#World_Health
Published 28 February 2023
တိုကျိုနည်းပညာတက္ကသိုလ်က ကိုဗစ်-၁၉ရောဂါအတွက် သဘာဝကုသနည်း တွေ့ရှိခဲ့ဖွယ်ရှိကြောင်း Plos One ဂျာနယ်မှာ ယခုလအတွင်း ဖော်ပြခဲ့ပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကို လက်ခံပေါင်းစပ်မယ့် ACE2 ကို ထိရောက်စွာလျှော့ချနိုင်မယ့် 5-Aminolevulinic acid (ALA) ဆိုတဲ့ သဘာဝအမိုင်နိုအက်ဆစ်ကို တွေ့ရှိခဲ့ပါတယ်။
ဒီနည်းလမ်းဖြင့် အမိုင်နိုအက်ဆစ်က ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးမှာဖြစ်ပါတယ်။
ALA ကို ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ရှီတိတ်မှို၊ အာလူး၊ ပြည်ကြီးငါး၊ အမဲသား၊ ဝိုင်၊ ပဲငံပြာရည်တို့မှာ တွေ့ရှိနိုင်ပါတယ်။
WHO ရဲ့ဖော်ပြချက်အရ ကိုဗစ်-၁၉ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာလူပေါင်း ၆,၈၅၀,၅၉၄ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တရားဝင်အချက်အလက်များအရ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၇၅၇,၂၆၄,၅၁၁ ဦးရှိခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးပေါင်း ၁၂,၂၂၃,၁၃၅,၄၀၀ ကို ထိုးနှံထားခဲ့ပေမယ့် ကုသဆေးတော့ မရရှိခဲ့ပါဘူး။
သုတေသီတွေက လူသားဆဲလ်မွေးမြူခြင်းပြုလုပ်ကာ အချို့ကို ACE2 ဖြင့်ကူးစက်စေခဲ့ပါတယ်။
အမိုင်နိုအက်ဆစ်ဖြင့် ကုသတဲ့ဆဲလ်တွေမှာ ACE2 က သိပ်ပြီးမပျံ့ပွားတာကို တွေ့ရှိခဲ့ကြပါတယ်။
ALA ဆဲလ်တွေကနေ ပရိုတိုပေါ်ဖရင်-၉ ပြောင်းလဲသွားပုံကို သုတေသီများလေ့လာခဲ့ကြကာ ACE2 က ဇီဝနည်းလမ်းအရ ထိုဒြပ်ပေါင်းနှစ်ခုစလုံးနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်နေကြပါတယ်။
ယခုလေ့လာချက်က ကိုဗစ်လေ့လာရေးမှာ လမ်းစအသစ်ဖြစ်လာခဲ့ပြီး ယခုအခါ ALA နဲ့ ဟင်းမ်သွေးပရိုတိန်းထုတ်လုပ်မှုဖြင့် ကိုဗစ်ကုသနည်း ဖန်တီးနိုင်ဖို့ကို ဆက်လက်လေ့လာသွားမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post #World_Health #ကိုဗစ်-၁၉ရောဂါ #သဘာဝအတိုင်း #သုတေသီများ #YMG #Yangon_Media_Group
#Local_News
Published_ 27 February 2023
လတ်တလောမှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကိုရောက်လာပြီဖြစ်တဲ့အတွက် မီးလောင်ကျွမ်းမှုတွေ ပိုမိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #အထပ်မြင့် #တိုက်ခန်းနေသူ #အရေးပေါ် #ကြိုတင်ပြင်ဆင် #YMG #Yangon_Media_Group
#World_Society
Published 27 February 2023
နီကာရာဂွာအရှေ့ပိုင်းမှ အက်ဆရာဒိုးစ်တံငါသည်ရွာမှာ အယ်လီနာမာတီနက်ဇ်နဲ့ ရွာခံအမျိုးသမီးလေးတွေဟာ ရွှံ့တွေအောက်ကနေ ချင်း၊ ကမာ၊ ခရုတွေကောက်ယူဖို့ တောတွင်းထဲသွားလာတက်အောင် သင်ယူနေကြပါတယ်။
#World_Society #နီကာရာဂွာ #ချင်းကမာ #YMG
#Yangon_Media_Group
#Local_News
