#World_News
Published 6 June 2023
ရုရှားအတွက် သူလျှိုအလုပ်လုပ်ပေးခဲ့တဲ့ FBI အေးဂျင့်ဟောင်း'ရောဘတ်ဟန်ဆန်'ကို ဇွန်လ ၅ ရက်နေ့က အမေရိကန်ရှိ လုံခြုံရေးတင်းကြပ်စွာချထားတဲ့အကျဉ်းထောင်ထဲမှာ သေဆုံးနေတာ တွေ့ရှိခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများ ပြောကြားလိုက်ပါတယ်။
ဟန်ဆန်ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေမှာ အတွင်းရေးအကျဆုံးလျှို့ဝှက်ချက်အချို့ကို ရုရှားထံ ပေးပို့ခဲ့ပါတယ်။
ဟန်ဆန်က ၁၉၈၅ မှာ ဆိုဗီယက်ထောက်လှမ်းရေးထံ လျှို့ဝှက်ဆက်သွယ်ဖို့ ကိုယ်တိုင်ကမ်းလှမ်းခဲ့ပါတယ်။
အစိုးရလျှို့ဝှက်ချက်များကို လဲလှယ်ကာ ဆိုဗီယက်နဲ့ နောက်ပိုင်းရုရှားအစိုးရတို့ရှိ အမေရိကန်စပိုင်များရဲ့ အချက်အလက်များကိုလည်း ပေးပို့ခဲ့ပါတယ်။
ထိုသို့လုပ်ပေးတဲ့အတွက် စိန်တွေနဲ့ ဒေါ်လာသိန်းချီရရှိခဲ့ပါတယ်။
သူဟာ FBI ရဲ့အဓိကကျတဲ့ နယူးယော့ခ်တန်ပြန်ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်ခဲ့ပြီး နိုင်ငံခြားသူလျှိုများကို ဖမ်းဆီးရန် တာဝန်ပေးအပ်ခံရပါတယ်။
အမေရိကန်ရှိ ရုရှားအေးဂျင့်တွေကို စုံစမ်းရင်းနဲ့ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်နိုင်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဝါရှင်တန်အပြင်ဘက် ဗာဂျီးနီးယားဆင်ခြေဖုံးရှိ ရုရှားတာဝန်ရှိသူများနဲ့ သတင်းစကားဖလှယ်ခဲ့တဲ့အတွက် နောက်ဆုံးမှာဖမ်းမိသွားခဲ့ပါတယ်။
နောက်တစ်နှစ်အကြာမှာတော့ သူဟာ လွတ်ငြိမ်းချမ်းသာခွင့်မရဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
အသက် ၇၉ နှစ်ရှိ ဟန်ဆန်ဟာ တနင်္လာနေ့အစောပိုင်းက ခန္ဓာကိုယ်တုန့်ပြန်မှုမရှိတော့ကြောင်း ကိုလိုရာဒို ဖလော်ရန့်စ်ရှိ လုံခြုံရေးတင်းကြပ်တဲ့ အမေရိကန်အကျဉ်းထောင်က ထုတ်ပြန်ခဲ့ကာ ခဏအကြာမှာ သေဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။
အရင်က ဟန်ဆန်ကို သမိုင်းမှာ အန္တရာယ်အပေးနိုင်ခဲ့ဆုံးသူလျှိုအဖြစ် FBI က သတ်မှတ်ခဲ့ဖူးပါတယ်။
FBI ကိုမရောက်ခင်က ချီကာဂိုမှာ ရဲဝန်ထမ်းဖြစ်ခဲ့ပြီး ၁၉၇၆ မှာ FBI ကိုဝင်ရောက်ခဲ့ပါတယ်။
နောက် ၉ နှစ်အကြာမှာ တန်ပြန်ထောက်လှမ်းရေးဌာနမှာ နေရာတစ်နေရာရခဲ့ပြီး ကုလသမဂ္ဂမှာ ဆိုဗီယက်အရာရှိတွေကို ခြေရာခံခေါ်ယူရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဟန်ဆန်ဟာ ရေမွန်ဂါစီယာအမည်ဖြင့် ဆိုဗီယက်တွေထံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ရုရှားအစိုးရထံပေးပို့ခဲ့တဲ့ အမေရိကန်အချက်အလက်တွေထဲမှာ အမေရိကန်နျူကလီးယားစစ်ပွဲအစီအစဉ်များ၊ ထောက်လှမ်းရေးခြေရာခံဆော့ဖ်ဝဲ၊ ရုရှားရှိ အမေရိကန်သတင်းပေးတွေအကြောင်းပါ ပါဝင်ခဲ့ပါတယ်။
သူက အယူဝါဒဆိုတာထက် ငွေကြေးနဲ့ ပရိယာယ်ကြောင့် ဒီလိုလုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။
သူလျှိုလုပ်ခဲ့စဉ် ဒေါ်လာ ၁.၄ သန်းငွေသားနဲ့ စိန်များရရှိခဲ့ပါတယ်။
၂၀၀၂ မေလမှာ သေဒဏ်ရှောင်လွှဲချင်တာကြောင့် သူလျှိုပြစ်မှု ၁၅ မှုအပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
သူ့ကိုတရားစီရင်စဉ် သူလုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် အရှက်ရမိကြောင်း ပြောကြားခဲ့ပါတယ်။
