#Local_News
Published_ 29 March 2023
သင်္ကြန်ရက်နီးလာချိန်တွင် စက်သုံးဆီဈေးများ ဆက်တိုက်မြင့်တက်လာပြီး လက်လီ၊ လက်ကားဈေး နှစ်ခုစလုံးမြင့်တက်နေပါတယ်။
#Local_News #သင်္ကြန်မတိုင်မှီ #စက်သုံးဆီ #ဈေးဆက်တိုက်မြင့်တက်#YMG #Yangon_Media_Group
#World_Agricultur
Published 29 March 2023
ကော်စတာရီကာတောတွေထဲကထွက်တဲ့ ပန်းရောင်နာနတ်သီးဟာ မျိုးဗီဇပြုပြင်ကာ စိုက်ပျိုးထားတာဖြစ်ပြီး ပိုမိုအရည်ရွှမ်းအရသာရှိပါတယ်။
#World_Agriculture #ပန်းရောင်နာနတ်သီး #ကော့စတာရီကာစိုက်ခင်း#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ ပြည်တွင်းစားသုံးဆီဈေးနှုန်းကို ၄၄၃၀ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ငွေကျပ် ၁၀၀ကျော်ဈေးကျဆင်းလာပါတယ်။
#Local_News #စားသုံးဆီ #အရင်အပတ်ထက်ဈေးကျ #YMG #Yangon_Media_Group
#Local_News
Published_ 29March 2023
မြဝတီအာရှလမ်းမှာ တိုက်ပွဲပြင်းထန်တဲ့အတွက် အရေးပေါ်ဆေးကုသမယ့် လူနာတွေအနေနဲ့ မြဝတီမြို့ကနေ ရန်ကုန် ၊ မော်လမြိုင် ၊ ဘားအံ မြို့ကို ထိုကော်ကိုးလမ်းကိုအသုံးပြုနေရတာဖြစ်ပါတယ်။
#Local_News #မြဝတီ #အရေးပေါ်လူနာတင်ယာဉ် #ထိုကော်ကိုးလမ်း
#အခက်အခဲဖြစ်နေ #YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
သင်္ကြန်ချိန်နီးလာပြီဖြစ်တဲ့အတွက် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အတာအိုးတွေကို လက်ကားဝယ်ယူသူတွေများလာပြီး အရောင်းသွက်လာတယ်လို့ အတာအိုးလက်လီလက်ကားရောင်းချသူတွေထံမှ သိရပါတယ်၊၊
#Local_News #အတာအိုး #အရောင်းသွက်နေ
#YMG#Yangon_Media_Group
#DailyNews
Published_ 29 March 2023
၁။ရန်ကုန်၊ မန္တလေးအတာအိုးလက်ကားဈေးကွက် အရောင်းသွက်နေ
၂။မြဝတီမြို့အရေးပေါ် လူနာတင်ယာဉ်များ ၅ နာရီကြာသည့် ထိုကော်ကိုးလမ်းကို အသုံးပြုပြီးသွားလာနေရတဲ့အတွက် အခက်အခဲဖြစ်နေ
၃။ စားသုံးဆီ ရည်ညွှန်းသတ်မှတ်ဈေး ၄၄၃၀ ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ဈေးကျ
၄။အဖိုးတန်လှသည့် ပန်းရောင်နာနတ်သီးများ ကော့စတာရီကာစိုက်ခင်းများတွင် ထွက်ရှိနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 29 March 2023
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပဖို့ရှိပြီး လာမယ့်နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ(၁၇)ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံ #နှစ်ဆန်းတစ်ရက်နေ့ #နှစ်သစ်မင်္ဂလာ#YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ၂၇၀၀ ကျော် ယနေ့ မတ်လ ၂၉ ရက်တွင် နေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။
အဆိုပါ နေရပ်ပြန်ကြသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၇ ရွာနှင့် ပလက်ဝမြို့နယ်မှ ကျေးရွာ ၆ ရွာ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးတို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့မှုများမှာ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သိန်းနှုန်းစီ ဖြင့် အိမ်ထောင်စု ၆၄၄ စုအတွက် ထောက်ပံ့ငွေကျပ် ၃၂၂၀ သိန်း ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ လျှင် ငွေကျပ် ၁ သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၄၄ သိန်း၊ လူတစ်ဦးကို ဆန်၊ ရိက္ခာ ၁ ရက်လျှင် ဆန် ၂ ဘူးနှုန်းစီဖြင့် အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးအတွက် တစ်လစာ ရိက္ခာဆန်ဖိုးငွေ ၂၄,၃၅၄,၀၀၀ ကျပ် ၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါဝင်သော Family Kit ပုံး ၆၄၄ ပုံး တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းထောက်ပံ့မှုများကို ယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းလည်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။
#ymg/mt #Local_News #ကျောက်တော် #စစ်ဘေးရှောင် #နေရပ်ပြန်
#YMG #Yangon_Media_Group
#LocalNews
Published_ 29 March 2023
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတရားမဝင် ဘင်္ဂါလီ ၃ ဦး ဘူးသီးတောင်မြို့နယ်တာဝန်ရှိသူများထံ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
