#World_Health
Published_ 18 May 2023
ရေခဲမုန့်က ချိုမွှေးပြီးအရသာရှိပေမယ့် အဆီနဲ့သကြားဓာတ်များစွာ ပါဝင်ပါတယ်။
အချို့လူတွေက ရေခဲမုန့်ဟာ ကျန်းမာရေးအတွက်သင့်တော်စေတဲ့ အချိုပွဲလို့ သတ်မှတ်နေကြပါတယ်။
ရေခဲမုန့်နဲ့ ဆီးချိုရောဂါတို့အကြောင်း အမေရိကန်ပြည်သူ့ကျန်းမာရေးပညာရှင် 'ဒေးဗစ်မယ်ရစ်ဂျွန်စ်'က စတင်လေ့လာခဲ့ပါတယ်။
ထိုလေ့လာချက်အရ တစ်နေ့ကို ရေခဲမုန့်တစ်ခွက်စားသုံးတဲ့ ဆီးချိုရောဂါရှင်တွေဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ခဲ့ပါတယ်။
ထပ်ပြီးလေ့လာခဲ့ရာမှာတော့ ဒီတွေ့ရှိချက်ဟာ အမှန်တကယ်သက်သေပြနိုင်လောက်တဲ့အထိ စိတ်မချရပါဘူး။
အခြားနို့ထွက်ပစ္စည်းတွေက အာနိသင်မရှိပေမယ့် ဒိန်ချဉ်များများစားတဲ့အခါမှာ ဆီးချိုရောဂါဒုတိယအမျိုးအစား ဖြစ်နိုင်ချေနည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။
ရေခဲမုန့်က ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ အယူအဆရှိပေမယ့် သူ့မှာ အဆီဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်တို့ပါဝင်ကာ ပေါင်မုန့်ထက် ပိုမိုကောင်းမွန်ကြောင်း တက်ဖ်စ်တက္ကသိုလ်မှ 'ဒဲရီယပ်ရှ်မိုဇာဖာရီယန်'က ပြောပြခဲ့ပါတယ်။
ဒီသုတေသနနဲ့ပတ်သက်ပြီး ရေခဲမုန့်ပြေးစားမှာတော့မဟုတ်ဘူးလို့ ကွင်းမယ်ရီလန်ဒန်တက္ကသိုလ်မှ စာသင်ကြားသူ'ဂျွန်ဖော့'က ရှင်းပြခဲ့ပါတယ်။
ရေခဲမုန့်စားသုံးရတဲ့ အကြောင်းအရင်းအမျိုးမျိုးကတော့ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းပြီးတဲ့နောက် အမောပြေစားကြသလို အချိုပွဲအဖြစ် အခြားအဆီများတဲ့အစားအစာတွေထက် ရေခဲမုန့်ကို ရွေးချယ်ကြပါတယ်။
ရေခဲမုန့်မှာပါဝင်တဲ့ အာဟာရအချို့က အကျိုးဖြစ်ထွန်းစေပြီး အထူးသဖြင့် ကယ်လ်စီယမ်ပါဝင်ကာ ဂလူးကို့စ်ညွှန်းကိန်းလျော့နည်းပါတယ်။
နောက်ဆုံးချုံကြည့်တဲ့အခါမှာတော့ ရေခဲမုန့်ဟာ ကျန်းမာရေးအတွက်သင့်တော်တယ်လို့ မယူဆသင့်ဘဲ အနည်းငယ်စားသုံးတာကတော့ ကျန်းမာရေးအတွက် အကျိုးရှိစေတယ်လို့ အာဟာရပညာရှင်'ဒူအန်မယ်လာ'က ပြောပြခဲ့ပါတယ်။
Source: The Jerusalem Post
#YMG #Yangon_Media_Group
#Local_News
Published_ 18 May2023
ငါးပေကျော်နက်သည့် ကွန်ကရစ်ရေလှောင်ကန်ထဲ အမျိုးသားတစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးမှု ယနေ့ (မေလ ၁၇ ရက်) နံနက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ဖြစ်ခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ကသိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက်၉နာရီအချိန်က ၂၃ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြား၌ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကွန်ကရစ်ရေလှောင်ကန်ထဲဆင်းပြီး ဘုတ်ပြားများကို ဆင်းဖြုတ်ချိန် ပန်းရံလုပ်သား၁ဦးအောက်ဆီဂျင်ပြတ်၍သတိလစ်မှုဖြစ်ခဲ့သဖြင့် ဆင်းကယ်ရာတွင် ဆင်းကယ်သူအမျိုးသားမှာလည်း သတိလစ်မှုဖြစ်ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်းသိရသည်။
