Published_ 22 September 2023

ယခင်အစိုးရလက်ထက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း သီဟပျံချီ နာဲသိုက်လောန်(ခ)နိုင်သက်လွင်သည် စက်တင်ဘာလ(၂၀)ရက်တွင်ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင်အသက်(၈၃)နှစ်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၂) ရက်တွင်မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုဿန်သို့ပို့ဆောင်သဂြိုဟ်သွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၃)(၂၄)ရက်တွင် ရက်လည်ဆွမ်းကျွေးတရားတော်နာမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း)နိုင်သက်လွင်ကွယ်လွန်သွားသည့်အတွက် မွန်နိုင်ငံရေးအသိုင်း အဝိုင်းမှဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုသည်။

ဝန်ကြီးဟောင်းနိုင်သက်လွင်သည် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို၊ မွန်ဒီမိုကရက်တစ်ပါတီ(MDP)၏ဒုဥက္ကဌဖြစ်ခဲ့ကြောင်း၊မွန်ပါတီနှစ်ခုပူးပေါင်းကာ မွန်အမျိုးသားပါတီ(MNP) အဖြစ်အမည်ပြောင်းလဲရာတွင်လည်း မွန်အမျိုးသားပါတီ(MNP)တွင် ပါတီဒုဥက္ကဌ(၁)အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးကြောင်းသိရသည်။

၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်တွင် သမ္မတဦးထင်ကျော်အဆိုပြုချက် ဖြင့် မွန်အမျိုးသားပါတီမှ အနားယူကာ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ကြောင်းနှင့် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ဖခင်လည်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း)နိုင်သက်လွင်ကွယ်လွန်သွားသည့်အတွက်ဝမ်းနည်းကြောင်းကို မွန်ပြည်နယ်ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှလည်းဖော်ပြထားသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group