#World_Politics
Published_ 17 May 2023
အမေရိကန်မှာ ကြွေးမြီကန့်သတ်ချက်ကိစ္စဆွေးနွေးရန်ရှိတဲ့အတွက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဩစတြေးလျခရီးစဉ်ကို ပယ်ဖျက်လိုက်တာကြောင့် လာမယ့်သီတင်းပတ် ဆစ်ဒနီမြို့မှာ ၄ နိုင်ငံအစည်းအဝေးကျင်းပဖြစ်မှာမဟုတ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် 'အန်သိုနီအယ်ဘေးနိစ်'က မေလ ၁၇ ရက်နေ့မှာပြောကြားလိုက်ပါတယ်။
ဘိုင်ဒင်က ခရီးစဉ်ပယ်ဖျက်လိုက်ပြီးနောက် ဩစတြေးလျ၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်တို့မှ သမ္မတတွေဟာ ဂျပန်နိုင်ငံမှာပြုလုပ်မယ့် G7 အစည်းအဝေးကျမှ တွေ့ဆုံသွားမယ်လို့ ဖော်ပြလိုက်ပါတယ်။
"၄ နိုင်ငံခေါင်းဆောင်များအစည်းအဝေးဟာ လာမယ့်သီတင်းပတ် ဆစ်ဒနီမှာ ပြုလုပ်တော့မှာမဟုတ်ဘဲ ဂျပန်ရောက်မှ ဆွေးနွေးသွားမယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'အနေနဲ့ ဆစ်ဒနီကိုလာလည်ဦးမှာလားဆိုတာတော့ မဖော်ပြသွားပါဘူး။
၄ နိုင်ငံအဖွဲ့က အင်ဒိုပစိဖိတ်ဒေသအတွက် ဖွဲ့စည်းထားတာဖြစ်ပြီး တရုတ်လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ရည်ရွယ်နေတယ်လို့ တရုတ်ကယူဆနေပါတယ်။
ဂျပန်၊ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျတို့မှ အကြီးတန်းအရာရှိများ ၂၀၀၇ ခုနှစ်မှာ တရားဝင်တွေ့ဆုံပြီးနောက် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရေတပ်လေ့ကျင့်ခန်းများအကြောင်းဆွေးနွေးတဲ့ အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာနှင့်ဗျူဟာမြောက်လေ့လာရေးစင်တာမှ ဆိုပါတယ်။
အမေရိကန်သမ္မတအနေနဲ့ အခုမှ ပါပူဝါနယူးဂီနီကို ပထမဆုံးလာရောက်ဖို့ အစီအစဉ်ရွှေ့ဆိုင်းလိုက်ရခြင်းဟာ တရုတ်လွှမ်းမိုးမှုကိုတုန့်ပြန်ချင်တဲ့အမေရိကန်အတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း အာရှအဖွဲ့အစည်းပေါ်လစီအင်စတီကျုမှ ရစ်ချတ်မော့ဒ်က ပြောပြခဲ့ပါတယ်။
ယူကေ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်တို့ပါဝင်တဲ့ G7 အဖွဲ့ထဲမှာ အိန္ဒိယနဲ့ ဩစတြေးလျတို့မပါဝင်ပေမယ့် ဂျပန်မှာပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးကိုတော့ ဖိတ်ကြားထားပါတယ်။
၁၉၇၀ ခုနှစ်တွေမှာ ငွေလဲလှယ်နှုန်းပျက်စီးခြင်း၊ ရေနံအကျပ်အတည်း၊ နောက်ဆက်တွဲဆုတ်ယုတ်မှုတွေကို ဖြေရှင်းရန် ၁၉၇၃ ခုနှစ်မှာ G7 ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
စီးပွားရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုစတဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာများဆွေးနွေးရန် အနည်းဆုံး ၁ နှစ်ကို ၁ကြိမ်တွေ့ဆုံကြပါတယ်။
နှစ် ၅၀ သက်တမ်းနီးပါးရှိပြီဖြစ်တဲ့ G7 ဟာ အောင်မြင်မှုအနေနဲ့ ကြွေးမြီနိုင်ငံများထောက်ပံ့ခြင်း၊ HIV/AIDS တိုက်ဖျက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ၂၀၁၅ ပဲရစ်သဘောတူညီချက်တို့မှာ ပံ့ပိုးကူညီထားပါတယ်။
Source: WION
#World_Politics #ကြွေးမြီကိစ္စဆွေးနွေးရန်ရှိ #ဘိုင်ဒင်၏ဩစတြေးလျခရီးစဉ် #QUADလေးနိုင်ငံအစည်းအဝေးကိုပယ်ဖျက်လိုက်ရ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
၂၀၂၃ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအတိုးအရင်းအကျေဆပ်ပြီးသည့် တောင်သူများအား မေလ ၁၈ရက်နေ့မှစပြီး စိုက်ပျိုးစရိတ်ချေးငွေထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။
