#World_Health
Published 24 May 2023
ယခုအချိန်မှာ ရာသီစာဖြစ်တဲ့ သရက်သီးတွေ ဈေးကွက်ထဲဝင်လာကြပြီး အသီးလိုက်စားသုံးကြသလို ဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါတယ်။
အရသာရှိရုံမက မရှိမဖြစ်ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ရောဂါဘယများမှကာကွယ်ပေးပါတယ်။
ဒါပေမဲ့ သရက်သီးအလွန်အကျွံစားမိရင်တော့ ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေပြီး အစာအိမ်ရောဂါပိုးဝင်ရောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဖောရောင်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အနာများနဲ့ အစာမကြေခြင်းတို့ ဖြစ်တတ်ပါတယ်။
သရက်သီးဟာ ကျန်းမာရေးနဲ့သင့်လျော်ပေမယ့် ပိုးသတ်ဆေး၊ ရင့်မှည့်စေတဲ့ဆေးတွေပါဝင်တာကြောင့် အနည်းဆုံး ၂ နာရီစိမ်ပြီးမှ စားသုံးသင့်သလို သေချာဆေးကြောသင့်ကြောင်း Aster CMI ဆေးရုံမှ အာဟာရပညာရှင်ဒေါက်တာ'အက်ဒ်ဝီနာရာဂျ်'က ပြောပြခဲ့ပါတယ်။
သရက်သီးမှာ ဖရပ်တို့စ်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်များပါဝင်ကာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။
သရက်သီးမှည့်ဆေးတွေနဲ့ ပိုးသတ်ဆေးအသုံးပြုခြင်းကြောင့် သွေးတွင်းသကြားဓာတ် မညီမမျှဖြစ်စေကာ သင့်တင့်ရုံမျှသာ စားသုံးသင့်ပါတယ်။
သရက်သီးကို တစ်ထိုင်တည်းနဲ့ တစ်လုံးအပြည့်စားတာမျိုးထက် တစ်ခြမ်းခြမ်းပြီး တစ်နေ့ကို နှစ်ခါစားသုံးသင့်ကြောင်း၊ အဓိကအစားအစာမဟုတ်ဘဲ သရေစာအဖြစ်သာ သဘောထားသင့်ကြောင်း၊ ဖရပ်တို့စ်ကြွယ်ဝတာကြောင့် သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေကြောင်း ဒေါက်တာ'ရာဂျ်'က ပြောကြားခဲ့ပါတယ်။
သရက်သီးအများကြီးစားပြီး ဓာတ်မတည့်တာမျိုးဖြစ်တယ်ဆိုရင် ကျန်းမာရေးပညာရှင်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
အကျိုးပြုအစားအစာတွေဖြစ်တဲ့ နို့ဆီ၊ ထောပတ်နို့တို့စားသုံးရမှာဖြစ်ပြီး ရေအများအပြားသောက်သုံးပေးရပါမယ်။
ဝမ်းပျက်ခြင်း၊ အစာအိမ်ရောဂါပိုးကူးခြင်းတို့ သက်သာစေရန် အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ အသီးအနှံတွေ ကန့်သတ်စားသုံးရမှာဖြစ်ပြီး ရေဓာတ်ဖြည့်ပေးရမှာဖြစ်ပါတယ်။
Source: India Today #World_Health #သရက်သီး
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
လာမယ့်ဇွန်လ(၂၇)ရက်နေ့ဟာ 'မြန်မာနိုင်ငံဂီတနေ့' ဖြစ်ပြီး 'မြန်မာနိုင်ငံဂီတနေ့'အခမ်းအနားနဲ့ဂုဏ်ပြုဂီတဖျော်ဖြေရေး အစီအစဉ်တွေကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #'မြန်မာနိုင်ငံဂီတနေ့' #ဂုဏ်ပြုဂီတဖျော်ဖြေပွဲပြုလုပ်
#YMG #Yangon_Media_Group
#World_Animal
Published 23 May 2023
တရုတ်အနောက်တောင်ဘက် ချုံချင်မြို့မှာ မွေးခဲ့တဲ့ ဘင်္ဂလားကျားပေါက် ၅ ကောင်ကို တစ်လသားပြည့်တဲ့အချိန်မှာ လူမြင်ကွင်းသို့ ပထမဆုံး ပြသသွားမှာဖြစ်ပါတယ်။
