#Local_News
Published_9 December 2022
ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးသင်တန်းကို ယခုလ(ဒီဇင်ဘာလ)ကနေစတင်ပြီး သင်တန်းပို့ချသင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 9 december 2022
လက်ရှိတွင် ရွှေဘိုပေါ်ဆန်း ၂၄ပြည်ပါ တစ်အိတ်ကို ဆန်အမျိုးအစားပေါ်မူတည်ပြီး ၈သောင်းခွဲမှ ၁ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ ဆန်ရောင်းဝယ်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 9 December 2022
၁။ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ဂိုဒေါင်အထိုင်ဈေး ၁ သိန်းဝန်းကျင်ရှိနေ
၂။ သင်တန်းဆင်းလက်မှတ်ရှိမှသာလျှင် သတ္ထုရောင်းဝယ်ရေးလိုင်စင်တရားဝင်ခွင့်ပြုမည်ဟုဆို
၃။ ကိုဗစ်အတွက် အသုံးဝင်သည့်ဆေးခါးကြီးပင်ကို မြန်မာတွင်စီးပွားဖြစ်စိုက်ပျိုးသူများ မရှိသေးဟုဆို
၄။ ကမ္ဘာ့စင်မြင့်တစ်နေရာတွင် နေရာရရန် အိန္ဒိယကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 9 December 2022
လက်ရှိဈေးကွက်အနေအထားအရ ပြည်တွင်းကစိုက်ပျိုးတဲ့ အာလူးဈေးတွေက ဈေးအတင့်အသင့်ပဲရရှိနေပြီး တရုတ်ကတင်သွင်းတဲ့ အာလူးတွေက ဈေးကောင်းပိုရနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 December 2022
ကိုဗစ်အတွက်ဆေးဘက်ဝင်တဲ့ ဆေးခါးကြီးပင်တွေကို ထိုင်းနိုင်ငံမှာလို မြန်မာနိုင်ငံမှာ စီးပွားဖြစ်စနစ်တကျစိုက်ပျိုးထုတ်လုပ်တာမျိုးတွေ မတွေ့ရသေးဘူးလို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 9 December 2022
ဘေးမကင်းသည့်အတွက် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း(၄)မျိုးကိုမြန်မာနိုင်ငံအစားအ သောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှအသိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) အနေဖြင့် ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၄)မျိုးသည် ဌာနတွင်မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသည့် တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိရ၍ အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊
သုံးစွဲရန်မသင့်သည်အလှကုန်ပစ္စည်းလေးမျိုးတွင် NOVOတံဆိပ်၊Nobel Eye Shadow (Shining Dream) ၊Anylady -3 colour Blusher၊Comfor Beauty Matte Lipstick၊ ANYLADY professional makeup kit(Unicorn love Sweet)တို့ ပါဝင်သည်၊၊
တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြား ယားယံ၊ ရောင်ရမ်း၊ ဖြူနီကွက်ခြင်း၊ အရေပြားမှတစ်ဆင့်စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း ရေရှည်သုံးစွဲပါက ကျောက်ကပ်ထိခိုက်ခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်သဖြင့် သုံးစွဲရန်မသင့်သောပစ္စည်းများကို မသုံးကြဖို့နှင့် တင်သွင်းရောင်းချဖြန့်ဖြူးခြင်းများ မပြုလုပ်ကြဖို့တားမြစ်ထားသည်၊၊
တားမြစ်ချက်များအားမလိုက်နာပါက FDAအနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာပုဒ်မ(၃) အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published-9 December 2022
