Published 23 April 2023
တနင်္ဂနွေနေ့မှာကျရောက်တဲ့ တရုတ်ရေတပ်ရဲ့ ၇၄နှစ်မြောက်နေအကြိုအဖြစ် တရုတ်ရေတပ်ဟာ ယင်းရဲ့ရေပိုင်နက်ထဲ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။
ပင်လယ်ဝါထဲမှာ ရေတပ်လေ့ကျင့်ရေးစင်တာက ကြီးမှူးပြီး အင်အားပြည့် လေ့ကျင့်ခန်းတွေနှင့်အတူ ကြီးမားတဲ့ ဖျက်သင်္ဘော ဝူဇီနှင့် ဖျက်သင်္ဘောအသစ် ကွေးယန်းတို့ကပါ ပါဝင်စွမ်းရည်ပြသခဲ့ကြပါတယ်။ စစ်သင်္ဘောအသစ်တွေရဲ့ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းရည်ကိုစစ်ဆေးဖို့နှင့် တိုးတက်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
Source: CCTVPlus
#တရုတ်ရေတပ်စစ်ရေးလေ့ကျင့်ခန်း
#တရုတ်စစ်ရေးစွမ်းအား
#YangonMediaGroup
#Local_News
Published_ 23 April 2023
ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်ဖော်ထုတ်သည့် ဆွေးနွေးပွဲကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးလုပ်ငန်းအဖွဲ၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်တို့က အမှာစကား ပြောကြားကြပါတယ်။
ဆက်လက်၍ တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများက စုံစမ်းစစ်ဆေးခဲ့သည့် မှုခင်းများမှ ဖော်ထုတ်ရရှိခဲ့သည့်ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ၊ ကြီးကြပ်ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက ၎င်းတို့၏သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖော်ထုတ်ရရှိခဲ့တဲ့ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 23 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ညီညီ( စိတ်ပညာ) ဟောပြောပို့ချသူ/နှစ်သိမ့်ဆွေးနွေးအကြံပေးသူနှင့်အတူ
အသက်(၇)နှစ်အရွယ်ကနေ အသက်( ၆၀)နှစ်အရွယ်ထိ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတွေကိုလုပ်ပေးခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း
ကျွန်တော့်သားကိုချစ်စနိုးနဲ့ကျွန်တော့်ငယ်နာမည်" kukoo"လို့ခေါ်ရင်းက Nyi Nyi kukoo ဆိုပြီး Facebook name ပေးဖြစ်ခဲ့ခြင်းအကြောင်း
"ကလေးသူငယ်အခွင့်အရေးကို ကလေးတွေသိဖို့လိုသလို ကလေးမိဘတွေလည်းလိုက်နာနိုင်ဖို့ ကုကူဖတ်စာစသဖြင့် စာအုပ်လေးတွေရေးသားထုတ်ဝေခဲ့တဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ညီညီ( စိတ်ပညာ)
#YMG #Yangon_Media_Group
Published 23 April 2023
စင်္ကာပူနိုင်ငံရဲ့အထင်ကရဖြစ်မယ့် စင်္ကာပူငှက်ဥယျဉ် Singapore bird park ကို မေလမှာ ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။ လာရောက်ကြတဲ့ ဧည့်သည် တွေဟာ ငှက်ရုံကြီး(၈)ခု နှင့်အတူ မျိုးစိတ်အမျိုးမျိုးကွဲပြားတဲ့ ငှက်ပေါင်းစုံကို တစ်နေရာတည်းမှာ လမ်းလျှောက်ရင်းကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ကမီဒီယာတွေကို ဖိတ်ကြားပြီး ဖွင့်လှစ်မယ့် ငှက်ဥယျဉ်ကို ပြသခဲ့ပါတယ်။ဥယျဉ်ထဲမှာ ကြိုးကြာနီ တွေနှင့် ကြက်တောတွေဟာ အတူတကွနေနေကြပြီး ကြက်တူရွေးတွေနှင့် အောက်ချင်းငှက်တွေကိုလည်း ချစ်ခင်စွာ မြင်တွေ့ကြ ရပါတယ်။