#World_Animal #ဘင်္ဂလားကျားပေါက်(၅)ကောင်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ တစ်အောင်စကို ဒေါ် ၂၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပေမယ့် လက်ရှိမေလ အလယ်လောက်ကစပြီး ၂၀၀၀ အောက်ကိုပြန်လည်ကျဆင်းနေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ယနေ့ မေလ (၂၃) ရက်မှ စတင်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11အထိ အတန်းများရဲ့ကျောင်းအပ် လက်ခံနေပြီလို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
#Local_News #အခြေခံပညာအတန်း #ကျောင်းအပ်လက်ခံနေပြီ
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီး သွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေတယ်လို့ ဖူးကြီးကျေးရွာဒေသခံတွေထံမှ သိရပါတယ်၊၊
#Local_News #ဖူးကြီးသောက်သုံးရေလှောင်ကန် #အပန်းဖြေရေဆင်းကူးသူများရှိနေ
#YMG #Yangon_Media_Group
#Daily_News
Published_ 23 May 2023
၁။ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီးသွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေ
၂။ ယနေ့မေလ (၂၃) ရက်နေ့တွင် စတင်ကာအခြေခံပညာအတန်းတွေ ကျောင်းအပ်လက်ခံနေပြီ
၃။ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်နေရာက ပြန်ကျဆင်းနေပေမယ့် ပြင်ပရွှေပေါက် သိန်း၃၀ အထက်သို့ ဆက်လက်မြင့်တက်နေ
၄။ တရုတ်တွင် မွေးဖွားသည့် ဘင်္ဂလားကျားပေါက်(၅)ကောင် တစ်လသားပြည့်သည့်အချိန်၌ လူအများထံပြသသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 May 2023
ခေါက်ကြေးနဲ့ ပြေးဆွဲနေတဲ့ တစ်ဦးချင်းပိုင် YBS ယာဉ်တွေ ကို မေလကုန်နောက်ဆုံးထားပြီး အများပိုင်ကုမ္ပဏီ အဖြစ်ပြောင်းလဲဖို့ YRTC ကညွှန်ကြားလိုက်ပါတယ်။
#Local_News #အများပိုင်ကုမ္ပဏီ #ခေါက်ကြေးဆွဲတစ်ဦးချင်းပိုင် YBS
#YMG #Yangon_Media_Group
#Point_Of_View
Published_ 23 May 2023
အချင်းဆဲလ်မှ တစ်ဆင့်ရောဂါတွေအများကြီးကုပေးနိုင်တယ်ဆိုတာကို သက်သေပြထားပြီးဖြစ်ပါတယ်၊၊ အချင်းဆဲလ်ကိုအသုံးပြုပြီးအမာရွတ်တွေ၊ အရိုးနာကျင်မှုတွေ၊ လေဖြတ်ခြင်းတွေကြုံနေသူကိုသက်သာအောင် ကုသပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့အချင်းဆဲလ်ဟာအနာဂတ်မှာအရမ်းအသုံး၀င်လာမှာပါတယ်။
#Point_Of_View #ကလေးဆီကရလာတဲ့ပင်မဆဲလ်ရောဂါကုသနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မေလ ၂၂ ရက်နေ့ နေ့လည် ၂နာရီကျော်ခန့်ကငွေဇာလှိုင်းအလှကုန်ဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဓားပြမှုဖြစ်စဉ်မှာ ဆိုင်ကယ်သုံးစီးနှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တုတ်၊ ဓားများအပါအဝင် သတ်နတ်ဟုယူဆရသော အရာတစ်ခုကို အဝတ်နဲ့ပတ်၍ ယူဆောင်လာပြီး တံခါးများပိတ်ကာ အနုကြမ်းစီးခဲ့တာကြောင့် ရွှေနဲ့ ငွေများပါသွားကြောင်း လူမှုကွန်ယက်သတင်းများအရ သိရသည်။