Source: WION #World_News #သူလျှိုလုပ်ပေးခဲ့သည့်FBIအေးဂျင့်သေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 6 April 2023
ရန်ကုန်မြို့တွင်းမှာ တိုက်ခန်းနှင့် အိမ်ခန်းအငှားများ အငှားလိုက်လာပြီးစျေးနှုန်းများမြင့်တက်လာကြောင်းတိုက်ခန်းငှားနေထိုင်သူ ပြည်သူတချို့ YMG ကိုပြောသည်။
လက်ရှိမှာ အရင်က စျေးနူန်း ၂သိန်းခန့်အငှားစျေးနူန်းရှိနေသည့် တိုက်ခန်းဟာ လက်ရှိမှာ ၂သိန်း၅သောင်းခန့်ပေါက်စျေးရှိ နေကြောင်း အိမ်ခြံမြေပွဲစားအချို့က ပြောသည်။
တိုက်ခန်းငှားစျေးနှုန်းများပါမကဘဲ လုံးချင်းအိမ်အငှားစျေးနှုန်းတွေလည်းမြင့်တက်လာကြောင်းသိရသည်။ရန်ကုန်မြို့ဟာ ရွှေ့ပြောင်းလုပ်သားတွေများပြာလာပြီး တစ်နှစ်ထက်တစ်နှစ် စျေးနှုန်းတက်လာဖြစ်သည်။
ဒလ မြို့နယ်ထဲက မြေစျေးနှုန်းးတချို့ဟာလည်းလက်ရှိမှာစျေးမြင့်တက်နေပြီးစလစ်မြေ ပေ ၂၀ ပေ၆၀ တစ်ကွက် ကို ငွေကျပ် ၃၀၀ ခန့်ပေါက်စျေးရှိနေကြောင်း ဒလမြို့ အိပ်ခြံပွဲစားများထံမှ သိရသည်။

#ymg/ynzw #Local_News #တိုက်ခန်းအငှားစျေးကွက်စျေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published _6 June 2023
သရုပ်ဆောင်၊ အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် Special Test Force - STF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ကာ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ STF. အမည်ခံအကြမ်းဖက် အဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ ထပ်မံတက်ရောက် ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ STF အမည်ခံအကြမ်းဖက်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ခေါင်းဆောင်၍ KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ၊ ကော့ကရိတ်မြို့ နယ်၊ ဘော်ဒိုင်းကျေးရွာအနီးရှိ STF စခန်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းနေထိုင်လျက်ရှိသည့် ဘော်ဒိုင်း ကျေးရွာအနီးရှိ စခန်းကို တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် တရားခံပြေး ဒီငြိမ်းလင်း မှ STF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ၂၆ ဦးအား အဖွဲ့များခွဲကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ကော့ကရိတ်မြို့နယ်အတွင်းမှ ရန်ကုန်မြို့ သို့ ပြန်လာခဲ့ပြီး ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခုတွင် တစ်လလျှင် ၁ သိန်းကျပ်ဖြင့် အခန်းငှားနေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် ကောင်းဇာနည်ဟိန်း(ခ)လပြည့်သည် ဘုရင့်နောင်ကုန်စည်ပွဲရုံဝင်းအတွင်းရှိ ကားဝပ်ရှော့တစ်ခု၌လည်းကောင်း၊ ကျော်သူရ (ခ)အီးတီသည် မင်္ဂလာဒုံမြို့ နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင် တစ်ခု၌လည်းကောင်း ကြုံရာကျပန်းဝင်ရောက်လုပ်ကိုင်၍ တရားခံပြေး ဒီငြိမ်းလင်း မှ ခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ နေထိုင်စဉ် ကာလအတွင်း STF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံပြေး ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် နွေနွေတို့ ၄ ဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိ နေသော STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား Telegram မှတစ်ဆင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း ၊
တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဇယ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များကို Telegram မှတစ်ဆင့်ပေးပို့၍ လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ပြီး မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်တို့ကို တရားခံပြေး ဟေဇယ်မှ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့သည် ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေ စောင့်ကြည့်ခဲ့ပြီး မေလ ၃၀ ရက် ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်း (ခ)လပြည့် သည် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော် အား ၎င်း၏ နေအိမ်ရှေ့၌ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်၊ခဲယမ်းများကို မေလ ၃၁ ရက်တွင် တရားခံပြေး ယသော်၏ စီစဉ်ပေးမှုဖြင့် STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁ ဦးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ငွေကျပ် ၃ သိန်းကို Wave Pay မှတစ်ဆင့်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ယခုအခါ ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။


#ymg/BM #Local_News #အဆိုတော်လီလီနိုင်ကျော် #လုပ်ကြံသတ်ဖြတ်ခဲ့သူများကိုဖမ်းမိ
#YMG #Yangon_Media_Group
#Local_News
Published _6 June 2023
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ (Solutions to Plastic Pollution)” ဆိုသည့် ၂၀၂၃ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်းမှုကို လျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း (Reduce)၊ တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse)နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဖြေရှင်းကြရန်နစကဥက္ကဌကတိုက်တွန်း လိုက်သည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်က ပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ကျင်းပစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ယခုနှစ်ဆောင်ပုဒ်ဖြစ်သော“ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ပြုမူဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အကျိုးဆက်များကို နိုင်ငံများအားလုံး ဖြေရှင်းဆောင်ရွက်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်း ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ပတ်လည် စီးပွားရေးလုပ်ငန်း(Circular Economy) သို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်ပြီဖြစ်သည်ကို သတိပေးခြင်းအဓိပ္ပါယ်သက်ရောက်ကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည် ယေဘုယျအားဖြင့် တစ်နှစ် လျှင် ပျမ်းမျှပလတ်စတစ်အမှုန်ပေါင်း ၅၀,၀၀၀ နှင့် အထက်ခန္ဓာကိုယ်အတွင်းကို အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလျက်ရှိကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်က ထုတ်ပြန်သည့်သတင်းအချက်အလက်များတွင် ဖော်ပြထားကြောင်း သိရသည်။
ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေဂေဟစနစ်အတွင်း ပလတ်စတစ်အမှိုက်ဝင်ရောက်မှု ပမာဏမှာ တစ်နှစ်လျှင်တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါးတိုးလာနိုင်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က သိရသည်။
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)က ထုတ်ပြန်သည့် “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအစီရင်ခံစာ(The State of World Fisheries and Aquaculture 2022)” တွင် ပင်လယ်နေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားအကြောင်းများကြောင့် ရေနေသတ္တဝါများနှင့် ရေသယံဇာတများ ဆက်လက်ကျဆင်းနေသည်ကိုတွေ့ရှိရကြောင်း၊ စွန့်ပစ်ထားသည့်ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးပြု၍မရတော့ သည့် ငါးဖမ်းပိုက်များသည် အဏ္ဏဝါပလတ်စတစ်အမှိက်သရိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။
အာဆီယံဒေသတွင်း အဏ္ဏဝါအမှိက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာ နိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီအစဉ်၌ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း”၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများတင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်းရှင်းပါ ကတိကဝတ် များနှင့်အညီ “ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဌ ကပြောသည်။
မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်း များကိုစနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီးဖြစ်၍ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျပြုပြင်ထိန်းသိမ်း စိုက်ပျိုး ထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ကြောင်း၊ ပလတ်စတစ် အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်း အနေဖြင့်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း
ပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲ ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက်ရန်၊ မလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန်ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုတွေမရှိစေရေး အတွက်အထူးအလေးထားရန် ၊ နိုင်ငံ အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်နှင့် အမှိုက်ခွဲခြားသိမ်းဆည်းသည့် စနစ်တို့ကိုလည်း ပိုမိုကောင်းမွန်လာစေရေး အကောင်အထည်ဖော်ရန်လည်း နစကဥက္ကဌက ပြောသည်။
ယင်းအခမ်းအနားတွင်နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်(UNEP)၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယိုကိုပြသခဲ့ကြောင်း သိရသည်။


#ymg/BM #Local_News #ပလတ်စတစ်ညစ်ညမ်းမှု
#YMG #Yangon_Media_Group
#World_Health
Published 6 June 2023
လေ့လာချက်အသစ်အရ သကြားဓာတ်၊ ပြည့်ဝဆီများနဲ့ အဆင့်ဆင့်ထုပ်ပိုးထားသော အစားအစာများစားသုံးခြင်းဟာ အိပ်စက်ခြင်းကိုထိခိုက်စေပါတယ်။
စမ်းသပ်ပါဝင်သူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပြောင်းလဲလိုက်တဲ့အခါ အိပ်စက်မှုအရည်အသွေး မြင့်တက်လာပါတယ်။
ကျန်းမာရေးမညီညွတ်တဲ့ အစားအစာနဲ့ ကောင်းစွာအိပ်မပျော်တဲ့သူတွေမှာ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေများပြားကြောင်း ဆွီဒင်နိုင်ငံ အက်ပ်ဆာလာတက္ကသိုလ်တွဲဖက်ပရော်ဖက်ဆာ 'ဂျိုနသန်ဆက်ဒါနက်စ်'က ပြောပြသွားပါတယ်။
