Published_ 22 September 2023

လာမည့် ခရီးသွား ရာသီ မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးစဉ်ဒေသ ၁၄ ခုတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုစသည့် ခရီးစဉ်ဒေသ ၁၄ ခုတို့၏ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဦးစားပေးသွားရောက်လည်ပတ်နိုင်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။

ယင်းဒေသ များ သည်သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ရှေးဟောင်းအ‌မွေအနှစ်အဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သာယာလှပကောင်းမွန်သည့် ရာသီဥတုနှင့်တောတောင်ရေမြေသဘာဝများဖြင့် ရှိနေသဖြင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကအကြံပြုထားခြင်း ဖြစ်သည်။

အဆိုပါခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့်သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website များဖြစ်သော www.tourism. gov.mm နှင့် www.tourisminmyanmar. com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group