Published_ 24 August 2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့် ဆုတောင်းရမြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး လောင်းလှူပွဲ နှင့် တောင်ပြုံး အရှင်နှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်း၈ရက် မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ရာ ပွဲတော်ရက် မရောက်ခင်ကပင် လာရောက်သည့် ဘုရားဖူးပြည်သူ များပြားနေကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က အကြောင်းအမျိုးမျိူးကြောင့် ပွဲတော် ဖြစ်ယုံသာ ကျင်းပခဲ့ရပြီး ယခုနှစ်မှသာ ပြန်လည်စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
'' ဒီနှစ်ကတော့ လာတဲ့ ဘုရားဖူးဧည့်သည်ပိုများတယ် ပွဲတော်ရက် မစခင် လဆန်း၁ရက်နေ့ကတည်းက တစ်ရက်ကို လာတဲ့ဘုရားဖူးဧည့်သည် နှစ်သောင်းကျော်ရှိတယ်။
ဖွင့်ပွဲကို မနက်ဖြန်ဝါခေါင်လဆန်း ၉ရက် မနက် ၉နာရီမှာ ပြုလုပ်မှာပါ ပွဲတော်ကျင်းပချိန်ကိုတော့ မနက် ၆နာရီကနေ ညနေ ၆နာရီ အထိ ခွင့်ပြုထားပါတယ်''ဟု ပွဲတော်ကျင်းပရေးကော်မတီမှ ဦးမောင်မောင်ကြီးကပြောသည်။
ပွဲတော်အတွင်းရောင်းချမည့် ဆိုင်ခန်းများငှားရမ်းခကိုလည်း ယခင်နှစ်များတွင်
၅ပေတစ်ခန်းလျှင် တစ်သိန်းမှ နှစ်သိန်းအထိ ငှားရမ်းခရှိခဲ့ပြီး ယခုနှစ်ပွဲတော်ရက်တွင် ဆိုင်ခန်း အတွက် တစ်ပေလျှင် ကျပ်တစ်သောင်းဖြင့် ဈေးရောင်းသူများ အဆင်ပြေစေရန် လုပ်ဆောင်ပေးထားကြောင်း သိရသည်။
Yangon Times/LW
Photo crd - Naung Naung FB
#Local_News
#YMG #Yangon_Times
Published_ 24 August 2023
တောင်ကိုးရီးယားသမ္မတနိုင်ငံသွားရောက်သည့် မြန်မာလုပ်သားများထံမှ တားမြစ်စားသောက်ကုန်များကို မကြာခဏ ဖမ်းမိနေ၍ နောင်တစ်ကြိမ်လျှင်ပြည်ဝင်ခွင့်ပိတ်မည်ဟု တောင်ကိုးရီးယားဘက် မှအသိပေးလာကြောင်း ဆိုလ်းမြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ဩဂုတ်လ၂၄ရက်(ယနေ့)ထုတ်ပြန်လိုက်သည်။
ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရာက် မည့်သူများအား တားမြစ်ပစ္စည်းများ၊ အစားအသောက်များ သယ်ဆောင်ခြင်းမပြုပါရန် အကြိမ်ကြိမ် အသိပညာပေးခြင်း သတိပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ကိုရီးယားသမ္မတနိုင်သို့ ဝင်ရောက်သည့် Re entry လုပ်သားများက ဂရုမပြုဘဲ အသားခြောက် ကွမ်းရွက် စသည့် အစားအသောက် များ သယ်ဆောင်သည်ကို အင်ချွန်းလေဆိပ်တွင် စစ်ဆေးတွေ့ရှိကြောင်း သိရှိရသည်။
"ပြောတာတော့ များနေပေမဲ့ ထပ်ပြောရဦးမှာပဲ။ အသားခြောက် လုံးဝ လုံးဝဖမ်းပါတယ်။ ကွမ်းရွက်ဖမ်းတာပါပဲ။ Re-entryတွေက လူနည်းတဲ့အတွက် သေချာစစ်ပါတယ်။ တစ်ခြားနိုင်ငံတွေ အိတ်စစ်ချိန် ၅မိနစ်တောင်မကြာတဲ့အချိန် ကျွန်တော်တို့တွေဝင်လိုက်ရင် နာရီဝက်လောက်ကြာပါတယ်။