ယနေ့ ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာထပ်မံကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာလ (၈)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၈၆၅ ကျပ်၊ ၉၅ တစ်လီတာ ၁၉၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၈၃၀ ကျပ်၊ ၉၅ တစ်လီတာ ၁၉၂၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၂၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်ထိ ကျဆင်းလာခြင်းဖြစ်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်တွေကို စိစစ်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Military
Published 9 December 2022
တိုင်းမ်မဂ္ဂဇင်းက ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ကို တစ်နှစ်တာအထူးချွန်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ရာ ဒါဟာ အနောက်နိုင်ငံတွေမှာ ရုရှားကြောက်ရောဂါဘယ်လောက်အထိ လွှမ်းမိုးနေကြောင်း ပေါ်လွင်နေတယ်လို့ ရုရှားအစိုးရအဖွဲ့က ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ တိုင်းမ်မဂ္ဂဇင်းက 'ဇယ်လန်စကီ'ကို တစ်နှစ်တာအထူးချွန်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်ကာ ကြာသပတေးနေ့မှာတော့ ဥရောပမှာ နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရပြီးနောက် ရုရှားဘက်က အခုလိုမှတ်ချက်ပြုလိုက်တာဖြစ်ပါတယ်။
'ဇယ်လန်စကီ'ကိုရွေးချယ်ရတာဟာ အငြင်းပွားဖွယ်မရှိဖြစ်ပြီး ရုရှားဘက်ကတိုက်ခိုက်လာချိန်မှာ သူ့တိုင်းပြည်ကလူတွေကို စုစည်းစေခဲ့ကာ မြို့တော်ကိဗ်မှာပဲ ဆက်ရှိနေခဲ့တဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာဖြစ်ကြောင်း တိုင်းမ်က မှတ်ချက်ပြုလိုက်ပါတယ်။
"ဒီထုတ်ပြန်ချက်ရဲ့အာဘော်က ဥရောပရဲ့အမြင်အတိုင်းပါပဲ၊ လုံးဝကိုသိသိသာသာကြီး ရုရှားကိုကြောက်နေတဲ့ သဘောဖြစ်ပါတယ်" လို့ ရုရှားအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က ဆိုပါတယ်။
အသက် ၄၄ နှစ်အရွယ် လူရွှင်တော်သရုပ်ဆောင်ဟောင်းဖြစ်သူဟာ ဒီစစ်ပွဲကြောင့် ပြောင်းလဲလာရပြီး ရုန်းကန်နေရတဲ့ ဥရောပနိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ်ကနေ ရုရှားသမ္မတ'ပူတင်'ကို ဆန့်ကျင်နေတဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာပြီး တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလာရပါတယ်။
သူ့တိုင်းပြည်အကူအညီရဖို့ နေ့စဉ်နဲ့အမျှ နိုင်ငံခြားဆွေးနွေးပွဲများ၊ ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်ထားပါတယ်။
၂၀၀၇ ခုနှစ်က တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ 'ပူတင်'ကိုတော့ အခုဆိုရင် အနောက်နိုင်ငံတွေကနေ ဖယ်ကျဉ်လာကြပြီဖြစ်ပါတယ်။
Source: CNA
#Yangon_Media_Group
Published 9 Dec 2022
ဆော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရီယတ်မှာရှိတဲ့ အယ်ယာမာမား အိမ်တော်မှာ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် မိုဟာမက်ဘင်ဆယ်မန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်းဟာ ဘုရင်ဘင်အက်ဒူလာဇစ်အယ်ဆော့ ကိုယ်စား သမ္မတရှီကို နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး တရုတ်ကွန်မြူနနစ်ပါတီရဲ့ အကြိမ်(၂၀)ကြိမ်မြောက်ပါတီညီလာခံအောင်မြင်မှုနှင့် တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးအဖြစ်ဆက်အရွေးခံရတဲ့ ရှီကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ အာရပ်နှင့် အစ္စလမ်ကမ္ဘာရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောဆိုခဲ့တဲ့အပြင် ဝင်ရိုးစုံ ကမ္ဘာကြီးအတွက် အဓိကကျပြီး အမှီအခိုကင်းတဲ့ အင်အားတစ်ခုနှင့် တရုတ်နိုင်ငံရဲ့ အရေးကြီးပြီး မဟာဗျူဟာမြောက်တဲ့ အရှေ့အလယ်ပိုင်းမိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း ရှီက အလေးပေးပြောဆိုခဲ့ပါတယ်။