အဆိုပါ ဓားပြတိုက်ခံရမှုကြောင့် ကျပ်သိန်း (၇၀၀) ကျော်နဲ့ ရွှေထည်တွေ ပါသွားတယ်လို့လည်း ကနဦး သိရပါတယ်။
မုံရွာမြို့ပေါ်မှာ ရွှေဆိုင်၊ ဖုန်းဆိုင်၊ ဆိုင်ကယ်ဆိုင်တွေမှာ ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး အကြိမ်၂၀ထပ် မနည်းတော့ကြောင်း ဒေသခံတွေကပြောသည်။
#ymg/ynzw #Local_News #မုံရွာမြို့ #ငွေဇာလှိုင်းအလှကုန်ဆိုင် ဓားပြတိုက်ခံရ
#YMG #Yangon-Media-Group
#Local_News
Published_ 23 May 2023
ရန်ကုန်တိုင်းအတွင်း ဈေးနှုန်းမြင့်ကွန်ဒိုများ အရောင်းအဝယ်အေးနေသော်လည်း မီနီကွန်ဒိုများသာအရောင်းအဝယ်ဖြစ်နေကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း သိန်းခြောက်ထောင်နှင့်အထက်ကွန်ဒိုများမှာ အရောင်းအဝယ်အေးနေပြီး ရန်ကင်း၊ တောင်ဥက္ကလာပ အပါအဝင်မြို့နယ်တချို့ရှိ မီနီကွန်ဒိုများမှာ အရောင်းအဝယ်သွက်ကြောင်း အကျိုးဆောင်များက ပြောသည်။
“အရင်တုန်းက ဘဏ်တွေက Home Loan တွေ တအားပေးတဲ့ အချိန်မှာအရောင်းအဝယ်ဖြစ်တာပေါ့။ Home Loan တွေက အခုမှပြန်စဖို့ ဘဏ်တွေကပြင်နေတာကြတာလေ။ နည်းနည်းအရှိန်တော့ ပြန်ယူနေပြီ”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ မီနီကွန်ဒိုဈေးနှုန်းများမှာ တောင်ဥက္ကလာပမြို့နယ်၌ ၁၉ ပေ၊ ၅၄ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၆၀၀ ကျော်ပေါက်ဈေးရှိပြီး စမ်းချောင်းမြို့နယ်၌ ၂၅ ပေ၊ ၅၀ ပေ တိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၆၀၀ ကျော်ပေါက်ဈေး ရှိကြောင်း၊ မရမ်းကုန်းမြို့နယ်၌ ၂၉ ပေ၊ ၄၀ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း၂၀၀၀ ခန့်ပေါက်ဈေးရှိကြောင်း၊ သင်္ဃန်ကျွန်းမြို့နယ်၌ ၁၉ ပေ၊ ၅၄ ပေတိုက်ခန်းတစ်ခန်းလျှင် သိန်း ၁၈၀၀ ခန့်ပေါက်ဈေးရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

#ymg/ppk #Local_News #ဈေးနှုန်းမြင့်ကွန်ဒို #မီနီကွန်ဒို
#အရောင်းအဝယ်ဖြစ် #Yangon-Media-Group
#World_Politics
Published 23 May 2023
အမေရိကန်အောက်လွှတ်ဥက္ကဌ 'ကီဗင်မက္ကာသီ'နဲ့ သမ္မတ'ဂျိုးဘိုင်ဒင်'တို့ဟာ တနင်္လာနေ့က အကြွေးကန့်သတ်ချက်ကိစ္စအကြောင်း အိမ်ဖြူတော်မှာ ဆက်လက်ဆွေးနွေးခဲ့ရာ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့ပေမယ့် သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ပြီး မကြုံစဖူးကြွေးမြီပြဿနာကို ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ဇွန်လ ၁ ရက်နေ့နောက်ဆုံးထားပြီး ကွန်ဂရက်လွှတ်တော်မှ သဘောတူညီချက်တစ်ခု ရရှိနိုင်မလားလို့ မေးတဲ့အခါမှာ အပြီးသတ်နိုင်မယ်လို့ ယုံကြည်ကြောင်း မက္ကာသီက တနင်္လာနေ့အစည်းအဝေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထိုဇွန်လ ၁ ရက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စုမှ ဘေလ်ပေးဆောင်ရမယ့်ငွေတွေလည်း ကုန်ဆုံးသွားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယယ်လန်'က ထပ်လောင်းပြောကြားလိုက်ပါတယ်။