" ရေကန်က ၅ပေကျော်လောက်ပဲနက်တာ။အဲဒါကို အဖုံးဖွင့်ပြီး ချက်ချင်းဆင်းတော့ ကန်အတွင်းထဲ ပြင်ပအောက်ဆီဂျင်မရသေးတာကြောင့် ဖြစ်ရရတာပါ။ ကန်ထဲဆင်းတဲ့အခါ ပထမ တစ်ယောက်ကသတိလစ်လို့ နောက်တစ်ယောက်ကဆင်းကယ်ရာမှာ နောက်ဆင်းကယ်တဲ့သူက သေတာပါ။ဆေးရုံကို ပို့ပေးခဲ့တယ်။ သတိပြန်မရလာတော့ဘူး"ဟု ယင်းပရဟိတအသင်းမှတာဝန်ရှိသူက ပြောကြားသည်။
ရေကန်ထဲဆင်း၍ ပထမဆုံးမူးလဲသူအမျိုးသားမှာ အောက်ဆီဂျင်ပေးထား၍ အသက်အန္တရာယ်
စိုးရိမ်ရန်မလိုတော့ကြောင်းလည်းသိရသည်။
#ymg/pl
#Local_News #ငါးပေကျော်အနက်ရေကန် #သတိလစ်နေသူ #ဆင်းကယ်သူအမျိုးသား
#YMG #Yangon_Media_Group


#Local_News
Published_ 17 May 2023
ပြည်တွင်း ဖုန်းအော်ပရေတာများဖြစ်တဲ့ MPTနဲ့အော်ရီဒူးက မုန်တိုင်းသင့်ဒေသရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့်တွေ ပေးအပ်တယ်လို့ ကြေငြာထားပါတယ်။
#Local_News ##MPTနှင်အော်ရီဒူး #ရခိုင်မုန်တိုင်းသင့်ဒေသ #ဖုန်းခေါ်ဆိုခွင့်နဲ့ဒေတာများသုံးစွဲခွင့်ပေးထား
#YMG #Yangon_Media_Group
#Asia_Business
Published_ 17 May 2023
တရုတ်နိုင်ငံမှ ပန်းသီးစိုက်တောင်သူတစ်ဦးရဲ့ ရက်ပ်ဗီဒီယို အင်တာနက်မှာပျံ့နှံသွားပြီးနောက် တရုတ်အနောက်မြောက်ဘက်ရှိ ရှန်ဆီပြည်နယ်မှဝေးလံတဲ့ရွာတစ်ရွာမှာ ပန်းသီးရောင်းအားမြင့်တက်လာပါတယ်။
#Asia_Business #တရုတ်ကျေးရွာတစ်ခု #ပန်းသီးများ #အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်ရောင်းချ #စီးပွားဖြစ်ထွန်းလျက်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၁၇ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၉၁ ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ်ကျဆင်းလာတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်စျေး #ကမ္ဘာ့ရွှေစျေး၁၉၉၁ဒေါ်လာ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် ကြေညာခဲ့တဲ့ရခိုင်(၁၇)မြိုနယ်ကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ကူညီကယ်ဆယ်ရေးအဖွဲဝင် (၄၀၀)ကျော်စေလွှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News #သဘာဝဘေးကျရောက်နေ #ရခိုင်ပြည်နယ် #ကူညီကယ်ဆယ်ရေးအဖွဲ့
