#Asia_Politics
Published 22 May 2023
G7 ဟီရိုရှီးမားထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး အလေးအနက်ကိုယ်စားပြုတင်ပြရန် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး 'စွန်ဝေဒေါင်'က တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး 'ဟီဒဲယိုတာရူမီ'ကို တနင်္ဂနွေနေ့က ဆင့်ခေါ်လိုက်ပါတယ်။
ဟီဒဲယိုတာရူမီကို ဆင့်ခေါ်ရတဲ့အကြောင်းရင်းကတော့ G7 ထိပ်သီးအစည်းအဝေးပွဲမှာ တရုတ်နဲ့ဆက်နွယ်နေတဲ့ ကိစ္စရပ်များကိုဆွေးနွေးဖို့ဖြစ်ပါတယ်။
စွန်ဝေဒေါင်က G7 ဟာ စခန်းများနဲ့ စစ်အေးတိုက်ပွဲများကြား ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေကို လိုက်နာပေမယ့် လုပ်ရပ်တွေကတော့ သမိုင်းအစဉ်အလာ၊ ယေဘုယျလမ်းကြောင်း၊ နိုင်ငံတကာကျင့်ဝတ်များကို ချိုးဖောက်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။
G7 အလှည့်ကျဥက္ကဌဖြစ်တဲ့ ဂျပန်နိုင်ငံဟာ အခြားနိုင်ငံများနဲ့ ပူးပေါင်းကာ တရုတ်ကိုပုတ်ခတ်ခြင်း၊ တရုတ်နိုင်ငံအတွင်းရေးကို အပြင်းအထန်ဝင်ရောက်စွက်ဖက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ စွန်ဝေဒေါင်ကပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေညမှာ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်ဝမ်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ "ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး ထိုင်ဝမ်ပြဿနာဟာလည်း တရုတ်လူမျိုးများရဲ့အရေးဖြစ်ကာ တရုတ်တွေကသာဆုံးဖြတ်သင့်ပါတယ်။ ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားအချက်အခြာဖြစ်ပြီး တရုတ်-ဂျပန်ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မဖြစ်တဲ့ကန့်သတ်ချက်ဖြစ်ပါတယ်။ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ကာကွယ်မယ့် တရုတ်လူမျိုးတို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက် စွမ်းရည်တို့ကို လျှော့မတွက်သင့်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဟောင်ကောင်၊ ရှင်ကျန်၊ ရှီဇန်တို့ဟာ တရုတ်အတွင်းရေးကိစ္စများဖြစ်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုများ ခွင့်ပြုမှာမဟုတ်ကြောင်း စွန်ဝေဒေါင်က ဆိုပါတယ်။
"တရုတ်ဟာ နိုင်ငံတကာရေကြောင်း တရားဥပဒေစိုးမိုးရေးကို အခိုင်အမာကာကွယ်နေသူဖြစ်ပါတယ်။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ရဲ့ လက်ရှိအခြေအနေဟာ ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး မလိုလားအပ်တဲ့ ထွက်ပေါ်သတင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တရုတ်ဟာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ဗျူဟာကို အခိုင်အမာလိုက်နာပြီး စီးပွားရေးကျပ်တည်းခြင်းနဲ့ ကြွေးမြီထောင်ချောက်တွေကို တရုတ်နိုင်ငံအပေါ် သက်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။
"တရုတ်ဟာ ကိုယ်ပိုင်ကာကွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာနျူကလီးယားဗျူဟာကို အစဉ်အမြဲလိုက်နာကာ နျူကလီးယားဦးစားပေးအသုံးမပြုသည့် မူဝါဒကို လိုက်နာပြီး နိုင်ငံတော်လုံခြုံရေးအတွက် နောက်ဆုံးဦးစားပေးအဆင့်မှာ ထားရှိပါတယ်။ နျူကလီးယားလက်နက်ပိုင် ၅ နိုင်ငံထဲမှာဒီလိုကတိကဝတ်ပြုထားတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ တရုတ်ရပ်တည်ချက်က ပွင့်လင်းမြင်သာမှုရှိပြီး ဖျက်ဆီးလို့မရပါဘူး" လို့ ဖော်ပြခဲ့ပါတယ်။
ပွင့်လင်းမြင်သာခြင်းနဲ့ အားလုံးပါဝင်နိုင်ရေးလမ်းကြောင်းချမှတ်ရန်၊ အနည်းစုသီးခြားဖွဲ့စည်းမှုတွေကို ရပ်တန့်ရန်၊ အခြားနိုင်ငံများကို ဖိနှိပ်ခြင်းမပြုရန်၊ ကွဲပြားရေးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုများဖန်တီးခြင်းတို့မှ ရပ်တန့်ရန် G7 အဖွဲ့ဝင်များကို တိုက်တွန်းလိုက်ပါတယ်။
