#Local_News
Published_ 7 February 2023
အခုရက်ပိုင်းအတွင်း အေးခဲတဲ့ ကချင်ပြည်နယ်၊ ခေါင်လံဖူးဒေသနေဒေသခံတိုင်းရင်းသား(၅၀၀)ကျော်အတွက် အနွေးထည်တွေ၊အဝတ်အထည်တွေနဲ့ သနပ်ခါးဗူးတွေလှူခဲ့ဒါန်းနိုင်ခဲ့တယ်လို့ အကြီးကိုကိုဖောင်ဒေးရှင်းဥက္ကဌ စာရေးဆရာအကြီးကိုကိုက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မန္တလေးရွှေချည်ထိုးလုပ်ငန်းအကြောင်း၊ ရေစက်သွန်းဓလေ့နဲ့ထိန်းမြန်းမင်္ဂလာဓလေ့တွေ အကြောင်းကို သုတေသနပြုလုပ်ထားပြီး သမိုင်းသုတေသနစာတမ်းဖတ်ပွဲကျင်းပသွားဖို့ရှိတယ်လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 7 February 2023
၁။ မန္တလေးရွှေချည်ထိုးလုပ်ငန်းနှင့် ရေစက်သွန်းဓလေ့များအကြောင်းသုတေသနပြုစာတမ်းဖတ်မည်
၂။ အေးခဲသည့် ခေါင်လံဖူးဒေသနေ ဒေသခံ(၅၀၀)ကျော်အတွက် အနွေးထည်များလှူဒါန်းခဲ့
၃။ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နှင့်သိုလှောင်ထားပါက ဥပဒေအရအရေးမည်
၄။ လစ်ဗျားနိုင်ငံတွင် ပဋိပက္ခများရန်မှ ငြိမ်းချမ်းလာသည့် အိုအေစစ်မြို့တွင် ရိုးရာလက်မှုပစ္စည်းများပြသရောင်းချ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ထိုင်း-မြန်မာနယ်စပ်အနီး တာ့ခ်ခရိုင်ထဲမှာနေတဲ့ မြန်မာမိသားစုထဲက အသက် ၁ နှစ် ၇ လ အရွယ် မြန်မာကလေးငယ်တစ်ယောက်ဟာ အဝီစိတွင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မက္ကဒေးမီးယားကို စိုက်ပျိုးရာတွင် ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများအသုံးမပြုဘဲ အော်ဂင်းနစ်စနစ်ဖြင့်စိုက်ပျိုးပါက ကမ္ဘာ့ဈေးကွက်အထိ မြန်မာ မက္ကဒေးမီးယားသည် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
မြန်မာနိုင်ငံသည် မက္ကဒေးမီးယားစိုက်ပျိုးနိုင်သည့် ဒေသရာသီဥတုနှင့် ကိုက်ညီသော မြေယာများစွာရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မက္ကဒေးမီးယားစိုက်ပျိုးမှုများကို တိုးချဲ့ စိုက်ပျိုးလျက်ရှိတယ်လို့ဆိုပါတယ်။
မဲခေါင် - လန်ချန်း ဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအထောက်အပံ့ဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေအစီအစဉ်ဖြင့် မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) ကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ပြင်ဦးလွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာမက္ကဒေးမီးယားပြပွဲတွင် မက္ကဒေးမီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ စာတမ်းဖတ်ကြားခြင်း အစီအစဉ်များလည်း ထည့်သွင်းထားပြီး မြန်မာ မက္ကဒေးမီးယားစိုက်ပျိုးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ ပြခန်းများ၊ မက္ကဒေးမီးယား ထုတ်ကုန်ပြခန်းများ၊ မက္ကဒေးမီးယား အခြောက်ခံစက်ပြခန်းများ စုံလင်စွာခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
