#Daily_News
Published_ 3 August 2023
၁။ အောင်ဘာလေထီဆုမဲပေါင်း ၁၀၀၀ ကျော် လာရောက်မထုတ်ယူပါက နိုင်ငံပိုင်သိမ်းမည်ဟုဆို
၂။ ပွင့်လင်းရာသီတွင် ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ၊ ဟိုတယ်ထိန်းသိမ်းရေးလုပ်ငန်းများကြိုတင်ဆောင်ရွက်နေ
၃။ ကျိုက်ထိုမှရန်ကုန်သို့ နေ့စဉ်ကားလက်မှတ်ခအခမဲ့ဖြင့်သွားလာနိုင်မည်ဟုဆို
၄။ ပထမနှစ်ဝက်အတွင်းကမ္ဘာလုံးဆိုင်ရာဗဟိုဘဏ်များမှ ရွှေဝယ်ယူမှု စံချိန်တင်မြင့်တက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရုရှားနှင့်အတူ BRICS အဖွဲ့ဝင်နိုင်ငံတွေနှင့် အာဖရိကနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာမင်းမူမှုကို စိန်ခေါ်မယ့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအသစ်တစ်ခုဖန်တီးဖို့ဆွေးနွေးနေကြပါတယ်။ အဲဒါဟာ အနောက်မဟုတ်တဲ့နိုင်ငံတွေအတွက် ယူရိုနှင့် အလားသဏ္ဍာန်တူတဲ့ငွေကြေးဖြစ်လာလိမ့်မယ်လို့ ရုရှား ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အလက်ဇင်းဒါး ဘာဘာကော့ဗ်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ရုရှားမီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်းမှာ ဘာဘာကော့ဗ်က မော်စကိုအနေနှင့် မိတ်ဖက်တွေနှင့်အတူ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို ဟန့်တားပစ်ဖို့ ကမ္ဘာ့အစီအစဉ်အသစ်မှာ အခန်းကဏ္ဍအသစ်တစ်ခုအတွက် အဆင်သင့် ဖြစ်နေပြီလို့ပြောပါတယ်။
ဒီကနေ့မှာ BRICS ဟာ G7 ထပ် အလားအလာပိုကောင်းနေပြီး ဒီငွေကြေးအသစ်အသုံးပြုနိုင်မယ့် ဈေးကွက်ကလည်း ကြီးမားတယ်။ ဒေါ်လာနှင့်ချည်နှောင်စရာ အကြောင်းကိုမရှိဘူးလို့လည်း သူက ပြောပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ အပြန်အလှန်ကုန်သွယ်ရေးတွေမှာ အမေရိကန်ဒေါ်လာကနေ ခွာဖို့ စဉ်းစားနေကြပါတယ်။
"Rich Dad Poor Dad" ဆိုတဲ့နာမည်ကျော်စာအုပ်ရေးခဲ့တဲ့ စာရေးဆရာ ရောဘတ်ကီယိုဆာကီက လာမယ့် BRICS ထိပ်သီးအစည်းအဝေးမှာ ဒေါ်လာပြုခြင်းပျက်ပြယ်စေမယ့်ကိစ္စတွေကို အရှိန်မြှင့်ဆွေးနွေးနိုင်တယ်လို့ သုံးသပ်ထားပါ တယ်။
အဆိုပါထိပ်သီးအစည်းအဝေးကို ဩဂုတ်၂၂ရက်မှာ ကျင်းပမှာဖြစ်ပြီး ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိက တို့ဟာ အဖွဲ့ကြီးကို အကျိုးသက်ရောက်နေတဲ့ အဓိကစီးပွားရေးပြဿနာတွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထား ကြပါတယ်။
အဆိုပါအစည်းအဝေးအတွင်း သူတို့ဟာ ရွှေကိုကျောထောက်နောက်ခံပြုထားတဲ့ ကုန်သွယ်ငွေကြေးအသစ်တစ်ခုကို ကြေညာနိုင်တယ်လို့ ကီယိုဆာကီက ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အိမ်ရှင်အဖြစ်ကျင်းပမယ့် တောင်အာဖရိက နိုင်ငံကတော့ BRICS ငွေကြေးကိစ္စ အစီအစဉ်ထဲ မပါဘူးလို့ ရိုက်တာသတင်းဌာနကို အတည်ပြုပေးထားပါတယ်။ အိန္ဒိယ ထိပ်တန်းအရာရှိတစ်ဦးကလည်း လောလောဆယ်မှာ အမေရိကန်ဒေါ်လာ အစားထိုး အစီအစဉ်မရှိသေးပါဘူးလို့ ဆိုပါတယ်။