Published_ 27 February 2023
ဖေဖော်ဝါရီလ တတိယအပတ်ထဲမှာ ဆက်တိုက်ကျဆင်းလာတဲ့ ကမ္ဘာ့ရွှေဈေးဟာ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာလည်း တစ်အောင်စ ကို ၁၈၂၀ ဒေါ်ဈေးတန်းနဲ့ ဈေးဖွင့်လာပါတယ်။
#Local_News #Gold #Maket_Price # ကမ္ဘာ့ရွှေဈေး #တစ်အောင်စ
#YMG #Yangon_Media_Group
#Local_News
Published_ 27 February 2023
ပြည်တွင်းမှာပဲ စားသုံးဆီတွေထုတ်လုပ်နိုင်ဖို့ ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းမှာ ပဲဆီစက်ရုံတွေထောင်တာ၊ ဆီထွက်သီးနှံတွေ စိုက်ပျိုးတာတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #စားသုံးဆီ #ပိုထုတ်နိုင်ရန် #ဆီလုပ်ငန်းရှင်များ
#YMG #Yangon_Media_Group
#Local_News 
Published_ 27 February 2023
အခြေခံလူတန်းစားတွေ အားထားနေရတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်နေပြီး ကြက်ဥ ၊ ဘဲဥဈေးနှုန်းတွေဟာ တစ်လုံး ၃၀၀ ဝန်းကျင်ဈေးရှိနေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ၂၀၂၃ ခုနှစ် အစပိုင်းကစပြီး ဆန် ၊ ဆီ ၊ကြက်သွန်စတဲ့ အခြေခံစားသုံးကုန်တွေဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။
#Local_News #food #egg #rice #oil #onion #YMG
#Yangon_Media_Group
#DailyNews
Published_ 27 February 2023
၁။ အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ကြက်ဥတစ်လုံး ၃၀၀ ဝန်းကျင်ဈေးမြင့်
၂။ ပြည်တွင်း၌ စားသုံးဆီပိုထုတ်နိုင်ရန် ဆီလုပ်ငန်းရှင်များဆောင်ရွက်နေ၊ လုပ်ငန်းရှင်(၃၀)%မှ အကောင်အထည်ဖော်နေပြီဖြစ်
၃။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၀ ဒေါ်လာနဲ့ စတင်ဈေးဖွင့်လာ
၄။ မညစ်ပေချင်သည့် ယောက်ျားများအစား နီကာရာဂွာအမျိုးသမီးများချင်းကမာတူးဖော်ရှာဖွေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 27 February 2023
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်မြို့ရှောင်လမ်းမပေါ်မှာ ပိုက်ဆံအိတ်လုယူ ထွက်ပြေးခဲ့သူကို ဆိုင်ကယ်နဲ့ လိုက်လံဖမ်းဆီးရာက အရှိန်လွန်ကာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လိုက်လံဖမ်းဆီး သူအမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက သိရပါတယ်။
#Local_News #ပိုက်ဆံအိတ် #လုယက်သူ #လိုက်လံဖမ်းဆီး #အမျိုးသမီးငယ် #ယာဉ်တိုက်မှု #YMG #Crime
#Yangon_Media_Group
Published 27 Feb 2023
တရုတ်နိုင်ငံနေရာအစိတ်အပိုင်းတွေ အထူးသဖြင့် ပူနွေးလာတဲ့ တောင်ပိုင်းဒေသတွေမှာ လှပတဲ့ ပန်းမျိုးစုံဟာ ဆောင်းကုန်လို့ နွေဦးရာသိရောက်လာချိန်မှာ အစွမ်းကုန်ဖူးပွင့်နေကြပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရဲ့ ကူရှန်းစီရင်စုမှာ နွေဦးရာသီအတွက် ဇီးပင်တွေဖူးပွင့်နေကြပါတယ်။
