#Local_News
Published_ 17 January 2023
နာဂဒေသ လဟယ်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓ သာသနာပြု သီလရှင်ကျောင်းတို့တွင် လှူဖွယ်ပစ္စည်းများကို နစက ဥက္ကဌက ဇန်နဝါရီလ ၁၆ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓက ဘဒ္ဒန္တသုမန အမှူးပြုသည့် သံဃာ တော်များအား ဖူးမြော်ကြည်ညိုကာ သာသနာတော် ထွန်းကား ပြန့်ပွား ရေးဆိုင်ရာများ၊ ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန် တော်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမ များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ ရောက်ရှိကြပြီး သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများကို ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ၊ ပညာသင်ကြားရေးဆိုင်ရာများနှင့် သီလရှင်ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 January 2023
အရက်သေစာသောက်စားခြင်းများကို တတ်နိုင်သမျှအသိတရားဖြင့် ထိန်းသိမ်းကြရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့်ကွမ်းသုံးစွဲမှုများကိုလည်း ရှောင်ကြဉ်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဇန်နဝါရီလ ၁၆ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လဟယ်မြို့ရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ မူလတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေး စွမ်းရည်များပြည့်ဝနေရန်လိုကြောင်း၊ စွမ်းရည်များတိုးတက်စေရေးအတွက်အမြဲ လေ့ကျင့်နေရမည်ဖြစ်ပြီး စွမ်းအားများတိုးတက်စေရေးအတွက်လည်း တပ်မတော်ကို အဆင့်မြင့်တင်ခြင်းများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်းစွမ်းရည်များတိုးတက်စေရန်အတွက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှုများကို စနစ် တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စွမ်းရည်ရှိသည့် တပ်ဖြစ်လာမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ယင်းအပြင် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက်လည်း အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံနှင့် စစ်သည်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Health_Tips
Published 17 January 2023
ဆောင်းရာသီအကူးအပြောင်းမှာ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာခြင်းတို့ ဖြစ်တတ်ကြပါတယ်။
ဒါကြောင့်မို့လို့ နေမကောင်းမဖြစ်ဘဲ အမြဲတမ်းကျန်းမာနေတဲ့လူတွေရဲ့ အလေ့အထ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေများများသောက်ခြင်း
ရေလုံလောက်စွာသောက်သုံးတဲ့အခါ ခန္ဓာကိုယ်ထဲကနေ နာမကျန်းဖြစ်ခြင်းကို တိုက်ထုတ်ပေးဖို့လိုအပ်တဲ့ စွမ်းအင်ကို ပေးနိုင်ပါတယ်။
(၂) တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်း
တုပ်ကွေးရောဂါပိုးတွေက နှစ်စဉ်ဆင့်ကဲပြောင်းလဲနေတာကြောင့် ကာကွယ်ဆေးကိုလည်း ရာသီလိုက်ထိုးနှံဖို့လိုအပ်ပါတယ်။
(၃) လုံလောက်စွာအိပ်စက်ခြင်း
အိပ်ရေးမဝတဲ့အခါ ကိုယ်အလေးချိန်၊ စိတ်အခြေအနေတို့ကို ထိခိုက်စေကာ နာတာရှည်ရောဂါဖြစ်ပေါ်စေတာကြောင့် တစ်နေ့ကို ၈ နာရီအိပ်စက်ဖို့ အကြံပြုပါတယ်။
(၄) လက်ကိုင်ပဝါများ မကြာမကြာလဲပေးခြင်း
အသုံးပြုတာကြာလာတဲ့ မီးဖိုချောင်သုံးလက်နှီးများအပြင် လက်ကိုင်ပဝါတွေမှာ ရောဂါပိုးမွှားတွေ ပါဝင်နိုင်တာကြောင့် အရေပြားကူးစက်မှု၊ အစာအိမ်လမ်းကြောင်းထိခိုက်မှုတို့ ဖြစ်တတ်ပါတယ်။
(၅) လေ့ကျင့်ခန်းပြုလုပ်ခြင်း
အသက်အရွယ်ကြီးလာတဲ့အခါ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ဆဲလ်တွေလျော့နည်းလာပေမယ့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
(၆) အပြင်ထွက်လေ့ရှိခြင်း
အရေပြားအတွက်အရေးကြီးတဲ့ ဗိုက်တာမင်-ဒီကို နေရောင်ကနေရရှိကာ တစ်နေ့ကို ၁၀ မိနစ်ခန့် နေရောင်နဲ့ထိတွေ့သင့်ပါတယ်။
(၇) အပေါင်းအဖော်များနှင့်လျှောက်လည်ခြင်း
မိတ်ဆွေအပေါင်းအသင်းတွေရှိခြင်းဟာ မိသားစုဝင်တွေထက် ကျန်းမာရေးအတွက် ပိုမိုအရေးကြီးကြောင်းတွေ့ရှိထားကာ ဘဝတလျှောက်လုံး အခင်မင်ဆုံးမိတ်ဆွေတွေနဲ့ ရယ်မောနေထိုင်သင့်ပါတယ်။
(၈) ပူပူနွေးနွေးစားသောက်ခြင်း
ပူနွေးတဲ့ စားစရာသောက်စရာများစားခြင်းဖြင့် ခန္ဓာကိုယ်ကိုနွေးထွေးစေရုံမက သွေးလည်ပတ်မှုကိုလည်း လှုံ့ဆော်ပေးပါတယ်။
(၉) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲ၊ အခွံမာသီးတို့က ဗိုက်တာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး ဒိန်ချဉ်နဲ့ လိမ္မော်သီးတို့က ရောဂါကာကွယ်ရာမှာ ကူညီပေးပါတယ်။
(၁၀) အကောင်းမြင်အကောင်းတွေးတတ်ခြင်း
