#World_Science
Published 25 May 2023
ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာမူဝါဒများ လက်ရှိအတိုင်းဆက်သွားနေပါက ၂၁၀၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံကျော်ဟာ အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ ပြင်းထန်တဲ့အပူဒဏ်ခံစားရလိမ့်မယ်လို့ သုတေသီများက မေလ ၂၂ ရက်နေ့မှာပြောကြားလိုက်ပါတယ်။
အန္တရာယ်အရှိနိုင်ဆုံးနိုင်ငံတွေကတော့ အိန္ဒိယမှာ သန်း ၆၀၀၊ နိုင်ဂျီးရီးယားမှာ သန်း ၃၀၀၊ အင်ဒိုနီးရှားမှာ သန်း ၁၀၀၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်တို့မှာ သန်း ၈၀ အသီးသီးဖြစ်နေပါတယ်။
ဒါဟာ ကမ္ဘာမြေမျက်နှာပြင်မှ နေထိုင်နိုင်စွမ်းကို ပြန်လည်ပုံဖော်တာဖြစ်ပြီး လူသားတွေနေထိုင်ရာနေရာကို ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ဖွဲ့စည်းတာမျိုး ဖြစ်ပေါ်လာနိုင်တယ်လို့ အိတ်စ်တာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး'တင်မ်လင်တန်'က ရေးသားဖော်ပြခဲ့ပါတယ်။
၁.၂ စင်တီဂရိတ်အောက်မှာပင် အပူလှိုင်း၊ မိုးခေါင်မှု၊ တောမီးလောင်ခြင်းများ အများအပြားဖြစ်လာပါတယ်။
မှတ်တမ်းများအရ နောက်ဆုံး ၈ နှစ်ဟာ အပူဆုံးဖြစ်နေပါတယ်။
ရာသီဥတုဖောက်ပြန်မှုကို မဖြေရှင်းနိုင်တာဟာ လူသားအရင်းအမြစ်ထိခိုက်စေတယ်ဆိုတာကို အလေးပေးဖော်ပြနေပါတယ်။
၀.၁ စင်တီဂရိတ်တက်လာတိုင်း လူပေါင်း သန်း ၁၄၀ ပိုပြီး အပူလှိုင်းဒဏ်ခံစားနေရပါတယ်။
ယခုအချိန်မှာ ပျမ်းမျှနှစ်စဉ်အပူချိန် ၂၉ စင်တီဂရိတ်ရှိနေတယ်လို့ တင်ပြထားပါတယ်။
ကမ္ဘာကြီးပူနွေးမှုကြောင့် နေရာတိုင်းမှာ အပူချိန်မြင့်တက်နေပြီး အချို့နေရာတွေမှာ အန္တရာယ်ဖြစ်လောက်တဲ့ အပူချိန်ထိမြင့်တက်နေပြီဖြစ်ပါတယ်။
ဒီလိုအပူချိန်ဆက်ရှိနေခြင်း ဒါမှမဟုတ် ဒီထက်မြင့်မားခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ချေမြင့်မားခြင်း၊ သီးနှံထွက်နှုန်းလျော့ကျခြင်း၊ ပဋိပက္ခပိုဖြစ်နိုင်ခြင်း၊ ကူးစက်ရောဂါပျံ့ပွားခြင်းတို့ ဖြစ်နိုင်ချေများပါတယ်။
ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း ဒီလိုရာသီဥတုမျိုးခံစားရသူ ကမ္ဘာတဝှမ်းမှာ ၁၂ သန်းသာရှိခဲ့ရာ အခုအချိန်မှာ ၅ ဆပိုများလာပြီး လာမယ့်ဆယ်စုနှစ်တွေမှာ ပိုမိုမြင့်မားလာမယ်လို့ တွေ့ရှိထားပါတယ်။
Source: WION #World_Science #အန္တရာယ်မြင့်မားသည့်အပူဒဏ် #လူပေါင်းဘီလီယံနှင့် ချီသက်ရောက်နိုင်
#YMG #Yangon_Media_Group
#Local_News
Published- 25 May 2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF များက အရပ်သားများလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မေလ ၂၄ ရက် မွန်းလွဲပိုင်းက မြိတ်-ထားဝယ်ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ပုလော မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို နယ်မြေခံလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့် တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ပုလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းကြောင့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ymg/pl #Local_News #ခရီးသွားမော်တော်ယာဉ်တစ်စီးပစ်ခတ်ခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