ယခင်နှစ်နည်းတူ အတိုးနူန်း ၅ရာခိုင်နူန်းဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ချေးငွေချေးမည့်တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးနိုင်မှာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးကထုတ်ချေးသော အခြားနှစ်တို ၊နှစ်လတ် ချေးငွေ များကိုလည်းသတ်မှတ်စည်းကမ်းချက်မှားနှင့်အညီထုတ်ချေးခွင့်ရှိမှာဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ယခင်ချေးငွေအကျေဆပ်ပြီးသည့်တောင်သူများအနေဖြင့်သက်ဆိုင်မြို့နယ်ခရိုင်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် ထုတ်ပြန်ထားပါသည်။
ymg/ynzw
#Local_News #ယခင်ချေးငွေအကျေဆပ် #စိုက်ပျိုးစရိတ်ချေးငွေထပ်ထုတ်ချေး
#YMG #Yangon_Media_Group

#Local_News
Published_ 17 May 2023
ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားတွင် ယနေ့မနက်ပိုင်းက အမျိုးသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ယနေ့ မေလ ၁၇ ရက် နံနက် ၇ နာရီကျော်က ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ A.92, A.95 ကြားတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရထားဖြင့်တိုက်မိပြီး သေဆုံးနေကြောင်း ဆက်သွယ်အကြောင်းကြားလို့ သွားရောက်ကူညီခဲ့ရတယ်လို့ အဆိုပါအသင်းက ပြောသည်။
ရထားတိုက်မိပြီး သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးသေဆုံးသူ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့အသင်းကပြောသည်။
ymg/ppk
#Local_News #ပုဇွန်တောင်ဘူတာ #အမျိုးသားတစ်ဦးရထားတိုက်ခံရ
#YMG #Yangon_Media_Group


#Local_News
Published_ 17 May 2023
လေမုန်တိုင်းကျရောက်ပြီးနောက် ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်၊ ရေကြီးမှုအန္တရာယ်၊ မိုးကြိုး အန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်၊ မြွေဆိုး ကိုက်မှုအန္တရာယ်များဖြစ်ပွားတတ်ကြောင်း သိရသည်၊၊
ယင်းအပြင်ကျန်းမာရေးဆိုင်ရာရောဂါများအနေဖြင့်အအေးမိ၍ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ၊ မသန့်ရှင်းသောရေနှင့် အစာကြောင့်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ရောဂါနှင့် အခြားကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားတတ်သည်ဟုဆိုသည်၊၊
ယင်းဘေးအန္တရာယ်များမဖြစ်ပွားအောင်
၁။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော သတိပေးချက်များကို တိကျစွာလိုက်နာပါ၊
၂။ ရေလွှမ်းမိုးနေချိန်တွင် ချိုင့်ခွက်နှင့်မြောင်းများအတွင်းသို့ ချော်ကျ၍ ရေနစ်နိုင်သည့် အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်ရှိသောကြောင့် သတိပြု၍သွားလာပါ၊ ကလေးသူငယ်များကို သတိပေးရန်၊
၃။ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ကို သတိပြုသွားလာရန်၊ မြေပြင်ပေါ်ပြတ်ကျနေသော သို့မဟုတ် ရေထဲသို့ကျနေသော လျှပ်စစ်ဓာတ်ကြိုးများအနီးသို့ သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ ကလေးသူငယ်များကို သတိပေးရန်၊
၄။ မြွေဆိုးအန္တရာယ်ကြုံတွေ့ရတတ်သဖြင့် သတိပြုရန်၊
၅။ အန္တရာယ်ရှိသည့် ပျက်စီးနေသော အဆောက်အအုံအတွင်းသို့ သွားလာခြင်းမပြုရန်နှင့်၊
၆။ မသန့်ရှင်းသော အစားအစာနှင့်ရေမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်တတ် သောရောဂါများဖြစ်ပွားနိုင်သဖြင့် FDA အသိအမှတ်ပြု သောက်ရေသန့် သို့မဟုတ် ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်စင်ဆေးပြား စနစ်တကျခပ်ထားသောရေ သို့မဟုတ် ကလိုရင်း ဆေးခတ်၍ သန့်စင်ထားသောရေကိုသာ သောက်သုံးပါ၊ မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသော ရေများကို လုံးဝ မသောက်ပါနှင့်၊
