Published_ 25 August 2023
လာမည့်စတော်ဘယ်ရီရာသီမှစ၍စတော်ဘယ်ရီသီးများကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် သုံးနှစ်စီမံကိန်းချမှတ်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကနေ သိရသည်။
လာမည့် ၂၀၂၄ ခုနှစ် စတော်ဘယ်ရီ ရာသီဖြစ်သည့် မတ်လမှ ဇွန်လအတွင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့ကျေးရွာ)တွင် ထုတ်လုပ်ဆောင်ရွက်သွားမည်ဟုသိရသည်။
ယခုအခါ အဆိုပါကျေးရွာမှ ဒေသခံများကိုထုတ်လုပ်နည်း သင်တန်း ပေးထားပြီးစတော်ဘယ်ရီအခြေပြု တန်ဖိုးမြှင့် စားသောက်ကုန်တွေအဖြစ် စတော်ဘယ်ရီယို၊ စတော်ဘယ်ရီဖျော်ရည်နဲ့ စတော်ဘယ်ရီဝိုင်တွေ ထုတ်လုပ်သွားမည်ဟုသိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
Yangon-Times/PP
#local_News
#YMG #Yangon_Times
အမျိုးသမီးလိဂ် ရာသီပိတ်နောက်ဆုံးပွဲစဉ် လက်မှတ်အခမဲ့ဖြစ် ဝင်ရောက်ကြည့်ရှုနိုင်
အမျိုးသမီးလိဂ်ရာသီပိတ်နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်ပြီး၊ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်
Yangon_Times/MY
#local_News
#Published_ 25 August 2023
#YMG #Yangon_Times
နန့်ယင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
နန့်ယင်း မြစ်ရေနဲ့ နန့်ကောင်း မြစ်ရေ မြင့်တက်လာနိုင်ဖွယ်ရှိတာကြောင့် သတိပြုနေထိုင်ရန် နှိးဆော်
Yangon_Times/MY
#local_News
#Published_ 25 August 2023
#YMG #Yangon_Times
Published_ 25 August 2023
ဂျပန်နိုင်ငံ ချီဘားမြို့၌ ကျင်းပနေတဲ့ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၂ လူငယ်ဘောလုံးအသင်းက Tokyo Verdy အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ယနေ့ တွင် ထုတ်ပြန်ထားသည်။
မြန်မာ ယူ ၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် အုပ်စုပွဲစဉ်များယှဉ်ပြိုင်ပြီးနောက် အုပ်စုအဆင့်ရပ်တည်ချက်အရ Group League ပွဲစဉ်များ ထပ်မံကစားရာတွင် Group (D) မှ Tokyo Verde U 12 အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ဘာစီလိုနာ လူငယ်အသင်းကို ၄ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲစဉ်တွင် ဂျပန်ကလပ် JEF United Chiba U-12 အသင်းကို ၃ ဂိုး ၁ ဂိုး၊ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် Daiwa House Dream အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်တို့ဖြင့် ရှုံးနိမ့်ခဲ့ထားသည်။
အဆိုပါပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၄) မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ အဆိုပါခရီးစဉ်အတွက် AYA Bank မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။
ဓာတ်ပုံ-MFF
Yangon Times/my
#local_News
#YMG #Yangon_Times


ရန်ကုန်-ကွမ်ကျိုး -LA ခရီးစဉ် တိုးချဲ့ပြေးဆွဲမည်
ရန်ကုန်-ကွမ်ကျိုး-လော့အိန်ဂျလီ (LA) ကို အပတ်စဉ်တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊စနေနေ့တွေမှာ ရန်ကုန်မှ ကွမ်ကျိုး ၊ကွမ်ကျိုးမှ လော့အိန်ဂျလီ(LA)ပြေးဆွဲမယ်။ ဗုဒ္ဓဟူးနေ့တိုင်း လော့အိန်ဂျလီ(LA)မှကွမ်ကျိုးနဲ့ ကွမ်ကျိုးမှ ရန်ကုန်ခရီးစဉ်တွေ ပြေးဆွဲပေးမှာဖြစ်တယ်။
China Southern Airline Myanmarလေကြောင်းလိုင်း
Yangon_Times/tthl
#local_News
#Published_ 25 August 2023
#YMG #Yangon_Times
မလေးအစိုးရ၏ အလုပ်သမားခေါ်စာ အတုပြုလုပ်ပြီး ပြည်တွင်းတွင် လိမ်လည်ငွေကြေးတောင်းနေဟုဆို
ပြည်ပကို လုပ်သားပို့ဆောင်နိုင်တဲ့ တရားဝင်လိုင်စင်မရှိဘဲ ဝန်ဆောင်မှု(Service)လိုင်စင် ရထားသူ အချို့က အခုလိုခေါ်စာအတုပြုလုပ်ကာ လိမ်လည်ငွေကြေးတောင်းခံခြင်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#local_News
