#Local_News
Published-15 September 2023


ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်​က မြန်မာအလုပ်သမားဦး​ရေ (၁၀၀၀)​ ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်​နိုင်​ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာလ ၁၅ရက်(ယနေ့) ထုတ်ပြန်​လိုက်​သည်​။

 

မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ ​စက်တင်ဘာလ (၁) ရက်​မှ (၁၅) ရက်​​အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၂) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်​ဟု ပါရှိသည်။

 

အဆိုပါထုတ်​ပြန်​ချက်​အရ ဂျပန်ကုမ္ပဏီ (၃၀၀)​ကျော်​က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)​​​​ကျော်​၊ အမျိုးသ မီး( ၇၀၀)​ခန့် ၊ စုစု​ပေါင်း ဦး​ရေ (၁၀၀၀ )​ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်​။

 

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

 

Wynn Mandalay Trading ကုမ္ပဏီ၏ ဥက္ကဌ ဒေါက်တာသင်ဇာကလည်း Wynn Mandalay Trading Company ကလည်း ဂျပန်နိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်၍ မြန်မာလုပ်သားများကို အလုပ်အကိုင်အခွင့်အလမ်းပေးရန်ဆောင်ရွက်နေပြီး လတ်တလောတွင် အဆိုပါကုမ္ပဏီအနေဖြင့် လတ်တလောတွင် ဂျပန်နိုင်ငံ၌ စက်ရုံတစ်ရုံဝယ်ယူရန်နှင့် စက်ရုံတစ်ရုံငှား၍ ဂျပန်နိုင်ငံရှိနည်းပညာရှင်များကို ခေါ်ယူ၍ မြန်မာလုပ်သားများကို အလုပ်အခွင့်များဖန်တီးပေးရန် လျာထားကြောင်းဆိုသည်။

 

"လတ်တလောအ​နေနဲ့က စက်ရုံ တစ်ရုံငှားဖို့လုပ်ထားတယ်။ ပြီးရင် ဂျပန် နည်းပညာရှင်ကိုခေါ်ပြီး ဒီဘက်ကိုပို့လိုက်တဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံမှာထားမယ်။ မြန်မာစားသောက်ဆိုင်လေးတွေဖွင့်မယ်။ မြန်မာ traditional ပစ္စည်းလေးတွေရောင်းချမယ်။ အဓိက ကတော့ ဂျပန်နိုင်ငံရဲ့ FDAလို အသိအမှတ်ပြုတဲ့ လက်မှတ်နဲ့ထုတ်လုပ်မယ်။ ပြီးရင် မြန်မာနိုင်ငံကို ဒီနည်းပညာတွေသယ်ဆောင်လာပြီး ဒီမှာထုတ်လုပ်ဖို့ရည်မှန်းလုပ်ဆောင်နေပါတယ်"ဟု ယင်းကုမ္ပဏီ၏ဥက္ကဌ ဒေါက်တာသင်ဇာမှ ဆိုသည်။

 

ပြီးခဲ့သည့်ြသဂုတ်​လ (၁၆) ရက်​မှ (၃၁) ရက်​​အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့​သော အလုပ်ကမ်းလှမ်းစာ (၃၇၀) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦး​ရေ (၁၂၀၀)​​ခန့် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်​။

 

#Local_News #ဂျပန်ကုမ္ပဏီ(၃၀၀)​ကျော်​ #မြန်မာအလုပ်သမားခေါ်ယူ
#Yangon_Times/PP