ဂျပန်အနေနဲ့ တရုတ်ကိုနားလည်မှုမှန်ကန်အောင်၊ ဗျူဟာမြောက်လွတ်လပ်ရေးကို ဆုပ်ကိုင်နိုင်အောင်၊ တရုတ်နဲ့ဂျပန်ကြား အခြေခံမူတွေကို လိုက်နာပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်မြှင့်တင်နိုင်အောင် ကြိုးပမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
#Source: India Today #Asia_Politics #G7 ထိပ်သီးအစည်းအဝေး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က ကူမင်းမြို Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်း ဧည့်ခံသော အလုပ်သဘေ နေ့လယ်စာစားပွဲသို့ တက်ရောက်စဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို ပိုမိုတင်ပိုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပါတီအတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
ယင်းနောက်ဝန်ကြီးသည် ကူမင်းမြို့၌ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက် ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက်ရရှိရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များ သာမက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေးတွင် အထောက်အကူဖြစ်စေပါတယ်။
ထို့ပြင် နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင်ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် မေ ၂၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ် နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် ရွှေလီမြို့တွင် မြန်မာနိုင်ငံမှတင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍တရုတ် နိုင်ငံတစ်ဝန်းသို Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေး စင်တာသို့သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn #Local_News #မြန်မာ-တရုတ် #စီး/ကူးဝန်ကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ပြီးစီးပါက ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မေလ ၂၁ ရက်က အဆိုပါသန်လျင်တံတားအမှတ်-၃ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းတွင် အသုံးပြုသည့် သံနှင့် သံမဏိပစ္စည်းများ ဆားငန်ရေဒဏ်ခံနိုင်စေရေးနှင့်စံချိန်စံညွှန်းကိုက်ညီစေရေး စနစ်တကျဆောင်ရွက်ရန်၊စီမံကိန်းအပိုင်းအလိုက် ဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ကြိုတင်ပြီးစီးအောင် ဆောင်ရွက်ပြီး စီမံကိန်းတစ်ခုလုံး သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လည်း ပြောသည်။
ယင်းအပြင် ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းတစ်ခုလုံး ပြီးစီးပါက သံလွင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုကာ ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #သန်လျင်တံတားအမှတ်-၃ #ဘားအံ-မြဝတီ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မန္တလေးနှင့်စစ်ကိုင်းမြို့များအတွင်း လုပ်ကြံခဲ့ကြသည့် Royal PhoenixGuerilla Force-RPGF အဖွဲ့ဝင်များကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး”တည်းခိုခန်း၊ အခန်းအမှတ်(၂၀၅)၌ Royal Phoenix Guerilla Force-RPGF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး အားဖမ်းဆီးရမိခဲ့ရာ ယင်း၏ထွက်ဆိုချက်အရ မေလ ၁၈ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၆ လမ်းနှင့် ၁၀၇(အေ)လမ်းကြား၌ RPGF ခေါင်းဆောင်စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် ၊ အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တိုကို အမရပူရမြို့နယ်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်တို့ကို အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဖမ်းခံရသော စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၃(အေ)လမ်း၊ ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြား၌ ဝင်းမာ အားကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးဖြင့် လည်းကောင်း၊ RPGF အဖွဲ့ဝင်သူရစိုး(ခ)ကျောက်ရုပ်အား ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် လည်းကောင်းထပ်မံဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
အလားတူစောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်နှင့်အောင်ထွန်းမင်း (ခ)အော်တို တို့၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် RPGF အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသူများဖြစ်သည့် ခိုင်ခိုင်အောင် အား ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂချောင်းလမ်းတွင်လည်းကောင်း၊ ရန်နောင်ဖြိုး အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တိုက်အမှတ်(၁၉)၊ အခန်းအမှတ် (၁၉)တွင် လည်းကောင်း၊ သူဇာဝေနှင့် အောင်ရဲကျော်တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်း အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရယင်းတို့သည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ KIA တပ်မဟာ(၄)စခန်း၌ သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် CRPHINUG မှ ပြုလုပ်သည့် ZOOM Meeting များတွင်တက်ရောက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း လုပ်ကြံရန် RPGFအမည်ခံအကြမ်းဖက်အဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲစည်းခဲ့ကြောင်း သိရသည်။
ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင်စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ“နှင်းရွှေရည်”လက်ဖက်ရည်ဆိုင်၌ အရပ်သား ဦးကျော်စိုးကိုလည်းကောင်း ၊ ဧပြီလ ၂၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် သွားရောက်စဉ် နေအိမ်၌ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏သားဖြစ်သူ ဦးစန်းယုမောင်ကိုလည်းကောင်း ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ RPGF အနေဖြင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း မိုင်းထောင်ဖောက်ခွဲမှု ၉ ကြိမ်ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ လျှို့ဝှက်သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများကို ထိုက်ထိုက်တန်တန် လျှို့ဝှက်၍ ချီးမြှင့်ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/pl #Local_News #မန္တလေးနှင့်စစ်ကိုင်းမြို့ #Royal_PhoenixGuerilla_Force-RPGF
#ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ #Yangon_Media_Group
Published 22 May 2023
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မကြာသေးခင်က တောင်အာဖရိကနှင့်ကင်ညာနိုင်ငံတွေ ကပြန်လာပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့သိရပါတယ်။
“ ဒီမနက်မှာ ကျွန်တော်ဟာ ပထမဆုံးအနေနှင့် ကိုဗစ်-၁၉ကူးစက်ခံရပါတယ်” လို့ မေ၂၂ ရက် ဒီကနေ့မှာ သူဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်ကနေ ကြေညာခဲ့ပါတယ်။
“ မကြာသေးခင်က ကျွန်တော်ခရီးကပြန်လာပြီး ကိုဗစ်တွေ့တာပါ။ ပုံမှန်အားဖြင့် ကျွန်တော်နေရထိုင်ရ အဆင် ပြေပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာဝန်ကတော့ ရောဂါလက္ခဏာတွေမပြတော့တဲ့အထိ ကျွန်တော် တစ်ဦးတည်းနေဖို့ အကြံပြုထားပါတယ်” လို့ သူကပြောပါတယ်။
အသက်၇၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို သူ့အသက်အရွယ်အရ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Paxlovid ကို ဆရာဝန်က ပေးထားတယ်လို့ သူကပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ အားဖြည့်ကာကွယ်ဆေးတစ်လုံးထပ် ထိုးထားသေး တယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
မစ္စတာလီဟာ တောင်အာဖရိက ကိတ်တောင်းမြို့တော်ကို မေ၁၄မှ ၁၆ရက်အထိနှင့် ကင်ညာနိုင်ငံ နာရိုဘီမြို့တော်ကို မေ ၁၇ မှ ၁၉ ထိ ခရီးသွားခဲ့တာဖြစ်ပါတယ်။