ကီယိုဆာကီက အမေရိကန်ဒေါ်လာနိဂုံးချုပ်မှာကို အရင်ကတည်းက မကြာခဏပြောခဲ့ပြီး သူက ဒေါ်လာအစား ရွှေ၊ ငွေနှင့် ဘစ်ကွိုင်တွေကို သိမ်းဆည်းကြဖို့ သူ့ပရိဿတ်တွေကို အမြဲမှာကြားနေခဲ့ပါတယ်။ ဒေါ်လာဟာ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဗဟိုဘဏ်တွေရဲ့ အရန်ငွေကြေးတွေကနေ အသုံးပြုမှု မှေးမှိန်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဒါပေမယ့် ပညာရှင်တွေကတော့ ဒေါ်လာနေရာကို ပြိုင်ဘက်ငွေကြေးတစ်ခုခုက အစားထိုးဝင်ရောက်မှု လတ်တလော မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ထားကြပါတယ်။
Source: RT/Business Insider
မြေပြန့်ယာစပါး (၈ )မျိုး ၊ ယာစပါးမျိုးထွန်းမျိုး (၁)မျိုး နဲ့ တောင်ပေါ်ယာစပါး (၇) မျိုး၊ စုစုပေါင်း (၁၆ )မျိုးကို ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်
Published_ 3 August 2023
#စိုက်ပျိုးရေးသုတေသနဦးစီးဌာန
#YMG/my
#Yangon_Times
‘သိုလှောင်ထားတဲ့ အရန်ဆန်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ စက်မှုဇုန်မှ အခြေခံအလုပ် သမားမိသားစုတွေ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းတွေကို ရောင်းချပေးတာ၊ လုပ်သားပြည်သူတွေကို ဆန်ကုန်စည်ဒိုင်တွေ၊ စည်ပင်သာယာဈေး အရောင်းဆိုင်တွေမှတစ်ဆင့်ရောင်းချပေးတဲ့ အစီအစဉ်တွေကို ဆောင်ရွက်သွားမယ်’မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
Published_ 3 August 2023
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#tthl
#Yangon_Times
#Local_News
Published_ 3 August 2023
သံလွင်မြစ်၊သောင်ရင်းမြစ်နှင့်သံတွဲချောင်းမြစ်ရေတိုးမည်ဖြစ်သဖြင့် ဘားအံမြို့၊မြဝတီမြို့နှင့်သံတွဲမြို့ နေထိုင်နေသူများ အထူးသဖြင့်မြစ်ကမ်းနားနေသူများ၊ မြေနိမ့်ပိုင်းနေသူများအထူးသတိပြုရန်နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လတ်တလောတွင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်(၁)ပေခန့်ကျော်လွန် နေပြီးနောက်တစ်ရက်အတွင်းပေဝက်ခန့်ဆက်မြင့်လာရန်ရှိသည်ဟု ဖော်ပြထားသည်။
သံတွဲချောင်းသည် သံတွဲမြို့၏စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သဖြင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်နေသူများအထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။
ဘီးလင်းမြစ်ရေသည်လည်း ဘီလင်းမြို့တွင်စိုးရိမ်ရေအမှတ်အထက်ပေဝက်ခန့်မြင့်တက်နေပြီး နောက်တစ်ရက် အတွင်းစိုးရိမ်ရေအမှတ်အောက်ပြန်ကျဆင်းသွားနိုင်ကြောင်းသိရသည်။
မြစ်ရေများတိုးရန်ရှိသည့်ဒေသများတွင်နေထိုင်ကြသူများအထူးသတိထားနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးချက်ထုတ်ပြန်ထားသည်။
#tthl #Local_News #သံတွဲမြို့နေထိုင်သူများအထူးသတိပြုနေထိုင်ရန်လို
#Yangon_Times
‘ကျိုက်ထိုကနေရန်ကုန်ကိုကားလက်မှတ်ခအခမဲ့ သွားလာလိုသူတွေအနေနဲ့ ရိုးရိုးလေးယာဉ်လိုင်းမှာ နာမည်၊ဖုန်းနံပါတ်၊မှတ်ပုံတင်နံပါတ်အမှတ်စတာတွေလာရောက်စာရင်းပေးရမှာဖြစ်ပါတယ်’
ရိုးရိုးလေးယာဉ်လိုင်းမန်နေဂျာ
Published_ 3 August 2023
#ကျိုက်ထို-ရန်ကုန်ခရီးစဉ်ကားလက်မှတ်ခအခမဲ့စီးနိုင်
#tthl
#Yangon_Times
‘ပွင့်လင်းရာသီမှာ ခရီးသွားတွေဝင်ရောက်လာရင် အဆင်သင့်ဖြစ်စေဖို့ ရပ်နားထားတဲ့ ပုဂံဟိုတယ်တွေမှာ ရေလိုင်း၊ မီးလိုင်းနဲ့ဟိုတယ်အခန်းတွေ၊ သန့်ရှင်းရေးတွေကြိုတင်ပြင်ဆင်နေတယ်’ ဦးဇော်ဝိတ်၊ ဥက္ကဌ (ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)
