#LocalNews
Published_ 22 January 2023

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင် ၃၀ ကျော်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။

 

ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် HINO RANGER အမျိုးစား(အဖြူ-အစိမ်းရောင်)ယာဉ် မှာ အဆိုပါမိုင်တိုင်အရောက်တွင် လက်ယာဘက်နောက်ဘီးပေါက်သွားသဖြင့် အရှိန်လျှော့လိုက်စဉ် လားရာတူနောက်မှ မောင်းနှင်လာသည့် TOYOTA SUCCEED အမျိုးစား (အနက်ရောင်)ယာဉ် က HINO RANGER ယာဉ်၏ နောက် လက်ဝဲဘက်သို့ဝင်ရောက်တိုက်မိပြီး လည်ထွက်သွားကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"အလောင်းကို ဒီတိုင်းတောင်ထုတ်မရဘူး။ cutter နဲ့ ဖြတ်ရတယ်၊ တစ်ယောက်က ရုပ်ပါ ပျက်သွားတယ်၊ပဲခူး ရွှေကျင်က လို့ သိရတယ်"ဟု အခင်းဖြစ်စဉ်ကို သိရှိသူကပြောသည်။

 

ယာဉ်တိုက်မှုကြောင့်(TOYOTA SUCCEED)ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်ရာနေရာ၌ ပင် သေဆုံးခဲ့ကြောင်း၊ သေးဆုံးသူများ၏ ရုပ်အလောင်းကို စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

 

ymg/mt
#Yangon_Media_Group