မြန်မာမက္ကဒေးမီးယားပြပွဲသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တောင်သူများ၊ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၊ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ စိတ်ဝင်စားသူပြည်သူများ တက်ရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#Local_News
Published_ 7 February 2023
ဖေဖော်ဝါရီလ မနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ MPT ရဲ့ MPT mobile data၊ MPT Wifi တွေ ပြတ်တောက်နေတာပါ။
အခုလိုဆက်သွယ်ရေးလိုင်းတွေ အင်တာနက်လိုင်းတွေပြတ်တောက်မှုတွေကို အရင်အတိုင်းပြန်လည် အချိတ်ဆက်မိဖို့အတွက် မြန်မာ့ဆက်သွယ်လုပ်ငန်းကတာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး အမြန်ဆုံးပြန်လည် ကောင်းမွန်စေဖို့လုပ်ဆောင်နေတယ်လို့ MPT ဆက်သွယ်ရေးအော်ပရေတာရဲ့တရားဝင်လူမူကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် ရန်ကုန်တိုင်းကအတွင်းက MPT ဆက်သွယ်ရေးကွန်ယက်အသုံးပြုသူတွေ အင်တာနက်တွေ ပြတ်တောက်နေတာပါ။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ထိုင်းနိုင်ငံရှိမြန်မာလုပ်သားများအား နိုင်ငံကူးလက်မှတ်သစ်များ ပြုလုပ်ပေးရန် လုပ်ငန်းခွင်ထိသွားရောက်၍ စာရင်းကောက်ယူနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
လူအင်အား ၁၀၀၀ နှင့်အထက်ရှိသော စက်ရုံများသို့ ထိုင်းနိုင်ငံအတွင်း စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သက်တမ်းကုန်နိုင်ငံကူးလက်မှတ်များအသစ် ပြုလုပ်ပေးရေးအတွက် အရာထမ်း ၁၂ ဦးက မြန်မာသံရုံးမှ Mobile စက် ၂ စုံနှင့်အတူ ဇန်နဝါရီလ ၃၀ ရက်က စတင်၍ သွားရောက်ကာ အချက်အလက်ကောက်ယူနေခြင်းလည်း ဖြစ်သည်။
ယင်းစက်ရုံများမှာ ဖေဖော်ဝါရီလမကုန်မီ ပြီးစီးမည်ဖြစ်၍ နိုင်ငံကူးလက်မှတ်အသစ် လုပ်ပေးရမည့် မြန်မာလုပ်သား ၅၀၀ မှ ၁၀၀၀ အကြားရှိသော စက်ရုံများအနေဖြင့် သတ်မှတ်စာရင်း ပုံစံများအတိုင်း ပြုစုပြီး ကောင်စစ်အရာရှိ၊ သံရုံးသစ်တွင် တင်သွင်းနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်ရုံဝန်းအတွင်းနှင့် လုံခြုံမှုရှိသော ဆောက်လုပ်ရေးကုမ္ပဏီအဆောက်အဦ ပရဝုဏ်အတွင်း၌သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့် လုပ်သားအနည်းဆုံး ၅၀ ဦး ထိုင်၍ စောင့်ဆိုင်းနိုင်ရန်ခန်းမ၊ စက်ပစ္စည်းနှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည့် ဌာနဆိုင်ရာ အရာထမ်းများအတွက် နေရာ၊ ဓါတ်ပုံရိုက်ရန်နှင့် စက်ပစ္စည်းအသုံးပြုနိုင်ရန် လျှပ်စစ်လိုင်းသွယ်တန်းမှု၊ အလှည့်ကျသူအား ခေါ်ထုတ်ပေးနိုင်မည့် စက်ရုံကိုယ်စားလှယ် ၂ ဦး လိုအပ်မည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် လျှောက်လွှာတင်သွင်းခြင်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းက