#Published_ 25 August 2023
#YMG #Yangon_Times
စားအုန်းဆီ ဈေးတက်နေသဖြင့် ဆီစက်ဝယ်ပြီးပဲဆီ၊နှမ်းဆီ ထုတ်သူများလာ
‘အခုနှစ်မှာ ပြည်ပကနေတင်သွင်းတဲ့ ဈေးကွက်အတွင်း စားအုန်းဆီဈေးတစ်သောင်းကျော် သွားတဲ့အတွက် ပြည်တွင်းရှိ မြေပဲ၊နှမ်း၊နေကြာစတဲ့ဆီထွက်သီးနှံတွေကိုကြိတ်ပြီး ပြည်တွင်းထုတ်ဆီတွေထုတ်လုပ်ရောင်းချသူတွေ များပြားလာတယ်’ဆီကြိတ်စက်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦး
Yangon_Times/tthl
#local_News
#Published_ 25 August 2023
#YMG #Yangon_Times
၂၅ ဩဂုတ် ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 17th AMMTC) အတွင်း ဂျပန်နိုင်ငံ AMMTIC ခေါင်းဆောင်က မြန်မာ နိုင်ငံအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေကို အစည်းအဝေးသို့တက်ရောက်ခဲ့တဲ့ မြန်မာ နစက အစိုးရ ပြည်ထဲရေးဝန်ကြီးက ချက်ခြင်းပြန်လည်တုန့်ပြန်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဩဂုတ် ၂၂ ရက်ကကျင်းပတဲ့ (၈)ကြိမ်မြောက် AMMTC +ဂျပန် ပူးပေါင်းအစည်းအဝေးတွင် ဂျပန်နိုင်ငံ ကိုယ်စားလှယ်ခေါင်းဆောင်က ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့် ပတ်သက်သည့် အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် နစက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည် တုံပြန်ပြောကြားရာတွင် အာဆီယံအဖွဲဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက် ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ယနေ့အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့် ဆွေးနွေးမှုနှင့်ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စ မဟုတ်ပါ ကြောင်း ဆက်လက်တုန့်ပြန်ပြောဆိုခဲ့ပြီး ယခုလိုဒေသတွင်းအစည်းအဝေးများတွင် အဆိုပါကိစ္စ ဆွေးနွေးမည် မဟုတ်ကြောင်းကိုလည်း အတိအလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ပါကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည်ပြောကြားခဲ့သော်လည်း သီးခြားဆွေးနွေးခဲ့ခြင်း ရှိမရှိကိုတော့ သတင်းထုတ်ပြန် ချက်မှာဖော်ပြမထားပါဘူး။
မြန်မာပြည်ထဲရေးဝန်ကြီးဟာ အစည်းအဝေးတွင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုအခြေအနေတွေ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်သေကြ ပျက်စီးဆုံးရှုံးမှုတွေနှင့် ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးဆောင်ရွက်နေတာတွေကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအစိုးရ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ အဖွဲ့သွားရောက်တက်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
Published_ 25 August 2023
ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲ၌ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသလျက်ရှိကြောင်း နိုင်ငံရေးဝန်ကြီးဌာနကသိရသည်။
(၂၅) ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့်နည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်နေ့က Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြခန်းအား မြန်မာသံရုံး၊ တိုကျိုမြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။
Dai Nippon Fisheries Association မှကြီးမှူးကျင်းပသည့် ဂျပန်နိုင်ငံတကာ ရေထွက်ကုန်နှင့် နည်းပညာပြပွဲသည် ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသခြင်း ဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ရေထွက်ကုန် လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ခရု၊ ဂဏန်းစသည့် ရေထွက်ကုန်များအား ပါဝင်ပြသခဲ့သည်။
ပြပွဲကို ဩဂုတ် ၂၃ ရက် မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း (၆၀၀) ကျော်တို့က ပြခန်းပေါင်း (၁၂၇၀) ဖွင့်လှစ်ပြသလျက်ရှိကြောင်းသိရသည်။