မကြာသေးခင်နှစ်များအတွင်းတရုတ်နှင့် ဆော်ဒီအာရေဗျ ဆက်ဆံရေးဟာ အဆင့်မြင့် ဖွံဖြိုးတိုးတက်မှု ထိန်းသိမ်း ထားတယ်။ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အခြေအနေတွေက အလွန်လေးနက်သိမ်မွေ့ပြီး ရှုပ်ထွေးနေတာတွေက တရုတ်နှင့်ဆော်ဒီအာရေဗျဆက်ဆံရေးမှာ မဟာဗျူဟာမြောက်နှင့်ဆက်စပ်လွှမ်းခြုံအရေးပါမှုတွေဟာ ပိုပြီး ထင်ရှားပေါ်လွင်လာတယ်လို့လည်း သမ္မတ ရှီကျင့်ဖျင်ကပြောပါတယ်။
ဆော်ဒီအာရေဗျရဲ့ အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့်တည်ငြိမ်ရေးမြှင့်တင်ဆောင်ရွက်နေတာတွေနှင့် နိုင်ငံအခြေအနေနှင့်ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆောင်ရွက်နေတာတွေကို တရုတ်က ထောက်ခံအားပေးတယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။
တရုတ်ဟာစွမ်းအင်မူဝါဒနှင့်ပတ်သက်လို့ ဆော်ဒီအာရေဗျနှင့် ပူးပေါင်းဆောင်ရွက်ဆက်ဆံမှုတွေတိုးမြှင့်သွားမှာဖြစ်ပြီး ရေနံစိမ်းကုန်သွယ်မှုတွေတိုးမြှင့်မယ်လို့ ရှီကဆက်လက်ပြောပါတယ်။ တရုတ်-ဆော်ဒီ ဂူလိုင်း အီသာလင်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်မယ်လို့ သူကပြောပါတယ်။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်းကလည်း ဆော်ဒီအာရေဗျနှင့် တရုတ်တို့ဟာ အလွန်ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေးကို အကျိုးခံစားနေကြတယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျဟာ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့ ပြည့်စုံကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း အိမ်ရှေ့ မင်းသားက ဆက်လက်ပြောဆိုပါတယ်။
တရုတ်စီးပွားရေးဟာ ရှင်သန်အားကောင်းနေပြီး ဆော်ဒီအာရေဗျဟာလည်း ၂၀၃၀ မျှော်မှန်းချက်ကို အကောင်အထည် ဖော်နေတယ်လို့ အိမ်ရှေ့မင်းသားက ပြောပါတယ်။ အဲဒီအပြင် ဆော်ဒီအာရေဗျနှင့် တရုတ်နှစ်နိုင်ငံအကြား အပြန်အလှန်ထောက်ခံအားပေးမှုမြှင့်တင်ဖို့ နှင့် ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အဆင့်ကို ပိုမြင့်မားတဲ့အဆင့် မြှင့်တင်ဖို့လည်း အိမ်ရှေ့မင်းသား ကဆက်ပြောပါတယ်။
တရုတ်သမ္မတရှီရဲ့ ခရီးဟာ ဆက်ဆံရေးသမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်လာပြီး နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေးပိုမို အောင်မြင်မှု ဖြစ်ထွန်းလိမ့်မယ်လို့လည်း အိမ်ရှေ့မင်းသားက ပြောပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့် နယ်မြေပိုင်နက်တည်တံ့ခိုင်မြဲရေး စောင့်ကြပ်နေတာတွေကို ဆော်ဒီအာရေဗျကထောက်ခံတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်နှင့်ဆော်ဒီအာရေဗျတို့ဟာ အဆင့်မြင့် ပူးတွဲကော်မတီကို ဝန်ကြီးချုပ်အဆင့်တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီ့အပြင် Belt and Road ပူးပေါင်းဆောင်ရွက်မှု၊ တရားရေး၊ပညာရေး၊ဟိုက်ဒရိုဂျင်စွမ်းအင်၊ရင်းနှီးမြှပ်နှံမှု၊ အိမ်ရာ တည်ဆောက်ရေးအပါအဝင်အခြားနယ်ပယ်များမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရှီဟာ ကင်းဆော့ တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို တော်ဝင်နန်းတော်မှာ လက်ခံခဲ့ပြီး အဲဒီပွဲကို ဆော်ဒီအိမ်ရှေ့မင်းသားလည်း တက်ရောက်ခဲ့ပါတယ်။