POEA က ဆရာမတွေကလည်း မထွက်ခင်ကြိုသတိပေးခဲ့ပါတယ်။ ဘယ်သူမှဂရုမစိုက်ကြပါဘူး။ လွတ်မယ်ထင်လို့ သယ်လာကြတယ်။ ခုတော့ အပတ်စဥ်အမိများလာတော့ အဖမ်းခံရတဲ့သူတွေ နောင်တစ်ကြိမ်ပြည်ဝင်ခွင့်ပိတ်ပါမယ်လို့ အကြောင်းကြားလာပါတယ်။ ထပ်ချဲ့ပြောရရင် E-7-4လိုမျိုး ဗီဇာပြောင်းမယ်ဆိုရင်တောင် ကိုယ့်မှာ နစ်နာမယ့်အခြေအနေဖြစ်လာမှာပါ"ဟု အလုပ်သမားသံအရာရှိရုံးက ပြောသည်။
လက်ရှိတွင် တားမြစ် ပစ္စည်းသယ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ပစ္စည်းသိမ်း၊ ပတ်စ်ပို့မှတ်တမ်းတင်၍ ဒဏ်ငွေဆောင်ခြင်းများစေခိုင်း၍ နောင်တစ်ကြိမ်ပြည်ဝင်ခွင့်ပိတ်မည်ဟု အကြောင်းကြားလာကြောင်း အလုပ်သမားသံအရာရှိရုံးက သိရသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက် ၍ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA-EPS) ကလည်းမိမိကြောင့် မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရေး၊ နောင်ဝင်ရောက်မည့် လုပ်သားများအတွက် အဟန့်အတားမဖြစ်ပေါ်စေရေး အထူးသတိပြု လိုက်နာဆောင်ရွက်ကြပါရန် ထပ်မံအသိပေးထားသေးသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
ကမ္ဘာကျော် ဘာစီလိုနာ ယူ-၁၂ လူငယ်ဘောလုံးအသင်းနှင့် မြန်မာ ယူ-၁၂ လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် မြန်မာလူငယ်အသင်း ရှုံးနိမ့်
ဘာစီလိုနာနဲ့ မြန်မာအသင်းတို့ ယနေ့ ဩဂုတ် (၂၄)ရက် နံနက်ပိုင်းတွင် အုပ်စုအဖွင့် ပွဲဦးထွက်ယှဉ်ပြိုင်
Yangon_Times/MY
#Local_News
#Published_ 24 August 2023
#YMG #Yangon_Times
အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဒေသဆိုင်ရာ လမ်းညွှန်သင်တန်းဟုဆိုကာ မန္တလေးတွင် လိမ်လည်ဖွင့်လှစ်ပြီး သင်တန်းကြေးငွေများ ကောက်ယူနေ
အလုပ်သမားတစ်ဦးကို သင်တန်း ၂ရက်ကြာ သင်ကြားပေးကာ သင်တန်းကြေးအဖြစ် ကျပ် ၃သိန်းမှ ၃သိန်းခွဲ ထိကောက်ယူပြီး အစိုးရ ရုံးပိတ်ရက်ကလွဲလို့ နေ့စဉ်သင်တန်း ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 24 August 2023
#YMG #Yangon_Times
24 August 2023
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားလုပ်ငန်းရှင် (၂)ဦးနှင့် သူတို့ရဲ့ ကုမ္ပဏီ(၃)ခုကို စီးပွားရေးအရေးယူ ကန့်သတ် ပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်လိုက်တယ်လို့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂၃ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဂျက်လေယာဉ်ဆီတွေတင်သွင်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နှင့် အမေရိကန်အစိုးရရဲ့ စီးပွားရေးကန့်သတ် အရေးယူမှုခံရတဲ့ မြန်မာလုပ်ငန်းရှင်နှစ်ဦးက ဒေါ်ခင်ဖြူဝင်းနှင့် ဦးဇော်မင်းထွန်းတို့ဖြစ်ကြပါတယ်။ အဲဒီအပြင် သူတို့ ထိန်းချုပ်ထားတယ်လို့ဆိုတဲ့ Shoon Energy PTE. LTD၊ PEIA PTE. LTD.နှင့် P.E.I Energy PTE. LTD တို့ကိုလည်း ပိတ်ဆို့ ကန့်သတ်မှုစာရင်းထဲထည့်သွင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီကုမ္ပဏီတွေ အားလုံးဟာ စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခံရတဲ့လူပုဂ္ဂိုလ်တွေနှင့် ကုမ္ပဏီတွေဟာ မြန်မာတပ်မတော်ကို ဂျက်လေယာဉ် လောင်စာဆီတင်သွင်းရောင်းချဖြန့်ဖြူးရာမှာပါဝင်ပတ်သက်တယ်လို့ အမေရိကန်အစိုးရကစွပ်စွဲခဲ့တာဖြစ်ပါတယ်။
