၁၇ ဇွန် ၂၀၂၃
လာမယ့်တနင်္ဂနွေနေ့မှာ မြန်မာနစကနှင့် ဖိတ်ကြားထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အပြည့်အဝ ပြန်လည်ထိတွေ့ဆက်ဆံရေးကိစ္စ အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုဆွေးနွေးကြမယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေးအတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝင်င်နိုင်း က အာဆီယံအသင်းကြီးဆီကို ဇွန် ၁၄ရက်က အဆိုပြုစာတစ်စောင်ပေးပို့ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လက အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုထားပါတယ်။ တနင်္ဂနွေနေ့ အစည်းအဝေးကို မြန်မာနစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားထားတယ်လို့ သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာကိုအတည်ပြုပေးတယ်လို့သိရပါတယ်။ ဒါပေမယ့် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ အစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီအစည်းအဝေကိစ္စ မကြားဖူးဘူးလို့လည်း ရိုက်တာသတင်းဌာနကိုပြောပါတယ်.
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုစာထဲမှာ ဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေးအစီအစဉ်အတွက် ကနဦးခြေလှမ်းရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး ထိပ်သီးအစည်းအဝေးမှာ အာဆီယံဟာ မြန်မာနိုင်ငံကို ခေါင်းဆောင်အဆင့် အပြည့်အဝေပြန်လည် ထိတွေ့ဆက်ဆံမှုပြုလုပ်သင့်တယ်လို့ ရေးသားထားပါတယ်။
သတင်းအရင်းအမြစ်- ရိုက်တာ
#YangonMediaGroup
#YangonTimes
#World_Military
Published_17 June 2023
ဘီလာရုစ်နိုင်ငံထဲမှာ ဗျူဟာမြောက်နျူကလီးယားလက်နက်များ နေရာချထားကြောင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'က သောကြာနေ့က ပြောကြားလိုက်ကာ သူပထမဆုံးအနေနဲ့ အတည်ပြုပြောကြားလိုက်တဲ့အရာက အမှန်တကယ်ဖြစ်လာပါတယ်။
ဒါဟာ ရုရှာအပေါ် ဗျူဟာကျကျအနိုင်ပိုင်းလို့ မရဘူးဆိုတာကို အနောက်နိုင်ငံအား သတိပေးရာကျနေပါတယ်။
စိန့်ပီတာဘာ့ဂ်ရှိ ရုရှားအထိမ်းအမှတ်စီးပွားရေးဖိုရမ်မှာ ပူတင်ပြောကြားရာ ရုရှားမှ နျူကလီးယားထိပ်ဖူးတွေကို အိမ်နီးချင်းမဟာမိတ်ဘီလာရုစ်သို့ ပေးပို့ထားပြီဖြစ်ပြီး အခုအချိန်မှာတော့ အသုံးချရန်မလိုအပ်သေးကြောင်း ပြောကြားခဲ့ပါတယ်။
"သိထားတဲ့အတိုင်း မဟာမိတ်နိုင်ငံဖြစ်တဲ့ ဘီလာရုစ်သို့ နျူကလီးယားလက်နက်များရွှေ့ပြောင်းရန် သမ္မတလူကာရှန်ကိုနဲ့ ညှိနှိုင်းနေပြီး အခုဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်" လို့ မိန့်ကြားလိုက်ပါတယ်။
"ဒါဟာ ပထမအချီပေးပို့ခြင်းသာဖြစ်ပြီး အားလုံးပေးပို့ဖို့အတွက်တော့ ယခုနှစ်ကုန် ဒါမှမဟုတ် နွေရာသီကုန်ကျမှ ပြီးမြောက်မှာဖြစ်ပါတယ်" အခုလို ရုရှားဘက်က တာတိုပစ်နျူကလီးယားလက်နက်တွေ နေရာချလာတာဟာ ဆိုဗီယက်ပြည်ထောင်စုကျဆုံးပြီးနောက်ပိုင်း ရုရှားပြင်ပမှာ ပထမဆုံးအနေနဲ့ စစ်မြေပြင်မှာ အသုံးပြုလာဖွယ်ရှိနေပါတယ်။
ဒါ့အပြင် ယူကရ်န်းကို လက်နက်နဲ့ အကူအညီများထောက်ပံ့နေတဲ့ အနောက်နိုင်ငံကို သတိပေးတဲ့သဘောလည်း ဖြစ်နေပါတယ်။
