#World_Health
Published 27 January 2023

 

အဆီအနံ့ရှူရှိုက်ခြင်းဖြင့် ကုသနည်းဟာ အလုပ်ဒဏ်ပိပြီး ဖိစီးမှုများခြင်းကို အကောင်းဆုံးဖြေရှင်းနိုင်ဖွယ် ရှိနေပါတယ်။

 

လည်ပင်းမှာ နှင်းဆီရနံ့ပါတဲ့ ပုလင်းလေးဆောင်ပြီး သွားလေရာပန်းအနံ့ရနေတဲ့ သူနာပြုတွေမှာ စိတ်ဖိစီးမှုလျော့ကျသွားပါတယ်။

 

ဒီနည်းလမ်းက အလုပ်ခွင်မှာ ဖိစီးမှုကို ထိရောက်အောင်လျှော့ချနိုင်ပြီး ဆက်လက်အသုံးပြုတဲ့အခါ ပိုပြီးထိရောက်မှုရှိကြောင်း အီရန်ရှိကျွမ်းကျင်သူများက အဆိုပြုလိုက်ပါတယ်။

 

စိတ်ဖိစီးမှုက မြင့်မားလာတဲ့အခါ စိတ်အားအင်ကုန်ခမ်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သွေးပေါင်ချိန်တိုးခြင်း၊ အိပ်စက်ရခက်ခဲခြင်း၊ စားချင်စိတ်ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

 

စိတ်ဖိစီးမှုလျော့ကျဖို့အတွက် ယောဂကျင့်ခြင်း၊ အပ်စိုက်ခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သလို အခု မွှေးရနံ့ဖြင့်ကုသခြင်းကလည်း နောက်ထပ်နည်းလမ်းတစ်ခုဖြစ်လာကြောင်း ဆမ်နန်ဆေးသိပ္ပံတက္ကသိုလ်မှ သုတေသီအဖွဲ့က ဆိုပါတယ်။

 

လာဗင်ဒါအနံ့ ဒါမှမဟုတ် နှင်းဆီအနံ့ဖြင့် တစ်နေ့ကို ၂ နာရီမျှရှူရှိုက်ခြင်းဖြင့် သူနာပြုတွေမှာ အလုပ်ခွင်၌စိတ်ဖိစီးမှုကို ထိရောက်စွာလျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။

 

ဒီနည်းလမ်းက အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမှာလည်း ပိုပြီးအကျိုးရှိလာပါတယ်။

 

ထိရောက်မှုပမာဏက အဆီအနံ့ကနေ ဦးနှောက်နဲ့ အာရုံကြောစနစ်တို့ကို ဘယ်လိုသက်ရောက်နေသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

 

ဒီအနံ့တွေကိုရှူလိုက်တဲ့အခါ အနံ့အာရုံကြောကို လှုံ့ဆော်ပေးကာ စိတ်ခံစားချက်တုန့်ပြန်မှုကို ဖြစ်စေပါတယ်။

 

မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ စကားပြောရာမှာ ဖိစီးမှုကြုံတွေ့ရသူတွေအနေနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ကြောင်း NHS က အကြံပြုထားပါတယ်။

 

အဆီအနံ့ရှူခြင်းအပြင် ဆီလိမ်းနှိပ်ခံခြင်းကလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။

 

အဆီအနံ့တွေက စိုးရိမ်ပူပန်ခြင်း၊ ဖိစီးခြင်း၊ နာကျင်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေပါတယ်။

 

Source: Daily Mail
#Yangon_Media_Group