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် ကြေညာခဲ့တဲ့ရခိုင်(၁၇)မြိုနယ်ကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ကူညီကယ်ဆယ်ရေးအဖွဲဝင် (၄၀၀)ကျော်စေလွှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News #သဘာဝဘေးကျရောက်နေ #ရခိုင်ပြည်နယ် #ကူညီကယ်ဆယ်ရေးအဖွဲ့
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
အခုရက်ပိုင်းအတွင်း အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကနေစတင်ဝင်ရောက်တော့မှာဖြစ်လို့ တောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းတွေကျ ရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မုတ်သုန်လေ #မွန်၊ကရင်၊တနင်္သာရီ #မိုးသက်လေပြင်းကျရောက်နိုင်
#YMG #Yangon_Media_Group
#Daily_News
Published_ 17 May 2023
၁။ မုတ်သုန်လေ ရက်ပိုင်းအတွင်း ဝင်ရောက်တော့မည်ဖြစ်၍ မွန်၊ကရင်၊တနင်္သာရီ စသည့်တောင်ပိုင်းဒေသများ၌ မိုးသက်လေပြင်းကျရောက်နိုင်
၂။ သဘာဝဘေးကျရောက်နေသည့် ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀၀)ကျော်စေလွှတ်ထားပြီဖြစ်
၃။ပြင်ပရွှေပေါက်စျေး သိန်း၃၀ကျော်ရှိနေပြီး ကမ္ဘာ့ရွှေစျေး ၁၉၉၁ ဒေါ်လာ ပေါက်စျေးရှိနေ
၄။ တရုတ်ကျေးရွာတစ်ခုတွင် ပန်းသီးများကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့် ရောင်းချကာ စီးပွားဖြစ်ထွန်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 17 May 2023
မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရူံးမူများဖြစ်ပေါ်ခဲ့တဲ့ တီးတိန်၊ပလက်ဝ၊မတူပီ၊နှင့်ဟားခါးမြို့တိုကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်မေလ ၁၆ရက်နေ့တွင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။
#Local_News #ချင်းပြည်နယ်ရှိမြို့နယ်၄မြို့နယ် #သဘာဝဘေးအန္တရာယ် #ကျရောက်သောဒေသများ
#YMG #Yangon_Media_Group
Published 17 May 2023
အမေရိကန်ရဲ့ကြွေးမြီကန့်သတ်ချက်ဆိုတာ အမေရိကန်အစိုးရအနေနှင့် ပိုက်ဆံကို ဘယ်လောက်အထိ ချေးလို့ရတယ် ဆိုတာကို ခွင့်ပြုတဲ့ ပမာဏဖြစ်ပါတယ်။
ယခုအမေရိကန်လွှတ်တော်အမတ်တွေက အဲဒီကန့်သတ်ထားတဲ့ ငွေချေးနိုင်တဲ့ပမာဏကို ထပ်တိုးပေးရမှာလား၊ ဒီအတိုင်းပဲ ဆိုင်းထားရမလားဆိုတာ အချင်းချင်းငြင်းခုန်နေကြပါတယ်။
လက်ရှိကြုံနေရတဲ့ အနေအထားကို အလွယ်နားလည်အောင်ပြောရရင်တော့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးဟာ အခု ပိုက်ဆံ တွေကုန်တော့မယ့်ဆဲဆဲလို့ပြောရမှာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က “ ရီပတ်ဘလီကန်နှင့်ဒီမိုကရက်တွေအကြား အခုလိုချောင်ပိတ်မိနေတာကို မကျော်လွှားနိုင်ဘူးဆိုရင် ဇွန်လ၁ရက်နေ့ဆိုရင် အမေရိကန်အစိုးရအနေနှင့် အကြွေးတွေ ပေးစရာပိုက်ဆံရှိတော့မှာမဟူတ်ဘူးလို့ သတိပေးနေရပါတယ်။