Published_ 24 August 2023
U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် အုပ်စု ဒုတိယပွဲစဥ်အဖြင့် ဂျပန်ကလပ်အသင်း(JEF United Chiba )နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သုံးဂိုး တစ်ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်ဟု ပွဲစဉ်အပြီးရလာဒ်ကို MFF က ထုတ်ပြန်သည်။
မြန်မာလူငယ်အသင်းအနေဖြင့် အဆိုပါအုပ်စုဒုတိယပွဲစဥ်ကို ယနေ့ နံနက် မြန်မာ စံတော်ချိန် (၁၀) နာရီအချိန်တွင် ကစားခဲ့ကြခြင်းဖြစ်သည်။
အုပ်စုပွဲစဉ်အရ တစ်ရက်တည်းတွင် နှစ်ပွဲဆက်တိုက်ကစားခဲ့ရသည့် မြန်မာလူငယ်ဘောလုံးအသင်းအနေဖြင့် ရှုံးနိမ့်ခဲ့သော်လည်း စုဖွဲ့မှုကောင်းကောင်းဖြင့် ကြိုးစားကစားနိုင်ခဲ့ကြသည်ကိုတွေ့မြင်ရသည်။
မြန်မာအသင်းအနေဖြင့် ယနေ့ နံနက်ပိုင်းကလည်း အုပ်စု အဖွင့်ပွဲစဉ်ကို ဘာစီလိုနာ ယူ ၁၂ အသင်းနှင့် ကစားခဲ့ရာ လေးဂိုး ဂိုးမရှိဖြင့် ရှုံးနှိမ့်ထားသေးသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်ဘော လုံးအသင်း၏ အုပ်စု နောက်ဆုံးပွဲစဥ်ကို Daiwa House Dream အသင်းနှင့် ဩဂုတ် (၂၅)ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် နံနက် (၇) နာရီ (၄၅)မိနစ် အချိန်တွင် ယှဥ်ပြိုင် ကစားသွားရဦးမည် ဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ မိုးသည်းမည်
‘မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊မန္တလေး၊မကွေးစတဲ့ ဒေသတွေမှာမိုးကြီးနိုင်တယ်။’..... ဦးလှထွန်း၊ညွှန်ကြားရေးမှူး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published_ 24 August 2023
#YMG #Yangon_Times
Published_ 24 August 2023
ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရမဲခေါင်မြစ်ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်အတွက် ရပ်နားထားသော Smoosh Sea C-22 ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲရာ တွင် သေဆုံးသွားသောမြန်မာ အလုပ်သမား များ အတွက် နစ်နာကြေး ကို ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာအလုပ်သမားသံရုံး မှ သိရသည်။
smoosh Sea C-22 ဆီတင်သင်္ဘောသည် ၁၇-၁-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်ခန့်တွင် အလုပ်သမား ၃၀ ဦးခန့်ဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်နေစဉ်ပိုက်လိုင်းအတွင်းရှိဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ အလုပ်သမား ၇ ဦး၏ ကျန်ရစ်သူမိသားစုများအနက်မှ စာရွက်စာတမ်းနှင့် အချက်အလက်များ ပြည့်စုံသော မိသားစု ၄ စု၏ မိခင် ၃ ဦးနှင့် ကလေး ၂ ဦးတို့ား ၂၂-၈-၂၀၂၃ ရက်နေ့တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး၌ နစ်နာကြေးငွေများကို ထိုက်သင့်သည့်ပမာဏ အလိုက် ပေးခဲ့ပြီး ကျန်ရှိသည့် မိသားစု ၃ စုအတွက်လည်း နစ်နာကြေးများ အမြန်ဆုံးရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times


