#Local_News
Published_ 9 June 2023
ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တပ်မတော်တစ်ရပ်လုံးစိုက်ပျိုးသည့် သစ်ပင် ၂ သန်း တစ်သိန်းကျော် ရှိပြီဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုဆိုပါက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်ရာ၂၀၁၁ ခုနှစ်မှ၍ မိုးရာသီသစ်ပင်စိုက်ပွဲများပြုလုပ်၍ စိုက်ပျိုးခဲ့ကြရာတွင် အပင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ တစ်သိန်းကျော် ရှင်သန်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ အထိ စုစုပေါင်း သစ်ပင် ၂၁ သန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်းကျော် ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း၊ ဇွန်လ ၈ ရက်တွင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် စိုက်ပျိုးသော သစ်ပင်ဖြင့်ဆိုပါက စုစုပေါင်း၂၁၀,၃၉၈ ပင် စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကို Green City အဖြစ် အစဉ်အမြဲ လှပနေစေရေး စိမ်းလန်းစိုပြေ ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို မြို့တည်ထောင်ပြီးချိန်မှ ယနေ့တိုင် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်မြို့ပြ စတင်တည်ထောင် ချိန်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပန်းမန်များနှင့် အရိပ်ရပင်များကို ထိန်းသိမ်းမှုကြောင့် ရှင်သန်နေသည့် သစ်တောများကို မြင်တွေ့ရကြောင်းလည်း ၎င်းကပြောသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၆ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစိုက်ပျိုးသော သစ်ပင်များမှာ ရတနာတန်းဝင် ကျွန်းပင်၊ မန်ဂျန်ရှား၊ ပိတောက်တို့အပြင် စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


#ymg/BM #Local_News #သစ်ပင် ၂ သန်းတစ်သိန်း
#YMG #Yangon_Media_Group
#World_Science
Published 9 June 2023
အာတိတ်မှာ မျှော်မှန်းထားတာထက် ဆယ်စုနှစ်တစ်ခုခန့်စောပြီး ပင်လယ်ရေခဲများကျန်ရှိတော့မှာမဟုတ်ကြောင်း သိပ္ပံပညာရှင်များသတိပေးလိုက်ကာ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမြေဆက်လက်ပူနွေးနေပြီး ရာသီဥတုပြဿနာက ထင်ထားတာထက် ပိုမိုမြန်ဆန်စွာဖြစ်ပွားနေတဲ့ အရိပ်အယောင်ဖြစ်ပါတယ်။
၂၀၃၀ ဝန်းကျင်မှာ စက်တင်ဘာလများအတွင်း အာတိတ်ပင်လယ်ရေခဲဟာ လုံးဝပျောက်ကွယ်သွားဖွယ်ရှိတယ်လို့ Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာမြေမှာ ပူနွေးလာမှု သိသိသာသာလျော့နည်းလာရင်တောင် ၂၀၅၀ ဝန်းကျင်မှာ ပျောက်ကွယ်သွားဖွယ်ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။
လူတွေရဲ့လုပ်ရပ်၊ ကမ္ဘာကြီးပူနွေးညစ်ညမ်းလာခြင်းတို့ကြောင့် ပင်လယ်ရေခဲများ လွန်စွာလျော့နည်းလာပြီး အာတိတ်ပင်လယ်ရေခဲအရည်ပျော်ခြင်းကို အရင်က လျှော့တွက်မိခဲ့ကြပါတယ်။
ဆောင်းရာသီအတွင်း အာတိတ်ရေခဲထုက ကြီးထွားလာကာ နွေရာသီကာလမှာ အရည်ပျော်လာပြီး စက်တင်ဘာလအတွင်း အနိမ့်ဆုံးဖြစ်သွားတတ်ပါတယ်။
ရုပ်ကြွင်းလောင်စာတွေ ဆက်လက်လောင်ကျွမ်းနေပြီး ကမ္ဘာကြီးဆက်လက်ပူနွေးနေတာကြောင့် ၂၀၈၀ မတိုင်ခင်မှာ အာတိတ်ရေခဲပြင်လုံးဝပျောက်ကွယ်နိုင်တယ်လို့ စူးစမ်းလေ့လာမိခဲ့ကြပါတယ်။
ဒီလေ့လာသုံးသပ်မှုတွေက အလွန်သတိပြုစရာဖြစ်ပြီး သေချာပေါက်ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ ဦးဆောင်စာတမ်းပြုစုသူ'မီကာရန်တာနင်'က ဆိုပါတယ်။
ဖန်လုံဓာတ်ငွေ့များပြားလာတာက ပင်လယ်ရေခဲအရည်ပျော်ခြင်းရဲ့ အဓိကအချက်မဟုတ်ဘဲ ထင်ထားတာထက် ဆယ်စုနှစ်တစ်ခုပိုစောပြီး အာတိတ်ရေခဲပျောက်ကွယ်ဖွယ်ရှိနေတာပါပဲ။
