မြန်မာဇာတ်ကားများ ပြင်ပတွင် ရောင်းခွင့် ပြသခွင့်ရှိဟုဆို
"လိပ်ပြာစံအိမ်ဇာတ်ကား Netfixမှာ ပြသခွင့်ရနေတာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ မသိရှိသေးသော်လည်း မိမိထုတ်လုပ်တဲ့ဇာတ်ကားတွေကို ထုတ်လုပ်ရေးတွေက ပြင်ပမှာ ရောင်း၀ယ်ပြသခွင့်ရှိတယ်" ဦးအေးကြူလေး(ဒုဥက္ကဌ/မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)
Yangon_Times/tthl
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
Published_ 21 August 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express ကား ၁-စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျ၍ အမျိုးသား ၁-ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ (၁၅)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။
ယနေ့ သြဂုတ်လ ၂၁ရက် ညနေ ၃နာရီ ၄၀မိနစ်အချိန်ခန့်က မိုင်တိုင်အမှတ် (၇၇/၅)နှင့်(၇၇/၆)ကြားတွင် လူဦးရေ (၁၆)ဦး တင်ဆောင်လာသည့်အဖြူရောင် Express တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး မြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၅)ဦး နှင့် ကလေး(၁)ဦး၊ စုစုပေါင်း (၁၆)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၁)ဦးမှာ စိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ကျန်(၁၄)ဦးမှာ(မစိုးရိမ်ရ)ထိလိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက် မှုသတင်းရရှိ၍ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ၁၉၂လူနာ တင်ယာဉ်၊ ရှင်သန်မှုလူမှုကူညီရေးအသင်းယာဉ်နှင့် Light Truck ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 21 August 2023
မလေးရှား နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား အများစုအနေဖြင့် အလုပ်အကိုင်မရရှိဘဲ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း မလေးရှား နိုင်ငံရှိမြန်မာလူမှုကူညီရေးအသင်းများ ထံမှသိရသည်။
တရားမဝင်ပြည်ပလုပ်သားများဖမ်းဆီးမှုများလာခြင်းအပြင် မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင်ရှား ပါးလာသောကြောင့် အထက်ပါအတိုင်း အခက်အခဲ ကြုံရခြင်း ဖြစ်သည်။
"ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ မလေးရှားမှာလည်း စီးပွားရေးကျဆင်းလာတယ်။
တရားဝင် အလုပ်လာလုပ်တဲ့သူ တွေတောင် အချိန်ပို ရလာတာ နည်းလာတယ်။
တရားမဝင် လုပ်သားကပိုဆိုးတာပေါ့။ အခုဆို အလုပ်ရှာပေး မယ်ဆိုပြီး ပွဲစားကပိုက်ဆံတွေလွှဲခိုင်းပြီးဖုန်းကိုဘလော့သွားတာတို့၊ စက်ရုံလိုက်ပို့တယ်ပြီး လမ်းမှာထားခဲ့တာတွေ အော်ပရာစီဝင်လို့ ဖမ်းခံရတဲ့သူတွေ ဒုက္ခရောက်နေတဲ့ တရားမဝင်မြန်မာလုပ်သားတွေ အကြောင်း နေ့တိုင်းနီးပါးလိုကြားနေရတယ်။
နေဖို့စားဖို့အခက်ခဲဖြစ်လို့ လူမှုရေးအသင်းတွေထံ အကူညီတောင်းကြ တာတွေလဲရှိတယ်"ဟု ကပ်ပုန်း ၇ ရက်သားသမီးနာရေးကူညီမှုအသင်း(မလေးရှား)မှအဖွဲ့ဝင်တစ်ဦးက Yangon Times ကိုပြောသည်။
မလေးရှားနိုင်ငံသို့ တရားမဝင် မြန်မာလုပ်သားဝင်ရောက်လာမှုမှာ လက်ရှိ ၂၀၂၃ ခုနှစ်တွင် ပိုမိုများပြား လာကြောင်း၊ မလေးရှားအစိုးရအနေဖြင့်လည်း တရားမဝင် ပြည် ပလုပ်သားများအတွက် အသိအမှတ်ပြု အထောက်အထားပါမစ်ကတ်ကို ၂၀၂၃ ခုနှစ် (၁၂) လပိုင်းအထိ ပြုလုပ်ပေးနေသော်လည်း ၂၀၂၂ ခုနှစ် (၁၀)လပိုင်းအတွင်း မလေးရှားနိုင်ငံသို့ရောက်ရှိနေသူများကိုပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
YMG/LW
#Local_Times
#YMG #Yangon_Times
မိုးရွာသွန်းမှုတွေရှိနေတာကြောင့် ယခုလအစောပိုင်းက တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ မြစ်ရေမြင့်တက်
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားပြည်နယ်နှင့်တိုင်းအချို့တွင် (၁၁) ရက်ခန့် ရွာသွန်းမြဲထက် မိုးထစ်ချုံးရွာမည်