Pubulish_ 24 August 2023
ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သယ်ယူစရိတ်လျှော့ချနိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ကုန်ဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များကို ဥပဒေနှင့်အညီကြပ်မတ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ‘ကုန်ဈေးနှုန်းတည်ငြိမ်စေရန် ကုန်ပစ္စည်းထွက်ရှိရာ ဒေသများမှ စားသုံးသည့်ဒေသများ သို့သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့်များပြား ခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ-မရှိနှင့် ဝိသမလောဘ သမားများ၏ ဈေးကစားမှု ရှိ - မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေးညှိ နှိုင်းဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း’ထည့်သွင်းပြောကြားခဲ့သည်။
ဒေသအလိုက်ကုန်ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အစည်းများအားလုံးပူးပေါင်းပြီး ကြပ်မတ်ဆောင်ရွက်ကြမည်ဟုဆိုသည်။
လက်ရှိဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ်လေ့လာပြီး ထိထိရောက် ရောက် စီမံကြပ်မတ်ဆောင်ရွက်ကြမည်ဖြစ်သလို တစ်ဖက်တွင်လည်း အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိက ကျသည့်လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှုတိုးတက် လာစေရန်အတွက် လိုအပ်သည့်ပံ့ပိုးမှု များပေးခြင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို အားပေးခြင်းစသည့်စည်းရုံးရေးနှင့် စီးပွားရေး နည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးခြင်းများလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times
Published_ 24-August 2023
လူငယ်အများစု ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယအကြိမ်မြောက် Stand For Love ပြိုင်ပွဲကို လာမည့် ဩဂုတ် (၂၆)ရက်နှင့် (၂၇)ရက် တို့တွင် မြန်မာပလာဇာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Stand For Love အမည်ရှိ ပြိုင်ပွဲကို ပြိုင်ပွဲဝင်ပေါင်း (၁၂၀)က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆု ကျပ် (၁၅)သိန်း၊ ဒုတိယဆု ကျပ် (၁၀)သိန်းနှင့် တတိယဆုကျပ် (၅)သိန်းတို့ကို ချီးမြှင့်သွားမည့် အပြင် စိန်နန်းတော်၊ D&C၊ Canal+၊ ERKEနှင့် One Finesses တို့ ကလည်းဆုများထပ်မံချီးမြှင့်သွားမည်ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲပုံစံမှာ ပြိုင်ပွဲအတွင်းရှိ ကားပေါ်မှ သတ်မှတ်ထားသောနေရာအား လက်ဖြင့် ငါးနာရီကြာထိထားနိုင်သူ သုံးဦးကိုရွှေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရောက်သူများအနေဖြင့် နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊
ပထမတစ်ကြိမ်တွင် ကားအတွင်းရှိသတ်မှတ်ထားသော လက်ပုံစံနေရာအား ခြေစုံရပ်၍ လက်ဖြင့်ထိထားရမည်ဖြစ်သည်ဟုဆိုသည်။
ဒုတိယအကြိမ်တွင် ခြေတစ်ဘက်သာရပ်၍ သတ်မှတ်ထားသော လက်ပုံစံနေရာအား လက်ဖြင့်ထိထားရမည်ဖြစ်ပြီး ၊ ပထမအကြိမ်နှင့်ဒုတိယအကြိမ်အကြား ၁၀မိနစ်သာနားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်သူများအနက် သုံးဦးကိုသာရွေးချယ်သွားမည်ဖြစ်သော်လည်း သုံးဦးထက်ပိုပါက မြန်မာပလာဇာ စီမံခန့်ခွဲရေးဌာနက ပြိုင်ပွဲဝင်အားလုံးအရှေ့တွင် မဲနှိုက်၍ မဲပေါက်သူကို ဆုချီးမြှင့်သွားမည်ဟု အသိပေးထားသည်။
ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်သူအနေဖြင့် အဖော်ပြုပေးမည့်သူ တစ်ယောက် ခေါ်လာခွင့်ရှိကာ ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတရာဖြစ်ပွားပါက ပြိုင်ပွဲဝင်၏ တာဝန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times
Published_ 24 August 2023
ရခိုင်ပြည်နယ် ၊ နတ်မြစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဟန်ချက်ညီရေကြောင်းကင်းလှည့်မှုတစ်ခုကို ယမန်နေ့ ဩဂုတ်(၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုတွင် ရေးသားဖော်ပြထားသည်။
အဆိုပါ ဟန်ချက်ညီ ရေကြောင်းကင်းလှည့်ခြင်းကို နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်း၍ လစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်လအတွင်း သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး၊ ဩဂုတ်လ(၁၉) ရက်တွင်တစ်ကြိမ်၊ ဩဂုတ်(၂၂) ရက်တွင်တစ်ကြိမ် နှင့် ဩဂုတ်(၂၃ )ရက်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကင်းလှည့်ခြင်းအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဦးစီး ကိုယ်စား လှယ်အဖွဲ့ဖြင့် အောင်ဗလချောင်းဝအနီးမှ မကျီးချောင်းဝအနီးထိ နတ်မြစ်တစ်လျှောက်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ကင်းလှည့်မှုအခြေအနေများကို မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ-ရခိုင်နေ့စဉ်
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 24 August 2023
အိန္ဒိယအာကာသယာဥ်တစ်စင်းဟာ ဗုဒ္ဓဟူးနေ့က လရဲ့ ကြမ်းတမ်းပြီး မစူးစမ်းရသေးတဲ့ တောင်ဝင်ရိုးစွန်းပေါ်သို့ ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့ပြီး လကမ္ဘာစူးစမ်းရှာဖွေခြင်းမစ်ရှင်နဲ့ အိန္ဒိယနိုင်ငံရဲ့ အာကာသနည်းပညာ အဆင့်အတန်းကို မြင်တွေ့လိုက်ရပါတယ်။