Source AFP
#Local_News
Published_ 23 April 2023
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၄၁လမ်းနဲ့ ၈၂ လမ်းထောင့်မှာ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက အပူချိန်မြင့်မားလာမှုကြောင့် အမျိုးသားတစ်ယောက် အပူရှိန်တက်မူးလဲပြီး သေဆုံးသွားခဲ့တယ်လို့ မဏိစလလူမှုရေးအသင်း သိရပါတယ်။
#Local_News #မန္တလေး #အပူချိန်မြင့်မား #သေဆုံး
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 23 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ညီညီ( စိတ်ပညာ) ဟောပြောပို့ချသူ/နှစ်သိမ့်ဆွေးနွေးအကြံပေးသူနှင့်အတူ
အသက်(၇)နှစ်အရွယ်ကနေ အသက်( ၆၀)နှစ်အရွယ်ထိ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတွေကိုလုပ်ပေးခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း
ကျွန်တော့်သားကိုချစ်စနိုးနဲ့ကျွန်တော့်ငယ်နာမည်" kukoo"လို့ခေါ်ရင်းက Nyi Nyi kukoo ဆိုပြီး Facebook name ပေးဖြစ်ခဲ့ခြင်းအကြောင်း
"ကလေးသူငယ်အခွင့်အရေးကို ကလေးတွေသိဖို့လိုသလို ကလေးမိဘတွေလည်းလိုက်နာနိုင်ဖို့ ကုကူဖတ်စာစသဖြင့် စာအုပ်လေးတွေရေးသားထုတ်ဝေခဲ့တဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ညီညီ( စိတ်ပညာ)
#YMG #Yangon_Media_Group
#Local_News
Published_ 23 April 2023
ဧပြီလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှု အနည်းငယ်ပြန်မြင့်လာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ကိုဗစ်ကူးစက်မှု #XBB.1.16
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 23 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ညီညီ( စိတ်ပညာ) ဟောပြောပို့ချသူ/နှစ်သိမ့်ဆွေးနွေးအကြံပေးသူနှင့်အတူ
အသက်(၇)နှစ်အရွယ်ကနေ အသက်( ၆၀)နှစ်အရွယ်ထိ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတွေကိုလုပ်ပေးခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း
ကျွန်တော့်သားကိုချစ်စနိုးနဲ့ကျွန်တော့်ငယ်နာမည်" kukoo"လို့ခေါ်ရင်းက Nyi Nyi kukoo ဆိုပြီး Facebook name ပေးဖြစ်ခဲ့ခြင်းအကြောင်း
"ကလေးသူငယ်အခွင့်အရေးကို ကလေးတွေသိဖို့လိုသလို ကလေးမိဘတွေလည်းလိုက်နာနိုင်ဖို့ ကုကူဖတ်စာစသဖြင့် စာအုပ်လေးတွေရေးသားထုတ်ဝေခဲ့တဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ညီညီ( စိတ်ပညာ)
#YMG #Yangon_Media_Group
Published 23 April 2023
မဟာမိတ်စစ်အကျဉ်းသား ၁၀၀၀ကျော် တင်ဆောင်လာပြီး ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားခဲ့တဲ့ ဂျပန်ကုန်သွယ် ရေကြောင်းသင်္ဘောတစ်စီးကို ပြန်ရှာတွေ့ပြီလို့ အရာရှိတွေက ဧပြီ၂၂ရက် စနေနေ့က ကြေညာခဲ့ပါတယ်။