Published_ 3 August 2023
#ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ
#tthl
#Yangon_Times
ကျပ်သိန်း (၂၀၀) တစ်ဆု၊ ကျပ်သိန်း (၅၀) တစ်ဆု၊ ကျပ်သိန်း (၂၀) သုံးဆုအပါအဝင် ဆုမဲ (၁၃၆၉) ဆုထုတ်ယူရန်ကျန်ရှိ
Published_ 3 August 2023
#အောင်ဘာလေထီဆုမဲပေါင်း
#YMG/my
#Yangon_Times
#Local_News
Published_ 3 August 2023
စက်တင်ဘာလ(၂၇)ရက်သည်‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day)’ဖြစ်ပြီး ‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်ဓာတ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အဆိုပါဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ၏ခရီးသွားဆွဲဆောင်မှုအလှများဖော်ထုတ်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ‘Tourism & Green Inverstments’ခေါင်းစဉ်ဖြင့်ဓတာ်ပုံပြိုင်ပွဲကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
ပြိုင်ပွဲတွင်ဆုရရှိသူများအနေဖြင့်ပထမဆုကျပ်၇သိန်း၊ဒုတိယဆု(၅)သိန်း၊တတိယဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု(၁၅)ဆု(တစ်ဆုလျှင်၁သိန်း)စီရရှိမည်ဖြစ်ပြီး၂၀၂၃ခုနှစ်စက်တင်ဘာလ၂၇ရက်တွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဩဂုတ်ရက်လ(၄)ရက်မှ (၂၉)ရက်အထိ ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရးမှူးရုံးသို့ပေးပို့လျှောက်ထားရ မည်ဖြစ်ပြီးလျှောက်လွှာများကို https://moht.qrd.by/wtd2023တွင် downloadလုပ်ပြီး လျှောက်ထားနိုင်ကြောင်းသိရသည်။
#tthl #Local_News #‘ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့’အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲ
#Yangon_Times
#World_Military
Published 3 August 2023
ပစိဖိတ်ဒေသမှာ အသာစီးရဖို့အတွက် ဒုံးကျည်များနဲ့ ဒုံးပျံများကို ဓာတုပစ္စည်းများဖြင့် ရောနှောရန် အမေရိကန်တာဝန်ရှိသူများ ဆန္ဒရှိနေပါတယ်။
ဒီအတွက် အမေရိကန်တပ်တွေက တရုတ်နိုင်ငံထက် ပိုမိုကွာဝေးစွာ ပစ်ခတ်နိုင်ရန် ရှေ့တန်းပစ်ဒုံးကျည်လက်နက်များ အကွာအဝေးကို မြှင့်တင်ဖို့ ရည်ရွယ်နေပါတယ်။
လက်ရှိထက် ၂၀ ရာခိုင်နှုန်းလောက်အထိ အကွာအဝေးပိုရောက်ရှိရန် ပင်တဂွန်နဲ့ ကွန်ဂရက်တို့က ပိုမိုအားကောင်းတဲ့ တွန်းကန်အားနဲ့ ပိုမိုပေါ့ပါးတဲ့ ဒုံးကျည်ထိပ်ဖူးများ အသုံးပြုရန် ပြင်ဆင်မှုတစ်ရပ်ကို ရှာဖွေနေကြောင်း အမေရိကန်အရာရှိ ၂ ဦးနဲ့ ကွန်ဂရက်လက်ထောက် ၂ ဦးတို့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒုံးကျည်ထိပ်ဖူးထဲက ပေါက်ကွဲပစ္စည်းတွေ အစားထိုးရန် အသုံးပြုတဲ့ ဓာတုဒြပ်ပေါင်းတွေ စီစဉ်၊ ချဲ့ထွင်ထုတ်လုပ်ရန် အနည်းဆုံး ဒေါ်လာ ၁၃ သန်းလျာထားကြောင်း အထက်လွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရက်ဆန်တဲ့ အထက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်တို့ကြား နောက်ဆုံးအဆင့် ရန်ပုံငွေကိစ္စ ညှိနှိုင်းရန် လိုအပ်နေသေးပေမယ့် တရုတ်ကို ဟန့်တားဖို့ကတော့ နှစ်ဖက်စလုံးမှ ယေဘုယျအားဖြင့် သဘောတိုက်ဆိုင်ပါတယ်။
