Published_ 23 August 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာ ကုန်ထုတ်လုပ်သားသစ် (၁၄၂)ဦးကို သြဂုတ်လ ၂၂ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

အဆိုပါ ကုန်ထုတ်လုပ်သားသစ် (၁၄၂)ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သား၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား စုစုပေါင်း(၄၂၈)ဦးကို သြဂုတ်လ(၁)ရက်၊ (၂)ရက်နှင့်(၈)ရက်က စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times