"ရုရှားကိုအနိုင်ပိုင်းမယ်လို့ ထင်နေကြတဲ့သူတွေအနေနဲ့ ဒီအခြေအနေကို မေ့မထားဖို့ သတိပေးချင်ပါတယ်" လို့ ဆိုပါတယ်။
၁၉၄၅ ခုနှစ် ဂျပန်ကို အမေရိကန်တွေကျဲချခဲ့တဲ့ နျူကလီးယားဗုံးတွေထက် ၃ ဆပိုမိုအားကောင်းတဲ့ ရုရှားနျူကလီးယားလက်နက်တွေကို စတင်လက်ခံနေပြီလို့ ပူတင်ရဲ့မဟာမိတ်လူကာရှန်ကိုက အင်္ဂါနေ့နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။
ဥရောပနိုင်ငံတွေမှာ အမေရိကန်က ဒီလိုလက်နက်တွေ နေရာချထားတာကို ထောက်ပြပြီး ရုရှားကလည်း ဘီလာရုစ်မှာ နျူကလီးယားလက်နက်များ ဖြန့်ကျက်ရန် မတ်လက ကြေညာခဲ့ဖူးပါတယ်။
Source: Reuters
#Yangon_Media_Group #Daily_News #YMG
#World_Science
Published_ 17 June 2023
ကြက်ဥကအရင်ဖြစ်လား ကြက်သတ္တဝါက အရင်ဖြစ်လားဆိုတာက ခေတ်ကာလတွေကြာတဲ့တိုင် စဉ်းစားစရာဖြစ်နေပါတယ်။
နောက်ဆုံးမှာ သိပ္ပံပညာရှင်တွေက ကုန်းနေရေနေသတ္တဝါများနဲ့ အိမ်မြှောင်များအကြောင်း လေ့လာမှုအပေါ်အခြေခံကာ အဖြေဖော်ထုတ်နိုင်မယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်လာကြပါတယ်။
မျက်မှောက်ကာလတွားသွားသတ္တဝါများ၊ ငှက်များ၊ နို့တိုက်သတ္တဝါများရဲ့ အစောဆုံးမျိုးဆက်တွေဟာ ဥမဥဘဲနဲ့ အကောင်လိုက်မွေးဖွားတာဖြစ်နိုင်တယ်လို့ တွေ့ရှိလာပါတယ်။
ဒီသုံးသပ်ချက်ဟာ ရုပ်ကြွင်းမျိုးစိတ် ၅၁ မျိုးနဲ့ သက်ရှိမျိုးစိတ် ၂၉ မျိုးအပေါ် အခြေခံထားတာဖြစ်ပါတယ်။
ဥဥတဲ့မျိုးစိတ်တွေဖြစ်တဲ့ အိုဗီပဲရပ်စ်တွေက ဥဥပေးကြပြီး ဗီဗီပဲရပ်စ်တွေကတော့ အကောင်လိုက်မွေးဖွားကြပါတယ်။
သန္ဓေတည်ခြင်း ဒါမှမဟုတ် သန္ဓေသားဖွံ့ဖြိုးမှုဖြစ်တဲ့ ကျောရိုးရှိအဖွဲ့များ မပေါ်ပေါက်မီက ငါးနဲ့တူတဲ့ဆူးတောင်တွေကနေ ခြေလက်များထွက်လာတဲ့ ပထမဆုံးတက်ထရာပေါ့များဟာ အများစုက ကုန်းနေရေနေသတ္တဝါများဖြစ်ကြောင်း သုတေသီများရှင်းပြခဲ့ပါတယ်။
ဖားများ၊ ပုတ်သင်များကဲ့သို့ ကုန်းနေရေနေသတ္တဝါများ အစားစားဖို့နဲ့ မွေးမြူရန်အတွက် ရေအနီးနားမှာနေထိုင်ခဲ့ကြပါတယ်။
အိမ်မြှောင်များနဲ့ မြွေအများအပြားဟာ ဥဥခြင်းနည်းလမ်းရော၊ အကောင်လိုက်မွေးခြင်းနည်းလမ်းမှာပါ အဆင်ပြေအောင် မျိုးပွားနိုင်ကြတာကို သုတေသီများက ထင်မြင်နေကြပါတယ်။
ရုပ်ကြွင်းများလေ့လာခြင်းဖြင့် မျိုးစိတ်အများစုက အကောင်လိုက်မွေးဖွားကြပြီး ဥဥခြင်းနဲ့ အကောင်လိုက်မွေးခြင်းကြား ပြောင်းလဲမှုကိုဖော်ပြနေပါတယ်။
အကောင်လိုက်မွေးဖွားတာနဲ့ ဥဥမွေးဖွားတာတို့က ဖွံ့ဖြိုးမှုအဆင့်မတူညီကြသလို ဂေဟစနစ်အရ အားသာချက်တွေလည်း ရှိနေနိုင်ကြောင်း ဒေါက်တာ'ဂျိုဆပ်ကီတင်'က ရှင်းပြလိုက်ပါတယ်။
အပြည့်အဝကောက်ချက်မချနိုင်သေးပေမယ့် အုပ်ထိန်းမှုလိုက်လျောညီထွေစွာဖြင့် အစောပိုင်းကတိရိစ္ဆာန်တွေမှာ အကာအကွယ်အားသာချက် ဖြစ်ခဲ့ဟန်ရှိကြောင်း အကြုံပြုခဲ့ကြပါတယ်။
Source: India Today
#World_Science #ကြက်နှင့်ကြက်ဥ #အဖြေထုတ်ဖို့နီးစပ်လာနေ
#YMG #Yangon_Media_Group
#World_Health
Published_17 June 2023
လက်ရှိနွေရာသီက လူသားတွေအပေါ် သနားညှာတာခြင်းမရှိဘဲ အပူချိန်က ဆက်လက်မြင့်တက်နေပုံရပါတယ်။