မတ်လ ၂၈ ရက်က ညနေ ၅ နာရီခန့်က ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲသို့ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၃ ဦးအား ရှာကေကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ လာရောက်ပို့ဆောင်သဖြင့် စစ်ဆေးမေးမြန်းခဲ့စဉ် အထက်ပါအတိုင်း ကိုယ်တိုင် အဖမ်းခံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ ၃ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်သည့် အာမီဟူစိန် (၆၅)နှစ်၊ (ဘ)နာဇူမျာ၊ ၎င်း၏ ဇနီးဖြစ်သူ ဖာတာမာခါတူ(၅၅)နှစ်၊ (ဘ)ကာလာမျာနှင့် မြေးဖြစ်သူ နူရ်မုစ်တော်ဖာ(၁၃)နှစ်၊ (ဘ)ဆူတန်မတ်တို့ဖြစ်ပြီး မတ်လ ၂၃ ရက်ညပိုင်းတွင် စက်လှေတစ်စီးဖြင့် မောင်တောမြို့နယ်ဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ယခင်နေထိုင်ခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ရှာကေကျေးရွာသို့ ပြန်လာခြင်းဖြစ်ကြောင်းနှင့် တရားမဝင် ဝင်ရောက်လာမှုအား ရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့၍ လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုနှင့်ပတ်သတ်၍ ဘင်္ဂါလီ ၃ ဦးကို တောင်ဘဇာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#LocalNews #တရားမဝင် #ဘင်္ဂါလီ #ဘူးသီးတောင်
#YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ စက်ရုံတစ်ရုံမီးလောင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
မီးလောင်ကျွမ်းမှုများ၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှLevel 3 ယာဉ်အုပ်စုများပါ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်တွင်ဆွီးတီးဟုမ်းမွှေ့ယာ စက်ရုံမီးလောင်သည်ဟုပျံ့နှံ့လျက်ရှိသည်၊၊
မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ရှင်သန်ရေးကူညီမှုအသင်းဥက္ကဌဦးထွန်းထွန်းဦးက"လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှာမီးလောင်တာဟုတ်ပါတယ် စက်ရုံတစ်ရုံမှာလောင်နေတာပါ၊၊
ကျွန်တော်တို့အဖွဲ့ဝင်တွေက ခုမှသွားနေဆဲမို့ ဆွီတီးဟုမ်းမွေ့ယာစက်ရုံဟုတ်မဟုတ်တော့ ခုထိအတည်မပြုနိုင်သေးပါဘူး၊၊ သတင်းပြန်မပို့သေးပါဘူး၊၊ မီးလောင်ကျွမ်းမှုအတွက် ရေအထောက်အကူပြုဖို့ လွှတ်ထားပါတယ်"ဟု ပြောသည်၊၊
Photo credit Tikyioo
#ymg/tthl #Local_News #လှိုင်သာယာ #ရွှေလင်ဗန်းစက်မှုဇုန် #စက်ရုံမီးလောင် #YMG #Yangon_Media_Group



#Local_News
Published_ 29 March 2023
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မိသားစုဝင်များ ၎င်းတို့၏မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နေသည့်အတွက် အဆိုပါယာယီခိုလှုံရေးစခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆမီးမြို့ရှိ ယာယီခိုလှုံရေးစခန်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစခန်း၊ ပျံကျစခန်း၊ စည်ပင်စခန်း၊ မြို့ပိုင်ကုန်းစခန်းများနှင့်ဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မိသားစုဝင်များသည် မိမိတို့သဘောဆန္ဒဖြင့် မတ်လ ၂၈ ရက်နေ့တွင် မူလ နေရပ်သို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ပေးခဲ့ရာ မိသားစုဝင်များ၏ အိမ်အသုံးဆောင်ပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ်များ၊ စက်လှေများဖြင့် သယ်ယူပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် ဌာနဆိုင်အဖွဲ့အစည်းများအပြင် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၆၃ စုမှ မိသားစုဝင် လူဦးရေ ၁၅၀၄ ဦးရှိကြောင်း သိရပါသည်။
#ymg/ynzw #Local_News #ချင်းပြည်နယ် #ဆမီးမြို့ #ယာယီခိုလှုံရေးစခန်းများ #YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
ပြင်ပရွှေပေါက်ဈေးဟာ မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ၂၉ သိန်း၂ သောင်းကျော် ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်ရွှေဈေးကွက်ထဲက စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးလုပ်ငန်းရှင်များအသင်းကတော့ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေ ၂၃ သိန်းတစ်သောင်းကျော်နဲ့ ဈေးဖွင့်ထားကြောင်း ထုတ်ပြန်ထားသည်။
ရွှေဈေးဟာ မတ်လတတိယအပတ်ထဲမှာ ဈေးနှုန်းမြင့်တက်လာကာ သိန်း ၃၀ နီးပါးအထိ ဈေးတက်ခဲ့တာဖြစ်သည်။ လက်ရှိအချိန်၌ ရွှေဈေးနူန်းများ အနည်းငယ်ကျဆင်းလာပြီး ၂၉သိန်း၂သောင်းကျော်အထိ ပေါက်ဈေး ရှိလာတာဖြစ်သည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်နေချိန် ပြည်တွင်းရွှေဈေးဟာလည်း ဈေးတတ်နေသည့်အတွက် အရောင်းရောအဝယ်ပါ မရှိကြောင်း ရွှေလုပ်ငန်းရှင်တချို့ကပြောသည်။ ကမ္ဘာ့ရွှေဈေးအပြောင်းအလဲကြောင့် ပြည်တွင်းမှာရွှေဈေးကစားသူတွေကို အရေးယူမည်ဖြစ်ကြောင်းလည်း ရွှေအသင်းက ထုတ်ပြန်ထားပါသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း အနည်းငယ်ပြန်ကျဆင်းလာပြီး မတ်လ ၂၉ ရက်နေ့မှာ တစ်အောင်စကို ၁၉၆၇ ဒေါ်လာဝန်းကျင်ပေါက်ဈေးရှိနေကြောင်းသိရသည်။
#ymg/ynzw #Local_News #ပြင်ပရွှေပေါက်ဈေး #အရောင်းဝယ်အေးနေ #Gold #YMG #Yangon_Media _Group
Page 1162 of 1854