အိပ်စက်ခြင်းပြဿနာရှိတဲ့သူတွေမှာ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းစတာတွေ ဖြစ်နိုင်ချေများပါတယ်။
သုတေသီတွေက ကျန်းမာတဲ့လူငယ် ၁၅ ဦးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကို တစ်ပတ်အထိ စားသုံးစေခဲ့ပါတယ်။
ပီဇာ၊ သကြားများသောကောက်ပဲသီးနှံများ၊ အသားလုံးများ၊ ချောကလက်ဝေဖာများဟာ ကျန်းမာရေးနဲ့မညီညွတ်တာတွေ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တာတွေကတော့ အချိုမပါသောဒိန်ချဉ်၊ မူစလီ၊ ဆော်လ်မွန်နဲ့ ဟင်းသီးဟင်းရွက်များဖြစ်ပါတယ်။
စမ်းသပ်ခံသူတွေရဲ့ အိပ်စက်ခြင်းကို ဓာတ်ခွဲခန်းထဲမှာ စက်ပစ္စည်းတွေသုံးပြီး ဦးနှောက်လှိုင်း၊ သွေးထဲရှိအောက်ဆီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရှူခြင်း၊ မျက်လုံးလှုပ်ရှားပုံတို့ကို တိုင်းတာခဲ့ကြပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကို စားသုံးပြီးနောက် နှစ်ခြိုက်စွာအိပ်ပျော်တဲ့အဆင့်အတွင်း ဦးနှောက်ထဲက လှိုင်းနှေးကွေးမှုပမာဏကို လျှော့ချနိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာက ပါဝင်သူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားသုံးတာထက်စာရင် မကောင်းတာတွေစားတဲ့အခါ နှစ်ခြိုက်စွာအိပ်စက်ရာကနေ လှိုင်းနှေးကွေးမှုကို ပြသပေးပါတယ်လို့ ဆက်ဒါနက်စ်က ပြောပြခဲ့ပါတယ်။
စမ်းသပ်သူလူငယ်အမျိုးသားအားလုံးဟာ အဝလွန်ခြင်းမရှိဘဲ အရေအတွက်ကတော့ ၁၅ ယောက်သာ စမ်းသပ်နိုင်ခဲ့တာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအတွေထဲမှာ ဘယ်အရာတွေက အိပ်စက်ခြင်းကိုပိုမိုဆိုးရွားစေသလဲဆိုတာကို မသိရသေးပါဘူး။
Source: NY Post #World_Health #ညမအိပ်ခင်ရှောင်ရှားသင့်သည့်အစားအစာ
#YMG #Yangon_Media_Group
#World_Health
Published 6 June 2023
နွေရာသီအပူလှိုင်းက ဆက်ပြီးမြင့်တက်လာဖွယ်ရှိနေပြီး အိပ်စက်ရန်သင့်တော်တဲ့ အိပ်ခန်းအပူချိန်က ၁၅.၅ နဲ့ ၁၉ ဒီဂရီဆဲလ်စီးယပ်စ်အတွင်း ရှိသင့်တယ်လို့ ဂျာမနီအိပ်စက်ခြင်းဆိုင်ရာ စိတ်ရောဂါပညာရှင်'ထရီဇာရှနောဘက်ချ်'က ပြောကြားလိုက်ပါတယ်။
ပူနွေးလွန်းတဲ့အခါ ကိုယ်တွင်းအပူချိန်မကျတော့ဘဲ အိပ်ပျော်ဖို့ခက်ခဲစေတယ်လို့ ဆိုပါတယ်။
ဒီအတွက် အပူကိုခုခံနိုင်မယ့် နည်းလမ်းတွေကို ရှနောဘက်ချ်က ဝေမျှပြောကြားသွားပါတယ်။
- လေဝင်လေထွက်ကောင်းပါစေ
ညအိပ်တဲ့အခါ ပြတင်းပေါက်တွေ လိုက်ကာတွေဖွင့်ထားပြီး လေဝင်လေထွက်ရှိစေသင့်ပါတယ်။
အကယ်၍ ပြတင်းပေါက်ဖွင့်လို့ အဆင်မပြေဘူးဆိုရင် ပန်ကာ၊ လေဝင်လေထွက်စနစ်များ ဖွင့်ထားသင့်ပါတယ်။
- လိုအပ်ရင်အိပ်ရာခင်းပြောင်းလဲပါ
ပူနွေးတဲ့ရာသီဥတုမှာ ဖျာနဲ့အိပ်ရာခင်းအသုံးပြုတာတွေကို စဉ်းစားသုံးသပ်သင့်ပါတယ်။
အိပ်ရာခင်းတစ်ခုလုံး မလဲချင်ဘူးဆိုရင်တောင် ဖျာတော့ထပ်ခင်းသင့်ပါတယ်။
- သွေးကြောအနီးကပ်ဆုံးနေရာများကို အသုံးချပါ
လက်ကောက်ဝတ်နဲ့ လည်ပင်းဘေးဘက်တို့လို သွေးကြောအနီးကပ်ဆုံးပေါ်တဲ့နေရာတွေကို ရေခဲ၊ ရေသဘက်ကပ်ထားပေးခြင်းဖြင့် ကိုယ်ခန္ဓာအပူချိန်ကို အလျင်အမြန်ကျဆင်းစေပါတယ်။
ဒါပေမဲ့ ခြေထောက်နဲ့လက်တွေကိုတော့ မထိတွေ့သင့်ပါဘူး။
- ရေနွေးနွေးဖြင့်ချိုးပါ