အင်ဒို-ပစိဖိတ်အကွာအဝေးနဲ့ တရုတ်ရေတပ်ရဲ့ အင်အားတို့ကြောင့် အကွာအဝေးပိုရောက်တဲ့ သင်္ဘောပစ်ဒုံးကျည်တွေ အမေရိကန်အနေနဲ့ လိုအပ်လာပြီလို့ မိုက်ခ်ဂယ်လာဂါက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော်က နောက်ဆုံးအတည်ပြုချက်ကို ဆိုင်းငံ့ထားကာ CL-20 လို့ခေါ်တဲ့ ဓာတုပစ္စည်းများကို အသုံးပြုပြီး လက်ရှိလက်နက်များမှာ အကွာအဝေးပိုရောက်အောင် ထပ်ထည့်သွားရန် အစီအစဉ်ကို ပင်တဂွန်က အဆိုပြုမှာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး 'ကက်သလင်းဟစ်ခ်'ရဲ့ တောင်းဆိုချက်အတိုင်း ကာကွယ်ရေးဌာနအတွင်း စွမ်းအင်သုံးပစ္စည်းများအတွက် အထက်လွှတ်တော်မှ ဘဏ္ဍာငွေရုံးခန်းဖွင့်လှစ်ရန် လျာထားကြောင်း သိရပါတယ်။
အမေရိကန်လက်နက်တိုက်မှ ပေါက်ကွဲဓာတုပစ္စည်းများ ပြန်လည်ပြင်ဆင်အားဖြည့်ခြင်းအတွက် ကုန်ကျစရိတ် ဒေါ်လာဘီလီယံပေါင်းများစွာ ရှိနိုင်ကြောင်း နိုင်ငံတကာမဟာဗျူဟာမြောက်လေ့လာရေးမှ လက်နက်ပညာရှင် 'တွမ်ကာရာကို'က ပြောပြခဲ့ပါတယ်။
နှစ်စဉ်ကာကွယ်ရေးဥပဒေမူကြမ်းအနေနဲ့ ပင်တဂွန်ဟာ လက်ရှိလက်နက် ၃ မျိုးမှ ပေါက်ကွဲမှု ဒါမှမဟုတ် တွန်းကန်မှုမျိုး ပြောင်းလဲနိုင်တဲ့ CL-20 ထိန်းချုပ်အစီအစဉ် လုပ်ဆောင်ရန် လိုအပ်ပါတယ်။
Source: Reuters #World_Military #ဒုံးကျည်အကွာအဝေးပိုရောက်စေမည့်ဖောက်ခွဲရေးပစ္စည်းများဖန်တီး #Yangon_Times
#Local_News
Published_ 3 August 2023
ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဘုရားလမ်းထိပ် ဓာတ်တိုင်ပေါ်ရှိ Wifi ကြိုးကို တက်ရောက်ပြင်ဆင်ရာမှ အမျိုးသား သုံးဉီး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟု သာကေတမြို့နယ် လူမှုကူညီရေး အဖွဲ့ထံက သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ ဩဂုတ် ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ Wifi ကြိုးတပ်ဆင်သည့် အမျိုးသားသုံးဉီး အသက်အန္တရာယ်မရှိသော်လည်း ခြေလက်ကျိုးခြင်း ၊ အရေပြား မီးလောင်ကျွမ်းခြင်းနှင့် အခြားထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသား သုံးဉီးကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ မြေပြင်အရေးပေါ်ဆေးကုသမှု ပြုလုပ်ပြီးနောက် အခြားလူမှုူညီရေးအဖွဲ့ နှစ်ဖွဲ့က သဃ်န်းကျွန်းစံပြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဓာတ်တိုင်ပေါ်ရှိWifiကြိုးကိုတက်ရောက်ပြင်ဆင်ရာမှဓာတ်လိုက်မှုဖြစ်
#Ymg/my
#Yangon_Times
#World_Health
Published 3 August 2023
လက်သည်းများဟာ ခန္ဓာကိုယ်ရဲ့ အလှအပရေးရာ အင်္ဂါရပ်တစ်ခု ဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေတဲ့အရာတွေကိုလည်း ဖော်ပြပေးနေပါတယ်။
ကျန်းမာရေးပြဿနာများဖြစ်တဲ့ ဗိုက်တာမင်ချို့တဲ့ခြင်းနဲ့ အခြားနာတာရှည်ရောဂါများကို ဖော်ပြနေပါတယ်။
ဒါကြောင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကဲ့သို့ပင် လက်သည်းတွေရဲ့ ကျန်းမာရေးဟာလည်း အရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
လက်သည်းခြေသည်းတွေကို အရေပြားဆဲလ်တွေနဲ့ ပြုလုပ်ထားကာ ကီရာတင်လို့ခေါ်တဲ့ မာကျောတဲ့အရာပါဝင်ပါတယ်။
ကျန်းမာတဲ့အခါ လက်သည်းတွေက ပန်းရောင်သမ်းနေပြီး အာဟာရချို့တဲ့တဲ့အခါမျိုးမှာ အရောင်ဖျော့လာပြီး ခြောက်သွေ့ကြွပ်ဆတ်လာပါတယ်။
လက်သည်းကျန်းမာရေး မကောင်းတဲ့လက္ခဏာတွေကတော့..