၇။ အစာအဆိပ်သင့်မှု မဖြစ်စေရန် ရေမျောအစားအစာများနှင့် စည်သွတ်ဘူးများ၊ ရက်လွန် အစားအစာ၊ သိုးနေသော၊ မှိုတက်နေသော အစားအစာ၊ အမှည့်လွန်အသီးများနှင့် သန့်ရှင်းမှုမရှိသော အစားအစာ များကို မစားရန်နှင့်၊
၈။ အစားအစာများ ကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောရန်၊
၉။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုရန်၊
၁၀။ သောက်သုံးရေသိုလှောင်ရာနေရာများနှင့် ရေတွင်းရေကန်များအနီး အညစ်အကြေးမစွန့်ရန်နှင့်၊
၁၁။ အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ အမှိုက်များကို မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ပေးရန်၊
၁၂။ အအေးမမိစေရန် အမိုးအကာအောက်တွင်နေပါ၊ ရာသီဥတုနှင့်ကိုက်ညီသည့် အဝတ်အစားများ၊ ဥပမာ - နွေးထွေးသောအဝတ်များ ဝတ်ဆင်ရန်၊ (ကလေးသူငယ်များကို အထူးဂရုစိုက်ပါ၊)
၁၃။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
၁၄။ ခြင်အန္တရာယ်သတိပြုပါ၊ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ၊
ခြင်ကျား၊ ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
၁၅။ ထိခိုက်ဒဏ်ရာရရှိခြင်းအပါအဝင် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန်။
စသည့်အချက်များကိုလိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားကြောင်း သိရသည်၊၊
ymg/tthl
#Photo credit wai lu kyaw foundation
#Local_News #မုန်တိုင်းကျရောက်ဒေသ #သဘာဝဘေး #လျှပ်စစ်၊မြွေအန္တရာယ်နှင့်ကျန်းမာရေးဆိုင်ရာရောဂါများ #သတိပြုရန်ထုတ်ပြန်
#YMG #Yangon_Media_Group



#Local_News
Published_ 17 May 2023
ရန်ကုန်မြို့တွင် ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့လေ့လာနိုင်မည့် ပညာရေးပြပွဲကို မေလ ၂၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပြပွဲ ကျင်းပရေးအဖွဲ့က သိရသည်။
ပြပွဲကို ပြည်လမ်းရှိ နိုဗို တယ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ယင်းကို ထိုင်းတက္ကသိုလ်ဘွဲ့ရကျောင်းသားဟောင်းများအသင်းမှ ဦးစီးကျင်းပခြင်း ဖြစ်ကြောင်းနှင့် ပြပွဲအမည်ကို ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲ (Thailand Education Fair) ၂၀၂၃ ဟု အမည် ပေးထားကြောင်း သိရသည်။
ပြပွဲအတွင်းထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ၊ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲတွင် ပညာသင်ဆုများ ပေးအပ်မည့် နာမည်ကျော်တက္ကသိုလ်များ နှင့် Asian Institute of Technology (AIT) ၊ Assumption တက္ကသိုလ်၊ University of Thai Chamber of Commerce(UTCC) ၊ဘန်ကောက် တက္ကသိုလ်အပြင် ထိုင်းနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် ၁၇ ခု ပါဝင်ပြသမည်ဖြစ်ကြောင်း ထိုင်းတက္ကသိုလ်ဘွဲ့ရ ကျောင်း သားဟောင်းများအသင်း က သိရသည်။
ymg/pl
#Local_News #ရန်ကုန်မြို့ #ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့ပညာရေးပြပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