Source: CCTV+
#Saudi Arabia-Xi_Visit
#Mohammed_bin_Salman
#Saudi_China_Relations
#World_Science
Published 9 December 2022
ကျောက်ပုဇွန်တွေမှရရှိတဲ့ အစိတ်အပိုင်းတွေနဲ့ အဓိကထုတ်လုပ်တဲ့ သန္ဓေတားဆေးအသစ်တစ်မျိုးဟာ သုတ်လွှတ်စဉ် သားအိမ်ခေါင်းထဲ ရောက်လာမယ့် သုတ်ကောင်ရေ သန်း ၁၀၀ နီးပါးရဲ့ ၉၈ ရာခိုင်နှုန်းကို တားဆီးပေးနိုင်တယ်လို့ သိရှိရပါတယ်။
ဆွီဒင် ကယ်ရိုလင်စကာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပင်လယ်သတ္တဝါများ၊ ပုဇွန်များ၊ ဂဏန်းများရဲ့ အရိုးစုတွေမှာ တွေ့ရှိရတဲ့ ချီတိုဆန်ဒြပ်ပေါင်းအသေးလေးတွေကို အသုံးပြုပြီး မိန်းမကိုယ်ဂျယ်ကို တီထွင်ခဲ့ကြပါတယ်။
ထိုဂျယ်ကို တစ်ခါအသုံးပြုတဲ့အခါ နာရီပေါင်းများစွာခံပြီး ကိုယ်ဝန်မရအောင် သားအိမ်ခေါင်းမှာ တားဆီးထားပါတယ်။
သာမန်သန္ဓေတားနည်းတွေ ဖြစ်စေသလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်မှာမဟုတ်ပါဘူး။
သာမန်တားဆေးတွေလိုမဟုတ်ဘဲ အမျိုးသမီးတွေ ကြုံတွေ့ရလေ့ရှိတဲ့ မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်စေမှာမဟုတ်ပါဘူး။
"ဒီမိန်းမကိုယ်ဂျယ်က စက္ကန့်ပိုင်းအတွင်း အသုံးပြုနိုင်ပါတယ်၊ လိင်မဆက်ဆံခင်နာရီပိုင်းအတွင်းကတည်းက အသုံးပြုထားနိုင်ပြီး နာရီပေါင်းကြာအောင် တာရှည်ခံမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ကြာလာတာနဲ့အမျှ အမြှေးပါးအကာအကွယ်ဟာ သဘာဝအတိုင်း ပြန်လည်အစားထိုးသွားမှာဖြစ်ပါတယ်" လို့ ဆွီဒင် KTH တော်ဝင်နည်းပညာတက္ကသိုလ်မှ သောမတ်စ်ခရူဇီယာက ဖော်ပြခဲ့ပါတယ်။
ဟော်မုန်းတားဆေးတွေဖြစ်တဲ့ ဆေးဝါးများ၊ ဆေးထိုးခြင်း၊ အရေပြားကပ်ခွာ၊ မိန်းမကိုယ်တွင်းပစ္စည်းများမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းများ ပါဝင်ပါတယ်။
ပရိုဂျက်စထရုန်းက သားအိမ်ကြွက်သားကျုံ့ခြင်းကို တားဆီးပေးကာ မျိုးဥမထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။
ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ အရိုးကိုက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
KTH ကတော့ ဟော်မုန်းအစား ချီတိုဆန်နဲ့အစားထိုးကာ အစာကနေစုပ်ယူလိုက်တဲ့ အဆီနဲ့ကိုလက်စ်ထရောတွေကို လျှော့ချပေးပါတယ်။
အခုတားဆေးအသစ်ကတော့ မြူစင်လို့ခေါ်တဲ့ အမြှေးပါးပရိုတိန်းမှာ ဂျယ်သွားပေါင်းစည်းလိုက်ကာ သားအိမ်ခေါင်းအချွဲကို ယာယီထူထဲစေပြီး သုတ်ပိုးဝင်ရောက်လာရန် ပိုမိုခက်ခဲသွားစေပါတယ်။
ချီတိုဆန်မော်လီကျူးတွေက အမြှေးပါးကိုကပ်နိုင်စွမ်းရှိပြီး သားအိမ်ခေါင်းအိမ်ထဲက ဂျယ်နဲ့ တုန့်ပြန်ဆောင်ရွက်နိုင်ပါတယ်။
ဂျယ်တွေရဲ့အပေါက်တွေကို ပိတ်စေကာ သုတ်ပိုးများဝင်ရောက်မလာအောင် တားဆီးပေးကြောင်း 'ခရူဇီယာ'က ပြောပြခဲ့ပါတယ်။