လမ်းပေါ်၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ ရုပ်အလောင်းများကို ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းနှင့်(၁၇)လမ်းထိပ်၊ ပန်းချယ်ရီ-ဟိုတယ်အနီးတွင် လမ်းပေါ်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှင့် လမ်းဘေးတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတို့ကိုတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
"၂ ယောက်လုံးက ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ ဘယ်သူတွေဆိုတာကို စုံစမ်းနေဆဲပါ"ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြော သည်။
သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြင်ဦးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်ချက်ရှိကြောင်းသိရသည်။
Photo - သန္တိသုခအသင်း
#ymg/mt
#Yangon_Media_Group
Published 7 Feb 2023
တူရကီနှင့်ဆီးရီးယားနိုင်ငံတွေမှာ ယမန်နေ့ တနင်္လာနေ့က လှုပ်ရှားသွားတဲ့ငလျင်ကြီးကြောင့် သေဆုံးသူ ၄၃၀၀ကျော်ရှိပြီး ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးအပုံကြီးတွေကြားထဲ ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်နိုင်သူတွေကို ရှာဖွေနေကြပါတယ်။
တနင်္လာနေ့ လင်းအားကြီး မနက် (၄)နာရီမှာ လှုပ်ရှားတဲ့ငလျင်ကြီးဟာ ဒေသတအတွင်း ရာစုနှစ်တစ်စုအတွက် အပြင်းထန်ဆုံးငလျင်ကြီးတွေထဲက တစ်ခုဖြစ်ပါတယ်?
တူရကီမှာ လူအနည်းဆုံး ၂၉၂၁ ဦးသေဆုံးပြီး လူပေါင်း ၁၅၈၀၀ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အိမ်နီးချင်းဆီးရီးယားမှာ လည်း အနည်းဆုံး လူပေါင်း ၁၄၅၁ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအထဲက သေဆုံးသူ ၇၁၁ ဦးဟာ အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်တဲ့ အလီပို၊ဟာမာ၊လာတာကီးယားနှင့် တာတပ်စ်တို့ကဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ သေဆုံးသူပေါင်း ၂၀,၀၀၀ ကျော်လိမ့်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတကာမှ
တူရကီနှင့်ဆီးရီးယားတွင်ငလျင်ကြောင့်သေဆုံးသူ ၄၃၀၀ကျော်ဖြစ်လာ
ငလျင်လှုပ်စဉ်အဆောက်အဦီကြီးများပြိုကျသည့်ရုပ်သံများဆိုရှယ်မီဒီယာများတွင်ပျံ့နှံ့
အကူအညီများလည်းစတင်ရောက်ရှိလို့လာနေပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ငလျင်ကြီးလှုပ်ရှားနေစဉ် အဆောက်အဦတွေပြိုကျခဲ့တာကို ရိုက်ကူးပြီးပို့စ်တွေတင်ခဲ့ကြရာ အဆိုပါ ရုပ်သံအပိုင်းအစတွေကို လူကြည့်အလွန်များနေပါတယ်။
News Source: CNN and Agencies
#Turkey_Syria_Earthquakes
#Turkey
#Syria
#Local_News
Published_ 7 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ MPT Exchange ရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်၊၊
ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီ ၂၃ မိနစ်တွင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်၊၊
MPT Exchange ရုံးတွင် မီးလောင်ကျွမ်းမှုကြောင့် MPTလိုင်းများယာယီပြတ်တောက်နိုင်ကြောင်း MPT မှ အသိပေး ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Health
Published 7 February 2023
ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ လေ့လာချက်အသစ်အရ လျှပ်စစ်ကားတွေနဲ့ အဆုတ်ကျန်းမာရေးအခြေအနေတို့ကြား ဆက်စပ်လာနိုင်ချေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
လူအယောက် ၁,၀၀၀ ရှိ လျှပ်စစ်ကားအစီး ၂၀ အတွက် ရင်ကြပ်ဝေဒနာအရေးပေါ်တက်ရောက်မှုနှုန်း နှစ်စဉ် ၃.၂ ရာခိုင်နှုန်းနည်းပါးသွားကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို အန္တရာယ်ဖြစ်စေတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ပမာဏလည်း လျော့နည်းသွားခဲ့ပါတယ်။
လျှပ်စစ်ကားအသုံးပြုနှုန်း အတော်နည်းပါးနေသေးပေမယ့် လေထုသန့်စင်မှုနဲ့ ကျန်းမာရေးဆိုင်ရာမှာ သိသာကွဲပြားနေပါတယ်။
အလွန်ကြောက်စရာကောင်းတဲ့ ရာသီဥတုဖောက်ပြန်မှုအကြောင်း ဆွေးနွေးကြရာမှာ လျှပ်စစ်ကားများ ပြောင်းလဲအသုံးပြုခြင်းကလည်း အဓိကသော့ချက်တစ်ခုဖြစ်နေကြောင်း ပြည်သူ့ကျန်းမာရေးသိပ္ပံပရော်ဖက်ဆာ ဒေါက်တာ'ဆန်ဒရာအက်ကယ်လ်'က ပြောပြခဲ့ပါတယ်။
လေထုညစ်ညမ်းခြင်းက အသက်အန္တရာယ်အလွန်များစေပြီး ညစ်ညမ်းတဲ့လေထုကို ကြာရှည်ရှူသွင်းမိပါက ကျန်းမာရေးပြဿနာ ဆိုးရွားစေနိုင်တဲ့အပြင် အသက်အန္တရာယ်ကိုပါ ဖြစ်စေပါတယ်။
နှစ်စဉ် လူ ၉ သန်းဟာ လေထုညစ်ညမ်းမှုပြဿနာများကြောင့် သေဆုံးထားကြောင်း သိရှိရကာ လေကိုသန့်စင်နိုင်ပါက ထိုပြဿနာအများစုကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းဟာ အဆိပ်သင့်လေများကို ရှူရှိုက်နေရပြီး ရောဂါလက္ခဏာများအနေဖြင့် ချောင်းဆိုး၊ နှာချေ၊ ပန်းနာရင်ကြပ်၊ ကင်ဆာတို့ ဖြစ်ကြရပါတယ်။
ဒါ့အပြင် လေထုညစ်ညမ်းမှုရဲ့ လက်ငင်းသက်ရောက်မှုတွေမှာတော့ ကားအိတ်ဇောငွေ့ရှူရှိုက်မိရာကနေ ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းစေကြောင်း ဆိုထားကြပါတယ်။
လျှပ်စစ်ကားအသုံးပြုခြင်းက ဒီပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အစိတ်အပိုင်းငယ်တစ်ခုမျှသာဖြစ်ပေမယ့် သူတို့ရဲ့သက်ရောက်မှုတွေကို နောက်ထပ်ပိုပြီးလေ့လာဆန်းစစ်ဖို့ သုတေသီများ တိုက်တွန်းနေကြပါတယ်။
ဒေသတွင်းမှာပင် ပြုပြင်ပြောင်းလဲမှုလုပ်ပြီး ဒေသတွင်းပြည်သူတွေကို ကျန်းမာရေးတိုးတက်အောင် ပြုလုပ်ပေးနိုင်ရင် ဥပဒေရေးရာအမှုထမ်းတွေနဲ့ လူအများဆီကိုပါ ရောက်ရှိသွားနိုင်ကြောင်း ဒေါက်တာ'အဲရစ်ကာဂါစီယာ'က ပြောကြားသွားပါတယ်။
Source: New York Post
#Yangon_Media_Group
#World_Military
Published 7 February 2023