စင်္ကာပူမှာ ကိုဗစ်ကူးစက်မှုလှိုင်းထပ်ကြုံနေရပြီး ဧပြီလမှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တာပါ
Source Channel News Asia
READ HERE ..⏭⏭⏭
✅Website>>>>
✅Telegram>>>>>
#YangonMediaGroup
#စင်္ကာပူဝန်ကြီးချုပ်_ကိုဗစ်ကူးစက်ခံရ
#စင်္ကာပူ_ကိုဗစ်-၁၉
#World_Climate
Published_ 22 May 2023
ကမ္ဘာလုံးဆိုင်ရာအပူချိန်တွေက လာမယ့် ၅ နှစ်အတွင်း စံချိန်တင်မြင့်တက်လာနိုင်ပြီး ထိုထဲကအနည်းဆုံးတစ်နှစ်ဟာ စံချိန်တင်ပူနွေးလာနိုင်ကြောင်း ကုလသမဂ္ဂမိုးလေဝသအေဂျင်စီက မေလ ၁၇ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
၂၀၂၃ နဲ့ ၂၀၂၇ ကြား နှစ်စဉ်ပျမ်းမျှမျက်နှာပြင်အနီးရှိ ကမ္ဘာ့အပူချိန်ဟာ စက်မှုမတိုင်မီခေတ်ကပမာဏထက် အနည်းဆုံး ၁.၅ ဒီဂရီစင်တီဂရိတ် ကျော်လွန်နိုင်ရန် ၆၆ ရာခိုင်နှုန်းရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီလိုမျိုးစံချိန်တင် အပူချိန်မြင့်တက်တာဟာ ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့ သဘာဝအတိုင်းဖြစ်ပေါ်တဲ့ အယ်လ်နီညိုရာသီဥတုတို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်တာကြောင့်လို့ ယူဆနေကြပါတယ်။
ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ ရေစီမံခန့်ခွဲခြင်း၊ ပတ်ဝန်းကျင် အစစအရာရာအတွက် အဆင်သင့်ပြင်ထားဖို့လိုအပ်ပြီး လာမယ့် ၅ နှစ်အတွင်း တစ်နှစ်နှစ်မှာ အပူချိန်စံချိန်တင်မြင့်မားနိုင်ချေ ၉၈ ရာခိုင်နှုန်းသေချာနေပါတယ်။
၂၀၁၆ ခုနှစ်က စံချိန်တင်အပူချိန်ရှိခဲ့တာဟာ အလွန်ပြင်းထန်တဲ့အယ်လ်နီညိုကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ အပူချိန်က ကန့်သတ်ချက်ကိုကျော်ပြီး ကြာမြင့်စွာရှိနေမှာမဟုတ်ကာ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ပဲရစ်ရာသီဥတုသဘောတူညီချက်အရ နိုင်ငံတိုင်းက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာလျှော့ချရေးအတွက် လမ်းညွှန်ပေးထားတာကြောင့် ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကို မခံစားရသူမရှိမှာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ရေလျှံခြင်းများ၊ မိုးခေါင်ခြင်းများ၊ လူအများအပြားရွှေ့ပြောင်းနေထိုင်ခြင်းများ ဖြစ်ပွားနေတယ်လို့ ဗြိတိန်မှ ရာသီဥတုသိပ္ပံပညာရှင် 'လီယွန်ဟာမန်ဆန်'က ပြောကြားခဲ့ပါတယ်။
အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်မြင့်တက်တာဟာ ယာယီသဘောဖြစ်ပေမယ့် မကြာခဏကြုံတွေ့ရနိုင်ကြောင်း၊ အခုထက်ထိ ပူနွေးလာမှုကို မထိန်းချုပ်နိုင်ဘဲ ဦးတည်ရာလမ်းမှားနေကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လ်နီညိုရာသီဥတုပေါ်ပေါက်ပြီးနောက် ကမ္ဘာ့အပူချိန်မြင့်တက်လာပါတယ်။
၂၀၂၄ မှာဆိုရင် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းပစိဖိတ်သမုဒ္ဒရာ အီကွေတာနေရာတွေမှာ အပူချိန်မြင့်တက်လာနိုင်ပါတယ်။
Source: WION
#World_Climate #ကမ္ဘာလုံးဆိုင်ရာ #အပူချိန်စံချိန်တင်မြင့်မားလာနိုင်
#YMG #Yangon_Media_Group
#World_Health
Published_ 22 May 2023
နားအပြင်ဘက်နေရာမှာ ဖောက်ခြင်းဖြင့် အစာစားချင်စိတ်ကို လျှော့ချပေးကာ ကိုယ်အလေးချိန်ကျစေပြီး BMI လျော့ကျစေနိုင်ကြောင်း ဂျပန်မှသုတေသီများက ဆိုပါတယ်။
ဒီလေ့လာမှုမှာ နားကိုအပ်ဖြင့်ဖောက်တာမဟုတ်ဘဲ သတ္တုစေ့လေးတွေကို ခွဲစိတ်ရေးတိပ်ဖြင့် နားအပြင်ဘက်မှာ ကပ်ရတာဖြစ်ပါတယ်။
စားချင်စိတ်ကိုထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ အင်္ဂါတွေကို လှုံ့ဆော်ပေးတဲ့ နားအပြင်ဘက်ရှိ အမှတ်အသား ၆ နေရာမှာ သတ္တုအစေ့လေးတွေကို ကပ်ရတာဖြစ်ပြီး ထူးထူးခြားခြားကျွမ်းကျင်မှုတွေမလိုအပ်ဘူးလို့ တိုကျိုရှိ Clinic F မှ ဒေါက်တာ'တာကာဟီရိုဖူဂျီမိုတို'က ပြောကြားခဲ့ပါတယ်။