၁၉၄၂ခုနှစ် ဇူလိုင်၁ ရက်နေ့မှာ မွန်နီဗီဒီယိုမာရူးကုန်သွယ်သင်္ဘောဟာ အမေရိကန်ရေငုပ်သင်္ဘောက ပစ်လွှတ်လိုက်တဲ့ တော်ပီဒိုထိမှန်ပြီး ဖိလစ်ပိုင်ကမ်းခြေအနီးမှာ နစ်မြုပ်ခဲ့ပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတပ်သားတွေက အဆိုပါ သင်္ဘောမှာ စစ်အကျဉ်းသားတွေပါလာတယ်ဆိုတာ သတိမထားမိခဲ့ကြတာလို့ဆိုပါတယ်။
ဒါဟာဩစတြေလျအတွက် ရေကြောင်းစစ်ပွဲကားလအတွင်းအကြီးမားဆုံး ဆုံးရှုံးမှုဖြ်ပြီး အသက်ပေါင်း ၁၀၈၀ကျော် သေဆုံးခဲ့ရပါတယ်။
တောင်တရုတ်ပင်လယ်ထဲ လူဇွန်ကျွန်းအနီးမှာ စူးစမ်းရှာဖွေသူတွေဟာ ဆိုနာတပ်ဆင်ထားတဲ့ အလိုအလျောက် ရေအောက်ယာဉ်တစ်စီးနှင့် ပင်လယ်အောက် ၁၃၁၂၀ ရေအနက်မှာ ၁၂ရက်ကြာရှာဖွေခဲ့ကြပါတယ်။အဲဒီအနက်ဟာ တိုက်တန်းနစ် ရှာတုန်းကထက်ပိုနက်ပါတယ်။
“ ရှာဖွေမှုရဲ့ နောက်ကွယ်မှာ အထူးကြိုးပမ်းအားထုတ်မှုတွေဟာ နိုင်ငံအတွက် အလုပ်အကျွေးပြုသွားခဲ့ကြသူတွေကို အမြဲတမ်း ဂုဏ်ပြုသတိရဖို့ ဩစတြေလျရဲ့ တည်ကြည်တဲ့ ကတိရဲ့ သစ္စာတရားဆိုတာပြသနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီးစ်က ပြောပါတယ်။
သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေကို လေးစားသောအားဖြင့် ရုပ်အကြွင်းတွေနှင့် အသုံးအဆောင်တွေကို ထုတ်ပစ်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ ဆစ်ဒနီအခြေစိုက် ဆိုင်းလင့်ဝေါ့ဖောင်ဒေးရှင်းရဲ့ စနေနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။အဲဒီအဖွဲ့ဟာ ရေကြောင်းရှေးဟောင်းသုတေသနနှင့်သမိုင်းတွေကို အထူးဆောင်ရွက်တဲ့ အင်န်ဂျီအို တစ်ခုဖြစ်ပါတယ်။
သူတို့ဟာ ဒတ်ချ်နိုင်ငံက ပင်လယ်ရေနေက်အောင်တိုင်းတာရေးအထူးကျွမ်းကျင်တဲ့ Fugro နှင့် ဩစတြေလျ ကာကွယ်ရေး ဌာနတို့နှင့်အတူ ယခုရှာဖွေမှုကိုပြုလုပ်ခဲ့တာပါ။
မွန်တီဗီဒီယို မာရူးဟာ ပါပူအားနယူးဂီနီရဲ့ ရာဘာရူကျရှုံးပြီးနောက်ဖမ်းဆီးရမိတဲ့ အကျဉ်းသားတွေနှင့် အရပ်သားတွေကို တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားသူ ၁၀၈၀ဟာ နိုင်ငံပေါင်း ၁၄နိုင်ငံကဖြစ်ပြီး ဩစတြေလျက ၉၇၉ဦးပါဝင်ခဲ့ပါတယ်။
Source :NY Post
#မွန်နီဗီဒီယိုမာရူး
#ဒုကမ္ဘာစစ်အတွင်းနစ်မြုပ်ခဲ့သည့်ဂျပန်ကုန်သွယ်ရေကြောင်းသင်္ဘောပြန်တွေ့
Published 23 April 2023
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့အနီးမှ ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈နှင့် ၆၉ တာဝါတိုင်သုံးတိုင်မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ ပျက်စီးသွားခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြီးစီးရေး ပြန်လည် ပြုပြင်တည်ဆောက်နေတယ်လို့သိရပါတယ်။
အဆိုပါ ၂၃၀ ကေဗွီ ဘဲလင်း - အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ဧပြီ ၂၀ ရက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတာဝါတိုင်သုံးတိုင် ပြိုလဲပျက်စီးသွားခဲ့၍ အဆိုပါဒေသများတွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။