ဒါကြောင့် ကလေးငယ်များ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါတယ်။
လူ့ခန္ဓာကိုယ်က ရေဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်ကာ ကလေးတွေမှာ ပို၍ပင်များပြားပြီး မရှိမဖြစ်အရေးပါပါတယ်။
ရေဓာတ်ဆုံးရှုံးတဲ့အခါ လူတစ်ယောက်က ရေဓာတ်ရရှိတာထက် ဆုံးရှုံးခြင်းပိုပြီးများပြားတာပဲ ဖြစ်ပါတယ်။
ရေဓာတ်ရရှိမှုနဲ့ ဆုံးရှုံးမှုကြားကွာခြားချက် ပိုမိုကြီးမားလာပါက ပိုပြီးအန္တရာယ်များလာလေဖြစ်ပါတယ်။
ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာတွေကို သိရှိဖို့ခက်ခဲပြီး အသက်ရှူမြန်ခြင်းကဲ့သို့ လက္ခဏာတွေကပင် သတိမထားမိဘဲ ဖြစ်သွားတတ်ပါတယ်။
ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတို့ပါ ပေါင်းဖြစ်ရင် ပိုမိုဆိုးရွားနိုင်ပြီး ချွေးထွက်လွန်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆေးဝါးအချို့တို့ကြောင့်လည်း ပိုဆိုးတတ်ပါတယ်။
ကလေးတွေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာတွေကတော့..
- တစ်နေ့မှာ စိုစွတ်တဲ့ကလေးအနှီး ၄ ထည်အောက်သာလဲရခြင်း
- ငိုယိုရာမှာ မျက်ရည်မထွက်ခြင်း
- မျက်ကွင်းညိုခြင်း
- နှုတ်ခမ်းခြောက်ခြင်း
- ခြေဖျားလက်ဖျားအေးခြင်း
- ကဏာမငြိမ်ခြင်း၊ ငိုက်မျဉ်းခြင်း၊ မူးဝေခြင်း
- အသက်ရှူမြန်ခြင်း
ကလေးက ရေဓာတ်ခန်းခြောက်နေတယ်ဆိုရင် ဆေးရုံကိုသွားပြီး ဘယ်လောက်ဆိုးရွားလဲဆိုတာကို ဆရာဝန်များဖြင့် စစ်ဆေးသင့်ပါတယ်။
အသက် ၆ လအောက်ကလေးတွေမှာ ဝမ်းလျှော့ပျို့အန်ခြင်း၊ အရည်မသောက်ခြင်း၊ အဖျားရှိခြင်းတို့ကြုံတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်သင့်ပါတယ်။
Source: The Jerusalem Post
#YMG #Yangon_Media_Group
#LocalNews
Published_ 16 May 2023
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးအတွက် ဇွန်လ ၁၆ရက်နေ့ နေ့လည် ၁၂ နာရီမှစပြီး သိန်း၃၀ ၅ သောင်း ကျပ်နဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်းရဲ့ တရား၀န်လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
#YMG #Yangon_Media_Group
၁၆ ဇွန် ၂၀၂၁
တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ အုတ်မြစ်ဟာ ပြည်သူများတွင်တည်ရှိနေတာဖြစ််တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမှာရောက်ရှိနေတဲ့ ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းရဲ့ ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ ဘီလ်ဂိတ်ကို သောကြာနေ့က ပြောကြားလိုက်ပါတယ်။
“ အဆွေတော်ကို တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်တို့မတွေ့တာ သုံးနှစ်ကျော်ပါပြီ။ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆွေတော်က အများကြီးလုပ်ဆောင်နေခဲ့ပါတယ်။ အဆွေတော်ဟာ ကျွန်တော်တို့ရဲ့ မိတ်ဟောင်း ဆွေဟောင်းပါ။ ဒီနှစ်အတွင်းမှာ အဆွေတော်ဟာ ကျွန်တော်ပထမဆုံးတွေ့ဆုံရတဲ့ အမေရိကန်မိတ်ဆွေပါ” လို့ ရှီက မိုက်ခရိုဆော့ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ကိုပြောဆိုခဲ့ပါတယ်။