ဖူဒါကျေးရွာမှာဆိုရင် ဟက်တာ၃၃၀ကျော်ရှိတဲ့ မြေနေရာအကျယ်ကြီးထဲမှာ ပန်းတွေလှပစွာဖူးပွင့်နေကြပါတယ်။
ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့က ဟိုင်းကျူးအမျိုးသားရေဝပ်ဥယျဉ်မှာ ပန်းရောင်ပန်းတွေဖူးပွင့်နေတာ အင်မတန်မှ လှပပြီးဆွဲဆောင်မှုရှိနေပါတယ်။
ဆီချွမ်းပြည်နယ် ကျန်အန်းစီရင်စုဦဇီကျန်းပြည်နယ်က ရှန်တောင်းဟူကျွန်းနှင့်အခြားကျွန်းတွေရဲ့ ကန်တွေမှာလည်း ချယ်ရီတွေလှပစွာပွင့်ဖူနေကြရာ ဧည့်သည်တွေအတွက် ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ဖြစ်လို့နေပါတယ်။
Source: CCTV+
#တရုတ်နွေဦးရာသီ
#နွေဦးရာသီပန်းစုံဖူးပွင့်
#China_Spring_Flowers
#YangonMediaGroup
		#Ukraine_Crisis
Published 27 February 2023
ယူကရိန်းအရှေ့ဘက်ပိုင်းက ရုရှားတပ်တွေကိုတိုက်ခိုက်ရာမှာ ဦးဆောင်နေတဲ့ ယူကရိန်းအကြီးတန်းစစ်ဦးစီးမှူးတစ်ဦးကို အကြောင်းအရင်းမဖော်ပြဘဲ သမ္မတ'ဇယ်လန်စကီ'က တနင်္ဂနွေနေ့မှာ ရာထူးမှထုတ်ပယ်လိုက်ပါတယ်။
ဒွန်ဘတ်စ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းပူးတွဲတပ်ဖွဲ့များရဲ့ တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ 'အက်ဒွာ့ဒ်မော့စ်ကယ်လီယော့ဗ်'ကို ရာထူးမှထုတ်ပယ်ကြောင်း ဇယ်လန်စကီက တစ်မိန့်တစ်သံကြေညာလိုက်ပါတယ်။
ဇယ်လန်စကီက သူနဲ့ပြောကြားခဲ့တဲ့ စစ်ဦးစီးမှူးတွေကိုစာရင်းပြုစုနေတဲ့ သောကြာနေ့မှာပဲ မော့စ်ကယ်လီယော့ဗ်ကိုထုတ်ပယ်တဲ့အကြောင်း နေ့စဉ်မိန့်ခွန်းမှာ ဖော်ပြခဲ့ပါတယ်။
ယမန်နှစ် ရုရှားတို့ ယူကရိန်းကိုကျူးကျော်ပြီး များမကြာမီမှာပဲ ၂၀၂၂ မတ်လမှာ မော့စ်ကယ်လီယော့ဗ်ကို အဆိုပါရာထူးတာဝန်ပေးအပ်ခဲ့ပါတယ်။
ပူးတွဲတပ်ဖွဲ့တွေရဲ့ ဖေ့စ်ဘွတ်ခ်မှာရော တွစ်တာမှာပါ ထိုကိစ္စအကြောင်း ဖော်ပြခြင်းမရှိသေးပါဘူး။
ရုရှားတပ်တွေက ဒွန်ဘတ်စ်ရှိ အရှေ့ပိုင်းဒေသနှစ်ခုကို သိမ်းပိုက်ရန် ဝိုင်းဝန်းကြိုးပမ်းနေကြကာ အရှေ့ဘက်ရှိ စစ်ရေးအခြေအနေတွေက ခက်ခဲထိခိုက်ရကြောင်း လတ်တလောသီတင်းပတ်များအတွင်း ဇယ်လန်စကီက အမျိုးမျိုးဖော်ပြခဲ့ပါတယ်။
ယူကရိန်းတွေနဲ့ အနောက်တိုင်းအရာရှိများက အသေအပျောက်များတယ်လို့ ပြောဆိုနေကြပေမယ့် ရုရှားလိုလားသောတပ်ဖွဲ့များက ဘက်ခ်မွတ်မြို့ကို အာရုံစိုက်ပြီး အကြိမ်ကြမ်တိုက်ခိုက်နေကြပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ဖေ့စ်ဘွတ်ခ်မှာတင်ထားရာမှာ ရုရှားတို့က တနင်္ဂနွေနေ့မှာ ဘက်ခ်မွတ်ဒေသတဝိုက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
#Source: Reuters #Ukraine_Crisis #ယူကရိန်း #အကြီးတန်း #စစ်ဦးစီးမှူးတစ်ဦး # ဇယ်လန်စကီ #YMG
#Yangon_Media_Group
		#Local_News
Published_ 27 February 2023
