Published 08 October 2023 

 
သွေးတွင်းမှာ အောက်ဆီဂျင်ကို ပေါင်းစည်းပြီး ကိုယ်ခန္ဓာတစ်ရှူးတွေဆီ သယ်ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေထဲက ဟေမိုဂလိုဘင် ပရိုတိန်းဖြစ်ပေါ်ရာမှာ သံဓာတ်က မရှိမဖြစ် အရေးကြီးတာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးဖို့ အရေးကြီးပါတယ်။ 
 
ကြွက်သားတွေကို အောက်ဆီဂျင်ထောက်ပံ့ပြီး စွမ်းအင်ဇီဝကမ္မဖြစ်စဥ်၊ ကိုယ်ခံအားစနစ်တို့ကို ကူညီပေးတဲ့ မိုင်ယိုဂလိုဘင် ထုတ်လုပ်မှုကိုလည်း ထောက်ပံ့ပေးပါတယ်။ 
သံဓာတ်ရရှိမှုကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ 
 
(၁) စိတ်ကူးယဥ်မညှိုးပန်း 
ထိုအပင်အစေ့တွေဟာ သံဓာတ်အပြင် ကယ်လ်စီယမ်၊ မန်းဂနိစ်တို့လို သတ္တုဓာတ်တွေလည်း ကြွယ်ဝပြီး ချက်ပြုတ်စားသောက်နိုင်သလို အစားထိုး အစေ့အဆန်များအဖြစ်လည်း စားသုံးနိုင်ပါတယ်။ 
 
(၂) နှမ်းစေ့ 
သံဓာတ်အပြင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်များပါ ကြွယ်ဝကာ အစားအသောက်တွေမှာ အလွယ်တကူ ထည့်သွင်းစားသုံးနိုင်ပါတယ်။ 
 
(၃) သကြားမုံလာရွက် 
သကြားမုံလာ ထိပ်ပိုင်းအရွက်တွေဟာ အာဟာရရှိရုံမက သံဓာတ်လည်း သင့်တင့်စွာပါဝင်ပါတယ်။ 
 
(၄) ဇီရာစေ့အနက် 
ထိုအစေ့များကို အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းဒေသ ဟင်းလျာတွေမှာ သုံးကြပြီး သံဓာတ်ပေးစွမ်းနိုင်တဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိစေပါတယ်။ 
 
(၅) ပဲပိစပ် 
သံဓာတ်ကြွယ်ဝတဲ့ ပဲမျိုးဖြစ်ကာ ပရိုတိန်းကြွယ်ဝတဲ့အပြင် ပဲပုပ်၊ တို့ဖူး၊ ပဲနို့စသဖြင့် ပုံစံအမျိုးမျိုး စားသုံးနိုင်ပါတယ်။ 
Source: DoctorNDTV. 
#World_Health
#YMG #Yangon_Times #Yangon_Media_Group