Published-5 October2023

လူမှုဖူလုံရေးအာမခံလုပ်သားများအတွက် ရွေ့လျားဆေးကုသယာဉ်များ အသုံးပြုကာ Provider Purchaser Split စနစ်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်လိုသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို လူမှုဖူလုံရေးအဖွဲ့က ဖိတ်ခေါ်ထားသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ယနေ့ (အောက်တိုဘာလ ၄ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာမှတဆင့် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားပြီးလူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပုဂ္ဂလိကကဏ္ဍဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှုရယူရန် ခက်ခဲသည့်နေရာဒေသများ၊ ဝန်ဆောင်မှုလိုအပ်ချက်ရှိသည့် နေရာဒေသများနှင့် အလုပ်ဌာနများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit အသုံးပြုကာ Provider Purchaser Split စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေရာ လူမှုဖူလုံရေးအဖွဲ့မှ ရေးဆွဲပေးသောခရီးစဉ်အား သတ်မှတ်ချက် များနှင့်အညီ ပူး‌ပေါင်းဆောင်ရွက်နိုင်သည့် ဆေးကုသခွင့်လိုင်စင်၊ ဓာတ်ခွဲခန်းလိုင်စင်ရှိသောလုပ်ငန်းအတွေ့အကြုံရှိသည့် ပုဂ္ဂလိကဆေးကုသမှုဝန်ဆောင်မှုပေးသူများအား ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

Provider Purchaser Split စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆေးရုံ၊ ဆေးခန်းများသည် မြင်းခြံ ၊ ဒိုက်ဦး ၊ ကောလင်း ၊ ကသာ ၊ စစ်ကိုင်း ၊ ကလေး ၊ ဆားလင်းကြီး ၊ ဝါးခယ်မ ၊ မြန်အောင် ၊ ပုသိမ် ၊ ထုံးဘို ၊ ဘိုကလေး ၊ ဟင်္သာတ၊ ကြံခင်း ၊ မောင်းမြ၊ မော်လမြိုင်ကျွန်းမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group