ဆွေးနွေးမှုက အကျိုးသက်ရောက်မှုရှိခဲ့ပြီး ရှေ့ဆက်သွားရမယ့် တစ်ခုတည်းသောနည်းလမ်းက နှစ်ဖက်သဘောတူညီချက်ရရှိဖို့ သစ္စာရှိရှိလုပ်ဆောင်ရန်လိုအပ်ကြောင်း ဘိုင်ဒင်နဲ့ မက္ကာသီတို့ ထပ်မံပြောကြားလိုက်ပါတယ်။
အချို့အပိုင်းတွေမှာ သဘောထားကွဲလွဲမှုရှိနေပေမယ့် ဦးဆောင်ညှိနှိုင်းသူများ၊ ဝန်ထမ်းများအနေဖြင့် ရှေ့ဆက်ရမယ့်လမ်းကြောင်းကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ဘိုင်ဒင်ကမှတ်ချက်ပြုလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တစ်ပါတီနှစ်ဖက်စလုံးအတွက် လက်ခံနိုင်လောက်မယ့် သဘောတူညီချက်ရရှိရန် နှစ်ဦးစလုံးအနေနဲ့လိုအပ်ကြောင်း ဘိုင်ဒင်ကဆိုပါတယ်။
ဘိုင်ဒင်ဟာ အာရှခရီးစဉ်မှ တဝက်တပျက်ဖြင့်ပြန်လာကာ လွှတ်တော်ခေါင်းဆောင်များနဲ့ ဆက်လက်ညှိနှိုင်းရန် ဝါရှင်တန်ဒီစီသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဘိုင်ဒင်အစိုးရအဖွဲ့နဲ့ အောက်လွှတ်တော်ရီပတ်ဘလစ်ကန်တို့ဟာ စည်းကျော်ခဲ့ကြပြီး တစ်ဖက်သားကိုအပြစ်တင်ပြောဆိုကာ တိုင်းပြည်ကြွေးမြီပေးဆောင်ရန် ပျက်ကွက်ခြင်းမှရှောင်ရှားရန် လိုအပ်ကြောင်း အလေးပေးပြောကြားလိုက်ပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းများအပြင် သန့်ရှင်းစွမ်းအင်စီမံကိန်းများ အရှိန်မြှင့်ပေါ်ထွက်လာစေမယ့် ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ ကိုဗစ်ကယ်ဆယ်ရေးငွေများနဲ့ ပြုပြင်ပြောင်းလဲခွင့်ပြုခြင်းအပါအဝင် အလားအလာရှိတဲ့ သဘောတူညီချက်တစ်ရပ်မှာ နှစ်ဖက်စလုံးက အပေးအယူလုပ်မယ့်အပိုင်းတွေရှိနေတဲ့ အရိပ်အယောင်မြင်တွေ့ရပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ ဘေလ်ပေးမဆောင်နိုင်ရင် ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးအတွက် အကျပ်အတည်းဖြစ်ပေါ်စေမှာဖြစ်ပါတယ်။
မည်သည့်ဥပဒေမူကြမ်းမဆို မဲခွဲမဆုံးဖြတ်ခင် အထက်လွှတ်တော်မရောက်မီ အောက်လွှတ်တော်အနေနဲ့ ၇၂ နာရီအချိန်လိုအပ်ကြောင်း မက္ကာသီကပြောပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ကြွေးမြီကန့်သတ်ချက် မြှင့်တင်ခြင်းနဲ့ပတ်သက်ပြီး အလားတူအငြင်းပွားမှုဖြစ်ခဲ့ကာ ဈေးကွက်များစီးပွားရေးကျဆင်းခဲ့ပါတယ်။
ကြွေးမြီဆောင်ရန်ပျက်ကွက်ပါက ဘဏ္ဍာရေးဈေးကွက်ကို ပြင်းထန်စွာထိခိုက်စေခြင်း၊ အပေါင်နှုန်းနဲ့ အကြွေးဝယ်ကတ်များ အတိုးနှုန်းတက်လာခြင်း၊ အစိုးရဝန်ထမ်းများ လူမှုဖူလုံရေးလက်ခံသူများ ငွေမရရှိနိုင်ခြင်းတို့ကြုံတွေ့ရနိုင်ကာ စီးပွားရေးလုပ်ငန်းများနဲ့ ပြည်သူများအနေဖြင့် ငွေချေးရန်အခက်အခဲဖြစ်စေနိုင်ပါတယ်။
အကြွေးကန့်သတ်ချက်မမြှင့်တင်နိုင်ပါက ဘယ်လိုဘေလ်မျိုးကို မပေးရမလဲဆိုတာကို ဆုံးဖြတ်ရန်ခက်ခဲသွားလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။
Source: NPR #World_Politics #ဘိုင်ဒင်နှင့်မက္ကာသီ #ကြွေးမြီကန့်သတ်ချက်အစည်းအဝေးပွဲ
#YMG #Yangon_Media_Group
Page 1220 of 2000