#Local_News
Published_ 28 April 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ရန်ကုန်တိုင်းရွှေအသင်းနဲ့အစည်းဝေးပြုလုပ်ပြီး ရွှေဈေးနှုန်းကို ၂၉သိန်းအောက်မှာသာ အရောင်းအဝယ်ပြုလုပ်ဖို့ညွှန်ကြားခဲ့ကြောင်း ရန်ကုန်တိုင်းရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #ရွှေဈေး၂၉ သိန်း #အရောင်းအဝယ် #စသုံးလုံးဌာန
#YMG #Yangon_Media_Group
#World_Design
Published 28 April 2023
'ယိုဆူကဲတာကာဟာတာ'က သူ့ရဲ့ကားအဆန်းကို ဘယ်သူတွေဘယ်လိုမြင်မြင် ဂရုမစိုက်ပါဘူး။
သူ့ကားမှာ သူအကြိုက်ဆုံးကာတွန်းဇာတ်ဆောင်ပုံတွေဖြင့် အလှဆင်ထားတာဖြစ်ပါတယ်။
#World_Design #ဂျပန် #ကာတွန်းရုပ်ပုံ #မော်တော်ကားအလှဆင်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
ပြင်ပရွှေပေါက်ဈေးဟာ ဧပြီလ ၂၇ရက်နေ့ နေ့လည်၃ နာရီ မှာ ငွေကျပ်သိန်း ၃၀ ကျော်ခန့်ပေါက်အထိ ဈေးမြင့်လာတာဖြစ်ပါတယ်။ အခုလိုဈေးနှုန်းအမြင့်ပိုင်းရောက်နေတဲ့အတွက် ရန်ကုန်ရွှေလုပ်ငန်းတွေ စုပေါင်းပြီး ဧပြီလ ၂၈ရက်နေ့ မနက်ပိုင်းမှာ ရွှေဈေးနှုန်းတည်ငြိမ်စေဖို့ အစည်းဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ရွှေဈေးနှုန်းတည်ငြိမ် #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
နေ့အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထက်ရောက်ရှိပါက လူ့ခန္ဓာကိုယ်ကခံနိုင်ရည်မရှိတော့ဘဲလေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ အပူရှပ်တာ၊ မူးလဲတာတွေ ဖြစ်နိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Local_News #နေ့အပူချိန်(၄၀)°C #လေဖြတ်ခြင်း #ဦးနှောက်သွေးကြောပြတ်ခြင်း #အပူရှပ်ခြင်း #YMG #Yangon_Media_Group
Published 28 April 2023
ဘီဘီစီ ဥက္ကဋ္ဌ ရစ်ချတ်ရှပ်ဟာ သူ့ကိုအလုပ်ခန့်ထားတဲ့ လုပ်ငန်းစဉ်အတွင်း အကျိုးစီးပွား ပဋိပက္ခဖြစ်တဲ့ အကြောင်းအရာ နှစ်ခုကို ကြေညာရန်ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာတစ်ခုထွက်ပေါ်ပြီးနောက် ဘီဘီစီကော်ပိုရေးရှင်းဥက္ကဋ္ဌရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။
ရှပ်ဟာ ဗြိတိန်ကွန်ဆာဗေးတစ်ပါတီရဲ့ အလှုရှင်တစ်ဦးဖြစ်ပြီး အဲဒီတုန်းက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နှင့် ဝန်ကြီးချုပ် ကို ပုဂ္ဂိုလ် ရေးချေးငွေပေးမယ့် လူတစ်ဦးနှင့် တွေ့ဆုံဖို့ သူက ကူညီစီစဉ်ပေးခဲ့ပါတယ်။
သူက သူ့အနေနှင့် ဘီဘီစီဥက္ကဋ္ဌအလုပ်လုပ်ချင်တယ်လို့ ဝန်ကြီးချုပ်ကိုကြိုပြောခဲ့ပြီး ခန့်အပ်ရေးအဖွဲ့ကိုလည်း သူဟာ ဝန်ကြီးတွေထောက်ခံတဲ့ တစ်ဦတည်းသော ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။
အဲဒီအပြင် သူ့ရဲ့ငယ်သူငယ်ချင်း ကနေဒါစီးပွားရေးလုပ်ငန်းရှင် ဆမ်ဘလင့်တ်ဟာ ရှပ်ဆီကိုလာခဲ့ပြီး ၂၀၂၀ခုနှစ်မှာ ဝန်ကြီးချုပ်ငွေကြေးအခက်ခဲရုန်းကန်နေရတာတွေကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
သူဟာ အများပြည်သူနှင့်ဆိုင်တဲ့အလုပ်ခန့်ထားခြင်းဆိုင်ရာ အစိုးရရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပေမယ့် သူကတော့ ဒီချိုးဖောက်မှုဟာ သူ့အလုပ်ခန့်ထားတာကို တရားမဝင်တော့အောင်လုပ်ဖို့အထိ မလိုအပ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။
Source agaencies
#ဘီဘီစီဥက္ကဋ္ဌရစ်ချတ်ရှပ်ရာထူးမှနှုတ်ထွက်
#ဗြိတိန်နိုင်ငံရေး
#YangonMediaGroup

#Local_News
Published_ 28 April 2023
ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားတစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့အနည်းငယ်ပြန်ကျခဲ့သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ကျော် နေဆဲဖြစ်ကြောင်း ယနေ့ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #92တစ်လီ #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
#Daily_News
Published_ 28 April 2023
၁။ 92တစ်လီတာ ၂၀၁၀ကျပ်အထိရောက်ရှိပြီး စက်သုံးဆီဈေးနှုန်းအကျဘက်ရှိနေ
၂။ နေ့အပူချိန်(၄၀)°Cအထက်ရောက်ရှိနေသော ဒေသများတွင် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်းများအဖြစ်များနိုင်
၃။ ပြင်ပရွှေပေါက်ဈေး သိန်း ၃၀ ကျော်သည့်အတွက် ရွှေဈေးနှုန်းတည်ငြိမ်စေရေး ရန်ကုန်ရွှေအသင်းအရေးပေါ် အစည်းဝေးပြုလုပ်
၄။ ဂျပန်တွင်ကာတွန်းရုပ်ပုံများဖြင့် မော်တော်ကားအလှဆင်ခြင်း ရေပန်းစားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 28 April 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမယ့်တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေကို တိုက်ခန်းအရောင်းဈေးနှုန်းတွေ ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #တန်ဖိုးနည်းတိုက်ခန်း #ပြင်ဆင်စရိတ်
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
တာချီလိတ်မြို့နယ်အတွင်းမှာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံက သိရသည်။
ဧပြီလ ၂၈ရက်နေ့ နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း-ဝမ်မိုင်ရပ်ကွက်နေ အသက် ၂၇နှစ်အရွယ်ရှိ ကိုထွန်းထွန်းဦးသည် ရုတ်တရက် မူးလဲကာ သတိလစ်သွားခဲ့ကြောင်း သိရသည်။
"တစ်ညလုံး ပန်ကာဖွင့်ပြီး အိပ်တာလို့ သိရပါတယ်၊ ပြီးတော့ ရုတ်တရက် မူးလဲပြီး သတိလစ်သွားလို့ အရေးပေါ်ပို့ဆောင်စဉ်မှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ပါတယ်"လို့ အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအမျိုးသားသည် ရုတ်တရက်မူးလဲကာ သတိလစ်သွားတာကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့စဉ် ဆေးရုံရောက်ရောက်ချင်း ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လူနာမှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။

#ymg/ppk #Local_News #တာချီလိတ် #ဦးနှောက်သွေးကြောပျက်
#YMG #Yangon-Media-Group
#Local_News
Published-28 April 2023
တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) အပေါ် မြန်မာထောက်ခံကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ချမှတ်ထားသည့် အမြော်အမြင်ကြီးမားသည့် အစီအမံတစ်ရပ် ဖြစ်ကြောင်း၊ အစီအမံပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစ်စိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု ကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ အပါအဝင်ဖြစ်သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အဆိုပါကမ္ဘာလုံးဆိုင်ရာလိုက်လျောညီထွေရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့်လုံခြုံရေးအစီအမံ (GSI)ကို ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)သည် (၁) အားလုံးအတွက် ပြည့်စုံကျယ်ပြန့်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ရေရှည်တည်တံ့သည့် လုံခြုံရေးဆိုင်ရာမျှော်မှန်းခြင်း၊ (၂) နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားခြင်း၊ (၃) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာခြင်း၊ (၄) နိုင်ငံ အားလုံး၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို အလေးအနက်ထားခြင်း၊ (၅) နိုင်ငံများအကြား မတူကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ဆွေးနွေး၊ ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် (၆) သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော နယ်ပယ်နှစ်ရပ်လုံးတွင် လုံခြုံရေးထိန်းသိမ်းခြင်း ဆိုင်ရာကိစ္စရပ် များကို ခိုင်မာစွာ ဆက်လက်ဆောင်ရွက်သွားရန်စသည့် ကတိကဝတ် (၆) ရပ် ပေါ်တွင် အခြေခံသည်ကို တွေ့ရှိရကြာင်း ၎င်းထုတ်ပြန်ချက်က သိရသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(Global Security Initiative-GSI) ကို အဆိုပြုခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) သဘောတရားစာတမ်း (Concept Paper) ထုတ်ပြန်ခဲ့သည်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်သားမိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)ကို အကောင် အထည်ဖော်ခဲ့သည့် တစ်နှစ်တာကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့လုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်မှုများ အတွက် မြန်မာနိုင်ငံက ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လေးစားလိုက်နာလျက် ပိုမိုအေးချမ်းလုံခြုံပြီး၊ သာယာဝပြောသည့်ကမ္ဘာနှင့် လူသားအားလုံးအတွက် အေးအတူပူအမျှအသိုက်အဝန်း ဖော်ဆောင်နိုင်ရေးတို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝ အေးချမ်းသာယာ ဝပြောစေရန်တို့အတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင် #ကမ္ဘာလုံးဆိုင်ရာ #မြန်မာထောက်ခံကြိုဆို
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲနှုန်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာ ၂၈၇၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ပြည်တွင်းအမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် မတ်လနောက်ဆုံးအပါတ်တွင် ဒေါ်လာအကျဘက်သို့ ဦးတည်လာပြီး သင်္ကြန်ကာလပြီးနောက်ပိုင်းတွင်လည်း တစ်ဒေါ်လာကို ကျပ် ၂၈၆၀ မှ ၂၈၇၀ ကြား ဝန်းကျင်တွင်ရှိကြောင်း သိရသည်။
ပြင်ပငွေကြေးဈေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထားတွေမှာ ယူရို ၃၁၀၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၂၁၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၆၅၀ ၊ ထိုင်းဘတ်ကျပ် ၈၄.၁၀ ၊ တရုတ်ယွမ် ၄၁၄ ကျပ်၊ ဂျပန်ယန်း ၂၂.၂၀ကျပ် ဖြစ်ကြောင်း သိရသည်။
#ymg/ppk #Local_News #အမေရိကန်ဒေါ်လာ #အရောင်းအဝယ်အေးနေ
#YMG #Yangon-Media-Group
#Local_News
Published-28 April 2023
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ စံပါယ်လမ်းအတက်၊ မြို့ရှောင်လမ်း အရှေ့ဘက် ခြံဝန်းလွတ် စည်းရိုးစပ်တစ်နေရာတွင် သေဆုံးနေချိန်ကြာနေပြီဖြစ်သည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ရကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၇)ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က အဆိုပါ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၊ သေဆုံးသူမှာ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၌ နေထိုင်သော အသက် ၄၈ အရွယ်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
ယင်းကြောင့် အဆိုပါ သေဆုံးချိန်မှာ ကြာမြင့်နေပြီဖြစ်သော သေဆုံးသူ ရုပ်အလောင်းကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #ပြင်ဦးလွင် # မြို့ရှောင်လမ်း
#YMG #Yangon_Media_Group
Page 1180 of 1920