ဒီအခိုက်အတန့်ဟာ ဘယ်တော့မှ မမေ့နိုင်စရာဖြစ်စဥ်ဖြစ်ပြီး အိန္ဒိယအတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် နရန်ဒရာမိုဒီက တောင်အာဖရိကမှာ ကျင်းပတဲ့ BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရင်း အိန္ဒိယအလံဝေ့ယမ်းကာ အာကာသယာဉ်ဆင်းသက်မှုကို ကြည့်ရှုပြီး ပြောကြားခဲ့ပါတယ်။
အာကာသယာဥ်ဆင်းသက်ချိန်မှာ သိပ္ပံပညာရှင်တွေနဲ့ အရာရှိတွေ လက်ခုပ်တီးကာ အချင်းချင်း ပွေ့ဖက်ခဲ့ကြသလို အိန္ဒိယပြည်သူတွေကလည်း လမ်းတွေမှာ မီးရှူးမီးပန်းဖောက်၊ ကခုန်အောင်ပွဲခံခဲ့ကြပါတယ်။
အိန္ဒိယဟာ လကမ္ဘာပေါ် ရောက်ခဲ့ပြီလို့ အိန္ဒိယအာကာသ သုတေသန အဖွဲ့အစည်း(ISRO)မှ အကြီးအကဲ ဆိုမာနက်က ဆိုလိုက်ပါတယ်။
ယခုဆင်းသက်နိုင်ခဲ့တဲ့ အာကာသယာဥ်က ချန်ဒရာယန်-၃ ယာဉ်ဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ယခင်ဆိုဗီယက်ပြည်ထောင်စု နောက်ပိုင်း လကမ္ဘာပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။
အာကာသယာဥ်မှ ပုံရိပ်တွေကို ISRO မှ မျှဝေဖော်ပြရာမှာ လကမ္ဘာရဲ့မျက်နှာပြင်နဲ့ အာကာသယာဥ်ရဲ့ ခြေတိုင်၊ အရိပ်တို့ကို တွေ့မြင်ရပါတယ်။
လရဲ့ တောင်ဝင်ရိုးစွန်းဟာ ဆင်းသက်ဖို့ ခက်ခဲကြမ်းတမ်းပေမယ့် ထိုဒေသရဲ့ အေးခဲခြင်းကြောင့် လောင်စာ၊ စွမ်းအင်တို့ ရရှိနိင်သလို့ အနာဂတ်မစ်ရှင်များအတွက်လည်း သောက်သုံးရေ ရရှိနိုင်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အိန္ဒိယနိုင်ငံကို ဂုဏ်ပြုကြောင်း မိုဒီထံ စာပေးပို့ခဲ့ပါတယ်။
နာဆာ (NASA)ကြီးကြပ်ရေးမှူး ဘီလ်နယ်လ်ဆင်ကလည်း လကမ္ဘာပေါ် ဆင်းသက်နိုင်ခဲ့တဲ့အတွက် ISRO ကို ဂုဏ်ပြုလိုက်ပါတယ်။
ချန်ဒရာယန်-၃ အာကာသယာဥ်လွှတ်တင်ဖို့ကို အိန္ဒိယဟာ ကာလကြာရှည်စွာ စီစဥ်နေခဲ့ပြီး ၂၀၂၃ ဇူလိုင် ၁၄ ရက်နေ့က လွှတ်တင်ရန် စီစဉ်ထားခဲ့ပါတယ်။
ဒါဟာ လကမ္ဘာပေါ် လွှတ်တင်ရာမှာ အိန္ဒိယတို့ရဲ့ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပြီး ရုရှားနိုင်ငံမှ လူနာ-၂၅ မစ်ရှင် မအောင်မြင်ခဲ့ပြီးနောက် တစ်ပတ်မကြာခင်မှာ အိန္ဒိယက လွှတ်တင်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ယခု ချန်ဒရာယန်-၃ ဟာ နှစ်ပတ်ကြာတဲ့အထိ ဆက်လက်လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။
ယခုလို ဆင်းသက်နိုင်ခြင်းကြောင့် မားစ်ဂြိုဟ်နဲ့ ဗီးနပ်စ်ဂြိုဟ်တို့အထိပါ ဆက်လက်ချဲ့ထွင်နိုင်ဖို့ ယုံကြည်ချက်တွေ ရှိလာပါတယ်။
လပေါ်သို့ မဆင်းသက်မီ အိန္ဒိယနိုင်ငံရဲ့ သတင်းတွေမှာ ထိုသတင်းသာ နေရာယူထားခဲ့ပါတယ်။
နိုင်ငံတဝှမ်းမှာ ဆုတောင်းမျှော်မှန်းနေကြပြီး အာကာသယာဥ်ဆင်းသက်မှုကို တိုက်ရိုက်ကြည့်ရှုခဲ့ကြပါတယ်။
အိန္ဒိယဟာ စီးပွားရေးမှာသာမက သိပ္ပံနဲ့ နည်းပညာပိုင်းမှာလည်း တိုးတက်မှုတွေ ရှိလာပါပြီလို့ စွမ်းအင်ဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: Reuters
#World_News
#အိန္ဒိယ #ချန်ဒရာယန်-၃အာကာသယာဥ်း #လကမ္ဘာပေါ်သို့ပထမဆုံးအကြိမ်ဆင်းသက်
#YMG #Yangon_Times
Page 1153 of 2056