#World_Health
Published 19 August 2023
ကယ်လီဖိုးနီးယားမှ သိပ္ပံပညာရှင်များ လေ့လာချက် ၂ ဒါဇင်ကျော်စမ်းသပ်ခဲ့ရာ ခွေးတွေရဲ့နှာခေါင်းက ကိုဗစ်ရောဂါပိုးကို တွေ့ရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ခွေးတွေရဲ့ အနံ့ခံဆဲလ်တွေက သန်း ၃၀၀ လောက်အထိရှိကာ လူတွေမှာတော့ ၆ သန်းခန့်သာရှိကြပါတယ်။
ဒါကြောင့် အနံ့တွေကို ခွဲခြိမ်းစိတ်ဖြာတဲ့နေရာမှာ ခွေးတွေရဲ့ဦးနှောက် အစိတ်အပိုင်းက လူသားတွေထက် အဆ ၄၀ လောက် ပိုမိုအားကောင်းပါတယ်။
ကိုဗစ်ရောဂါပိုးရှာဖွေရာမှာ လူသားတွေရဲ့ လက်ရှိအကောင်းဆုံး နည်းပညာထက် ခွေးတွေရဲ့ အနံ့ခံစွမ်းရည်က ပိုမိုမြန်ဆန်တိကျကာ အကုန်အကျသက်သာစေနိုင်ပါတယ်။
ခွေးတွေက ပုန်းကွယ်နေတဲ့ ဗိုင်းရပ်စ်တွေ၊ မျိုးဗီဇကွဲတွေသာမက အအေးမိဖျားနာဗိုင်းရပ်စ်တွေကိုပါ အနံ့ခံနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်တွေမှာ လေ့လာတွေ့ရှိလာကြပါတယ်။
သမားရိုးကျစမ်းသပ်နည်းများဖြင့် ရှာမတွေ့နိုင်တဲ့ အခြေအနေမျိုးတွေမှာပါ ခွေးတွေက ကိုဗစ်ကိုတွေ့ရှိနိုင်ပါတယ်။
အနံ့ခံရှာဖွေရန် လေ့ကျင့်ပေးထားတဲ့ ခွေးတွေဟာ ဆေးရုံဆေးခန်းတွေက RT-PCR စမ်းသပ်နည်းတွေထက် ပိုမိုထိရောက်နိုင်ပါတယ်။
ခွေးတွေက တိုက်ရိုက်အနံ့ခံတဲ့အခါ စက္ကန့်ပိုင်းအတွင်း ရလဒ်ထုတ်ပြနိုင်ပါတယ်။
အချို့စမ်းသပ်မှုတွေမှာ ခွေးက လူကို အလျင်အမြန်အနံ့ခံခိုင်းပြီး ကိုဗစ်ရှိတယ်ဆိုရင် ထိုင်ချပြီး အချက်ပြပါတယ်။
နောက်ထပ်စမ်းသပ်နည်းမှာတော့ ခွေးကို ချွေးနမူနာဖြင့် အနံ့ခံခိုင်းကာ မိနစ်အနည်းငယ် အချိန်ယူရပါတယ်။
ကိုဗစ်ကာလ အစပိုင်းမှာဆိုရင် လူတစ်ယောက် ရောဂါပိုးရှိတယ်ဆိုရင် စမ်းသပ်မှုနဲ့ ရလဒ်ရရှိချိန်ကြား အချိန်တွေစောင့်ဆိုင်းရကာ ကူးစက်နှုန်းမြင့်မားနိုင်သလို လူအများအပြားလည်း ပါဝင်နေနိုင်ပါတယ်။
တိရိစ္ဆာန်တွေဟာ ဆီးချိုနဲ့ ကင်ဆာတို့လို အခြားရောဂါတွေကိုလည်း အောင်မြင်စွာ ရှာဖွေနိုင်ကြပေမယ့် ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေမှုမှာ အစားထိုးဖို့အတွက်တော့ အခက်အခဲတွေ ရှိနေပါသေးတယ်။
ဖင်လန်နိုင်ငံနဲ့ ကိုလံဘီယာတို့လို့ နိုင်ငံတွေဟာ ခွေးတွေနဲ့ စမ်းသပ်ဖို့ နေရာကျယ်တွေ ရှိနေပါတယ်။
#World_Health #ကိုဗစ်ရောဂါပိုး #ခွေးများအနံ့ခံရှာဖွေနိုင်
Source: The Jerusalem Post
၁၈ ဩဂုတ် ၂၀၂၃
ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့်သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှ မမျှော် လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းကိုဦးဆောင်ဖန်တီးခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား (၁)ဦးနှင့် သရုပ်ဆောင်(၁၃)ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်ကြတဲ့ Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် အဆိုပါ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့တဲ့အတွက် ဝေဖန်မှုများစွာရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ထိုဇာတ်လမ်းတွင်ပါဝင်ခဲ့သူတွေကို သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၈ ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန် စသည့် တရားခံ ၁၄ ဦးတို့အား ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)”ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်း များဖြင့်ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင် ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင်လ ၂၄ ရက်တွင် isi Dhamma Youtube Channel မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ ပြောကြားချက်၊ စကားလုံးအသုံးအနှုန်းများသည် ဒါရိုက်တာဖြစ်သူ Didier Nusbaumer ကိုယ်တိုင်ရေးသားထား သောဇာတ်ညွှန်းများ အတိုင်း ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်း ဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်း သံဃာတော်များ၏ အကျင့်သီလအားပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံး အနှုန်းများထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်း၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များဖြစ်ပါ လျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့်ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက် ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကိုကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူ များသက်ရောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါဖမ်းဆီးရမိ တရားခံများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။
-ymg/knl
ကျွမ်းကျင်တဲ့ အိန္ဒိယလုပ်သားများ စံပယ်ပန်းဖြူများကို ခူးဆွတ်နေချိန်မှာ မွှေးရနံ့သင်းပျံ့နေပြီး လတ်ဆတ်တဲ့ စံပယ်ဖူးများကို ကမ္ဘာကျော်ရေမွှေးများ ထုတ်လုပ်ရန်အတွက် တန်ဖိုးကြီး ပါဝင်ပစ္စည်းအဖြစ် အလျင်စလို ပြုလုပ်ကြရပါတယ်။
Published_ 18 August 2023
#World_Industry
#အိန္ဒိယစံပယ်ဖူး #ကမ္ဘာကျော်ရေမွှေးများ
#Daily_News
Published_ 18 August 2023
၁။ လာမည့်နှစ် ပဲရစ်အိုလံပစ်ပွဲအတွက် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားနေဟုဆို
၂။ မြန်မာ - ကမ္ဘောဒီးယားနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒေဝနှင့် Prom Somnang တို့ ယှဉ်ပြိုင် ထိုးသတ်မည်
၃။ ဒေသအချို့ မိုးသည်းထန်ဦးမည်ဖြစ်၍ မြစ်ရေကြီးပြီးသားဒေသများ အချိန်မရွေးမြစ်ရေပြန်တက်လာနိုင်ဟု သတိပေး
၄။ အိန္ဒိယစံပယ်ဖူးများကို ကမ္ဘာကျော်ရေမွှေးများထုတ်လုပ်ရေးအတွက် အသုံးပြုလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဩဂုတ်လ (၁၈)ရက် ကနေ (၂၀) ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပြသမည်
Published_ 18 August 2023
#EVကား #ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာပြပွဲ
#YMG/my
#Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့မွန်၊ကရင်၊ တနင်္သာရီဒေသတွေ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့ မြစ်၀ကျွန်းပေါ်ဒေသတွေမှာ အခုရက်ပိုင်းအတွင်း မိုးပြန်သည်းထန်ဦးမှာ ဖြစ်ပါတယ်။
Published_ 18 August 2023
#ဒေသအချို့တွင်မိုးထပ်သည်း #မြစ်ရေကြီးနိုင်
#tthl #Yangon_Times
သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်ပြီး၊ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်နိုင်မယ်လို့မျှော့်လင့်
Published_ 18 August 2023
#မြန်မာ - ကမ္ဘောဒီးယား #Prom Somnang
#YMG/my
#Yangon_Times
နိုင်ငံတကာပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ပြီး သတ်မှတ်အဆင့်ရရှိရန် ကြိုးစားနေ
Published_ 18 August 2023
#သက်ထားသူဇာ #နိုင်ငံတကာပြိုင်ပွဲ #ပဲရစ်အိုလံပစ်ပွဲ
#YMG/my
#Yangon_Times
18 August 2023
အမေရိကန်ဒေါ်လာသည် ယိုင်နဲ့လာနေပြီး ကမ္ဘာ့အရန်ငွေကြေးသည် ရှုံးခဲ့သမျှတွေထက် ပိုကြီးမားစွာဆုံးရှုံးနေတယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ထရမ့်က ဖောက်စ်ရုပ်သံ တင်ဆက်သူ Larry Kudlow စီးပွားရေးဆွေးနွေးခန်းမှာ အဲသလိုပြောကြားခဲ့တာဖြစ်တယ်လို့ ဖောက်စ်သတင်းဌာနက သတင်းရေးသားပါတယ်။
“ ကျွန်တော်တို့နိုင်ငံဟာ ဒုက္ခအကြီးအကျယ် ရောက်တော့မယ်။ ကျွန်တော်တို့မှာ ဩဇာအာဏာ ရှိတယ်။ ဒါပေမယ့် အခုအဲဒါက ယိုင်နဲ့နဲ့ဖြစ်နေပြီ။ငွေကြေးအရပြောရရင်ပေါ့။ ကျွန်တော်တို့ငွေကြေးရဲ့တန်ဖိုးအရတစ်ခုတည်းပြောတာ မဟုတ်ဘူးနော်။ တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့ငွေကြေးကို သုံးနေကြတဲ့ကိစ္စကိုပြောတာ” လို့ သူကပြောပါတယ်။