မေလ ၁၁ ရက်နေ့ ည ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံ(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အိုက်ရီ၊ အိုက်ရီဖောင်း၊ အိုက်စိုင်း၊ ဇင်မိုးခန့် နှင့် နိုင်လင်းအောင် တို့ ၅ ဦးအား မော်တော်ဆိုင်ကယ် ၃ စီးနှင့်အတူတွေ့ရှိရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) ၄ ဒသမ ၅ ကီလို စတင်သိမ်းဆည်းရမိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှသိရသည်။
ဆက်လက်ပြီးမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းလုံတစ် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) ၅ ဒသမ ၄၉ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ပြန်သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် စိုင်းလုံတစ် နေထိုင်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိနေအိမ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၃၆ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိမှုစုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၁၂၆ ကီလို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ymg/ppk
#Local_News ##ရှမ်းပြည်နယ်တာချီလိတ်မြို့ #စိတ်ပြောင်းဆေးဝါး(Happy Water)
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် VIGO အမျိုးအစားယာဉ်တိမ်းမှောက်၍ အမျိုးသားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သိရသည်။
ယနေ့ မေလ ၁၇ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀/၆)အနီးတွင် VIGO အမျိုးအစား(အနက်ရောင်)ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိတန်းများကိုဝင်တိုက်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းနေရာသို့ (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများထွက်ခွာဆောင်ရွက်ခဲ့ကြရာ ယာဉ်ပေါ်ပါကျား(၃)ဦး၊ မ(၄)ဦး၊ ကလေးငယ်(၁)ဦး စုစုပေါင်း(၈)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ငါးဆူတောင်မေတ္တာရှင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group


#Local_News
Published-17 May 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်ကို မေလ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသား ၄ ဦးဝင်ရောက်လာကာ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူများအား ဖမ်းမိပြီ ဖြစ်ကြောင်း နစက သင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
သတင်းပေးပို့သူများကြောင့် ဓားပြတိုက်လုယက်သည့် ခေါင်းဆောင်နှင့် ရွှေထည်ပစ္စည်းများကို ၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက် လုယက်မှုဖြစ်စဉ်ပါ သူများနှင့် လက်နက်ခဲယမ်းများကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓားပြတိုက်ရန်လာသူ ၄ ဦး က သေနတ်အတို ၁ လက် ကိုင်ဆောင်၍ Probox (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့ကို ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း၊ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာမှ အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓားပြတိုက်မှု ဖြစ်သည့် မေလ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၄)လမ်း၊ အိမ်အမှတ်(၅၅၉)၌ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့်-၃၈၀ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈၀ ကျည်အိမ် ၁ ခု၊ ရှို့ပစ်လက်လုပ်ဗုံး ၂ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆ ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊ ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ် ၃၀ သိန်းတို့နှင့်အတူပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ၊စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး ၏ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် အင်းစိန်ပန်းခြံ၌ စကင်မရွန်းဇင် အားလည်းကောင်း၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ “ရွှေကောင်းကြွယ်” လက်ဘက်ရည်ဆိုင်၌ မင်းခန့်မောင် အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ မင်းခန့်မောင် ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် လှည်းကူးမြို့နယ်၊ မေဃဝတီရပ်ကွက်၌ ကျော်မင်းဝေ(ခ)ဝေကြီး နှင့် ဇေယျာအေး(ခ)ဇေယျာ တို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၄ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်း၊ တိုက်အမှတ်(၁၀၅)၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၂၀ တောင့်၊ ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလော့ကတ်သီး ၁ ခု၊ ရွှေဆွဲပြား ၂ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊နိုင်ဦး(ခ)စွန်ရဲ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြား(၃)လမ်း၊ အိမ်အမှတ်(၅/၇၆၈)၌ ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သော လက်နက်၊ခဲယမ်း များအား သိမ်းဆည်းပေးသူ လင်းဦး အား လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၈ ဦးနှင့်အတူ Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃၀ သိန်းတို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကလည်း စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ ကို ဓားပြတိုက် လုယက်ခဲ့ကြောင်း။ဧပြီလ ၃ ရက်ကလည်း စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့က ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀)၊ အလယ်ဘလောက်ရှိ Kaung Lay Mobile ဖုန်းဆိုင်ကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံး ဓားပြတိုက်လုယက်ခဲ့သေးကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စကင်မရွန်းဇင်သည် ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် Anti-Dictatorship Revolution People’s Army- DRPA ကို ဖမ်းဆီးရန်ကျန် ဟိန်းမင်းထက်(ခ)လင်းနွေ ခေါင်းဆောင်၍ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၊ မင်းခန့်မောင်၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်နှင့် ဖမ်းဆီးရန်ကျန် ကိုထွန်း၊ ဇင်လင်းထွန်း(ခ) ဇင်ကြီး၊ ဂျက်ပလက်၊ အာကာ၊ ပင်လယ်၊ လရောင်၊ ကျော်ကြီး၊ သာကြီး၊ သူရိန် အပါအဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၊၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(စတုတ္တပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ဖမ်းဆီးရန်ကျန် သူရိန် တို့က လှည်းကူးမြို့၊ မြို့ကြီးကုန်းရပ်ကွက်၊ ရွှေသရဖီလမ်းနေ ဖိုးခွား ဆိုသူအား လုပ်ကြံကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ymg/pl
#Local_News #သာကေတမြို့နယ် #ရွှေဆိုင်ကိုဓားပြတိုက်ခဲ့ #ဖမ်းမိခဲ့
#YMG #Yangon_Media_Group









#World_Health
Published_ 17 May 2023