၂၀၂၃ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် ချီးမြှင့် အပ်နှင်းခံရတဲ့ Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနား၌ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခံရတဲ့ Ms. LEE JUNG HEE အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။
ထို့နောက် ဘွဲ့တံဆိပ်လက်ခံရရှိတဲ့ Ms. LEE JUNG HEE က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ယင်းအခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော် မိုတက် လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
ထို့နောက် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာတော်မိုတက်နှင့် Ms. LEE JUNG HEE တို့အား မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် #တောင်ကိုရီးယားနိုင်ငံသူတစ်ဦးအားဘွဲ့တံဆိပ်ချီးမြှင့် #YMG #Yangon_Media_Group
#World_Health
Published 25 May 2023
ယောက်ျားပီသမှုပုံစံဟာ မကြာသေးမီဆယ်စုနှစ်များအတွင်း အပြုသဘောဆောင်တဲ့ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
စိတ်ခံစားမှုကိုပြသတာမျိုး၊ အားနည်းချက်ကိုဝန်ခံတာမျိုး၊ နူးညံ့ပျော့ပျောင်းတာမျိုးက အားနည်းချက်မဟုတ်ဘူးဆိုတာ သိလာကြပါပြီ။
ဒါတွေက စိတ်ခွန်အားလက္ခဏာတွေဖြစ်ပြီး လူတွေရဲ့ ပတ်သက်မှုတွေ၊ မိသားစုဘဝ၊ အသက်မွေးဝမ်းကျောင်းတွေခိုင်ခံ့အောင် ကာကွယ်ပေးတယ်လို့ နားလည်လာကြပါတယ်။
ဒီလိုအရေးကြီးပြောင်းလဲမှုများနဲ့အတူ လူသားမျိုးနွယ်ပြန်လည်ဆုတ်ယုတ်သွားတဲ့ အားသာချက်တွေကို ဆန်းစစ်ကြည့်သင့်ပါတယ်။
သုတေသီတွေက ယနေ့ခေတ်လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ အရင်ခေတ်တွေကလူတွေကြား ကွာဟချက်တွေကို စစ်ဆေးချင်ခဲ့ကြပါတယ်။
ဒီအတွက် အင်အားစမ်းသပ်နည်း၊ ဆုပ်ကိုင်နိုင်စွမ်း စတဲ့အင်အားတွေကို စူးစိုက်လေ့လာခဲ့ပါတယ်။
အသက် ၂၀ နဲ့ ၃၄ နှစ်ကြား အမျိုးသားတွေဆီမှ အချက်အလက်ရယူကာ ၁၉၈၀ ဝန်းကျင်က ထိုအသက်အရွယ်အမျိုးသားတွေရဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ယနေ့ခေတ် Generation Y လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားဟာ Generation X တုန်းကထက်စာရင် ပျမ်းမျှအားဖြင့် ၂၂ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း ဖော်ပြခဲ့ပါတယ်။
Generation Z နဲ့ နောက်ပိုင်းမျိုးဆက်တွေမှာ ပိုမိုလျော့နည်းလာမယ်လို့ ယုံကြည်နေကြပါတယ်။
အခုခေတ်မှာ လူအများစုက လက်ပ်တော့၊ ဖုန်း၊ တီဗီရှေ့မှာ အထိုင်များလာပြီး ခွန်အားသုံးလှုပ်ရှားရတဲ့အလုပ်အကိုင်တွေ နည်းလာပါတယ်။
