#World_Science
Published 23 June 2023
ရာသီဥတုဖောက်ပြန်ခြင်းက လူသားတွေမှာသာ အခက်အခဲပြဿနာတွေ ပေါ်ပေါက်တာမဟုတ်ဘဲ ခွေးတွေဟာလည်း အပူချိန်မြင့်မားခြင်းဒဏ်ကို ခံစားနေရတာကြောင့် သုတေသီများက စိုးရိမ်ပူပန်နေကြပါတယ်။
ကမ္ဘာကြီးဟာ ပူနွေးလာပြီး ရာသီဥတုဖောက်ပြန်နေတာကြောင့် ခွေးကိုက်မှုအကြောင်းအရာများနဲ့ အပူချိန်မြင့်တက်လာခြင်းတို့ကြား ဆက်စပ်မှုကို ဟားဗတ်ဒ်တက္ကသိုလ်က လေ့လာဖော်ပြလိုက်ပါတယ်။
ဘေးပတ်ဝန်းကျင် အခြေအနေများကလည်း နေ့စဉ်ခွေးကိုက်မှုနှုန်းကို သက်ရောက်နေသလားဆိုတာကိုလည်း လေ့လာခဲ့ကြကာ Scientific Reports ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
"အိုဇုန်းပမာဏ၊ အပူချိန်မြင့်လာတာနဲ့အမျှ လူတွေကို ခွေးကိုက်မှုနှုန်းက မြင့်တက်လာပြီး ခရမ်းလွန်ရောင်ခြည်မြင့်မားခြင်းနဲ့ ခွေးကိုက်မှုနှုန်းမြင့်မားခြင်းတို့ကြား ဆက်စပ်မှုကိုလည်း လေ့လာခဲ့ပါတယ်" လို့ ရှင်းပြထားပါတယ်။
ပိုင်နက်ကာကွယ်ခြင်း၊ ရင်းမြစ်အကန့်အသတ်ဖြင့်သာရရှိခြင်း၊ မိတ်လိုက်ခြင်းအတွက်ယှဉ်ပြိုင်ရခြင်း၊ အဖွဲ့ဝင်များကိုကာကွယ်လိုခြင်းစတဲ့ အခြေအနေများကြား ရန်လိုတတ်တဲ့ အပြုအမူတွေ မကြာခဏမြင်တွေ့ရပါတယ်လို့ ဖော်ပြထားပါတယ်။
အပူချိန်မြင့်မားခြင်းကြောင့် လူသားများကြား ရန်လိုမှုတိုးများစေသလို မျောက်၊ ကြွက်တို့မှာလည်း အလားတူအပြုအမူမျိုး မြင်တွေ့ခဲ့ကြပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်မြို့ကြီး ၈ မြို့ရှိ ခွေးကိုက်မှုများကို လေ့လာခဲ့ကြပြီး လူသားတွေကိုကိုက်ခဲ့တဲ့ဖြစ်ရပ် ၆၉,၅၂၅ ခုကို သုံးသပ်ခဲ့ကြပါတယ်။
ပူပြင်းတဲ့နေ့တွေမှာ ခွေးကိုက်မှုပိုမိုအဖြစ်များပြီး အားလပ်ရက်တွေနဲ့ မိုးရွာတဲ့နေ့တွေမှာတော့ လျော့နည်းနေပါတယ်။
ရန်လိုတာဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများပြီး စတီးရွိုက်ပမာဏမြင့်မားတာနဲ့ ဆက်စပ်နေပါတယ်။
ကောက်နုတ်ချက်ကတော့ ကြွက်တွေနဲ့ လူသားတွေမှာ သုတေသနပြုလုပ်ခဲ့ရာကနေ ဖြစ်ပါတယ်။
အနံ့ပြင်းတဲ့အိုဇုန်းက အလွန်ဓာတ်ပြုမှုဖြစ်ပွားကာ အသက်ရှူလမ်းကြောင်းရှိ ဓာတ်တိုးဖိစီးမှုကို ဖြစ်ပေါ်စေပြီး တိရိစ္ဆာန်တွေရှိ အဆုတ်လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အဆုတ်ရောင်ရမ်းပြီးတော့ ပြင်ပအမှုန်တွေကနေ ဖိစီးတုန့်ပြန်မှုကြောင့် အပြုအမူကိုသက်ရောက်စေပြီး ဦးနှောက်လုပ်ဆောင်ချက်အပေါ်လည်း တိုက်ရိုက်နေတယ်လို့ သုတေသီများရှင်းပြသွားပါတယ်။
ကမ္ဘာကြီးက အပူချိန်ဆက်လက်မြင့်တက်နေတာကြောင့် တိရိစ္ဆာန်တွေအပေါ် အရေးတကြီးဂရုစိုက်ဖို့ လိုအပ်နေပြီဆိုတာကို ဒီလေ့လာချက်က ဖော်ပြနေပါတယ်။
Source: India Today #World_Science #ခွေးများရန်လိုသည့်အပြုအမူတို့ကြားဆက်စပ်မှု
#YMG #Yangon_Time
အာဖဂန်စားဖိုမှူးမှ လက်ဖက်ရည်အိုးဖြင့်ချက်ပြုတ်သည့် သိုးသားစွပ်ပြုတ်ဟင်းလျာအား စိတ်အားထက်သန်စွာချက်ပြုတ်ရောင်းချလျက်ရှိ
အာဖဂန်အချက်အပြုတ်တစ်ခုဖြစ်တဲ့ ချိုင်နက်ဟင်းလျာကို ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်နိုင်တဲ့ နောက်ဆုံးကျန်ရှိစားဖိုမှူးတွေထဲကတစ်ဦးက ကာဘူးလ်စားသောက်ဆိုင်ထဲမှာ သိုးသားအတုံးများ၊ အဆီများကို ရွှံ့စေးမီးဖိုပေါ်ရှိ လက်ဖက်ရည်အိုးငယ်ခန့် ၂၀၀ ထဲမှာထည့်ပြီး ချက်ပြုတ်နေပါတယ်။
#World_Business #လက်ဖက်ရည်အိုးဖြင့်ချက်ပြုတ်သည့်သိုးသားစွပ်ပြုတ်ဟင်းလျာ
#Published 22 June 2023
#Yangon_Time
တရားမဝင် ကျားဖောင် ငါးဖမ်းလုပ်ငန်းများ များပြားလာ၊ တိုင်းဒေသကြီးအဆင့် ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေ
နိုင်ငံတော်ကို တရားဝင် အခွန်ဆောင် လိုင်စင်ရယူပြီး လုပ်ကိုင်ဆောင်ရွက်ခွင့်ရတဲ့ ကျားဖောင်လုပ်ငန်းဟာ ပျှမ်းမျှ သုံးထောင်ခန့်သာရှိပေမယ့် အမှန်တကယ် ပင်လယ်ပြင်အတွင်းမှာတော့ တရားမဝင် ကျားဖောင်နဲ့ ငါးဖမ်းနေတာဟာ ၅၀၀၀ နဲ့ ၇၀၀၀ အကြား ရှိနေတယ်လို့လည်း ဆိုပါတယ်။
#Local_News
#Published_ 22 June 2023
#Ymg/myn
#Yangon_Times
#Local_News
Published _22 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၌ ယနေ့ဇွန်လ ၂၂ ရက် နံနက်က သေဆုံးနေသော အိမ်ခြေမဲ့တစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
"ရပ်ကွက်ကအကြောင်းကြားတာ၊ ဆိပ်ကမ်းသာလမ်း အပေါ်မှာ တိုက်အမှတ် ၂၀၅ ရဲ့ လှေကားမှာတွေ့တာ။ မျက်နှာမှာ ဒဏ်ရာနည်းနည်းရထားတယ်။ သူက အသက် ၄၀ ကျော် နီးပါးရှိပြီ။ အိမ်ခြေမဲ့ပါ"ဟု ရပ်ကွက်နေသူတစ်ဦးပြောသည်။
ရုပ်အလောင်းကို လင်းလက်လူမှုကူညီရေးအသင်းကသယ်ယူ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
#ymg/ynzw #အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးနေ
#Yangon_Times/BM
ငါးပိ အဓိကစားသုံးသည့်ဒေသများက မှာယူမှုနည်းပါးနေတာကြောင့် ငါးပိရောင်းအားကျဆင်း
အဓိစားသုံးတဲ့မန္တလေး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက မှာယူမှုမရှိတော့တဲ့အတွက် အရောင်းအ၀ယ်နည်းပါးနေတာပါ (((())))ဦးထွန်းစိန်
ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများ အသင်းအတွင်းရေးမှူး
#Local_News
#Published_ 22 June 2023
#ymg/ynzw
#Yangon_Time
မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း စစ်ရှောင်ဉီးရေ ၅၀၀၀ ခန့်အထိရှိနေ၊ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ
စစ်ရှောင်ဉီး ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာဟာ အဓိက အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ အေးလင်းမြတ်ရှင် စစ်ရှောင်စခန်း(စခန်းတာဝန်ခံ) ကိုထွန်းမြိုင်ကပြောပါတယ်။
#Local_News #စစ်ရှောင်ဦးရေဟာယခင်နှစ်ထက်ယခုနှစ်လျော့နည်းလာ
#Published_ 22 June 2023
#Yangon_Time
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မှတ်သုံလေအားကောင်းနိုင်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မွန်ပြည်နယ်တိုတွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး ကျန်ဒေသများတွင် ရာသွန်းမြဲခန့်ရှိမည်ဖြစ်ကြောင်း မိုးဇလထုတ်ပြန်
#Local_News
#Published_ 22 June 2023
#ymg/ynzw #လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်
#Yangon_Time
EV ကားများ အားသွင်းလိုရင် Charging Station များကို ကြိုတင်အကြောင်းကြားရမည်ဆိုသည်မှာ ကောလလဟာသာဖြစ်ဟုဆို
Charging Station တွေများ ကားအစီးရေများရင် ခေတ္တစောင့်ရမှာဖြစ်တယ်((((သခင်မြပန်းခြံ Charging Station တာ၀န်ခံ ၊ ချမ်းမင်းကို ))))
#Local_News