ဂျပန်မှာ ဒီလိုနည်းလမ်းဖြင့် ကိုယ်အလေးချိန်ချလာကြတာ နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်ပါတယ်။
ကိုယ်အလေးချိန်များလွန်းတဲ့ အမျိုးသား ၈၁ ဦးကို လေ့လာခဲ့ကြရာ နားနှစ်ဖက်စလုံးမှာ သတ္တုအစေ့လေးတွေကပ်ထားရုံမက အစားအသောက်မှတ်တမ်းပြုစုရကာ တဝက်လျှော့ချစားသုံးရပါတယ်။
၃ လကြာပြီးနောက် အမျိုးသားတွေဟာ ခါးအတိုင်း ပျမ်းမျှအားဖြင့် ၄ လက်မလျော့ကျသွားပြီး ခန္ဓာကိုယ်အဆီ ၄ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
ဒါ့အပြင် BMI ကတော့ ပျမ်းမျှအားဖြင့် ၃ မှတ်နီးပါးကျဆင်းသွားခဲ့ပါတယ်။
ဒါဟာ အဆိုပါကုထုံးကြောင့် ကိုယ်အလေးချိန်ကျသွားတယ်ဆိုတာတော့ အတိအကျသက်သေမပြနိုင်ပါဘူး။
စားသောက်မှု၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့နဲ့ တွဲလုပ်ပါက နားဖောက်ကုသခြင်းက ကိုယ်အလေးချိန်ကျစေဖို့ အကူအညီဖြစ်စေနိုင်ကြောင်း၊ စားချင်စိတ်ထိန်းချုပ်ခြင်း၊ အစာကြေခြင်း၊ ဇီဝဖြစ်စဉ်မှုမြှင့်တင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ဖူဂျီမိုတိုကပြောပြခဲ့ပါတယ်။
နားမှာသတ္တုစေ့ကပ်ခြင်းဖြင့် ဟော်မုန်းစနစ်ထိန်းညှိပေးခြင်း၊ စားချင်စိတ်လျှော့ချပေးခြင်း၊ ဇီဝဖြစ်စဉ်ဖြစ်ပျက်မှုနှုန်းထိန်းညှိပေးခြင်းတို့မှာ အကူအညီဖြစ်စေပါတယ်။
အပ်စိုက်ခြင်းနည်းလမ်းကို အာရှမှာ ရာစုနှစ်တွေကြာအောင် အသုံးပြုလာပြီးဖြစ်ကာ အစာခြေရောဂါ၊ လိင်မှုပြဿနာ၊ ဆေးစွဲခြင်း၊ အဆစ်အမြစ်နာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အခြားပြဿနာများအတွက် အသုံးပြုကြပါတယ်။
ထိုနည်းလမ်းဖြင့် လိင်စွမ်းအင်ကုန်ခန်းနေတဲ့အမျိုးသမီးများ၊ ကိုဗစ်ဝေဒနာခံစားနေရသူများကို သက်သာစေကာ ငိုက်မျဉ်းနေသူများအတွက် အမြန်ဆုံးနိုးကြွမှုပေးနိုင်ပါတယ်။
Source: NY Post.
#World_Health ##နားအပြင်ဘက်နေရာ #သတ္တုအစေ့ငယ်ကပ်ခြင်း #ကိုယ်အလေးချိန်လျှော့ချနိုင်ဖွယ်ရှိ
#YMG #Yangon_Media_Group
Published 21 May 2023
တရုတ်နိုင်ငံ ရှန်စီတီးမှာ ကျင်းပခဲ့တဲ့ တရုတ်နှင့် အလယ်အာရှထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံ (၅)နိုင်ငံတို့ဟာ ကြေညာစာတမ်းတစ်ခုကိုလက်မှတ်ရေးထိုးလိုက်ကြပြီး ကျယ်ပြန့်တဲ့ဆက်ဆံရေးတွေမြှင့်တင်ကြဖို့ သဘောတူခဲ့ကြတယ်လို့သိရပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အလယ်အာရှ(၅)နိုင်ငံက သမ္မတတွေဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ရှန်ရှီပြည်နယ် မြို့တော်မှာ ကျင်းပတဲ့ တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးအပြီးမှာ ရှန်ကြေညာစာတမ်းကို လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နှင့် အလယ်အာရှနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းမှုရှိတယ်လို့ ကြေညာ စာတမ်းမှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ ခေါင်းဆောင်တွေဟာ နှစ်ဘက်အကြား တူညီမျှဝေတဲ့အနာဂတ်တစ်ခုအတွက် အသို်ကအဝန်းတစ်ခုတည်ထောင်ဖို့ သဘောတူခဲ့ကြပါတယ်။
Source CCTV+
#YangonMediaGroup
#တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေး
#တရုတ်နိုင်ငံရေး
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၇ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကိုဘတ်၂၃သိန်း၂သောင်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း #ရည်ညွှန်းဈေး
#YMG #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 21 May 2023
အညာဒေသမှာ သင်္ကြန်မတိုင်ခင်ကာလကတည်းက တက်ဈေးမှာရှိနေတဲ့ ပဲမျိုးစုံနဲ့နှမ်းဈေးနှုန်းတွေက မုန်တိုင်းတိုက်ခတ်ပြီးနောက် ဈေးတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို မကွေးကုန်စည်ဒိုင်ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News #မိုခါမုန်တိုင်း #နှမ်းခင်းတွေဆုံးရှုံး #ပဲမျိုးစုံနဲ့နှမ်းဈေးတက်လာ
#YMG #Yangon_Media_Group
Page 1223 of 2000