အဲဒါကြောင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံး လေးရုံးနှင့် မဟာဓာတ်အားလိုင်းမှူးရုံး သုံးရုံးတို့မှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၅၀ ဖြင့် အဖွဲ့ သုံးဖွဲ့ခွဲကာ ဓာတ်အားလိုင်းတာဝါတိုင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ ဧပြီ၂၂ရက် မွန်းလွဲပိုင်းက အဆိုပါတာဝါတိုင်များ ပြန်လည်ပြုပြင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်သူများလျှပ်စစ် ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန် ဆုံး ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဂရုပြုဆောင်ရွက်သွားရန် မှာကြာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
#YangonMediaGroup
#လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
# တာဝါတိုင်အမှတ်၆၇၊ ၆၈နှင့် ၆၉လေပြင်းကြောင့်ပြိုလဲ
#World_Health
Published 23 April 2023
တေးဂီတလေ့ကျင့်ခြင်းရော နားဆင်ခြင်းကပါ အသက်အရွယ်ကြီးသူတွေမှာ ဦးနှောက်ထဲရှိ မီးခိုရောင်သားနေရာထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ အသိဉာဏ်စွမ်းရည်လျော့ကျခြင်းကို ပြောင်းလဲပေးနိုင်ကြောင်း ဆွစ်ဇာလန်လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
ပုံမှန်ဆိုရင် အသက်ကြီးလာတဲ့အခါ အသိဉာဏ်စွမ်းရည်ယုတ်လျော့မှု ပိုမိုဆိုးရွားလာတတ်ပါတယ်။
ဦးနှောက်ပုံစံနဲ့ ချိတ်ဆက်မှုတွေက ပတ်ဝန်းကျင်နဲ့ တွေ့ကြုံမှုပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။
ဥပမာအားဖြင့် အတတ်ပညာအသစ်တွေကို သင်ယူခြင်း၊ လေဖြတ်ခြင်းနောက်ဆက်တွဲဆိုးကျိုးများကို ကျော်ဖြတ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဒီလိုအရာမျိုးလျော့နည်းလာတဲ့အပြင် တန်ဖိုးရှိ နျူရွန်အာရုံကြောမျှင်လေးများရှိနေတဲ့ မီးခိုးရောင်သားနေရာတွေလည်း ယုတ်လျော့လာပါတယ်။
တဖြည်းဖြည်းနဲ့ အသိဉာဏ်စွမ်းရည်ကျဆင်းလာပြီး အဓိကလုပ်ဆောင်ချက်ဖြစ်တဲ့ မှတ်ဉာဏ်စွမ်းရည်ဟာ အထိခိုက်နေရာဖြစ်နေပါတယ်။
ဒါဟာ အချက်အလက်တွေကို ယာယီပြန်ရယူပြီး မှတ်ဉာဏ်ပြန်ဖော်တဲ့ ဖြစ်စဉ်မျိုးဖြစ်ပါတယ်။
ဂျီနီဗာတက္ကသိုလ်၊ ဆွစ်ဇာလန်ဖက်ဒရယ်နည်းပညာတက္ကသိုလ်တို့မှ အဖွဲ့က အသက် ၆၂ နှစ်မှ ၇၈ နှစ်ကြား ကျန်းမာသန်စွမ်းပြီး ဂီတပညာမသင်ဖူးတဲ့ အငြိမ်းစား ၁၃၂ ဦးကိုခေါ်ယူကာ စန္ဒရားနဲ့ဂီတအကြောင်း ၆ လသင်ကြားပေးခဲ့ပါတယ်။
တေးဂီတပါဝင်ပတ်သက်နေခြင်းက ဦးနှောက်မှာယေဘုယျအားဖြင့် ကျုံ့သွားတာတောင် မီးခိုးရောင်သားနေရာနဲ့ မှတ်ဉာဏ်စွမ်းရည်တို့ကို မြှင့်တင်ပေးနိုင်တယ်လို့ NeuroImage Reports မှာ ဖော်ပြခဲ့ကြပါတယ်။
ရလဒ်များအရ တေးဂီတလေ့ကျင့်နားထောင်ခြင်းဟာ ဦးနှောက်ကျုံ့နိုင်ချဲ့နိုင်စွမ်းနဲ့ အသိဉာဏ်စွမ်းရည်တို့ကို မြှင့်တင်ပေးကြောင်း တွေ့ရှိရပါတယ်။