ရေအေးအေးချိုးခြင်းက အပူသက်သာစေတယ်ထင်ရပေမယ့် ရေနွေးနဲ့ချိုးပေးသင့်တယ်လို့ ပြောပြထားပါတယ်။
- ကိုယ်တီးလုံး သို့မဟုတ် ချည်ထည်ဝတ်အိပ်ပါ
ပေါ့ပါးတဲ့ချည်ထည်တွေက လေဝင်လေထွက်ကောင်းစေပါတယ်။
- အိပ်ပျော်ခြင်းကိုအထောက်အကူပြုသည့်အသီးများစားပါ
ချယ်ရီသီးတွေဟာ အိပ်စက်ခြင်းကို အကူအညီဖြစ်စေတဲ့ မယ်လာတိုနင်ဟော်မုန်းကို တိုးများစေပါတယ်။
ငှက်ပျောသီးတွေမှာ မဂ္ဂနီဆီယမ် ပိုတက်ဆီယမ်တို့ပါဝင်ပြီး စိတ်ပြေလျော့စေပါတယ်။
- ပွေ့ဖက်ပါ
မအိပ်ခင်မှာပွေ့ဖက်ခြင်းဖြင့် သွေးကြောတွေကျယ်စေကာ ကိုယ်တွင်းအပူချိန်ကျဆင်းစေပြီး အပူလျော့ကျစေပါတယ်။
Source: Daily Mail #World_Health #ပူအိုက်ချိန် #နည်းလမ်းအကြံဉာဏ်များ
#YMG #Yangon_Media_Group
#Local_News
Published_ 5 June 2023
လတ်တလောမှာ မုတ်သုန်အားကောင်းနေသလိုမိုးတိမ်တောင်တွေလည်းဖြစ်ထွန်းနေလိုရန်ကုန်တိုင်းအပါအဝင် ဒေသအချိုမှာမိုးသည်းထန်တာ၊လေပြင်းတိုက်ခတ်တာ၊မိုးခြိမ်းတာ၊မိုးကြိုးပစ်တာ တွေဖြစ်ပေါ်လာနိုင်တယ်လိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #ဒေသအချို့ ၌မိုးကြီးခြင်း #လေပြင်းတိုက်ခြင်း
#YMG #Yangon_Media_Group
#World_Innovation
Published_ 5 June 2023
တောင်အာဖရိကမှ လူငယ်စွန့်ဦးတီထွင်သူတစ်ဦးဟာ ဘီးတပ်ကုလားထိုင်အသုံးပြုသူများအနေဖြင့် လှေကားထစ်တွေမှာ ကိုယ်တိုင်တက်နိုင်စေမယ့် ဘီးတပ်ကုလားထိုင်အသစ်ကို တီထွင်လိုက်ပါတယ်။
#World_Innovation #ကိုယ်တိုင်လှေကားထစ်အဆင်းအတက်ပြုလုပ်နိုင် #လူငယ်တစ်ဦးဘီးတပ်ကုလားထိုင်တီထွင် #YMG #Yangon_Media_Group
#Local_News
Published_ 5 June 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ ဇွန်လ ၅ရက်နေ့ မနက်ပိုင်းစျေးနှုန်းများအရ တစ်အောင်စကို ၁၉၄၇ ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေးတစ်အောင်စ #ရွှေအသင်း ၂၂သိန်း၉သောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 5 June 2023
မိုးရာသီကာလမှာ ပြည်ပခရီးသွားတွေနည်းပါးသွားပေမယ့် ပုဂံဒေသလိုမိုးနည်းတဲ့ဒေသတွေကို မိုးရာသီခရီးစဉ်အဖြစ်သွားရောက်လည်ပတ်လိုတဲ့သူတွေရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #မိုးရာသီခရီးစဉ်လည်ပတ်
#YMG #Yangon_Media_Group
#Local_News
Published_5 June 2023
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းမတီ အနေနဲ့ ဇွန်လ ၅ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၇၉၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် ဈေးနှုန်း ၁၇၀ ကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး #အရင်အပတ်ထက်ဈေးကျ
#YMG #Yangon_Media_Group
#Daily_News
Published_ 5 June 2023
၁။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၃၇၈၀ သတ်မှတ်အရင်အပတ်ထက်ဈေးကျ
၂။ ပုဂံအပါအဝင် မိုးနည်းသောဒေသများကို မိုးရာသီခရီးစဉ် လည်ပတ်လိုသူများရှိနေ
၃။ ကမ္ဘာ့ရွှေစျေးတစ်အောင်စကို ၁၉၄၅ ဒေါ်လာရှိနေပြီး ရန်ကုန်ရွှေအသင်း ၂၂သိန်း၉သောင်းကျော်သတ်မှတ်
၄။ ဘီးတပ်ကုလားထိုင်အသုံးပြုသူများ ကိုယ်တိုင်လှေကားထစ်အဆင်းအတက်ပြုလုပ်နိုင်စေရန် တောင်အာဖရိကမှလူငယ်တစ်ဦးတီထွင်ထုတ်လုပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1160 of 1958