#Local_News
Published-30 August 2023

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်တွင် ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ရာ ကားခေါင်းခန်းတွင် ယာဉ်မောင်းညှပ်နေ၍ ခက်ခက်ခဲခဲကူညီမှုများဆောင်ရွက်ခဲ့ရကြောင်း တွဲလက်လူမှုကူညီရေးအသင်းက သိရသည်။

 

ယနေ့သြဂုတ်လ ၃၀ ရက်မွန်းလွဲ ၁၂နာရီ ၂၀မိနစ်အချိန်ခန့်က ရွာမအနောက်ရပ်ကွက်၊ မင်းစေတီမှတ်တိုင်နှင့်ဆရာတော်ကြီး မှတ်တိုင်ကြားတွင် ယာဥ်တိုက်မှုဖြစ်ခဲ့၍ ပရဟိတအသင်းများနှင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကူညီမှုများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

"ကားခေါင်းမှာ ညှပ်နေတဲ့အမျိုးသားကို ပရဟိတအသင်းတွေပူးပေါင်းပြီး ကားခေါင်းထဲက ကယ်ထုတ်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားက စိုးရိမ်စရာတော့မရှိပါဘူး"ဟု ယင်းလူမှုကူညီရေးအသင်းကသိရသည်။

 

ဒဏ်ရာရရှိသူအမျိုးသားအား အင်းစိန်မြို့နယ်မီးသတ်လူနာတင်ယာဥ်ဖြင့် အင်းစိန့်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်းသိရသည်။

 

#Local_News # အရှိန်မထိန်းနိုင်ဘဲသစ်ပင်ကိုဝင်တိုက် #ယာဥ်မောင်းအားခက်ခက်ခဲခဲကယ်ထုတ် #Yangon_Times/PP #Yangon_Times