#Local_News
Published_7 January 2023
ယခုဘဏ္ဍာနှစ်ရဲ့ ကိုးလတာကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇၀ သန်းကုန်သွယ်မှုဝင်ငွေရရှိထားတယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Technology
Published 7 January 2023
အမေရိကန် လာ့စ်ဗေးဂတ်စ်မှာ ကမ္ဘာ့နည်းပညာထိပ်သီးပြပွဲဖြစ်တဲ့ နိုင်ငံတကာအီလက်ထရောနစ်ပစ္စည်းပြပွဲကို ကျင်းပနေပြီဖြစ်ပြီး လာရောက်ကြည့်ရှုသူ ၁ သိန်းကျော်မယ်လို့ ခန့်မှန်းလိုက်ကာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပြန်လည်စည်ကားလာဖို့ မျှော်မှန်းထားပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 7 Jan 2023
- ကမ္ဘာပေါ်မှာ ကပ်ရောဂါအသစ်တွေ၊ ဖြစ်ပွားမှုပုံစံအသစ်တွေဖြစ်လာနိုင်သလား??
#Yangon_Media_Group
#Local_News
Published_ 7 January 2022
အာဆီယံကော်မတီဝါရှင်တန်၏ လှုပ်ရှားမှုအဖြစ် ကော်မတီအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်သံအမတ်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ ဒုလက်ထောက်ဝန်ကြီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင်နှင့်အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက်ဝန်ကြီးတို့အား အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် ဝါရှင်တန်မြို့ရှိ ဘရူနိုင်းဒါရူဆလမ်သံရုံး၌ ဇန်နဝါရီ ၅ ရက်က တည်ခင်းဧည်ခံခဲ့ပါတယ်။
အဆိုပါအစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ယင်းအစီအစဉ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ အရှေ့တောင် အာရှဒေသဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲတွင် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာ မြောက် မိတ်ဘက်ဆက်ဆံရေး စတင်ထူထောင်နိုင်မှု စသည်တို့ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် လာမည့်ကာလများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#Local_News
Published_ 7 January 2023
တစ်ညတာလိင်ပျော်ရွှင်မှု One Night Stand နေတဲ့သူတွေအနေနဲ့ HIV အပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ မကူးစက်အောင်အကာအကွယ် ကွန်ဒုံးတွေမဖြစ်မနေအသုံးပြုသင့်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 7 Jan 2023
- အရန်အသင့်ရှိမှုနှင့် ကြိုတင်ကာကွယ်မှု ဘာတွေကွာခြားသလဲ??
#Yangon_Media_Group
#DailyNews
Published_ 7 January 2023
၁။ One Night Stand နေသူများ ရောဂါမကူးစက်အောင် အကာအကွယ်မဖြစ်မနေသုံးသင့်၊ HIV ပိုးဖြင့် အသက်ရှင်သန်နေထိုင်နေသူ(၂)သိန်းနီးပါးရှိ
၂။ ကိုးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိထား
၃။ ရွှေဈေးကွက်အတွင်း ရှေ့ဆက်အရောင်းအဝယ်အေးနိုင်သေးဟုဆို
၄။ အမေရိကန်တွင် ပြသသည့် နည်းပညာမြင့် နိုင်ငံတကာအီလက်ထရောနစ် ကုန်ပစ္စည်းပြပွဲ လာရောက်ကြည့်ရှုသူတစ်သိန်းကျော်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 7 Jan 2023
- နိုင်ငံတကာကပ်ရောဂါ အရန်အသင့်ရှိရေးနေ့ ဘာကြောင့်သတ်မှတ်ရတာလဲ??
#Yangon_Media_Group
#Local_News
Published_ 7 January 2023
ရန်ကုန်စီးပွားရေးတက္ကသိုလ်၏အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့(Master of Insurance)သင်တန်းအတွက်ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေကြောင်း အဆိုပါတက္ကသိုလ်မှထုတ်ပြန်လိုက်သည်၊၊
(၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် အဆိုပါ မဟာဘွဲ့သင်တန်းကိုခေါ်ယူထားခြင်းဖြစ်ပြီး ဇန်နဝါရီလ(၁၀) ရက်မှ(၂၄)ရက်အတွင်း လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)တွင် လျှောက်ထားနိုင်မည်ဖြစ်သည်၊၊
အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့(Master of Insurance)သင်တန်းတက်လိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရများ၊ သင်တန်းအတွက် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် လုပ်ငန်းခွင်အတွေ့အကြုံအနည်းဆုံးလုပ်သက်(၂)နှစ်ရှိပြီးအခြားသော သင်တန်းများတက်ရောက်နေသူများ မဖြစ်ရဟု သတ်မှတ်ထားသည်၊၊
သင်တန်းအတွက် ရေးဖြေစာမေးပွဲကို ဇန်နဝါရီ(၂၉) ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)၌ ကျင်းပမည်ဖြစ်ပြီး ရေးဖြေဝင်ခွင့်ရသူများ လူတွေ့စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_News
Published 7 January 2023
ဆိုရှယ်မီဒီယာပေါ်မှာ Oreo ဘီစကစ်က ဟာလာထုံးတမ်းနဲ့ မညီတဲ့ စားစရာဖြစ်တယ်ဆိုတဲ့ တိုင်ကြားမှုများနဲ့ ပတ်သက်ပြီး ယူအေအီးရာသီဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MoCCAE)က ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှ အကြောင်းအရာတွေထဲမှာ ယူအေအီးမှာရောင်းချတဲ့ Oreo ကွတ်ကီးတွေက ဟာလာဖြစ်/မဖြစ် အငြင်းပွားနေကြတာဖြစ်ပါတယ်။