တပ်မတော်နှစ်ပတ်လည်အထိမ်းအမှတ်အတွက် ပြင်ဆင်နေတဲ့ မြောက်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှုများ တိုးချဲ့ပြုလုပ်ပြီး နိုင်ငံရဲ့စစ်ပွဲအသင့်ပြင်အနေအထားကို တိုးမြှင့်သွားမယ်လို့ ခေါင်းဆောင်'ကင်မ်ဂျုံအန်'က ကတိပြုပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။
တနင်္လာနေ့က အာဏာရအလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင်အစည်းအဝေးမှာ ကင်မ်ဂျုံအန်က ဦးဆောင်ဆွေးနွေးခဲ့ကာ တာဝန်ရှိသူများက ယခုနှစ်အတွက် အဓိကစစ်ရေးနဲ့နိုင်ငံရေးတာဝန်များ၊ စစ်တပ်တည်ဆောက်ရေးဦးတည်ချက်နဲ့ ပတ်သက်တဲ့ ရေရှည်ကိစ္စရပ်များအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ KCNA သတင်းဌာနက ဆိုပါတယ်။
"ကြုံတွေ့လာရနိုင်တဲ့အခြေအနေနဲ့ စစ်ပွဲအတွက် ပိုမိုတင်းကျပ်စွာ ကြိုတင်ပြင်ဆင်နိုင်ရေးတို့မှာ ကိုရီးယားပြည်သူ့စစ်တပ်(KPA) ရဲ့စစ်ဆင်ရေးနဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေ ပိုမိုလုပ်ဆောင်ကာ အဆက်မပြတ်တိုးချဲ့ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်" လို့ KCNA က ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့မှာ လက်နက်ကိုင်တပ်များရဲ့ နှစ်ပတ်လည်နေ့အတွက် စစ်ရေးပြသမှုပြုလုပ်သွားမှာဖြစ်ပါတယ်။
ဂြိုဟ်ပုံရိပ်တွေထဲမှာ မြောက်ကိုရီးယားတပ်တွေက ပြုံယမ်းမြို့မှာ စစ်ရေးပုံစံများဖြင့် လေ့ကျင့်နေကြပုံကို မြင်တွေ့ရပြီး တောင်ကိုရီးယားဘက်က အဆိုပါလှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြောင်း ဆိုထားပါတယ်။
မကြာသေးမီရက်ပိုင်းက အမေရိကန်နဲ့ မဟာမိတ်တပ်များရဲ့ စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းတို့လုပ်ရပ်က စည်းကျော်သွားပြီဟုဆိုခဲ့ကာ ကိုရီးယားကျွန်းဆွယ်ကို စစ်ပွဲဇုန်ဖြစ်လာအောင် ခြိမ်းခြောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိုက်အော်စတင်'က တောင်ကိုရီးယားဆီ အလည်လာရောက်ခြင်းကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်ပြီး အမေရိကန်တို့ ပြဿနာရန်ဆောင်စေတဲ့ မူဝါဒတွေ လိုက်နာနေသရွေ့ တွေ့ဆုံဆွေးနွေးရေးကို စိတ်မဝင်စားကြောင်း ဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက်တိုးတက်လာမှုကို တန်ပြန်ပြီး စစ်ပွဲမဖြစ်ပွားစေရန်အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးတိုးချဲ့လေ့ကျင့်လာကာ ဗျူဟာမြောက်လက်နက်တေွ ပိုမိုချမှတ်လာမှာဖြစ်ကြောင်း 'အောင်စတင်'နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတို့က ပြောကြားခဲ့ကြပါတယ်။
ဖိလစ်ပိုင်မှာ အော်စတင် ခရီးထောက်နားစဉ်မှာလည်း မြောက်ကိုရီးယားနဲ့တင်းမာမှုအကြောင်း မေးမြန်းခဲ့ရာမှာ အမေရိကန်ရဲ့ရည်မှန်းချက်က တည်ငြိမ်ရေးနဲ့လုံခြုံရေးကို ပိုမိုမြှင့်တင်ရန်နဲ့ တောင်ကိုရီးယားကို ဆက်လက်ကာကွယ်ရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1226 of 1853