Source CCTV+
#ရှီကျင်ဖျင်နှင့်ဘီလ်ဂိတ်
#တရုတ်-အမေရိကန်ဆက်ဆံရေး
#YangonMediaGroup
#World_Entertainment
Published_16 June 2023
ဂျေကေရိုးလင်းရဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းများဟာ နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာတဲ့တိုင်အောင် ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်းများစွာကို စွဲဆောင်ထားနိုင်ဆဲဖြစ်ပါတယ်။
#World_Entertainment #ဟယ်ရီပေါ်တာစတူဒီယိုပြခန်းကြီး #တိုကျို၌စတင်ဖွင့်လှစ်
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈) ဘီလီယံထုတ်ချေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲကထုတ်ပြန်ထားပါတယ်။
#Local_News #စီးပွားမြှင့်တင်ရေးရန်ပုံငွေ #MSMEလုပ်ငန်းများသို့ထုတ်ချေးမည်
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ပြည်တွင်းမှာ သုံးဆွဲနေတဲ့ ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိင်ရာ အော်ပရေတာများတွင် ဇွန်လ ၂၁ ရက်နေ့အထိ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်အသိပေးစာတိုများ ပေးပို့ထားတယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများထဲမှ သိရပါတယ်။
#Local_News #SIMကဒ်များဇွန်လ၂၁ရက်နေ့အတွင်းအပြီးပြန်လည်မှတ်ပုံတင်ရန် # ကြားပွဲစားများကိုငွေကျပ်၁၀၀၀ပေးပြီးမှတ်ပုံတင်နေရ
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ပြည်တွင်းမှာ သုံးဆွဲနေတဲ့ ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိင်ရာ အော်ပရေတာများတွင် ဇွန်လ ၂၁ ရက်နေ့အထိ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်အသိပေးစာတိုများ ပေးပို့ထားတယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများထဲမှ သိရပါတယ်။
#Local_News #SIMကဒ်များဇွန်လ၂၁ရက်နေ့အတွင်းအပြီးပြန်လည်မှတ်ပုံတင်ရန် # ကြားပွဲစားများကိုငွေကျပ်၁၀၀၀ပေးပြီးမှတ်ပုံတင်နေရ
#YMG #Yangon_Media_Group
#Local_News
Published_ 16 June 2023
ရန်ကုန်မြို့တွင်း day ကလပ်တွေမှာ Happy Waterဆိုတဲ့ မူးယစ်ဆေးဝါးတစ်မျိုး ပျံ့နှံနိုင်တဲ့အတွက် ကလပ်ကိုသွားကြတဲ့လူငယ်တွေအနေနဲ့ အထူးသတိပြု ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်။
#Local_News #ရန်ကုန်တွင်HappyWater #လူငယ်များသတိပြုရှောင်ကြဉ်ရန်
#YMG #Yangon_Media_Group
#Daily_News
Published_ 16 June 2023
၁။ ရန်ကုန်တွင် Happy Water ဆိုသည့် မူးယစ်ဆေးတစ်မျိုး ပျံနှံနိုင်၍ လူငယ်များသတိပြုရှောင်ကြဉ်ရန် လိုဟုဆို
၂။ SIM ကဒ်များ ဇွန်လ ၂၁ရက်နေ့ အတွင်းအပြီး ပြန်လည်မှတ်ပုံတင်ရန် သတိပေးထားပြီး ကြားပွဲစားများကို ငွေကျပ်၁၀၀၀ ပေးပြီး မှတ်ပုံတင်နေရဟုဆို
၃။ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈) ဘီလီယံအား MSME လုပ်ငန်းများသို့ ထုတ်ချေးမည်
၄။ ဟယ်ရီပေါ်တာ စတူဒီယိုပြခန်းကြီးအား ဇွန်လ(၁၆)ရက်နေ့တွင် တိုကျို၌ စတင်ဖွင့်လှစ်သွားမည် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1188 of 2001