#Published_ 22 June 2023
#ymg/ynzw #EVကားများCharging Stationတွင်အားသွင်းနိုင်
#Yangon_Time
#Daily_News
Published_ 22 June 2023
၁။ EV ကားများအားသွင်းလိုရင် Charging Station များကို ကြိုတင်အကြောင်းကြားရမည်ဆိုသည်မှာ ကောလလဟာသာဖြစ်ဟုဆို
၂။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနိုင်
၃။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းအတွင်း စစ်ရှောင်ဉီးရေ ၅၀၀၀ ခန့်အထိရှိနေ၊ ယခင်နှစ်ထက် စစ်ရှောင်ဉီးရေ လျော့နည်းလာ
၄။ ဗြိတိန်တွင် ပါကစ္စတန် ဘာတီစားသောက်ဆိုင်များ ရှင်သန်ရန်ကြိုးပမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published- 22 June 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ကားတစ်စီးမှ တိုက်သွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းက သိရသည်။
ဇွန်လ၂၂ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကျောင်းကွေ့မှတ်တိုင်အနီးတွင် အသက်၇၀ ဝန်းကျင်အမျိုးသမီး၁ဦးကို ကားတစ်စီးမှ တိုက်သွားခြင်းဖြစ်သည်။
အဆိုပါ ကားတိုက်မှုဖြစ်စဥ်ကြောင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့သို့ပြည်သူများမှ အကြောင်းကြားလာ၍ အချိန်နှင့် တစ်ပြေးညီထွက်ခွာပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးအား လူမှုစေတနာလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင်အမျိုးသမီး၁ဦးကားတိုက်ခံရ
#Yangon_Times/BM
#Local_News
Published 21 June 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့အနီးရှိအင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၇၀၀ နဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
ပြည်တွင်းခရီးသွားများအထောက်အကူပြုစေရန်နှင့် အင်းလေးကန်ကို ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းဆောင်ရွက်ရာတွင် အင်းလေးကန်အတွင်းကို စီးဝင်သည့် ချောင်းသုံးခုမှ နုန်းဖမ်းဆည်ငယ်များ တည်ဆောက်ခြင်း၊ အင်းလေးကန်အတွင်း ကျွန်းမျောတွေ ရှင်းလင်းခြင်းနှင့် သဲနုန်းတူးဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့လို့ဆောင်ရွက်ခြင်းသည် ရေစီးကြောင့် ချောက်ကမ်းပါးတွေပြိုကျပြီး သဲနုန်းပို့ချမှုများ လျော့နည်းသွားကာ ကန်အတွင်း ရေနည်းတဲ့ ရာသီတွင်လည်း လှေများသွားလာရန် ပိုမိုအဆင်ပြေ ချောမွေ့သွားမည်ဖြစ်ကြောင်း ဆိုသည်။
#Local_News #အင်းလေးကန်ထိန်းသိမ်းရန်သန်း၇၀၀အသုံးပြု
#Yangon_Times/BM
#Local_News
Published_22 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုကိုငြှိမ်းသတ်ရန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း ရွှေရုပ်လွှာ ပရဟိတအသင်း တာ၀န်ခံ ကိုရွှေမိုးအောင်ကပြောသည်။
အရင် ၂၀၁၈ ခုနှစ်ကလောင်ခဲ့ဖူးတဲ့နေရာမှာပဲ ထပ်မံလောင်ကျွမ်းတာဖြစ်တယ်လို့ ကိုရွှေမိုးအောင်က YMG ကိုပြောသည်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ တုန်းကလည်း အဆိုပါထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းခဲ့ဖူးပြီး လနဲ့ချီမီးငြှိမ်းသတ်ခဲ့ဖူးသည်။
#ymg/ynzw #လှိုင်သာယာထိန်ပင်အမှိုက်ပုံမီးထပ်မံလောင်ကျွမ်း
#Yangon_Time
Page 1182 of 2001