၁၅ စက်တင်ဘာ ၂၀၂၃  

မြန်မာနစကအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်တို့ဟာ နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူပေါင်းဆောင်ရွက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ TASS သတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။

“ ကျွန်တော်တို့ဟာ စွမ်းအင်၊ ငြိမ်းချမ်းသော နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေး၊ လေကြောင်းပျံသန်းရေး၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နည်းပညာ၊ ကမ္ဘာမြေ remote probing အပါအဝင်  အာကာသလုပ်ငန်းများ၊ စိုက်ပျိုးရေး၊စားသောက်ကုနလုပ်ငန်းနှင့် ပို့ဆောင်ရေး အခြေခံအဆောက်အဦစတဲ့ နယ်ပယ်တွေမှာ အထူးအလားအလာရှိတာ သတိပြုမိကြပါတယ်။ ပြီးတော့  နှစ်နိုင်ငံ ဗဟိုဘဏ်တွေအပါအဝင် ဘဏ္ဍာရေးနှင့်ဘဏ်စနစ်အခြေခံ အဆောက်အဦတွေ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အထူးတလည် အာရုံစိုက်ဆွေးနွေးခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

“ ပြင်ပအခြေအနေတွေကြောင့် ကုန်သွယ်ရေးအနုတ်အသိမ်းတွေ ကျဆင်းနေရတဲ့ ကုန်သွယ်ရေးနှင့်စီးပွားရေး ပြဿနာတွေကိုလည်း ကျွန်တော်တို့ အတော် အာရုံစိုက်ခဲ့ကြပါတယ်။ အဲဒီဦးတည်မှုကို ပြန်ပြောင်းပစ်ဖို့နှင့် ကောင်းမွန်တဲ့ တိုးတက်မှုတွေအတွက် လုပ်ဆောင်ရမယ့်ကိစ္စတွေလည်း စဉ်းစားခဲ့ကြပါတယ်” လို့ သူကဆက်ပြောပါတယ်။

မြန်မာဝန်ကြီး ဦးသန်းဆွေကလည်း နယ်ပယ်များစွာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖို့ မြန်မာက နည်းလမ်းရှာဖွေနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့ပါတယ်။

“ ပြီးခဲ့တဲ့ ဗလက်ဒီဗိုစတော့ခ် အရှေ့ဖျားစီးပွားရေးဖိုရမ်တုန်းက ရရှိခဲ့တဲ့ရလဒ်တွေကို ထောက်ခံအားပေးဖို့ ကျွန်တော်တို့ကိုယ်စားလှယ် အဖွဲ့ရောက်လာတာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း နယ်ပယ်အားလုံးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖို့ နှစ်ဖက်သဘောထား တူညီမှုတွေ ကျွန်တော်တို့ရှာဖွေပါမယ်” လို့ ဦးသန်းဆွေက ဆက်လက်ပြောဆိုပါတယ်။

လာရော့ဗ်ကလည်း  မော်စကိုနှင့်နေပြည်တော်တို့ဟာ အမြင့်ဆုံးအဆင့်အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ယုံကြည်မှုကိုဖော်ပြပြီးပြန်လည်ပြောဆိုခဲ့ပါတယ်လို့သတင်းများမှာဖော်ပြထားပါတယ်။

“ ကုန်သွယ်ရေး၊စီးပွားရေး၊ယဉ်ကျေးမှုနှင်ပညာရေးနယ်ပယ်တွေပါတဲ့ နယ်ပယ်အာလုံးမှာ အလွန်အလုပ်များတဲ့ နှစ်နိုင်ငံပူးပေါင်း‌ ဆောင်ရွက်မှုတွေ ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းနေပါတယ်။ အဆွေတော်ရဲ့ အရှေ့တောင်အာရှအခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ မျက်မှောက် အခြေအနေတွေနှင့်ပတ်သက်လို့ ကျွန်တော်တို့ဆွေးနွေးကြတာ အမြင်ချင်းဖလှယ်တာနှင့် ထောက်ခံချက်ပေးတောတွေ အားလုံး ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်” လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပါတယ်။