Published 31 July 2022
ကြီးမားလှတဲ့ တရုတ် ဒုံးပျံက အရှိန်မြှင့် ဒုံးစက်ရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစတွေဟာ စနေနေ့ က ကမ္ဘာမြေရဲ့ အိန္ဒိယ သမုဒ္ဒရာ အပေါ် ပျက်ကျခဲ့တယ်လို့ အမေရိကန်နှင့် တရုတ် အာကာသအရာရှိတွေက ပြောကြပါတယ်၊
ဒုံးပျံ Long March 5B ရဲ့ ၂၅.၄ တန်ချိန်ရှိတဲ့ အပျက်အစီးတွေဟာ ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းက ပင်လယ်ပေါ် ထိုးကျခဲ့ တယ်လို့ တရုတ်နိုင်ငံ အာကာကသခရီးစဉ်အေဂျင်စီက ပြောပါတယ်။ လေထုထဲပြန်လည်ဝင်ရောက်လာတဲ့အခါ အပျက်အစီးတွေအများစုဟာ လောင်ကျွမ်းသွားကြတယ်လို့လည်း အေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြထား ပါတယ်။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ သူတို့ရဲ့ Long March 5B ဒုံးပျံ ပျက်ကျရာလမ်းကြေင်းနှင့် ပတ်သက်တဲ့ သတင်း အချက်အလက်ကို မျှဝေပေးခြင်းမရှိခဲ့ဘူး” လို့ အမေရိကန်နာဆာအုပ်ချုပ်ရေးမှူး ဘီလ်နယ်ဆင်က သတင်းထုတ်ပြန်ပါတယ်။
အာကာသလုပ်ငန်းလုပ်နေတဲ့ နိင်ငံတွေဟာ အကောင်းဆုံးအလေ့အထတွေကို လိုက်နာပြီး အထူးသဖြင့် လူ့အသက်အိုးအိမ် အန္တရာယ်မြင့်မားတဲ့ Long March 5 လို ယာဉ်တွေရဲ့ အပျက်အစီးအစိတ်အပိုင်းတွေနှင့် ပတ်သက်တဲ့ သတင်းအချက်အလက် တွေကြိုတင်မျှဝေပေးသင့်တယ် လို့လည်း သူကပြောပါတယ်။
တရုတ်ကတော့ ဒီလိုအပျက်အစီးအစိတ်အပိုင်းတွေကိစ္စ အနောက်ရဲ့ စိုးရိမ်ပူပန်မှုကို ပယ်ချလိုက်ပါတယ်။ ဒါဟာ နာမည် ဖျက်ချင်တာသက်သက်လို့လည်းတုန့်ပြန်လိုက်ပါတယ်။
The Long March 5B ဒုံးပျံကို တရုတ်ရဲ့ တည်ဆောက်ဆဲTiangong အာကာသယာဉ်အတွက် လေးလံလှတဲ့ မော်ဒျူးတစ်ခုကို သယ်ဆောင်ပြီး ဇူလိုင် ၂၄ရက်က လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာ တရုတ်ရဲ့ ပါဝင်မှုကို အမေရိကန်က တားဆီးပိတ်ပင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဟာ ကိုယ်ပိုင် အာကာသစခန်းကို တည်ဆောက်ခဲ့ပါတယ်။
#Source_Bloomberg
#Long_March_5B
#China_Rocket_Debris
#Space_race
Published 31 July 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ စနေနေ့ မနက်မှာ ကိုဗစ်-၁၉ စစ်ဆေးရာမှာ ပေါ့စတစ်အဖြေထွက်ခဲ့တယ်လို့ သမ္မတရဲ့ ဆရာဝန် ဒေါက်တာ ကီဗင် အိုကော်နာက စာထုတ်ပြန်ပါတယ်။ ဒီလို ထပ်မံကူးစက်မှုတွေ့ရတာဟာ ပြန်ကန်"rebound" ကူးစက်မှုဖြစ်နိုင်ကာ ပက်လိုဗစ်ဆေးနှင့်ကုသတဲ့ လူနာတွေထဲက ရာခိုင်နှုန်းအနည်းငယ်ဆီမှာ ဒီလို ပြန်ကန်ကူးစက်မှုမျိုး တွေ့ရတတ်တယ်လို့လည်း ဒေါက်တာကပြောပါတယ်။
ဘိုင်ဒင်ဟာ ရောဂါလက္ခဏာပြန်ပေါ်ပေါက်တာမျိုးမရှိဘဲ နေထိုင်ကောင်းနေတယ်လို့လည်း ဆရာဝန်ကပြောပါတယ်။
ဘိုင်ဒင်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေပိုင်းက စစ်ဆေးရာ နဂ္ဂတစ်အဖြေထွက်ခဲ့ပြီး နေ့စဉ်ဆက်လက် စစ်ဆေးရာမှာ ဗုဒ္ဓဟူးနေ့မနက်၊ကြာသပတေးနေ့မနက်နှင့် သောကြာနေ့မနက်တွေမှာလည်း နဂ္ဂတစ် အဖြေပဲထွက်ခဲ့ပါတယ်။ စနေမနက်ထပ်စစ်တော့မှ ပေါ့စတစ်အဖြေ ပြောင်းထွက်ခဲ့တာဖြစ်ပါတယ်။
