Published_ 20 September 2023

နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်ရသည့်လိုင်စင်ရကုမ္ပဏီ(၁၂၃)ခုကို စက်တင်ဘာလ(၁၉)ရက်တွင် လိုင်စင်ထပ်မံ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာမှုမရှိသည့်အတွက် နိုင်ငံခြားငွေတွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer License)များကို အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်းကြောင်း အများပြည်သူသိရှိစေရန် စက်တင်ဘာလ(၁၉)ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုလိုင်စင်ရုပ်သိမ်းခံရသည့် နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရကုမ္ပဏီများထဲတွင် Sedona Hotel(Straits Greenfield Limited)အပါအဝင် Travel& Tourကုမ္ပဏီများ၊ဝန်ဆောင်မှုကုမ္ပဏီများလည်းပါဝင်ခဲ့သည်။

၂၀၂၃ခုနှစ် စက်တင်ဘာလ(၁၉)ရက်တွင် နိုင်ငံခြားငွေလဲလှယ်ခွင့်ရလိုင်စင်ရကုမ္ပဏီ(၁၂၃)ခုကို လိုင်စင် ထပ်မံရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ်ဇူလိုင်လအတွင်းနိုင်ငံခြားငွေလဲလှယ်ခွင့်ရလိုင်စင်ရကုမ္ပဏီ(၁၀)ခု ၊၂၀၂၃ခုနှစ်မတ်လတွင် နိုင်ငံပိုင်Myanmar National Ailines Co.Ltdအပါအဝင် နိုင်ငံခြားငွေလဲလှယ် ခွင့်ရလိုင်စင်ရကုမ္ပဏီ(၂၀)ခုကို လိုင်စင်ရုပ်သိမ်းခဲ့ဖူးသည့်အတွက် ၂၀၂၃ခုနှစ်အတွင်း လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီစုစုပေါင်း(၁၅၃)ခုရှိပြီဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group