#Local_News
Published_ 27 January 2023

 

Black List အေဂျင်စီများ အလုပ်ခေါ်စာအသစ် တင်ခွင့်မရှိသော်လည်း ယခင် စာချုပ်ချုပ်ပြီး အလုပ်သမားများအတွက် ဆက်လက်စေလွှတ်ခွင့်ရရှိကြောင်း သိရသည်။

 

မြဝတီမြို့တွင် MoU အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုလုပ်ခဲ့သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၃၃ ခုကို ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက်ဖြင့် စစ်ဆေးကာ Black List စာရင်း သွင်းမည်ဟု အေဂျင်စီအမည်စာရင်းများကို စာရင်းပြုလုပ်ကာ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံ အကြောင်းကြားထားပြီးလည်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၃၃ ခုကို အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် လက်ရှိတွင် ပိတ်သိမ်းထားခြင်း ဖြစ်သော်လည်း နဂိုက မပို့ဆောင်ရသေးသည့် MoU လုပ်သားများအား ပို့ခွင့်ပေးထားဆဲဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group