ထိုအခြေအနေကနေ အာတိတ်နေထိုင်တဲ့လူမျိုးစုများအပေါ် သက်ရောက်လာနိုင်ပါတယ်။
ဒါ့အပြင် ထိုဒေသကိုမှီခိုတဲ့ တိရိစ္ဆာန်တွေလည်း သက်ရောက်မှုကို ခံစားလာရမှာဖြစ်ပါတယ်။
Source: WION #World_Science #နွေရာသီတွင်ရေခဲလုံးဝပျောက်ကွယ်သွားဖွယ်ရှိ #YMG #Yangon_Media_Group
#Local_News
Published_ 9 June 2023
ရန်ကုန်တိုင်း၊ မဂ်လာတောင်ညွန့် ယုဇနပလာဇာဘေးရှိ စပါယ်လမ်းနှင့် နှင်းဆီလမ်းထောင့်နားတွင် ဇွန်လ ၈ရက်နေ့ မနက်ပိုင်းကရုတ်တရက်သေဆုံးသွားကြောင်း မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ခံက YMG ကိုပြောသည်။
အဆိုပါ ယာဉ်မောင်းတစ်ဦးသေဆုံးသွားကြောင်း ပတ်ဝန်ကျင်မှာ ဖုန်းဆက်အကူညီတောင်းခဲ့တဲ့အတွက် မဂ်လာတောင်ညွှန့်လူမှုကူညီရေးအသင်းအနေနဲ့သွားရောက်ကူညီပေးခဲ့ပြီး ရုတ်တရက်လဲကျသွားတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိကြောင်း အဆိုပါကူညီကယ်ဆယ်ရေးအသင်းက YMG ကိုပြောသည်။
အဆိုပါ တက္ကစီယာဉ်မောင်း ရုပ်အလောင်းကို မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ ကူညီနိုင်ရန် တာဝန်ရှိသူများနှင့် ပူးပေါင်းချိတ်ဆက်၍ မှတ်တမ်းရယူပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#ymg/ynzw #Local_News #TAXIယာဉ်မောင်းလဲကျသေဆုံး
#YMG #Yangon_Media_Group
#World_Health
Published 9 June 2023
မျက်ခုံးအလှဆင်ပစ္စည်းတွေနဲ့ ကိုယ့်အသွင်အပြင်ကို အလှပြင်ကြပေမယ့် သဘာဝမျက်ခုံးပုံသဏ္ဍာန်ကတော့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေကြောင်း Investigative Dermatology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အရင်က မတွေ့ဖူးတဲ့ မျိုးရိုးဗီဇ ၃ ခုတွေ့ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ လူတွေမှာ မျက်ခုံးမွှေးပုံက တစ်စိတ်တစ်ပိုင်းတူညီတာမျိုးရှိသလို တစ်စိတ်တစ်ပိုင်းကွဲပြားတာလည်း ရှိနေပါတယ်။
လူ့မျက်ခုံးမွှေးပုံပန်းသဏ္ဍာန်က ပြုပြင်လိမ်းခြယ်ရုံသာမက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေပါတယ်။
မျက်ခုံးထူထဲမှုဟာလည်း အခြားအစိတ်အပိုင်းတွေလို မျိုးရိုးနဲ့များစွာသက်ဆိုင်ပါတယ်။
ယခုလေ့လာမှုက ဥရောပလူမျိုးတွေမှာ မျက်ခုံးအထူနဲ့ပတ်သက်ပြီး ပထမဆုံးမျိုးရိုးဗီဇဆိုင်ရာလေ့လာမှုဖြစ်ခဲ့ပါတယ်။
ဗီဇအသစ်များကို ဖော်ထုတ်ပြီး ဥရောပမဟုတ်တဲ့လူမျိုးတွေမှာ အရင်တွေ့ရှိခဲ့တဲ့ မျိုးဗီဇအချို့ကို ပြန်လည်ရှာဖွေခြင်းဖြင့် လူသားမျက်ခုံးမွှေးကွဲပြားမှုနဲ့ပတ်သက်တဲ့ မျိုးဗီဇအသိပညာကို တိုးချဲ့ကာ အရေပြားနဲ့အခြားနယ်ပယ်များအတွက် သက်ရောက်မှုရှိနေပါတယ်။
လူသားတို့ရဲ့ရှုပ်ထွေးလှတဲ့ အရင်းခံလက္ခဏာသွင်ပြင်များအပေါ် ကြိုးပမ်းအားထုတ်ခဲ့ပေမယ့် ကောင်းမွန်တဲ့အရာတွေထက် ဆိုးရွားတဲ့မျိုးရိုးဗီဇအကြောင်းတွေကိုသာ ပိုမိုသိရှိခဲ့ကြပါတယ်။
ဥရောပလူမျိုးတွေရဲ့ မျက်ခုံးပုံစံအမျိုးမျိုးမှာ ပါဝင်တဲ့ ဗီဇအသစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဥရောပမဟုတ်သူတွေမှာ အရင်တွေ့ရှိဖူးတဲ့ ဗီဇအချို့ကို ပြန်လည်တွေ့ရှိခဲ့ပါတယ်လို့ ရော့တာဒမ်အီရတ်စ်မတ်စ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'မန်ဖရက်ကေဆာ'က ပြောပြခဲ့ပါတယ်။
လေ့လာမှုတွေဟာ သိသာထင်ရှားတဲ့ ဗီဇအရေအတွက် ၄ ခုမှ ၇ ခုအထိ တိုးမြင့်လာပြီး လူသားမျက်ခုံးပုံသဏ္ဍာန်ရဲ့ မျိုးဗီဇဆိုင်ရာအသိပညာအကြောင်း တိုးပွားစေကာ အနာဂတ်မှာ လုပ်ဆောင်လေ့လာမှုများအတွက် ရည်မှန်းနိုင်မှာဖြစ်ကြောင်း၊ တွေ့ရှိချက်များအရ ကွဲပြားခြားနားတဲ့ မျိုးရိုးလူမျိုးများအလိုက် လေ့လာရန်လိုအပ်တာကို ပေါ်လွင်နေကြောင်း ပြောကြားသွားပါတယ်။