Yangon_Times/MY
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
Published_ 21 August 2023
ရိုးမဘဏ်မှ သင်္ဘောသားများအား အပေါင်မဲ့ အသေးဆုံးချေးငွေကို၁၅ သိန်းမှ သိန်း(၁၀၀)ထိ ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောကူးအလုပ်သမားအဖွဲ့ချုပ်(MSF) က သိရသည်။
အဆိုပါချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၁၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ယင်းကြောင့် တစ်လလျှင် ခန့်မှန်းအတိုးနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် လစဉ်အတိုးအရင်းပြန်ဆပ်ရမည်ဖြစ်ကြောင်းလည်းသိရသည်။
ချေးငွေပြန်ဆပ်ရမည့်ကာလမှာ အနည်းဆုံး ၆လမှ အများဆုံး ၁၂လအထိ ရွေးချယ်ပေးဆပ်နိုင်မည်ဖြစ် ကြောင်း?ချေးငွေရယူရန်အတွက် တင်ပြရမည့် စာရွက်စာတမ်းများနှင့် ပုံစံများကို လာမည့်ရက်ပိုင်းအတွင်း အဖွဲ့ချုပ်ရုံးတည်ရှိရာ အမှတ်-၅၃၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်တွင် စုံစမ်းနိုင်ကြောင်း လည်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 21 August 2023
အကောင်းဆုံးကြိုးစားခဲ့သော်လည်းပရိတ်သတ်လိုချင်သည့် ရလဒ်မရခဲ့ခြင်းကြောင့် တောင်းပန်ကြောင်း ထွန်းထွန်းမင်း က ယနေ့တွင် သူ၏ပရိတ်သတ်အား ပြောကြားသည်။
"ပြိုင်ပွဲအကောင်းဆုံးကြိုးစားတာရဲ့ရလဒ်မှာအနိုင်မရခဲ့တဲ့အတွက် SORRY ပါ။ပရိတ်တတ်တွေလိုချင်တဲ့ရ လဒ်ကိုအနိုင်မကစားပေးနိုင်တဲ့အတွက် Sorry ပါ"ဟု သူ၏လူမှုကွန်ရက် ကတစ်ဆင့် တောင်းပန်စကားဆို ထားခြင်းဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ယမန်နေ့ ဩဂုတ်လ (၂၀)ရက်က ရန်ကုန်မြို့ ၊ သိမ်ဖြူအားကစားရုံတွင် ပြုလုပ်ခဲ့ကြပြီး၊ စုစုပေါင်း စိန်ခေါ်ယှဉ်ပြိုင်သူ တွဲဆိုင်း (၆)ဆိုင်း ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း (၆) ဆိုင်း ကစားကြရာ တွဲဆိုင်းလေးဆိုင်း သရေကျခဲ့ပြီး၊ တွဲဆိုင်း (၂) ဆိုင်းကသာ အနိုင်အရှုံးပေါ်ထွက်ခဲ့သည်။
စိန်ခေါ်ပွဲတွင် ပထမတွဲဆိုင်းဖြစ်သည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ငါးချီအပြည့်ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသော်လည်း ပူးတွဲသရေ ရရှိခဲ့ပြီး၊ ဒုတိယတွဲဆိုင်းဖြစ်သည့် ထွန်းမင်းအောင်နှင့် ဂျပန်နိုင်ငံသား တိုခဲရှီတို့ ပွဲစဉ်တွင်လည်း ပူးတွဲသရေ ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တတိယတွဲဆိုင်းဖြစ်သည့် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ အာဝသန်တို့၏ ပွဲစဉ်၊ ဟံသာဝတီ နှင့် စီတိုး တို့၏ပွဲစဉ်သည်လည်း အနိုင်မရှုံးမပေါ်ဘဲ ပူတွဲသရေရရှိခဲ့သည်။
တိုင်းကျော် နှင့် ဝူသော်ဒိုး ပွဲစဉ်တွင် တိုင်းကျော်က အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊စိန်လုံးချောနှင့် မိုးထက်အောင်တို့ ပွဲစဉ်တွင်လည်း မိုးထက်အောင်က အလဲထိုးဖြင့်အနိုင်ရရှိခြင်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yngon_Times
Published_ 21 August 2023
ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မန္တလေးတွင် သြဂုတ်လ ၁၇ ရက်က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၁၁ စီ လမ်းထောင့်ရှိ ဇော်မိုးလွင် (ခ) လာရွတ်ဆန်ငှာ၏ နေအိမ်ကို သတင်းအရရှာဖွေစဉ် နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများပိုင်ရှင် အောင်သူအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ချမ်းအေး သာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ အေ လမ်းထောင့်ရှိ နန္ဒကို (ခ) နန္ဒ၏ နေအိမ်ကိုရှာဖွေရာ ယင်းကို စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်း၊ ဘိန်းဖြူ ၂၇၀ ဂရမ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