သားအိမ်ခေါင်းကနေဝင်လာတဲ့ သုတ်ပိုးတွေက ဂျယ်တွေနဲ့တွေ့ဆုံကာ အရှိန်လျော့ပါးသွားပြီးတော့ မိန်းမကိုယ်ထဲမှာ ကျန်နေတဲ့သုတ်ပိုးတွေဟာလည်း အင်္ဂါထဲရှိ pH ဓာတ်များကြောင့် ပျောက်ကွယ်သွားမှာပါ။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 9 December 2022
မြန်မာနိုင်ငံ-ထိုင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော်လာရှိပြီး စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါတယ်။
ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၅ အထိ ရှစ်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၅ ဒသမ ၂၅၉ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၅၀ ကျော် ပိုမိုဆောင်ရွက်ထားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၄၅၂ ဘီလီယံရှိအထိရှိပြီး ၊ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၆၈၆ ဘီလီယံသာရှိပြီး စုစုပေါင်း နယ်စပ်ကုန်သွယ်မှု၏ ၃၂ ရာခိုင်နှုန်းကျော်သာရှိပါတယ်။ မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၉ သန်းခန့်ရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၀ သန်းကျော်သာရှိတယ်လို ဆိုပါတယ်။
အဓိက နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၅၆ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၈ သန်းကျော်လျော့နည်းခဲ့ကာ၊ ထီခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု မြင့်တက်ခဲ့ပြီး အဆိုပါကာလရှစ်လတွင် ကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၆၇၀ ဘီလီယံ အထိရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၀၀ ခန့်အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာသန်း ၁၀၀ ကျော်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာသန်း ၁၄၀ ကျော်၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာ ၇၆ သန်းကျော်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာ ခုနစ်သန်းကျော်ဖြင့် ဆောင်ရွက်ထား နိုင်ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 9 December 2022
ရန်ကုန် ပြည်လမ်း ခရေပင်လမ်းခွဲအနီး YBS 42 နှင့် အငှားကားတို့ တိုက်မိ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့သည့် ပရဟိတ အသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမပေါ် ခရေပင်လမ်းခွဲမီးပွိုင့်အနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဘောလုံးကွင်းရှေ့တွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း အငှားကား ပေါ်လိုက်ပါလာသည့် ၃ ဦးအနက် အသက် ၂၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးကာယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တက်နေထွန်းရှင်သန်မှုကူညီရေးအသင်းထံမှ သိရှိရသည်။
အငှားယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း ညပ်နေသည့်အတွက် လူမှုကူညီရေး အသင်းဖြစ်သည့် တက်နေထွန်းရှင်သန်ရေးကူညီမှုမိသားစု (TNT RESCUE)မှ အချိန်နှင့်တပြေးညီ လူနာအား အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့ပြီး ကြယ်စင်မေတ္တာအသင်း(တညင်းကုန်း)အရေးပေါ်လူနာတင်ယာဉ်ဖြင့်မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ရန်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Page 1232 of 1767