“ သူနေကောင်းပေမယ့် ပေါ့စတစ်ထွက်ထားလို့ သူ့ကို တင်းကြပ်တဲ့ သီးသန့်ခွဲထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ပြန်လည် ထားရှိမှာဖြစ်တယ်” လို့ ဒေါက်တာကပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဘိုင်ဒင်ငဟာ နဂ္ဂတစ်အဖြေထွက်ခဲ့ပြီးနောက် သူဟာ သီးသန့်ခွဲနေတာတွေရပ်တန့်ခဲ့ပါတယ်။ အိမ်ဖြူတော် နှင်းဆီဥယျဉ်မှာတောင် သူပြန်လာတဲ့ အထိမ်းအမှတ် လုပ်ခဲ့ပါသေးတယ်။
Source: CNN
#Biden_Covid_Rebound_Infection
#Biden_Covid_positive _again
#Local_News
Published_ 30 July 2022
ဇူလိုင် ၃၀ ရက် ဒီကနေ့နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ (၁) ရပ်ကွက်၊ စည်ပင်လမ်းရှိ မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်သို့ အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံး များနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published - 30 July 2022
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်ခဲ့ပါက မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#World_Business
Published 30 July 2022
အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအချက်အခြာနယူးယော့ခ်မြို့မှာ အိမ်ငှားခများ စံချိန်တင်ဈေးတက်သွားခဲ့ပြီး ဒါဟာ ကိုဗစ်ကပ်ရောဂါဂယက်နဲ့ တိုင်းပြည်အတွင်း စံချိန်တင်ငွေကြေးဖောင်းပွမှုတို့ကြောင့် ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 30 July 2022
-မျောက်ကျောက်နှင့် စူပါကာလသားရောဂါ ဘယ်လိုဆက်စပ်မှုရှိနေသလဲ။ ဘယ်လိုကာကွယ်ကြရမလဲ??
#Yangon_Media_Group
#Local_News
Published_30 July 2022
လတ်တလောမှာဒေသအချို့မှာ နေ့အပူချိန်တွေစံချိန်တင်မြင့်တက်နေပြီး ရာသီဥတုပူပြင်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးအန္တရာယ်ဖြစ်ပေါ်လာနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 30 July 2022
စပါးစိုက်တောင်သူတွေရဲ့လက်ထဲမှာ သိုလှောင်ထားတဲ့ စပါးလက်ကျန်တွေ မရှိသလောက်နည်းပါနေတဲ့အတွက် ပြည်တွင်းဆန်ဈေးနှုန်းတတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 30 July 2022
EPS စာမေးပွဲဖြေဆိုအောင်မြင်သူများမှ ကိုရီးယား ဗီဇာကြေးသွင်းရန် တစ်ဒေါ်လာကို ကျပ်၂၄၀၀ နဲ့ပြင်ပဈေးကွက်ကနေ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 30 July 2022
- မျောက်ကျောက်လိုပဲ ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ စူပါကာလသားရောဂါရဲ့ အန္တရာယ်ကရော??
#Yangon_Media_Group
#DailyNews
Published - 30 July 2022
၁။ တစ်ဒေါ်လာကို ကျပ်၂၄၀၀ နှင့် ပြင်ပဈေးကွက်ကနေ ဝယ်ယူနေရဟုဆို
၂။ သိုလှောင်ထားသည့် စပါးလက်ကျန်နည်းနေသည့်အတွက် ဆန်ဈေးတက်ခြင်းဖြစ်ဟုဆို
၃။ နေစဉ်မိုးလေမိုးလေဝသ
၄။ အမေရိကန်တွင် စံချိန်တင်ငွေကြေးဖောင်းပွလာခြင်းကြောင့် အိမ်ငှားခများ မြင့်တက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 30 July 2022
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြေညာလိုက်ရတာ ဘာကြောင့်ပါလဲ
#Yangon_Media_Group
Page 1164 of 1468