာဘူး” လို့ ပြောပါတယ်။
“ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ခပ်မတ်မတ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အရှေ့ပင်လယ်ထဲကျသွားတယ်” လို့ တောင်ကိုးရီးယားနိုင်ငံ (JCS)က သတင်းထုတ်ပြန်ပါတယ်။
“ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုက ထောက်လှမ်းရေးအဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ လက်ရှိ ဒုံကျည်တွေပစ်လွှတ်နေတာနှင့် ဆက်စပ်ပြီး ဘာကိုဦးတည်နေသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာသုံးသပ်နေတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ မဟာဗျူဟာအစ်လက်နက်တွေထုတ်လုပ်ဖို့နှင့် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်တွေ အရှိန်မြှင့်ဖို့ ကြံစည်နေတဲ့အလျောက် မကြာသေးခင်က မြင့်မားကန်အားရှိ solid-fuel အင်ဂျင်ကိုစမ်းသပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်တွေကို လျင်လျင်မြန်မြန်ရွှေ့ပြောင်းနေရာချပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ အဆိုပါအင်ဂျင်စမ်းသပ်ပြီး ရက်အနည်းငယ်အကြာမှာ မြောက်ကိုရီးယားက ယခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ပြန်လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ကိုယ်တိုင် ကြာသပတေးနေ့က ဦးစီးခဲ့တာဖြစ်ပြီး ဒုံးပျံအင်ဂျင်တွေနှင့် အကာသပစ်တင်ယာဉ်တွေစမ်းသပ်မှုတွေအပါအဝင် ဒုံးကျည်နည်းပညာတွေ စမ်းသပ်နေတဲ့နေရာဖြစ်တဲ့ ဆိုဟေးဂြိုဟ်တုစခန်းမှာ လုပ်ဆောင်ခဲ့တာပါ။
မြောက်ကိုးရီးယားဟာ နိုင်ငံတကာကကန့်ကွက်အရေးယူမှုတွေပြုလုပ်နေတဲ့ကြားထဲက ဒီနှစ်ထဲမှာ မကြုံစဖူး ဒုံးကျည်တွေအများအပြားစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ တိုက်ကြီးအချင်းချင်းပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံကျည်တစ်စင်းလည်းပါဝင်ပါတယ်။ အဲဒီဒုံးကျည်ဟာ အမေရိကန် ပင်မကုန်းမြေကြီးအထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။
ဂျပန်နိုင်ငံကလည်း တရုတ်ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေဝယ်ယူမယ့် အမေရိကန်ဒေါ်လာ ၃၂၀ဘီလျံတန် စစ်ရေးမြှင့်တင်မယ့်အစီအစဉ်ကို သောကြာနေ့ကကြေညာခဲ့ရာမှာ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။
Source:Reuters/CNA
#North_Korea_Launches_two_missiles
#North_Korea_Missile_testings
#Korea_ Peninsula_tension
#Local_News
Published_ 18 December 2022
မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်နေ မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဂီတစာဆိုမြို့မရွှန်းမြိုင်(ခေါ်) ဆရာကြီးဦးရွှန်းမြိုင်သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ သိရသည်၊၊
ဆရာကြီးဦးရွှန်းမြိုင်ကွယ်လွန်ချိန်တွင် အသက်(၇၉) နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ ထုတ်ပြန်ထားသည်၊၊
ဆရာကြီးကို ဒီဇင်ဘာလ(၂၀)ရက်တွင် အေးရိပ်ငြိမ်သုဿန်တွင် သဂြိုဟ်သွားရန်ရှိကြောင်း သိရသည်၊၊
မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဆရာကြီးဦးရွှန်းမြိုင်သည် ဂီတတေးသီချင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ မြို့မငြိမ်း၏သီချင်းများကိုစုစည်း၍ မြို့မငြိမ်းမြန်မာသီချင်းများ အမှတ်စဥ်(၁)စာအုပ်နှင့်မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့် သံစုံတီးဝိုင်းစာအုပ်ကို ထုတ်ဝေခဲ့သည်၊၊
မြို့မငြိမ်းမြန်မာသီချင်းများအမှတ်(၁)စာအုပ်ကို မြို့မငြိမ်း(၁၀၅) နှစ်ပြည့်အဖြစ်အမှတ်တရအဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး မြို့မငြိမ်းရေးသားခဲ့သည့်တေးသီချင်းများအကြောင်း ပြုစုရေးသားထားခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့်သံစုံတီးဝိုင်းစာအုပ်တွင် မဟာဂီတသီချင်းများ၏စန္ဒယားလက်ကွက်များကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1217 of 1767