ဒီလိုပျံ့နှံ့ရိုက်ခတ်လာတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
MoCCAE ရဲ့ထုတ်ပြန်ချက်ထဲမှာ "Oreo ဘီစကစ်က ဝက်သားနဲ့ အရက်ပါတယ်ဆိုပြီး ဟာလာမဖြစ်ဘူးလို့ လတ်တလောသတင်းတွေ ထွက်ပေါ်နေပါတယ်၊ ဒီကိစ္စက မမှန်ကန်ဘူးဆိုတာကို အသိပေးချင်ပါတယ်၊ ဒီဘီစကစ်မှာ တိရိစ္ဆာန်ကရတဲ့ အဆီ၊ ပစ္စည်းတွေမပါဝင်ပါဘူး" လို့ ဖော်ပြထားပါတယ်။
ဓာတ်ခွဲခန်းမှာလည်း အတည်ပြုစမ်းသပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပြည်ပမှတင်သွင်းတဲ့ အစားအစာအားလုံးဟာ လုပ်ထုံးလုပ်နည်းအစီအစဉ်များအတိုင်း အစားအသောက်ဘေးကင်းစိတ်ချရေး အမြင့်ဆုံးစံနှုန်းများ သတ်မှတ်ချက်များနဲ့အညီ တိုင်းတာဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။
အဘူဒါဘီစိုက်ပျိုးရေးနှင့် အစားအစာဘေးကင်းစိတ်ချရေးအာဏာပိုင်တွေကလည်း အလားတူထုတ်ပြန်ရာမှာ "အမေရိကန် မွန်ဒဲလက်စ်နိုင်ငံတကာကုမ္ပဏီက ထုတ်လုပ်တဲ့ကွတ်ကီးတွေမှာ ဟာလာမဟုတ်တဲ့ပစ္စည်းတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမျိုး ခိုင်လုံစွာမတွေ့ရဘူး" လို့ ဖော်ပြခဲ့ပါတယ်။
ဟာလာဆိုတဲ့ အာရေဗျစကားလုံးဟာ လက်သင့်ခံနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
မွတ်ဆလင်ဘာသာမှာ သွေးသားနဲ့ အရက်သေစာတို့ စားသောက်ခြင်းကို လက်သင့်မခံဘဲ ဟာလာမဖြစ်ဘူးလို့ သတ်မှတ်ကြပါတယ်။
မွန်ဒဲလက်ဇ်ကုမ္ပဏီက သူတို့ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားရာမှာ Oreo က ကမ္ဘာအနံ့ကိုတင်ပို့နေတာဖြစ်ပြီး ပြင်ပအဖွဲ့အစည်းတွေကနေ ဟာလာအသိအမှတ်ပြု ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
"ဈေးကွက်တစ်မျိုးနဲ့တစ်မျိုးအလိုက် စားသုံးသူတွေရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီအောင် ထုတ်လုပ်ထားပါတယ်၊ ကိုရှာ ဟာလာတို့လို ဘာသာရေးအရ လိုအပ်ချက်ကွဲလွဲမှုများအတိုင်း ထည့်သွင်းစဉ်းစားရပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_7 January 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသည့် သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များ၏ ဖွင့်လှစ်ချိန်ကို တစ်နာရီထပ်တိုးဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း CNG အရောင်းဆိုင်များမှ ကြေညာထားသည်။
ယခင်က CNG ဆိုင်တွေကို နေ့စဉ် မနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုအခါ အချိန်တစ်နာရီထပ်တိုးပြီး နေ့စဉ် ည ၁၀ နာရီထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် CNG သုံး ဘတ်စ်ကားလိုင်းများ၊ အငှားယာဉ်များ အဆင်ပြေစေရန်အတွက် ယခုလိုအချိန်တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှုကြောင့် CNG အရောင်းဆိုင်များတွင် ဂတ်စ်လုံလောက်စွာမရရှိသည့်အတွက် YBS ယာဉ်လိုင်းများသည် အချိန်ကြာမြင့်စွာ CNG ဂတ်စ်တန်းစီစောင့်ဆိုင်းနေရသည့်အတွက် ယာဉ်အစီးရေလျှော့ချပြေးဆွဲနေရသလို CNG တက္ကစီယာဉ်မောင်းများသည်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိသည့်အနက် အရောင်းဆိုင် ၄၀ ကို ဖွင့်လှစ်ကာ တစ်ရက်လျှင် CNG ကုဗပေ ၁၈ သန်းကျော် ရောင်းချပေးနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 7 January 2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် (၃၀)မဂ္ဂါဝပ်ရှိသည့် 'ကြီးအုံကြီးဝ' နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်လှစ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
အဆိုပါ ဓာတ်အားပေးစက်ရုံကို တရုတ်နိုင်ငံ Power China Resources Limited မှ ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးခဲ့ပြီး'ကြီးအုံကြီးဝ' နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ် ဓာတ်အားလိုင်းချိတ်ဆက်ဓာတ်အားလွှတ်အောင်မြင်ခြင်း ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဇန်နဝါရီလ(၅) ရက်တွင် ကျင်းပခဲ့သည်၊၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiက လတ်တလောနှစ်ပိုင်းတွင် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ လျှပ်စစ်စီမံကိန်းများစွာ တာဝန်ခံတည်ဆောက်ခဲ့ကြောင်း၊ ယခုအကြိမ် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခြင်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသများတွင် လျှပ်စစ်ဓာတ်အားလိုအပ်သည့်ပြဿနာအား ထိရောက်စွာ ဖြေရှင်းပေးပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားသည်၊၊
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က လက်ရှိတွင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားပမာဏသည် ကီလိုဝပ်နာရီပေါင်း သန်း ၆၀ ကျော်ရှိကာ ဒေသတွင်းလူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိရောက်စွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

#ymg/tthl
#Yangon_Media_Group
Page 1230 of 1812