ယခုရိုက်ခတ်မှုဟာ ကမ္ဘာကြီးအထိအကျိုးသက်ရောက်ပြီး ဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ်။ ဒါဟာ ဘဏ္ဍာငွေကြေး ဈေးကွက်မှာ ကပ်ဘေးတစ်ခုဆိုက်ရောက်ဖို့ ဖြစ်နိုင်ချေများလာလိမ့်မယ်” လို့ ကပ္ပီတယ်အီကော်နော်မစ် ရဲ့ အမေရိကန် စီးပွားရေးပညာရှင်ဒုတိယအကြီးအကဲ အင်ဒရူးဟန်တာက သုံးသပ်ပါတယ်။
၁၉၁၇ခုနှစ်ကစပြီး အမေရိကန်ဟာ အစိုးရအနေနှင့် အကြွေးယူလို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးတဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ပထမဆုံးအကြွေးပမာဏကန့်သတ်ချက်က ဒေါ်လာ ၁၁.၅ ဘီလျံဖြစ်ပါတယ်။
ကွန်ဂရက်ဟာ အကြွေးယူလို့ရတဲ့ ငွေပမာဏကိုထပ်တိုးချင်တဲ့အခါတိုင်း ဥပဒေကြမ်းတစ်ခုတင်သွင်းအတည်ပြုလေ့ရှိခဲ့ ပါတယ်။
အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ သမ္မတ ဟားဘတ်ဟိုဗားလက်ထက်ကစလို့ သမ္မတတစ်ဦးချင်းစီတိုင်းမှာ တိုးတိုး လာခဲ့ပါတယ်။ ကြွေးမြီကန့်သတ်ချက်ကို ထပ်ထပ်တိုးခဲ့ရတာ အကြိမ်ပေါင်း ၁၀၀မကရှိခဲ့ပါတယ်။ အခုဆို အကြွေး ကန့်သတ်ချက်ဟာ ဒေါ်လာ ၃၁.၄ ထရီလီယံအထိရှိနေပြီဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ အဲဒီကန့်သတ်ချက်ပမာဏကို ပြီးခဲ့တဲ့ဇန်နဝါရီက ရောက်ရှိခဲ့ပါတယ်။ ဆိုလိုတာ ကတော့ အစိုးရအနေနှင့် ဘယ်လိုနည်းနှင့်မှ တရားဝင် ပိုက်ဆံထပ်ချေးလို့မရတော့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။
အခုတွေ့ကြုံနေရတာက အဲဒီကြွေးမြီကန့်သတ်ချက်ကို ထပ်တိုးမြှင့်ပေးဖို့ရာမှာ ရီပတ်ဘလီကန်အများစုနေရာရထားတဲ့ အောက်လွှတ်တော်ကနေထောက်ခံမဲပေးဖို့လိုအပ်နေတာပါ။ အာဏာရဒီမိုကရက်ပါတီက အောက်လွှတ်တော်မှ လူနည်းစု နေရာရထားတာပါ။ အဲဒါကြောင့် သဘောတူညီမှုရဖို့ဆိုတာ အာမခံချက်မရှိဖြစ်နေရတာပါ။
ရီပတ်ဘလီကန်တွေက ကြွေးမြီကန့်သတ်ချက်တိုးပေးရမယ့် နောက်ဆုံးရက်သတ်မှတ်ချက်ကို ကြိုးစားအသုံးပြုပြီး သမ္မတဂျိုးဘိုင်ဒင် အသုံးစရိတ်တွေဖြတ်တောက်ဖို့ ဖိအားပေးနေပါတယ်။ ဧပြီ၂၆ ရက်တုန်းကတော့ ကြွေးမြီပမာဏကို နောက်ထပ် ၁.၅ ထရီလီယံတိုးပေးဖို့ အောက်လွှတ်တော်ကအတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်တွေနှင့် ဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေကတော့ အစိုးရရဲ့အသုံးစရိတ်တွေကို ၂၀၂၂ခုနှစ်ကအတိုင်းဖြတ်တောက်ဖို့နှင့် တစ်နှစ်ကို တိုးတက်မှု ၁ ရာခိုင်နှုန်းရှိစေဖို့တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းဟာ ဒီမိုကရက်တွေအများစု နေရာရထားတဲ့ အထက်လွှတ်တော်အထိ မရောက်ဘဲဖြစ်နေရပါတယ်။
