#DailyNews
Published_ 9 February 2023
၁။ ရန်ကုန်တွင် စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ အလုံမီးလောင်မှုတွင်(၅)ဦး ဆေးရုံရောက်(၁)ဦး သေဆုံး
၂။ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်
၃။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမည့်သူများ တစ်ပတ်ကို ၅၀၀ မှ ၁၀၀၀ ကြား အထိရှိနေ
၄။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် ယာဉ်မောင်းအင်အားနည်းပါးခြင်းတို့ကြောင့် (၂၀၂၂) အတွင်း ဂျပန်တက္ကစီဝန်ဆောင်မှု လုပ်ငန်း(၂၉)ခု ဒေဝါလီခံခဲ့ရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလ 9 ရက်နေ့ မနက်ပိုင်း ရန်ကုန်ရွှေအဖွင့်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေကို ငွေကျပ် ၂၂ သိန်းတစ်သောင်းသုံးထောင်ကျော်အထိ ပေါက်ဈေးရှိနေတာပေမယ့် အရောင်းရော အဝယ်ပါမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဗုဒ္ဓရဲ့တရားတော်များကို အနုပညာလက်ရာဖြင့် ပြန်လည်ပုံဖော်ထားတဲ့ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်) ရှိ Kalasa Art Space တွင် ဖေဖော်ဝါရီ ၉ ရက်မှ ၂၈ ရက်အထိ ပြသနေတာပါ
အဲ့ဒီပန်းချီပြပွဲကို Reflective Art & Faith လို့ အမည်ပေးထားပြီး ပန်းချီကားပေါင်း ၂၉ ကားကို ပြသနေပါတယ်။
ဗဂျီလင်းဝဏ္ဏကို ၁၉၇၃ ခုနှစ်က ရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီး ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဆရာဦးအောင်ဒင်ဆီမှာ ပညာသင်ယူခဲ့ပြီး အခုပန်းချီပြပွဲအပါအဝင် တစ်ကိုယ်တော်ပန်းချီပြပွဲပေါင်း ၁၁ ပွဲနှင့် အုပ်စုလိုက်ပန်းချီပြပွဲ ၁၀၀ ကျော် ပြသခဲ့ပြီးဖြစ်ပါတယ်။
#ymg/ynzw
#Yangon_Media_group
#Local_News
Published_ 9 February 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၈ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီလ ၇ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၁ ရက်တွင်လည်းကောင်း လာရောက်လျှောက်ထားကြကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီလ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့် လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် တည်ထောင်ခွင့်ပြုနိုင်ရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၃ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်အနီးတွင် အန်စာတုံးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှယာဉ်တစ်စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေ။

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
မိမိတို့စတင်တာဝန်ယူစဉ်ကာလက နိုင်ငံစီးပွားရေးဟာ ကျဆင်းလျက်ရှိပေမယ့် အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် လက်ရှိအချိန် နိုင်ငံ့စီးပွားရေးမှာ အတိုင်းတာတစ်ခုအထိ တိုးတက်လာတယ်လို့ နစကဥက္ကဌ ကပြောပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်ကို ရောက်နေရှိစဉ်ကပြောကြာခဲ့တာပါ။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ ပြည်သူနဲ့တပ်မတော်တို့ ပူးပေါင်းဆောင်ဖို့ လိုအပ်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမယ့်မူဝါဒလမ်းစဉ်