#Yangon-Times/PP
Photo-နိုင်ငံခြားရေးဝန်ကြီး
#Local_News
#YMG #Yangon_Times
Published_ 25 August 2023
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နှင့် ဆရာစံလမ်းထောင့် မီးပွိုင့် ရှေ့ ပုလဲ ကွန်ဒို အနီး တွင် သြဂုတ်လ ၂၄ ရက်ည၁၁နာရီ ၅၀မိနစ်ခန့် တွင် ယာဉ် သုံးစီးဆင့် တိုက်မှု ဖြစ်ပွားခဲ့ပြီးယာဉ်မောင်းနှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံက သိရသည်။
အဆိုပါ ယာဉ်သုံးစီးလုံး မှာ အိမ်စီးကားများ ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိကာယာဉ်တစ်စီးမှာလမ်းဘေးပလက်ဖောင်းပေါ်ကိုရောက်ရှိသွားကြောင်းသိရသည်။
'' ယာဉ်မောင်း ၃ဦးမှာ ၂ဦး ကိုတော့ ဆေးရုံ ကို ပို့ပေးလိုက်ရတယ်၊ စိုးရိမ်ရတဲ့အခြေနေတော့ မရှိပါဘူး ဦးခေါင်းပေါက် တာ နဲ့ ထိခိုက်ရှနာအနည်းကျဉ်း လောက်ပါပဲ''ဟု မိုးစေတနာပရဟိတအသင်း မှတာဝန်ရှိသူကပြောသည်။
အဆိုပါ ယာဉ်တိုက်မှု တွင် အရှိန်ပြင်းသောကြောင့် ယာဉ်သုံးစီးလုံး ထိခိုက်ပျက်စီးမှုများကြောင်း သိရသည်။
Yangon Times/LW
Published_ 25 August 2023
၂၀၂၃ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် ‘အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု’ကို မြန်မာနိုင်ငံမှ ဒေါက်တာကောင်းထက်စွမ်းမှရရှိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှသိရသည်။
အဆိုပါ‘အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု’ကို Senior Category မှရရှိခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံတွင်ဆုချီးမြှင့်အခမ်းအနားပြုလုပ်ကာ မြန်မာကိုယ်စားလှယ်အဖွဲ့ကလက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်ယင်းဆုအပြင် အာဆီယံသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (၂၀၂၃)ကို ဧရာဝတီတိုင်းနှင့်ကချင်ပြည်နယ်မှအခြေခံပညာကျောင်း(၂)ကျောင်းမှရရှိခဲ့သည်။
အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုအဖြစ် မူလတန်းအဆင့်အတွက်ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ၊ ဒေါင့်ကွေးကျေးရွာ၊အခြေခံပညာမူလတန်းကျောင်း (ဒေါင့်ကွေး) မှလည်းကောင်း ၊အထက်တန်းအဆင့်အတွက် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ရရှိခဲ့ပြီး ဆုများကို မြန်မာကိုယ်စားလှယ်အဖွဲ့မှလက်ခံရယူခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times
Published_ 25 August 2023
လှိုင်သာယာ အနောက်ပိုင်းမြို့နယ် (၉)ရပ်ကွက် တွင် ယနေ့နံနက် ၄နာရီခန့် ကအမျိုးသားတစ်ဦးက မီးရရှို့သည်ဟုဆိုကာ မီးလောင်မှု ဖြစ်ပွားခဲ့ ပြီး နေအိမ် သုံးလုံးမီးလောင်ပျက်စီးခဲ့ကြောင်းမေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်း (လှိုင်သာယာ) ထံမှ သိရသည်။
အဆိုပါ မီးရှို့သည်ဟု ဆိုသည့် အမျိုးသား ကိုလည်း လှိုင်သာယာ မြို့နယ် သောင်ကြီး ရဲစခန်း ကို ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာက စစ်ဆေးမှု များပြုလုပ်နေကြောင်း သိရသည်။
'' အခု မီးလောင်တာ က ရှို့မီးလို့ ဘေးပတ်ဝန်းကျင်က အကုန်ပြောကျတယ် အမျိုးသားတစ်ယောက် လုပ်တာ အခု လောင်သွားတဲ့ အိမ်သုံး အိမ်မှာ အလည် အိမ် က စလောင်တာ ၊အဲ့ အမျိုးသား ကိုလဲ အခုမနက် ကပဲ သက်ဆိုင်ရာက ခေါ်ဆောင်သွားပြီးတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်''ဟု မေတ္တာပါရမီလူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအသင်း (လှိုင်သာယာ) မှ ကိုအောင်ခိုင်က ပြောသည်။
မီးလောင်မှုကြောင့် ပျဉ်ထောင် သွပ်မိုးအိမ် နှစ်အိမ်နှင့် တိုက်ခံအိမ်တစ်လုံးဆုံးရှုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times




Page 1151 of 2056