Source: The Jerusalem Post #World_Health #သဘာဝမျက်ခုံးမွှေးပုံသဏ္ဍာန်
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
၁၂ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ မြန်မာမှရွှေ၊ ငွေ၊ကြေးဆုတံဆိပ်(၅၄)ဆုရရှိနေပြီဖြစ်တယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News #ရွှေ၊ ငွေ၊ ကြေး (၅၄)ဆုရရှိ
#YMG #Yangon_Media_Group
#World_Technology
Published 8 June 2023
Apple က သူတို့ရဲ့ပထမဆုံး လက်တွေ့ပတ်ဝန်းကျင်အတိုင်း ခံစားရစေမယ့်နားကြပ်ကို တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ကာ ဗီဒီယိုဂိမ်းသမားများနဲ့ နည်းပညာရှင်များအပြင် အသုံးပြုသူတွေကို ဆွဲဆောင်နိုင်မှုမရှိသေးတဲ့ ဖေ့စ်ဘွတ်ပိုင်ရှင် Meta ကို စိန်ခေါ်နေပါတယ်။
#World_Technology #Vision Pro နားကြပ်ကိုAppleထုတ်ဖော်ပြသ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
လက်ရှိမှာ ဒေါ်လာစျေးအမြင့်ပိုင်းမှာနေပြီး ပြင်ပပဒေါ်လာပေါက်စျေးဟာ ၂၈၀၀ ဝန်းကျင်ပေါက်စျေးရှိနေတာဖြစ်ပါတယ်။ ဒေါ်လာစျေးမြင့်တက်နေတဲ့အတွက် ပြင်ပရွှေစျေး ဆက်တိုက်မြင့်တက်လာပြီး သိန်း ၃၀ ကျော်မှာ ပေါက်စျေးရှိနေတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #ပြည်ပရွှေစျေး မြင့်တက်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
ဇွန်လ ၂၆ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။
#Local_News #အွန်လိုင်းကနေအကူအညီတောင်းခံသူများရှိနေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 June 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နေအများအပြားပျက်စီးခဲ့တာဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်မှာတော့ စျေးနှုန်းအဆမတန်မြင့်တက်ခဲ့တက်တယ်လို့ စစ်တွေဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #အိမ်ဆောက်ပစ္စည်းစျေးအနည်းငယ်ပြန်ကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 8 June 2023
၁။ စစ်တွေတွင် အိမ်ဆောက်ပစ္စည်းတချို့စျေးအနည်းငယ်ပြန်ကျ
၂။ မူးယစ်ဆေးဖြတ်ချင်လို အွန်လိုင်းကနေအကူအညီတောင်းခံသူများ နေ့စဥ်ရှိနေ
၃။ ဒေါ်လာစျေး အမြင့်ပိုင်းမှာရှိနေသည့်အတွက် ပြည်ပရွှေစျေး မြင့်တက်နေတာဖြစ်
၄။ (၃,၅၀၀)ဒေါ်လာတန်ဖိုးရှိ Vision Pro နားကြပ်ကို Apple ထုတ်ဖော်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 8 June 2023
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယနေ့ ဇွန်လ(၈)ရက်နေ့တွင်ကျရောက်သည့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို မြန်မာနိုင်ငံ နစက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ပံ့ပိုးသည့် မြန်မာနိုင်ငံစီမံကိန်းများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ အစိုးရနည်းပညာကောလိပ် (မန္တလေး) အား လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းနှင့် အွန်လိုင်းလေ့ကျင့်ပေးမှုများ ပေးအပ်ခြင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေလေ့လာမှုအစရှတဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ် ခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းလှကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အမြဲတစေကျင့်သုံး၍ အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ်နက်ရှိုင်းလာစေပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြီးနောက် သဒ္ဓါတရားထက်သန်စွာလှူဒါန်းပေးအပ်မှုကို ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးဦးသန်းဆွေက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အခက်အခဲများ အတူကျော်ဖြတ်သည့် အေးအတူပူအမျှ အသိုက် အဝန်းစိတ်ဓာတ်ကိုထင်ဟပ်စေကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးလဲလှယ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်များ သည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သောရလဒ်များကို ပေါ်လွင်စေကာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့်ယဉ်ကျေးမှု အဆိုပြုချက်များကို ပြတ်သားစွာထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ ၎င်းအဆိုပြုချက်များအား အကောင်အထည်ဖော်ဆောင်ကာ ပိုမိုငြိမ်းချမ်း၊ လုံခြုံ၍စည်ပင်ဝပြောသောကမ္ဘာကြီးကို အတူတည်ဆောက်သွားလိုကြောင်းလည်းဆက်လက် ပြောကြားခဲ့ ပါ တယ်။
သံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံသည့် သမိုင်းကိုပြန်လည်ပြောကြားခဲ့ပါတယ်။ အဲဒီနောက်သူက “ယနေ့ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များအား လက်မှတ်ရေးထိုးလဲလှယ်ခြင်းသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃) နှစ်ပြည့်အား လက်တွေ့လှုပ်ရှားမှုဖြင့် ဂုဏ်ပြုဆိုကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို လက်ဆင့်ကမ်းပြန့်ပွားရန် ဆောင်ရွက်၍ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများ ရလဒ်အသစ်များ ရရှိရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံအကူ အညီ ဖြင့် မြန်မာနိုင်ငံ၌ဆောင်ရွက်သည့်စီမံကိန်းများသည်လည်း အေးအတူပူအမျှ၊ အတူလက်တွဲရှေ့သို့ချီတက်သည့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးတို့အား လက်တွေ့ကျကူညီပေးမယ်လို့လည်း တရုတ်သံအမတ်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံအားကူညီသည့် အသစ်တစ်သုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်းသည် ဇွန်လ ၇ ရက်နေ့ညတွင် ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ထံ လှူဒါန်းပေးအပ်သည့် ပထမအသုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများသည်လည်း ဇွန်လ ၁၂ ရက်နေ့တွင်ပို့ဆောင်ရောက်ရှိ၍လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် တတ်စွမ်းသမျှကူညီမှုများ ဆက်လက်ပေးအပ်သွားပြီး မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုများသည့်လက်တွေ့ကျကျရလဒ်များရရှိရေးဖော်ဆောင်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုတယ်လို့ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးတဲ့ နောက် သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်-မြန်မာကဏ္ဍပေါင်းစုံတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။
-ymg/knl
#တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၃)နှစ်ပြည့်
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup



#Local_News
Published_ 8 June 2023
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင် ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတဲ့အတွက် မြန်မာနိုင်ငံအတွင်းရှိမြို့ကြီးများ အပါအ၀င် ပြည်နယ်နဲ့တိုင်း၁၂ ခုမှာမိုးကြီးနိုင်တယ်လို့ မိုးလေ၀နှင့်ဇလဗေဒညွှန်ကြားမှုဦးဌာနက ဇွန်လ ၈ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
#Local_News #ပြည်နှင့်တိုင်း၁၂ခုတွင်မိုးကြီး
#YMG #Yangon_Media_Group
Page 1156 of 1958