စားသုံးတဲ့အာဟာရဟာ အိုမင်းရင့်ရော်မှုနှုန်းကို အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်တယ်ဆိုတာ တိကျမှုတော့မရှိပါဘူး။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှု၊ ကြွယ်ဝတဲ့အစားအစာ၊ အတော်အသင့်လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ လူမှုဘဝမြှင့်တင်ခြင်းတို့ဖြင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို မြှင့်တင်ပေးနိုင်ကြောင်း နှစ်ပေါင်းများစွာတိုင်အောင် လေ့လာတွေ့ရှိထားပါတယ်။
ယခုသုတေသနမှာတော့ စားသုံးတဲ့အာဟာရက အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေရုံမက ဆန့်ကျင်ပေးနိုင်တဲ့အထိဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
အမျိုးသမီး ၆ ဦးသာ ပါဝင်စမ်းသပ်ထားပေမယ့် ရှင်းပြထားဖို့အရေးကြီးနေပါသေးတယ်။
ဒီတွေ့ရှိချက်တွေက အလွန်နည်းပါးပေမယ့် လေ့လာဖို့တော့ ထိုက်တန်နေသေးတယ်လို့ သုတေသီများယုံကြည်နေပါတယ်။
ဒီမတိုင်ခင်ကလည်း အမျိုးသား ၃ ဦးကိုလေ့လာခဲ့ရာ ရလဒ်တွေက အလားအလာရှိခဲ့ပါတယ်။
သုတေသီများက ကောင်းစွာအိပ်စက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ အာဟာရလမ်းညွှန်ချက်များပါဝင်တဲ့ ၈ ပတ်ကြာအစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။
ပါဝင်စမ်းသပ်သူများကို အာဟာရချို့တဲ့မှုများအလိုက် ပရိုဘိုင်အိုတစ်များ၊ အခြားအာဟာရများ ပံ့ပိုးပေးခဲ့ပါတယ်။
စမ်းသပ်မှုရလဒ်များနားလည်ရန်အတွက် ဇီဝဖြစ်စဉ်အသက်ကို သုတေသီများလေ့လာဖို့ ကြိုးစားနေကြပါတယ်။
ဇီဝဖြစ်စဉ်အသက်ကို တိုင်းတာတဲ့အဓိကနည်းလမ်းက သွေးစမ်းသပ်နည်းကနေ DNA စစ်ဆေးတာပဲဖြစ်ပါတယ်။
၈ ပတ်ကြာပြီးနောက် သုတေသီတွေက အချက်အလက်အားလုံးကို ဆန်းစစ်ကာ အံ့အားသင့်ဖွယ်ကောက်နုတ်ရရှိခဲ့ပါတယ်။
တစ်လခန့်ကြာပြီးနောက်မှာပဲ စမ်းသပ်ခံ ၆ ဦးထဲက ၅ ဦးဟာ ဇီဝဖြစ်စဉ်အသက် ၁.၂၂ နှစ်မှ ၁၁.၀၁ နှစ်ကျဆင်းသွားခဲ့ပါတယ်။
ဒါဟာ ၆ ဦးစလုံးအတွက် ပျမ်းမျှအားဖြင့် ဇီဝဖြစ်စဉ်အသက် ၄.၆ နှစ်ပြန်လည်နုပျိုသွားခဲ့တာပဲဖြစ်ပါတယ်။
ဇီဝဖြစ်စဉ်အသက်နဲ့ပတ်သက်ပြီး လူတွေရဲ့လုပ်ရပ်တွေ ရွေးချယ်မှုတွေက ဘယ်လောက်အထိသက်ရောက်လဲဆိုတာကို သေချာမသိသေးတဲ့အတွက် အလေးပေးလေ့လာဖို့ အရေးကြီးနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အစားအစာအာဟာရက စိတ်နဲ့ခန္ဓာကိုယ်ကို များစွာသက်ရောက်မှုရှိနေပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်၊ အသားသေးငါးသေးများက အကျိုးဖြစ်စေနိုင်ပါတယ်။
Source: The Jerusalem Post.
#World_Health #ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ #အသက်(၄)နှစ်မျှ ပြန်လည်နုပျို #လေ့လာတွေ့ရှိ
#Yangon_Media_Group #Daily_News #YMG
#Local_News
Published _17 May 2023
ပုဂံဒေသအတွင်း မြေနှင့်ပတ်သက်၍ Survey ပြုလုပ်ရန် ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့် ပတ်သက်၍ မေလ ၁၆ ရက်က ပြုလုပ်သည့်အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပုဂံဒေသ၌ မိုးရွာသွန်းမှု များပြားချိန်ဝင်ရောက်ခဲ့သည့် ရေများကို ပြန်လည်စုပ်ထုတ်စဉ် အခြားနေရာများ ထိခိုက်မှုမရှိစေရေး ရေထုတ်သည့်စနစ်ကို စနစ်တကျတွက်ချက်ဆောင်ရွက်ရန်နှင့် ပုဂံဒေသအတွင်း မြေနှင့်ပတ်သက်၍ Survey ပြုလုပ်ရန်၊ ထိခိုက်ပျက်စီးမှုများ လုံးဝမဖြစ်ပေါ်ရန်၊ အန္တရာယ်ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် ၊အပင်ပျိုများထပ်မံစိုက်ပျိုးရန် ၎င်းကပြောသည်။