လက်သည်းပုံသဏ္ဍာန်မမှန်ခြင်း - လက်သည်းထိပ်နဲ့ဆန့်ကျင်ဘက်ကို ကွေးနေတယ်ဆိုရင် သံဓာတ်ချို့တဲ့တဲ့ လက္ခဏာဖြစ်ပြီး လက်သည်းထိပ်အောက်မှာ ကွေးသွားတယ်ဆိုရင် အသက်ရှူလမ်းကြောင်းနဲ့ နှလုံးပြဿနာဖြစ်နိုင်ပါတယ်။
လက်သည်းကွာခြင်း - အကာအကွယ်ပေးတဲ့ ကီရာတင်အလွှာများ ထိခိုက်တဲ့အခါ လက်သည်းကွာတတ်ပြီး ဒါဟာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ချို့တဲ့တာဖြစ်ပါတယ်။
အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာတွေဖြင့် ခြောက်သွေ့နေတဲ့ လက်သည်းများကို စိုစွတ်စေနိုင်ပါတယ်။
လက်သည်းဝါခြင်း - လက်သည်းဝါခြင်းဟာ ဆီးချို၊ အသက်ရှူလမ်းကြောင်း၊ အသည်းပြဿနာများရဲ့ အစောပိုင်းလက္ခဏာဖြစ်ပြီး မှိုရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လက်သည်းကြွပ်ဆတ်ခြင်း - အမျိုးသမီးတွေမှာ အဖြစ်များပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။
အစားအစာထဲမှာ ကယ်လ်စီယမ်နဲ့ ပရိုတိန်းမလုံလောက်ခြင်းက လက်သည်းကြွပ်ဆတ်အားပျော့တာမျိုး ဖြစ်လာစေပါတယ်။
အဖြူစက်ပေါ်ခြင်း - လက်သည်းမှာ အဖြူကြောင်းလေးတွေ ပေါ်တယ်ဆိုရင်တော့ ဖျားနာခြင်း၊ အသည်း နှလုံး ကျောက်ကပ်ရောဂါ၊ သံဓာတ်ချို့တဲ့ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
အရောင်ပြောင်းခြင်း - ဘက်တီးရီးယားကူးစက်မှု ဖြစ်တဲ့အခါ အစိမ်းနုရောင်လေး ပြောင်းသွားတတ်ပြီး လက်သည်းအောက်မှ အတွင်းသား အပြာရောင်ပြောင်းသွားရင် အဆုတ်ရောဂါဖြစ်တတ်ပါတယ်။
နီညိုရောင်တွေဆိုရင်တော့ ဖောလစ်အက်ဆစ်၊ ပရိုတိန်း၊ ဗိုက်တာမင်-စီတို့ ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။
လက်သည်းအသွင်အပြင် - လက်သည်းပေါ်မှာ ဒေါင်လိုက်အကြောင်းတွေ ပေါ်လာရင် သံဓာတ်ချို့တဲ့ခြင်း၊ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ မစုပ်ယူနိုင်ခြင်း၊ ကျန်းမာရေးညံ့ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
#World_Health #ကျန်းမာရေးလက္ခဏာများ
Source: India Today
Page 1183 of 2055