“ လေဆိပ်တွေကိုကြည့်၊ တာမင်နယ်တွေကိုကြည့်၊ ကျွန်တော်တို့ရဲ့ ညစ်ပေနေတဲ့လမ်းတွေ၊ကျိုးပဲ့နေတဲ့လမ်းတွေ နေရာ အနှံ့ကိုကြည့်.. တတိယနိုင်ငံတစ်နိုင်ငံနှင့် တူနေပြီ” လို့ ထရမ့်က မှတ်ချက်ပေးပါတယ်။
“ ကျွန်တော်တို့မှာ အင်မတန်အားကောင်းတဲ့ ကျွန်တော်တို့ရဲ့ ဒေါ်လာရှိတယ်။ အခုကြည့်လိုက်ပါ။ အခြားနိုင်ငံတွေက ဒေါ်လာကိုမသုံးကြတော့ဘူး။ တရုတ်က ဒေါ်လာအစား ယွမ်ကို အစားထိုးချင်နေတယ်။ စဉ်းစားလို့ကိုမရတော့တာ။ ဒါမျိုး မဖြစ်ဖူးဘူး။ အခုလူတွေက ဒါကိုစဉ်းစားနေကြပြီ” လို့ ထရမ့်ကဆက်ပြောပါတယ်။
Source FoxNews
#Local_News
Published_ 18 August 2023
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် အလားအလာများစွာရှိနေကြောင်း ကူမင်းမြို့၌ ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Na Yunde ၊ အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သည်များအသင်း ဥက္ကဋ္ဌတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်းများကို ဖေါ်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်လိုအပ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
(၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှစီးပွားရေးဖိုရမ်၏ အလှည့်ကျ သဘာပတိအဖြစ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း က ဆောင်ရွက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းများမှ ဥက္ကဋ္ဌများနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ အစိုးရ ကိုယ်စားလှယ်များကလည်း ပါဝင်ဆွေးနွေးကြကြောင်း သိရပါတယ်။


#ygm_mnn #Local_News #တရုတ်နိုင်ငံ #အာဆီယံနိုင်ငံ #ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ #စီးပွားကူးသန်းဝန်ကြီးဆို #Yangon_Media_Group
#Local_Sport
Published-18-8-2023
၂၀၂၃ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့် အိမ်ရှင် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် ထိုင်းအသင်းအား မြန်မာအသင်းက ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်တွင် ထိုင်းအသင်းက ပထမပွဲချိန်အတွင်း နှစ်ဂိုး သွင်းယူခဲ့ပြီး၊ ဒုတိယပွဲချိန်တွင်နောက်ထပ် တစ်ဂိုးထပ်မံသွင်းယူခဲ့သည်။
မြန်မာအသင်းအနေဖြင့် ခြေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိသောကြောင့် ပွဲချိန်အပြီးတွင် ထိုင်းအသင်းက သုံးဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား အသင်းတို့ဖြင့် ထပ်မံ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ပြီး၊ အဆိုပါ အသင်းများသည် အင်အားတောင့်တင်းသည့် အသင်းများဖြစ်ခြင်းကြောင့် မြန်မာအသင်းအနေဖြင့် အကြိုတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
#YMG/my #Local_Sport #မြန်မာယူ(၂၃)အသင်း #ဂိုးပြတ်ဖြင့်ရှုံးနိမ့်
#Yangon_Times
#Local_News
Published- 18-8-2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော MoU လေးနှစ်ပြည့် မြန်မာအလုပ်သမားများနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် OWIC ကတ်ကျသင့်ငွေကို ကောက်ခံတော့မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။
ထိုင်းရောက် မြန်မာအလုပ်သမားအနေ ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် OWIC ကတ်တန်ဖိုး ဘတ်၂၅၀ အား ယခုလ (၁၈) ရက်နေ့မှစ၍ ကောက်ခံခြင်းမပြုတော့ကြောင်း ကြေညာထားခြင်းဖြစ်သည်။
သို့သော် သက်တမ်းတိုးရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ဘတ် ၁,၂၅၀ ကိုသာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများအနေဖြင့် OWIC ကတ်ကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ ထပ်မံထွက်ခွာမည့် အချိန်မှသာ သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရန် အသိပေးထားခြင်းဖြစ်သည်။
#YMG/my #Local_News #OWIC ကတ် #သံရုံး အသိပေး
#Yangon_Times
Page 1161 of 2055