#Local_News
Published-15 September 2023

တောင်ကိုးရီးယားနိုင်ငံတွင် ​မြန်မာလုပ်သား ၁ဦး  အခန်းတွင်အိပ်နေရင်းသေဆုံးမှုဖြစ်ခဲ့ကြောင်း ကိုးရီးယားရောက် မြန်မာများကိုကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သိရသည်။

 

ကိုးရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဟွာဆောင်မြို့ အုဂျောင်အွတ်ရှိ နေအိမ်တွင် စက်တင်ဘာလ ၁၄ရက် ည၈နာရီ၃၀မိ နစ်အချိန်ခန့်က ကိုရဲထက်အောင်သည် အလုပ်ဆင်းရန် အခန်းတွင်အိပ်နေစဥ် အလုပ်မှပြန်လာကြသည့်သူငယ်ချင်းတစ်စုက ကိုရဲထက်အောင်ကိုလှုပ်နှိုးသည့်အခါ ခန္ဓာကိုယ်ကတောင့်နေပြီး နိုးလာခြင်း မရှိတော့ကြောင်း သိရသည်။

 

"​သေဆုံးသူကိုရဲထက်အောင်ဟာ ကိုးရီးယားသို့ ရောက်ရှိချိန်တစ်နှစ်မပြည့်သေးဘူး။ သေဆုံးသူမှာ ကလေး ၂ဦးရဲ့ ဖခင်ဖြစ်တယ်"ဟု ကိုဇော်မိုးအောင်ထံက သိရသည်။

 

သို့​ဖြစ်ပါ၍ အခန်းရှိ သူငယ်ချင်းများက ၁၁၉ ကို ဖုန်းဆက် အကူအညီတောင်းခဲ့၍ ဟွာဆောင်ရဲစခန်းမှ ရဲဝန်ထမ်းများ ရောက်လာလာကာ  ကိုရဲထက်အောင်၏ သေဆုံးမှုကို စစ်ဆေး ဟွာဆောင် အအေးတိုက်သို့ ပို့ဆောင်ပေးလိုက်ကြောင်းသိရပြီး ဟွာဆောင် ရဲစခန်းတာဝန်ရှိ ရဲဝန်ထမ်းများက ကိုရဲထက်အောင်၏ ရုပ်အလောင်းကို ထပ်မံစစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုပါက နာရေး အစီအစဥ်ကို ထပ်မံကြေညာပေးမည်ဟု သိရသည်။

 

သေဆုံးသူ ကိုရဲထက်အောင်သည် အသက် ၃ဝအရွယ်ရှိပြီး မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် သမန်းတောကျေးရွာ ဦးဝင်းရွှေ၊ ဒေါ်စန်းအေးတို့၏ သား​ဖြစ်ကြောင်း သိရပြီး ရန်ကုန်မြို့နေ မနှင်းဝေအောင်၏ ခင်ပွန်းဖြစ်ကြောင်းနှင့် ကလေး ၂ဦးရှိကြောင်းလည်း သိရသည်။

 

#Local_News #တောင်ကိုးရီးယား #မြန်မာလုပ်သား၁ဦးသေဆုံး
#Yangon_Times/PP