များအတိုင်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့လူမူဘဝအကျိုးစီးပွားကိုဖော်ဆောင်ပေးရမှာဖြစ်ပြီး မိမိတို့အစိုးရဟာနိုင်ငံရေး အစိုးရမဟုတ်ဘဲနိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားကိုဖော်ဆောင်ပေးတဲ့ အစိုးရဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၂ _၂၀၂၃ ဘဏ္ဏာနှစ်တွင် စင်ကာပူ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့က အများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘီလီဇ်၊ ဘဂ်လားဒေ့ရှ်၊ အန္ဒိယ၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံပေါင်း ၅၂ နိုင်ငံတို့က မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၁ ဒဿမ ၆ ဘီလီယံဝန်းကျင်ရရှိခဲ့ပြီး
စင်ကာပူနိုင်ငံက ၂၀၂၂ _၂၀၂၃ ပထမ ၁၀ လတာကာလအတွင်း ၁ဒဿမ ၁၅၇ ဘီလီယံနဲ့ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#ymg/ynzw
#Yangon_myanmar_group
#Local_News
Published_ 9 February 2023
ထိုင်းနိုင်ငံအတွင်း အထောက်အထားမမှန်ဘဲ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား (၃၀)ဦး ကို ထိုင်းအာဏာပိုင်းများက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယင်းတို့မှာ ထိုင်းနိုင်ငံ၊ လယောင်ခရိုင်၊ ပလွှက်ဒန်င်မြို့နယ်၊ မာ့ယန်ဖော်ကျေးရွာရှိ စက်ရုံသုံးရုံ၌ တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြောင်း သတင်းအရ ထိုင်းအာဏာပိုင်များက သတင်းအရ ရှောင်တခင် စစ်ဆေးစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားများ၏ အထောက်အထားများကို စစ်ဆေးရာ အလုပ်ရှင်အဟောင်းမှ အလုပ်ရှင်အသစ်ထံ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြောင်း စာရင်းမရှိသည့် မြန်မာနိုင်ငံသား (၂၅) ဦးနှင့်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိ သည့် မြန်မာအလုပ်သမား (၅) ဦး၊ စုစုပေါင်း (၃၀) ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ယင်း ထိုင်းအလုပ်သမားရေးရာသတင်းလွှာတွင် ဖော်ပြထားသည်။
ယခုအခါ ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ရန် ပလွှက်ဒန်င်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း နှင့် ဥပဒေအတိုင်း ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
သရုပ်ဆောင်ထူးခန့်ကျော်ထံ ဆေးလာရောက်ကုသခံယူသူက စေတီတည်ထားရန် အလှူငွေကျပ် သိန်း ၉၀လှူဒါန်းခဲ့ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
"ကျွန်တော် ၃၁ ဘုံသားသမီးများအား ကျေးဇူးဆပ်သောအနေဖြင့် စေတီတည်ထားကိုးကွယ်ရာတွင် အလှူငွေသိန်း၉၀ (သိန်းကိုးဆယ်) ကျပ်လှူဒါန်းမှု ပြုလုပ်ပေးပါသော အမေဒေါ်သိန်းသိန်းမြင့် မိသားစုအတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည်။ အင်မတန်ဝမ်းသာပီတိဖြစ်ရပါတယ်အမေ ယခုလို ၃၁ ဘုံသားသမီးများအား ကျေးဇူးဆပ်သောအားဖြင့် သိန်း ၉၀ ကျပ်အပြင် ကျွန်တော်လိုအပ်သောနေရာမှာသုံးစွဲဖို့ နောက်ထပ် ၅ သိန်းကျပ်ကိုလဲ ထပ်လောင်းလှူခဲ့ပါသော အမေဒေါ်သိန်းသိန်းမြင့်တို့ မိသားစုအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာလိုအင်ဟူသမျှပြီး ပြည့်လျှံစွာရရှိကြစေပြီး ဒီထက်မကသောလှူဒါန်းမှုများကိုပြုလုပ်နိုင်ကြ၍ ကပ်ကြီးသုံးပါးဘေးဆိုးကြီးတို့မှကင်းဝေးကြကာ ကိုယ်တွင်းကိုယ်ပရောဂါဟူသမျှပိန်းကြာရွက်ပေါ်တွင်ရေမတင်မှီ သကဲ့သို့လွင့်စဉ်ပပျောက်ကြစေပြီး ကောင်းကျိုးချမ်းသာအလုံးစုံကိုခံစားစံစားနိုင်ကြစေကာလူ နတ် ဗြဟ္မာသတ္တဝါအားလုံးသာဓုခေါ်ဆိုနိုင်ဖို့ကုသိုအဖြစ်တင်ပေးရင်း မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ"ဟု ရေးသားထားသည်။