မိုခါမုန်တိုင်း၏ လမ်းကြောင်းမှာနိုင်ငံ၏ အနောက်ဘက်မှ အရှေ့မြောက်ဘက်သို့ ဝင်ရောက်မည်ဟု သိရှိခဲ့ရပြီး ထိုအထဲတွင် ပုဂံဒေသလည်းပါဝင်ကာမိုးရွာသွန်းမှုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့် မိုခါမုန်တိုင်းတို့ ပေါင်းစည်းမိသွားပါက အလွန်ပြင်းထန်သည့် မုန်တိုင်းတစ်ခုဖြစ် လာမည်ဟု ပညာရှင်များ၏ သုံးသပ်ချက် အရသိရှိခဲ့ရသော်လည်း တောင်တရုတ် ပင်လယ် အတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းမှာပျက်ပြယ်သွားခဲ့သဖြင့် မြန်မာနိုင်ငံ အနေဖြင့် ထိခိုက်ဆုံးမှုဖြစ်ပွားနိုင်သည်ထက် များစွာသက်သာသွားခဲ့ကြောင်း လည်း ယင်းကဆိုသည်။
သဘာဝဘေးအန္တရာယ်တွင် မိုးလေဝသကြောင့်ဖြစ်ပွားသည့် အန္တရာယ်နှင့် ငလျင်ဘေးဒဏ် အန္တရာယ်များရှိသောကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှု ဖြစ်ပေါ်ချိန်တွင်လည်း စနစ်တကျပြုပြင် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် နိုင်ငံအတွက် အစားထိုးမရ သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး တန်ဖိုးဖြတ်၍မရနိုင်သည့် ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက် ရန် လိုကြောင်းလည်း နစကဥက္ကဌကပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သာယာလှပရေး၊လမ်းများပေါ်တွင် ကားများမောင်းနှင်ချိန်၌ သဲများကြောင့် ဖုန်ထမှုမဖြစ် ပေါ်စေရေး နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းရန်၊ ခရီးသွားများစနစ်တကျရှိစေရေး၊ ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းပစ္စည်းများ လျော့နည်းပပျောက်မှုမရှိစေရေး နှင့်ပစ္စည်းလုံခြုံမှုရှိအောင်ဆောင်ရွက်ရေး၊ ပုဂံဒေသမှထုတ်လုပ်ပစ္စည်းများ ဖြစ်စေရေး (One Region One Product) ဖြစ်ရေးတို့ကိုလည်း ပြောကြားခဲ့သည်။
ymg/pl
#Local_News #ပုဂံဒေသ #မြေနှင့်ပတ်သက်၍Surveyပြုလုပ် #နစကဥက္ကဌ
#YMG #Yangon_Media_Group













#local_news
Published_ 17 May 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဦးသန်းဆွေထံသို ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi မှ ၎င်း၏ခန့်အပ်လွှာအား ပေးအပ်ခဲ့ပါတယ်။
ဝန်ကြီးအား UNHCR ၏ကိုယ်စားလှယ်အသစ်မှ မေ ၁၆ ရက်နံနက် ၉ နာရီခွဲက လာရောက်တွေ့ဆုံစဉ် ၎င်း၏ခန်အပ်လွှာအား ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
ခန့်အပ်လွှာပေးအပ်ရာသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#local_news #ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ #ခန့်အပ်လွှာပေးအပ်
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်းကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး၊ မတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမကြီးမှာ မေလ၁၆ရက်နေ့ ည ၉နာရီခွဲခန့်က မြေသယ်ကားတစ်စီး ချောက်ထဲထိုးကျပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြာင့် ယာဉ်ပေါ်ပါအမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီးနေရာမှာပင်သေဆုံးခဲ့ကြောင်း ပြည်သာယာလူငယ်ပရဟိတအသတင်းမှသိရသည်။
ယာဉ်တိမ်းမှောက်မူကို မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ယာဉ်တိမ်းမှောက်မူကြောင့်သေဆုံးသူအမျိုးသားအား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/ynzw
#Local_News #မိတ္ထီလာ #မြေသယ်ကား #အမျိုးသားတစ်ဦးသေဆုံး
#YMG #Yangon_Media_Group




Page 1230 of 2000