အဲဒါကြောင့် ယခုအခြေအနေမှာ နိုင်ငံရေးအရ မတိုးသာ မဆုတ်သာဖြစ်နေရပါပြီ။ ဆိုလိုတာကတော့ အမေရိကန်ရဲ့ အနာဂတ်စီးပွားရေးဟာ ငရဲကျလုဖြစ်နေတာပါ။ သဘောတူညီချက်သာ ခပ်စောစောမရခဲ့ဘူးဆိုရင် ပေါက်ကွဲထွက်နိုင်တဲ့ အခြေအနေတွေနှင့်ကြုံတွေ့ရလာနိုင်ပါတယ်။
အမေရိကန်အစိုးရဟာ လိုငွေပြပြီးမောင်းနှင်နေတာပါ၊ ဆိုလိုတာက သူဟာ အခွန်ရတာထက် ပိုက်ဆံတွေပိုသုံးနေတာ ပါ။အဲဒါကြောင့်နှစ်တိုင်း ချေးငွေပမာဏတိုးတိုးပေးခဲ့တာပါ။ အကယ်လို့ သဘောတူညီချက်မရတော့ဘူးဆိုရင် ပိုက်ဆံ ထပ်ချေးလို့မရတော့ပါဘူး။ အဲဒီအခါ အစိုးရဟာ ပေးစရာရှိတဲ့ စရိတ်တွေအကုန်လုံးကို မပေးနိုင်တော့ပါဘူး။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဧပြီလကုန်အထိ ပိုက်ဆံ ဒေါ်လာ ၃၁၆ ဘီလျံရှိနေပါတယ်။ မေးစရာရှိတာက အဲဒီပိုက်ဆံတွေ ဘယ်တော့ ကုန်သွားမလဲဆိုတာပဲဖြစ်တယ်လို့ ဟန်တာကပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဇွန်လထဲမှာဆိုရင် အဲဒီပိုက်ဆံတွေကုန်ပြီလို့ပြောထားပါတယ်။
ပိုက်ဆံမရှိတော့ဘူးဆိုရင်တော့ အစိုးရဟာ အခွန်ကောက်လို့ရတဲ့ပိုက်ဆံတွေကိုပဲ သုံးစွဲလည်ပတ်ရတော့မှာဖြစ်ပါတယ်။ အဲသလိုသာဆိုရင် အများပြည်သူအတွက် လုပ်ဆောင်ပေးရမယ့် လုပ်ငန်းတွေအားလုံးအတွက် သူ ပိုက်ဆံမပေး နိုင်တော့ပါဘူး။ ဥပမာအားဖြင့် အစိုးရဝန်ထမ်းတွေရဲ့လစာ ဒါမှမဟုတ် လက်ရှိအကြေးတွေအားလုံးရဲ့ ဝန်ဆောင်မှုအလုပ် တွေစသဖြင့်ပေါ့။
ဇွန်လမှာ သက်တမ်းကုန်မယ့် ငွေချေးစာချုပ်တွေကို ပိုက်ဆံထုတ်ပေးနိုင်မှာမဟုတ်တော့ဘူး။ အဲသလိုဆိုရင် ဘဏ္ဍာ ရေးအကျပ်အတည်းတစ်ခုဖြစ်လာစေတော့မယ်လို့လည်း ဟန်တာကပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့ရဲ့ကြွေးမြီတွေအပေါ် ပျက်ကွက်ပြီဆိုရင် ဘာတွေဖြစ်လာမလဲ။ သီအိုရီအရပြောရရင်တော့ အစိုးရရဲ့ ကြွေးမြီတန်ဖိုးတွေဟာ ဝရုန်းသုန်းကားအခြေအနေနှင့်ရင်ဆိုင်ရတော့မှာပါ။
အမေရိကန်ရဲ့ ကြွေးမြီအများစုဟာ ပြည်တွင်းကချေးထားတာပါ။ ကြွေးမြီတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ပြည်တွင်းမှာရှိပြီး အဲဒါတွေက ဖက်ဒရယ်အရန်ငွေကြေးထံမှ ၂၁.၂ ရာခိုင်နှုန်း၊ပင်စင် ဒါမှမဟုတ် mutual funds ကနေ ၁၂ ရာခိုင်နှုန်းနှင့် အမေရိကန် အိမ်ထောင်စုတွေဆီက ၆.၇ ရာခိုင်နှုန်းဖြစ်ကြပါတယ်။
ကျန်တဲ့ ၃၁ ရာခိုင်နှုန်းကတော့ နိုင်ငံခြားကပိုင်ပါတယ်။ ငွေချေးစာချုပ်တွေအများဆုံးဝယ်ထားတဲ့ နိင်ငံက ဂျပန်ဖြစ်ပြီး ဒေါ်လာ ၁.၁ ထရီလီယံရှိနေပါတယ်။ တရုတ်နိုင်ငံက ဒေါ်လာ ၈၆၇ ဘီလျံရှိပြီး ယူကေ ဒေါ်လာ ၆၅၄ ဘီလျံအသီးသီးနှင့် ဒုတိယနှင့် တတိယနေရာမှာရှိထားကြပါတယ်။
ကြွေးမြီပျက်ကွက်ပြီဆိုတာနှင့် အမေရိကန်နိုင်ငံမှာ ချေးငှားစရိတ်တွေကိုဒုက္ခပေးတော့မှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ချေးငှားစရိတ်တွေလည်း အလိုက်အထိုက် လိုက်တက်လာလိမ့်မယ်လို့ ဟန်တာကပြောပါတယ်။