သိမ်းဆည်းရမိသော ပစ္စည်းများမှာ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၃၉၀ ဂရမ်၊ စိတ်ကြွရူး သွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် တို့ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကိုလည်း စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ၊ ယင်းအပြင် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 21 August 2023
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရေးရည်ရွယ်၍ နေပြည်တော်မှာ၌ (၅၀) ကီလိုမီတာ ခရီးရှည်မြင်းစီးပြိုင်ပွဲတွင် မြင်းနှင့်အားကစားသမား ၂၃ တွဲ ယှဉ်ပြိုင်ခဲ့ပြီး ၁၄ တွဲ အရည်အချင်းစစ်အောင်မြင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီမှူး၍ FEI One Star Endurance Qualification Round 1 (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီး ပြိုင်ပွဲကို ဩဂုတ် ၂၀ ရက် နံနက်(၆)နာရီတွင် ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစား ကွင်း၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဦးမင်းသိန်းဇံက (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲကို တာလွတ်၍ စတင်ယှဉ်ပြိုင် ခဲ့ကြရာ မြင်းစီးအားကစားသမားများက (၂၅) ကီလိုမီတာ ယှဉ်ပြိုင်စီးနင်း၍ ပထမ အကျော့ပန်းဝင်ခဲ့ကြပြီး သတ်မှတ်ထားတဲ့ Water point နေရာများတွင် မြင်း၏ ခံနိုင်ရည်အားနှင့် နှလုံးခုန်နှုန်းအား စစ်ဆေးခဲ့ကြပြီးနောက် ဒုတိယအကျော့ တာလွတ်၍ (၂၅) ကီလိုမီတာ ထပ်မံယှဉ်ပြိုင်စီးနင်းခဲ့ကြပါတယ်။
မြင်းစီးပြိုင်ပွဲတွင် MEIkTILA RIDING CLUB, MO RIDING CLUB, NAY PYI TAW RIDING CLUB, YECC RIDING CLUB, တို့မှ ပြိုင်ပွဲဝင် အားကစားသမားအတွဲ(၂၃)တွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် မြင်းနှင့် အားကစားသမားအတွဲ (၁၄)တွဲတို့ကို တာဝန်ရှိသူများက အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် မြင်းနှင့်အားကစားသမားများအား One Star အဆင့် ရရှိစေရေးအတွက် ခရီးရှည်မြင်းစီးပြိုင်ပွဲကို ယခုပြိုင်ပွဲ အပါအဝင် (၄)ကြိမ်ထပ်မံကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါတယ်။
ygm_mnn
#Yangon_Times
#Local_News
#ခရီးရှည်မြင်းစီးပြိုင်ပွဲ #အားကစားသမားများ #မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် #(၅၀) ကီလိုမီတာခရီးရှည်မြင်းစီးပြိုင်ပွဲ
#Yangon_Media_Group
ယခုနှစ်ပြုလုပ်တဲ့ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ်ပွဲစဉ်မှာ အသင်းခြောက်သင်းဝင်ရောက်ယှဉ်ပြိုင်
မြဝတီအမျိုးသမီးအသင်းက နှစ်ဂိုးသွင်းယူအနိုင်ရရှိ
Yangon_Times/MY
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်ရှိ ပြည်ပအလုပ်သမားသင်တန်းကျောင်းတစ်ခုတည်းသာ ဖွင့်လှစ်သင်ကြားပေးနေ
ပြည်ပကို သွားရောက်လုပ်ကိုင်မည့် လုပ်သားများ မဖြစ်မနေတက်ရောက်ရမည့် သင်တန်းဖြစ်။
ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်ရှိ ပြည်ပအလုပ်သမားသင်တန်းကျောင်းတစ်ခုတည်းသာ ဖွင့်လှစ်သင်ကြားပေးနေ
Yangon_Times/tthl
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
ထင်ရှားကျော်ကြားသူတို့၏ အသိဉာဏ်ဗဟုသုတဖြစ်ဖွယ်ရာ မှတ်ဖွယ်စကားများကို စုစည်း တင်ပြပေးလိုက်ပါသည်။
ဝါကျွတ်ချိန် အလှူပွဲအတွက် ဆင်ချိုးရွှေချည်ထိုးများ မှာယူမှုများလာ
‘ဝါကျွတ်ချိန်နီးလာလို့ ဆင်ချိုးရွှေချည်ထိုးတွေ ရောင်းအားတက်လာတယ်။ အခုရက်ပိုင်းအတွင်းပျဉ်းမနားမြို့နယ်က အလှူပွဲ၊မင်္ဂလာပွဲတွေ၊အခမ်းအနားတွေအတွက် ဆင်ချိုးရွှေချည်ထိုးတွေအော်ဒါတွေ စတင်မှာယူလာကြတယ်’ ရွှေအိုးဆင်ချိုးရွှေချည်ထိုးလုပ်ငန်းပိုင်ရှင်
Yangon_Times/tthl
#Local_News
#Published_ 21 August 2023
#YMG #Yangon_Times
Page 1157 of 2055