အာရုံကြောပုံရိပ်ဖော်ပြချက်များအရ မှတ်ဉာဏ်ပိုင်းမှာပါဝင်တဲ့ ဆယ်ရီဘယ်လမ်နေရာအပါအဝင် အဆင့်မြင့်အသိဉာဏ်စွမ်းရည်လုပ်ဆောင်ချက်တွေမှာ ပါဝင်တဲ့ ဦးနှောက်အစိတ်အပိုင်း ၄ ပိုင်းထဲက မီးခိုးရောင်သားနေရာမှာ များပြားလာတာကိုတွေ့ခဲ့ရတယ်လို့ စိတ်ကျန်းမာရေးပရော်ဖက်ဆာ'ကလဲရာဂျိမ်းစ်'က ဆိုပါတယ်။
စန္ဒရားသင်ကြားသူတွေမှာ မီးခိုးရောင်သားနေရာက အသံလုပ်ဆောင်ချက်နေရာဖြစ်တဲ့ ညာဘက်အကြားအာရုံနေရာအပိုင်းမှာ တည်မြဲနေပြီး ဂီတနားထောင်တဲ့သူအဖွဲ့မှာတော့ ထိုအရာကလျော့နည်းလာပါတယ်။
ပါဝင်စမ်းသပ်သူအားလုံးမှာ ဦးနှောက်အစိတ်အပိုင်းအားလုံး ကျုံ့သွားတာကြောင့် ဂီတလေ့ကျင့်သင်ကြားခြင်းက ဦးနှောက်ကိုပြန်လည်နုပျိုစေတယ်လို့ မဆိုနိုင်ပဲ အစိတ်အပိုင်းအချို့မှာသာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တာဖြစ်တယ်လို့ သုံးသပ်ရမှာပါ။
Source: The Jerusalem Post #World_Health #ဂီတလေ့ကျင့် #ဦးနှောက်အစိတ်အပိုင်း
#အသိဉာဏ်စွမ်းရည်
#YMG #Yangon_Media_Group
#World_Health
Published 23 April 2023
ကမ္ဘာ့နိုင်ငံအချို့မှာ ကိုဗစ်ကူးစက်မှုပြန်အဖြစ်များလာချိန်မှာ ဆီးချိုရောဂါဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ လေ့လာချက်အသစ်တစ်ခု ပေါ်ထွက်လာပါတယ်။
ကပ်ရောဂါပျံ့ပွားတာ ၃ နှစ်ရှိလာသည့်တိုင်အောင် ကိုရိုနာဗိုင်းရပ်စ်က သက်ရောက်နေဆဲဖြစ်ပါတယ်။
ဗန်ကူဗာ ဗြိတိသျှကိုလံဘီယာရောဂါထိန်းချုပ်ရေးစင်တာနဲ့ စိန့်ပေါလ်ဆေးရုံတို့မှ သုတေသီများက SARS-Cov-2 ကူးစက်မှုကြောင့် ဆီးချိုရောဂါနဲ့ဆက်စပ်တာကို အဓိကလေ့လာခဲ့ကြပါတယ်။
လေ့လာချက်အရ SARS-CoV-2 ကူးစက်မှုဟာ ဆီးချိုရောဂါဖြစ်နိုင်ချေနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆီးချိုရောဂါကို ပိုမိုပြင်းထန်တဲ့ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရလဒ်များနဲ့ဆက်စပ်နေတဲ့ အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ယခင်ရှိပြီးသားဆီးချိုလက္ခဏာများ ပိုမိုဆိုးရွားလာခြင်းနဲ့ ဆက်စပ်နေပါတယ်။
ကိုဗစ်ရောဂါပိုးရှိပြီး ဆီးချိုဖြစ်နိုင်ချေမြင့်မားတဲ့ လူ ၆၂၉,၉၃၅ ဦးကို သုတေသီများ စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။
လေ့လာချက်များအရ ကိုဗစ်ကူးစက်ခံထားရသူများဟာ ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်နိုင်ချေ မြင့်မားပြီး နောက်ထပ်ဆီးချိုဖြစ်ပွားသူတွေရဲ့ ၃ - ၅ ရာခိုင်နှုန်းလောက်က ကိုဗစ်ကြောင့်ဖြစ်တာလို့ ဖော်ပြထားပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်က အသက်ရှူစနစ်ကို အဓိကထိခိုက်တယ်လို့ သိရှိထားကြပေမယ့် အခြားအင်္ဂါစနစ်တွေလည်းထိခိုက်နိုင်ပြီး လတ်တလောနဲ့ နာတာရှည်နောက်ဆက်တွဲလက္ခဏာများ ဖြစ်လာနိုင်ပါတယ်။
Source: India Today #World_Health #ဆီးချို #ကိုဗစ်ရောဂါကူးစက်ခြင်း
#YMG #Yangon_Media_Group
Page 1189 of 1920