#Local_News
Published_ 16 September 2023


ရန်ကုန်မြို့သာကေတအဝိုင်းတွင် အိမ်ယာမဲ့ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံက သိရသည်။

 

စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က သာကေတမြို့နယ်အဝိုင်းထိပ်အနီးတွင် အသက်(၄၀)နှစ်ဝန်းကျင်ခန့်လမ်းဘေးနေ အမျိုးသားတစ်ဦး ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေကြောင်းကို ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ ကသွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရာတွင်အိမ်ယာမဲ့လင်မယားနှစ်ဦးနေထိုင်တာဖြစ်ပြီး သေဆုံးသွားသူမှာ အသက်၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

 

''အဲ့နေရာမှာ အဖီလေးထိုးပြီးတော့ လင်မယားနှစ်ယောက်နေတာ အခုသေဆုံးတာက အမျိုးသား ကျန်တဲ့သူ့အမျိုးသမီးကလဲ နေမကောင်းဘူး၊ သေဆုံးသူအလောင်းကိုတော့ သယ်လာပြီးပြီ သူ့အမျိုးသမီးကတော့ အဲ့နေရာမှာပဲကျန်ခဲ့တယ်''ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းနာရေးယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။



#YMG/LW #Local_News #သာကေတအဝိုင်း #အိမ်ယာမဲ့အမျိုးသားတစ်ဦး #ပြင်ပဒဏ်ရာမရှိဘဲသေဆုံး #Yangon_Times