ဘဝမှာ ပြည့်စုံတယ်လို့မရှိပေမယ့် ကောင်းတာကိုပဲ တွေးတောကာ မကောင်းမြင်စိတ်လျှော့ချရင် အသက်ရှည်ကျန်းမာနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 16 Jan 2023
ဟောလီဝုဒ်ရဲ့ရွှေခေတ်က နာမည်ကျော်ကြားခဲ့တဲ့ အသက် ၉၅နှစ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး ဂျီနာလိုလိုဘရစ်ဂျစ်ဒါ Gina Lollobrigida ဟာ ဇန်နဝါရီ ၁၆ ရက် တနင်္လာနေ့မှာ ကွယ်လွန်သွားပါတယ်။
သူမဟာ ငယ်စဉ်က လိင်ဆွဲဆောင်မှုပြင်းတဲ့ အစ်ကိုကာလသားကြိုက်မင်းသမီးဖြစ်ခဲ့ပြီး သူမဟာ အဲဒီအချိန်တုန်းက ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ အာရိုဖလင်း၊ ဘတ်လန်ကစ္စတာနှင့် ဟမ်ဖရေးဘိုဂတ်တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။
သူမဟာ ၁၉၂၇ခုနှစ် ဇူလိုင်(၄)ရက်နေ့မှာ အီတလီနိုင်ငံ ရောမမြို့က မိုင်(၃၀)အကွာမှာရှိတဲ့ တောင်ပေါ်မြို့ကလေး ဆူဗီယာကိုမှာ မွေးဖွားခဲ့ပါတယ်။
Source: AFP
#Gina_Lollobrigida
#one_of the_last_icons_Golden_Age_of_Hollywood
#Local_News
Published_ 16 January 2023
ကိုဗစ်ကြောင့် ပိတ်ထားရသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ ဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်တွေကို ပြန်ဖွင့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#World_Entertainment
Published 16 January 2023
ကမ်မရွန်းယဉ်ကျေးမှုတေးဂီတဟာ ဝမ်းနည်းပူဆွေးသူများကို နှစ်သိမ့်ပေးတဲ့ပုံစံအဖြစ် စတင်ခဲ့ပြီး အခုအခါနိုင်ငံရဲ့ ပင်မခေတ်ရေစီးကြောင်းဖြစ်လာကာ အားငယ်နေတဲ့လူငယ်တွေအတွက် အားအင်ဖြစ်စေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ယခုလအတွင်းမှာ စားအုန်းဆီဈေးနှုန်းက တစ်ပိဿာကို ကျပ် ၆၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရောင်းချသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 January 2023
ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို ဈေးကစားမှုတွေရှိနေတာကြောင့် ဈေးအတင်အချ ပြုလုပ်မှုတွေမရှိစေဖို့အတွက် သက်ဆိုင်ရာဌာနကနေ မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
အိမ်နီးချင်းနိုင်ငံတွေနဲ့ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကျော့ပြန်ကိုဗစ်တွေအဖြစ်များနေတဲ့အတွက် မြန်မာမှာတစ်ကျော့ပြန် ကိုဗစ်မဖြစ်အောင် သတိပြုကာကွယ်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 16 January 2023
၁။ တစ်ကျော့ပြန် ကိုဗစ်မျိုးပြောင်းများ မြန်မာတွင်မဖြစ်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၂။ ဈေးကစားသူများကြောင့် ရွှေဈေးမြင့်တက်ခြင်း မရှိစေရန် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
၃။ စားအုန်းဆီတစ်ပိဿာ ၆၀၀၀ ကျော်ကို ပြန်လည်မြင့်တက်လာ
၄။ ကမ်မရွန်းအသုဘ တေးဂီတက အားငယ်နေသည့်လူငယ်များအတွက် မျှော်လင့်ချက်ဂီတအမျိုးအစားဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
လတ်တလောမှာ ညအပူချိန်တွေကျဆင်းပြီး ရေခဲအမှတ်နား (၅)ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိတဲ့ ဒေသ(၈)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ မီးလောင်ပျက်စီးခဲ့သည့် အရက်ချက်စက်ရုံ မီးလောင်မှုမှာ ဆုံးရှုံးမှုပမာဏများနှင့် ပတ်သက်၍ အာမခံ ကုမ္ပဏီတွေနှင့် ဆွေးနွေးနေပြီး တစ်လအတွင်း အရက်ထုတ်လုပ်မှု လုပ်ငန်းများ ပြန်စတင်သွားမည်ဖြစ်ကြောင်း Grand Royal Group International (GRGI) က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင်ရှိသည့် Grand Royal ကုမ္ပဏီ၏ အရက်ချက်စက်ရုံသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ ၁၅ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်အဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Grand Royal Group International ကုမ္ပဏီမှ ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့် အထောက်အထားတွေအရ မတော်တဆ မီးလောင်မှုဟု ယူဆရကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ကုမ္ပဏီအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်တွေနှင့် စစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်နေပြီး သက်ဆိုင်ရာ အာမခံကုမ္ပဏီတွေနှင့်လည်း သင့်တော်သည့် ဆုံးရှုံးမှုပမာဏအတွက် ဆွေးနွေးနေကြောင်း GRIG က ထုတ်ပြန်ထားသည်။
ကုမ္ပဏီအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လကုန်နောက်ဆုံးထားပြီး၊ အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းတွေ ပြန်လည်စတင်ရန် ခန့်မှန်းထားကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
Page 1153 of 1748