ရက်ချိန်းရယူရန်အသစ်လျှောက်ထားလိုသူများအတွက် စနစ်ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေဆဲဖြစ်တဲ့အတွက် ဝန်ဆောင်မှု ပြန်လည်စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး webside စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
တစ်ဦးထပ်ပိုသည့် ပူးတွဲလျှောက်ထားသူများအနေဖြင့် အဖွဲ့တွင်ပါဝင်သောလျှောက်ထားသူအားလုံးအတွက် ငွေပေးချေမှု မပြုလုပ်ရသေးတာကြောင့် ရက်ချိန်းမရှိသေးကြောင်း အဆိုပါ လျှောက်ထားသူများအနေဖြင့် အချက်အလက်သေချာစစ်ဆေးပြီး ငွေပေးချေရန်ကျန်ရှိကြောင်း အသိပေးစာတွေ့ရှိပါက ငွေပေးချေရမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ Online Appointment System ရက်ချိန်းရယူခြင်းစနစ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်သွင်း၍ ငွေသွင်းပြီးသော်လည်း ရက်ချိန်းမရရှိခဲ့သူများအနေဖြင့် စနစ်တွင်ပြန်လည်စစ်ဆေးနိုင်ကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။
#ynzw/ynzw #ပတ်စ်ပို့ #ရက်ချိန်ရယူသူများ #စနစ်ပြန်လည်
#YMG #Passport #Yangon_Media_Group
		#Local_News
Published-27 February 2023
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကျီတိုင်ကျေးရွာအနီးရှိ မြေဧရိယာ ၁၃၂ ဒသမ ၃၅ ဧကပေါ်တွင် တည်ဆောက်နေသော ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ ၉၀ ဒသမ ၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
ယင်း၏ စက်တပ်ဆင်အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ လက်ရှိအချိန်တွင် ၁၉ မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းဖြင့် ကင်းတား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့ အဆိုပါ ကင်းတား ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၉၃) အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းတို့ကို သွားရောက်ခဲ့ကြကြောင်း သိရသည်။
ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပန်းလောင်မြစ်ပေါ်တွင်တည်ရှိပြီး ကျောက်ဖြည့် ရေလှောင်တမံအမျိုးအစားတမံဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၂၈ မဂ္ဂါဝပ်ရှိ သည့် ဓာတ်အားပေးစက် နှစ်လုံးဖြစ်၍ စုစုပေါင်း ၅၆ မဂ္ဂါဝပ်ထွက်ရှိကြောင်း၊ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၆၅ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-သာစည် ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၉၃) အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲ ရုံ စီမံကိန်းလုပ်ငန်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအနေဖြင့် လက်ရှိတွင် ၇၃ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #ကင်းတား #နေရောင်ခြည်စွမ်းအင်သုံး 
#လျှပ်စစ်ဓာတ်အားပေးစက်ရုံ #စီမံကိန်း #YMG#Yangon_Media_Group
Page 1156 of 1815