အမှန်တကယ်က အမေရိကန်အစိုးရဟာ အကြွေးကို တကယ်တမ်းမပေးနိုင်တော့တာမဟုတ်ဘဲ ဥပဒေအရ ပေးလို့မရ အောင်တုပ်နှောင်ခံလိုက်ရတာဖြစ်လို့ လူတွေဖန်တီးတဲ့ အန္တရာယ်တစ်ခုကို ဖန်တီးတဲ့သဘောသာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့် အခုတစ်ခါမှာတော့ အရင်ဖြစ်ခဲ့တာတွေထက် အန္တရာယ်ပိုများနေပါတယ်။ ၂၀၁၁ခုနှစ်တုန်းက ဖက်ဒရယ်ကြွေးမြီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၅.၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ယခု ၉၈ ရာခိုင်နှုန်းအထိရှိနေပါတယ်။ ပြီးတော့ အတိုးနှုန်းတွေကလည်း အလွန့်ကိုမြင့်မားနေတာဖြစ်ပါတယ်။ ဒီအချက်တွေပေါင်းလိုက်ရင် အစိုးရအနနှင့်ပိုပြီးမြင့်မားတဲ့ ကြွေးမြီဆိုင်ရာစရိတ်တွေနှင့်ရင်ဆိုင်ကြရပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ ဘဏ္ဍရေးတည်ငြိမ်မှုအနေနှင့်ပြောရရင်တော့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ပိုပြီးဆိုးရွားနေပါတယ် လို့ ဟန်တာကပြောပါတယ်။
Source: What is the US debt ceiling and what will it mean if it isn’t raised? By The Telegraph
#အမေရိကန်ကြွေးမြီကန့်သတ်ချက်
#US_Debt_Ceiling
#အမေရိကန်စီးပွားရေး
#Local_News
Published_ 17 May 2023
ရွှေတိဂုံစေတီတော်ကြီးအတွက် အလှူရှင်များမှရွှေစင်ရွှေပြား(၃၀)ချပ်နှင့် ငွေသားသိန်းတစ်သောင်းခုနှစ်ထောင်ကျော်လှူဒါန်းခဲ့ကြောင်းသိရသည်၊၊
ယင်းကဲ့သို့ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ရွှေတိဂုံစေတီတော်၌ကျင်းပခဲ့ပြီး ရွှေတိဂုံစေတီတော်(၅၈၀)ကြိမ်မြောက်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်၊၊
အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား)အလှူရှင် ၂၆ ဦး က ရွှေပြားအချပ် ၃၀ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင်၆၄ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၇၉၄,၂၃၉,၅၃၉/- (ကျပ်သိန်းပေါင်းတစ်သောင်းခုနှစ်ထောင့်ကိုးရာလေးဆယ့်နှစ်သိန်းသုံးသောင်းကိုးထောင်ငါးရာသုံးဆယ့်ကိုးတိတိ) ပေးအပ်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက လှူဒါန်းထားသော ရွှေစင်ရွှေပြား ၆ကျပ်သား ၁ချပ်၊ ၁ကျပ်သား ရွှေပြား ၂၉ချပ်နှင့် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ အဂ္ဂသာမိ၊ သာကေတမြို့နယ်၊ တိပိဋကလင်္ကာရကျောင်းတိုက်ဆရာတော် ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ymg/tthl
#Local_News #ရွှေတိဂုံစေတီတော် #ရွှေစင်ရွှေပြား(၃၀)ချပ် #ငွေသားသိန်းတစ်သောင်းခုနှစ်ထောင်ကျော်လှူဒါန်း
#YMG #Yangon_Media_Group



Page 1229 of 2000