Published_ 20 September 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi အစီးရေ ၄ သောင်းခွဲကျော်အထိ ဘေးစတစ်ကာမှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်မှုကြီးကြပ်ရေးကော်မတီ(YRTC)မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi ယာဉ်အရေအတွက် ၆ သောင်းကျော်ရှိပြီးTaxi ယာဉ်တွေမှတ်ပုံတင်ရာတွင် ဘေးစတစ်ကာနံပါတ်အတွက် ငွေကျပ် ၁၂၀၀ သာကောက်ခံပြီး ယာဉ်မှတ်ပုံ တင်ခ ၃၀၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်နှင့် ယာဉ်မောင်းလိုင်စင်ကဒ်စနစ်အတွက် ၃၅၀၀ ကျပ်ကိုသာ ကောက်ခံဆောင်ရွက်ပေးနေကြောင်းသိရသည်။

ယာဉ်များ၏ဘေးစတစ်ကာ နံပါတ်တွေပြောင်းလဲတပ်ဆင် ခြင်းကို တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်တွင်  မြို့နယ်တစ်ခုစီ အလိုက် သတ်မှတ်သင်္ကေတနံပါတ်များပေး၍ဆောင်ရွက်နေပြီးရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi ယာဉ်အရေအတွက် ၆ သောင်းကျော်ရှိကြောင်းသိရသည်။

ဘေးစတစ်ကာမပြောင်းလဲသောယာဥ်များကို နောက်ပိုင်းတွင် ကန့်သတ်ဧရိယာများသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်းလည်း သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group