ပရဟိတ ကုသိုလ်ဖြစ်ဆေးကုသပေးနေသည့် နေပြည်တော်တောင်သုံးလုံး ဇေတဝန်ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝေပုလ္လမဟာထေရ်မြတ်ကြီးကျောင်းတော်ရာတွင် သရုပ်ဆောင်ထူးခန့်ကျော်က အခမဲ့ပါရမီဖြည့်ရောဂါဝေဒနာများအားကုသပေးရာတွင် ဝေဒနာရှင်များစေတနာသန့်သန့်ဖြင့်လှူဒါန်းသွားသောငွေများဖြင့်ဆရာတော်ဘုရားကြီးပါရမီအားဖြည့်၍စေတီတည်နေတော်မူကြောင်းလည်း သိရသည်။


#ymg/mt
#Yangon_Media_Group
#World_Entertainment
Published 9 February 2023
Netflix က သူတို့ဆီမှာ ပုံမှန်စာရင်းပေးကြည့်ရှုနေသူများ ဆုံးရှုံးနေရခြင်းကို ဖြေရှင်းဖို့အတွက် နောက်ထပ်နိုင်ငံ ၄ နိုင်ငံမှာ ပါ့စ်ဝေါ့ဒ်စကားဝှက်မျှဝေမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
အခုဆိုရင် ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်တို့မှာရှိတဲ့ စာရင်းပေးကြည့်ရှုသူများဟာ သူတို့နဲ့အတူမနေတဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေအတွက်ပါ Netflix အကောင့်ကို မျှဝေစာရင်းပေးကြည့်ရှုစေချင်တယ်ဆိုရင် အပိုကျသင့်ငွေပေးဆောင်သွားရမှာဖြစ်ပါတယ်။
ဒီလိုမျိုး စကားဝှက်မျှဝေခြင်းကို ကန့်သတ်တာတွေက နိုင်ငံအချို့မှာချမှတ်ထားပြီးဖြစ်ကာ တစ်အိမ်တည်းကနေ မဟုတ်ဘဲနဲ့ ပြင်ပကနေပါ စကားဝှက်မျှဝေအသုံးပြုမယ်ဆိုပါက ကျသင့်ငွေပိုမိုကောက်ခံသွားဖို့ကို ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်သွားမယ်လို့ ကုမ္ပဏီက အစောပိုင်းမှာပြောကြားခဲ့ပါတယ်။
မီဒီယာကြီးတစ်ခုရဲ့ဖော်ပြချက်အရ ကမ္ဘာတဝှမ်းမှာ မျှဝေသုံးစွဲနေတဲ့ Netflix အကောင့်ပေါင်း သန်း ၁၀၀ ခန့်ရှိပါတယ်။
Netflix က ရုပ်မြင်သံကြားအစီအစဉ်တစ်ခု ရင်းနှီးမြှုပ်နှံရန်ကြိုးပမ်းနေစဉ်မှာ မျှဝေသုံးစွဲတဲ့အကောင့်တွေကြောင့် ဝင်ငွေတွေဆုံးရှုံးနေရတယ်လို့ ကုမ္ပဏီကဆိုပါတယ်။
"ပြီးခဲ့တဲ့နှစ်တုန်းက ဒီပြဿနာဖြေရှင်းဖို့ လက်တင်အမေရိကမှာ နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့ကြပြီး အခုဆိုရင် ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်တို့မှာလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်သွားဖို့ ရှိပါတယ်၊ စာရင်းပေးကြည့်ရှုသူတွေ သူတို့ရဲ့အကောင့်တွေကို ဝင်ရောက်အသုံးပြုခွင့်အပေါ် ပိုမိုထိန်းချုပ်နိုင်ရန် ဖြစ်ပါတယ်" လို့ Netflix က blogspot မှာ ဖော်ပြထားပါတယ်။
သုံးစွဲသူအပိုထည့်သွင်းနိုင်မယ့်အကောင့် လုပ်တဲ့နေရာမှာ သုံးစွဲသူနဲ့အတူမနေတဲ့ လူ ၂ ဦးအထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
သုံးစွဲသူအပိုတစ်ယောက်ကို ကနေဒါမှာ ကနေဒါဒေါ်လာ ၇.၉၉ ၊ နယူးဇီလန်မှာ နယူးဇီလန်ဒေါ်လာ ၇.၉၉၊ ပေါ်တူဂီမှာ ယူရိုငွေ ၃.၉၉ ၊ စပိန်မှာ ယူရိုငွေ ၅.၉၉ အပိုလစဉ်ကြေးပေးဆောင်ရမှာဖြစ်ကာ ပရိုဖိုင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်၊ စကားဝှက်နဲ့ အကောင့်ဝင်ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။
ပရိသတ်များအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တုန့်ပြန်မှုတွေပေါ်မူတည်ပြီး ကုမ္ပဏီက ပြန်လည်ပြင်ဆင်ဦးမှာဖြစ်ကာ လာမယ့်နှစ်တွေမှာ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ အင်တာနက်သုံးစွဲသူတွေက Netflix အပေါ် မကျေနပ်ချက်တွေ ထွက်လာပါတယ်။
ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာများ ဖြစ်ပေါ်လာကြကာ ခရီးသွားနေစဉ် အသုံးပြုလို့ရပါ့မလားဆိုတာကိုလည်း စိုးရိမ်လာကြပါတယ်။
ထိုအခါ စာရင်းပေးကြည့်ရှုသူတွေက ခရီးသွားနေစဉ်မှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ကိုဗစ်ဓာတ်ခွဲနမူနာများ၏ သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ ၁၇ ခုကို စစ်ဆေးခဲ့ရာတွင် အိုမီခရွန်မျိုးဗီဇပြောင်းရောဂါပိုး BA.5၊ BA.2 နှင့် XBB.1 တို့တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။
ကိုဗစ်- ၁၉မျိုးရိုးဗီဇပြောင်းလဲနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲ နမူနာ ၁၇ခု ကို ဆေးသုတေသနဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါပိုး မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၆ ရက်က အိုမီခရွန် မျိုးကွဲဗီဇပြောင်းရောဂါပိုး BA.5 နှင့် ၎င်း၏မျိုးကွဲများကို ဓာတ်ခွဲနမူနာ ၉ ခုတွင်လည်းကောင်း၊ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 နှင့် ၎င်း၏မျိုးကွဲ XBB.1(၂)ခုအပါအဝင် ၈ ခု တိုကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.5 တွေ့ရှိရသူ ၉ ဦးနှင့် BA.5 တွေ့ရှိသူ ၅ဦးမှာ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ကျန် ၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူများကို ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလ 9 ရက်နေ့မနက်ပိုင်း ရန်ကုန်ရွှေအဖွင့်ဈေးမှာ အကယ်ဒမီအခေါက်ရွှေကို ငွေကျပ် ၂၂ သိန်းတစ်သောင်းသုံးထောင်အထိ ပေါက်ဈေးရှိနေပြီး ဈေးနှုန်းအမြင့်ဘက်မှာ ရှိနေပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ အစိုးရနဲ့ရန်ကုန်ရွှေအသင်းရဲ့သတ်မှတ်ရွှေဈေးနှုန်းကတော့ ၂၂၁၃၇၀၀ ကျပ်အထိသတ်မှတ်ထားပြီး ပြင်ပရွှေလောကအရောင်းအဝယ်မှာတော့ ဒီနေ့မနက်ပိုင်းအထိ ၂၈ သိန်း ၅ သောင်းကျော်မှာရှိနေပြီး အရောင်းရောအဝယ်ပါ အေးနေတယ်လို့ ရန်ကုန်တိုင်းအတွင်းက ရွှေလုပ်ငန်းရှင်တွေကိုမေးမြန်းချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ လ ၈ရက်နေ့ ကမ္ဘာရွှေပေါက်ဈေးမှာတစ်အောင်ဆကို ၁၈၇၉ ဒေါ်လာနဲ့ ဈေးဖွင့်လာပါတယ်။
လက်ရှိဈေးနှုန်းများ မနက် ၁၀ နာရီအထိ စုံစမ်းထားတဲ့ ဈေးများဖြစ်တဲ့အတွက် အချိန်နဲ့အညီပြောင်းလဲမှုရှိ နိုင်ပါတယ်။
#YMG/ynzw
#Yangon_media_group
#World_Health
Published 9 February 2023
ဗိုက်တာမင်-ဒီက ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
နေရောင်ခြည်မှာပါတဲ့ ဗိုက်တာမင်-ဒီဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်ကအသုံးချနိုင်အောင် တိုးမြှင့်ပေးပါတယ်။
ဆီးချိုဒုတိယအမျိုးအစားဖြစ်လာရတဲ့ အကြောင်းအရင်းဖြစ်တဲ့ အင်ဆူလင်ယဉ်ပါးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဗိုက်တာမင်-ဒီအားဆေး သုံးစွဲခြင်းဖြင့် နောက် ၃ နှစ်အတွင်း ဆီးချိုလက္ခဏာရှိလာနိုင်တဲ့ လူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေကို ၁၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။
နေအလင်းရောင်မှ ခရမ်းလွန်ရောင်ခြည်က အရေပြားကိုထိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဒီထွက်ရှိသလို ဖြည့်စွက်အားဆေးအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။
ထိုသုတေသနကို အမေရိကန် ဘော့စ်တွန်ရှိ တက်ဖ်ဆေးဘက်ဆိုင်ရာစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 1223 of 1853