ဒီလိုစက်ပစ္စည်းတွေက ဘဝနေထိုင်ရေးနဲ့ လုပ်ငန်းခွင်မှာ များစွာလွယ်ကူသက်သာစေပေမယ့် ပြန်ပေးဆပ်ရတာတွေရှိလာပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာကာ ဒဏ်ရာအနာတရ၊ ကြွက်သားကျုံ့ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်လွယ်လာပါတယ်။
အသက် ၃၀ ကျော်လာတာနဲ့ ဆယ်စုနှစ်တစ်ခုကြာတိုင်း ကြွက်သားထုထည် ၃ - ၅ ရာခိုင်နှုန်းဆုံးရှုံးလာကာ အဆုံးသတ်မှာ ၃၀ ရာခိုင်နှုန်းလောက်အထိ ဆုံးရှုံးတတ်ကြပါတယ်။
ယခင်က သန်မာခဲ့တဲ့လူတွေမှာတောင် အသက်ကြီးလာတဲ့အခါ ဒီလောက်ဆုံးရှုံးမှုဖြစ်နေရင် ယနေ့ခေတ်လူငယ်တွေ အသက်ကြီးလာတဲ့အခါ ဘယ်လောက်အထိ ဆုံးရှုံးရမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
အနာဂတ်မှာ ဆေးပညာဆက်လက်တိုးတက်နေမှာဖြစ်ပြီး ဒီလိုပြဿနာတွေအတွက် နည်းလမ်းကောင်းတွေ ရှိလာနိုင်ပါတယ်။
ဒီမတိုင်ခင်တော့ အိုမင်းပျက်စီးခြင်းကိုကာကွယ်ဖို့ ရုပ်ပိုင်းဆိုင်ရာခွန်အားတိုးတက်ဖို့ ကိုယ်တိုင်မှာပဲတာဝန်ရှိပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရမျှတအောင် စားသောက်ခြင်း၊ ပရိုတိန်းလုံလောက်စွာ စားသုံးခြင်းတို့ဖြင့် ကြံ့ခိုင်သန်မာအောင် နေထိုင်ရမှာဖြစ်ပါတယ်။
လူတွေမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ပရိုတိန်း ၁ - ၁.၃ ဂရမ်အထိ စားသုံးပေးသင့်ကြောင်း အကြံပြုထားပါတယ်။
Source: The Jerusalem Post #World_Health #အမျိုးသားများ ခွန်အားယုတ်လျော့လာရတာဘာကြောင့်လဲ #YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဘေးသင့်ကျေးရွာအချို့မှာ ပင်လယ်ရေကြောင့် ရေတွင်းရေကန်နဲ့အိမ်သာတွေပျက်စီးသွားခဲ့ပြီး ဒါတွေကိုအမြန်ဆုံးပြန်တည် ဆောက်ပေးဖို့လိုအပ်နေတယ်လို့ ရွှေလောင်းလှေဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Local_News #ရေတွင်းရေကန်နှင့်အိမ်သာများအားလုံးပျက်စီး #မုန်တိုင်းဘေးသင့်ဒေသအချို့
#YMG #Yangon_Media_Group
#World_Culture
Published 24 May 2023
ဘဂ္ဂဒက်မြို့ တိုင်ဂရစ်မြစ်အောက်မှာ အီရတ်လူငယ်တွေက ရိုးရာသစ်သားလှေငယ်များဖြင့် တန်းစီလှော်ခတ်နေကြကာ ယခုလက်ရှိ မိုးခေါင်ရေရှားမှုဒဏ်ခံနေရတဲ့ နိုင်ငံအတွက် ရေလမ်းကြောင်းအမွေအနှစ်တစ်ခုကို ဂုဏ်ပြုနေကြပါတယ်။
#World_Culture #မိုးခေါင်ရေရှားမှုဒဏ်ခံနေရ #ရိုးရာလှေလှော်ခြင်းအမွေအနှစ်
#YMG #Yangon_Media_Group
Published 24 May 2023
“၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ တိဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်” ကို မေလ ၂၃ ရက်နေ့တွင် ပေကျင်း၌ ကျင်းပခဲ့ရာ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ သမ္မတ “ရှီ “က ပြည်သူများ ပျော်ရွှင် ချမ်းမြေ့မှုသည် အကြီးမားဆုံး လူ့အခွင့်အရေးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှု ကို အကောင်အထည်ဖော်ရန်အတွက် အဓိကကျကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈) ကြိမ်မြောက် နိုင်ငံလုံး ဆိုင်ရာ ပါတီညီလာခံ ကျင်းပချိန်မှစ၍ ဗဟိုအစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ထောက်ခံမှု အောက်တွင် တိဘက်ရှိ ကေဒါနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အပတ်တကုတ် ကြိုးပမ်းမှုများနှင့် မလျှော့သောဇွဲဖြင့် အားထုတ်မှု များကြောင့် နှစ်ထောင်ချီကျရောက်နေခဲ့သော လုံးဝဆင်းရဲနွမ်းပါးမှုမှ တိဘက်ဒေသကို အပြီးတိုင် လွတ်မြောက် လာ စေခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နိုင်ငံနှင့် ဒေသ ၃၆ ခုမှ တရုတ်နှင့် နိုင်ငံခြားဧည့်သည် ၁၅၀ ကျော်က တိဘက် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး အာမခံချက်ရှိရေး ခေါင်းစဉ်ဖြင့် အဲဒီဖိုရမ်မှာ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု လက်ဆင့်ကမ်းမှု၊ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှု၊ လူ့အခွင့်အရေး အာမခံ ချက်ရှိမှုစသည့်ကဏ္ဍများ၌ တိဘက်တွင် ဖြစ်ထွန်းခဲ့သော တိုးတက်မှုအသစ်များကို အပြည့်အဝ အသိအမှတ်ပြုကြ တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#YangonMediaGroup
#တိဘက်ဖွံ့ဖြိုးရေးဖိုရမ်ကျင်းပ
#တရုတ်သမ္မတရှီကျင့်ဖျင်



#Local_News
Published_ 24 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၆ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကို ၂၃သိန်း၃သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး ၁၉၇၄ ဒေါ်လာပေါက်ဈေးရှိ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၃ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၀၃၆၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၀၄ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ်(၁၀၄)ဦးထပ်တွေ့
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
အခု၂၀၂၃ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်းမှာ ပြည်တွင်းသင်ရိုးနဲ့သင်ကြားပေးတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ(၂၀၀)ကျော် မှတ်ပုံတင်ရရှိပြီးဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်ထံမှ သိရပါတယ်၊၊
#Local_News #ကိုယ်ပိုင်ကျောင်းများနှစ်ဆတိုး #ကျောင်းအပ်နှံသူလည်းနှစ်ဆတိုးလာ
#YMG #Yangon_Media_Group
#Daily_News
Published_ 24 May 2023
၁။ ရန်ကုန်တွင်ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှစ်ဆတိုး၊ ကျောင်းအပ်နှံသူလည်းနှစ်ဆတိုးလာဟုဆို
၂။ ကိုဗစ်လူနာသစ် (၁၀၄) ဦး ထပ်တွေ့ရှိ ပြီး ရာခိုင်နှုန်းဖြင့် ၁ရာခိုင်နှုန်းရှိနေ
၃။ ကမ္ဘာ့ရွှေစျေး ၁၉၇၄ ဒေါ်လာပေါက်စျေးရှိနေပြီး ရန်ကုန်ရွှေအသင်းရည်ညွှန်းစျေး ၂၃သိန်း ၃ သောင်းကျော်သတ်မှတ်
၄။ မိုးခေါင်ရေရှားမှု ဒဏ်ခံနေရသည့် အီရတ်တွင် ရိုးရာလှေလှော်ခြင်းအမွေအနှစ်အား ခက်ခက်ခဲခဲထိန်းသိမ်းနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 24 May 2023
ယခုတစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထားနှစ်ရာကျပ်ဝန်းကျင်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေးအကျဘက်ရှိ
#YMG #Yangon_Media_Group
Page 1218 of 2000