#Local_News
Published_ 5 April 2023
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ပိုမိုတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ ယာကြီး - ကလေးဝလမ်းအပိုင်းအား အဆင့်မြှင့်တင်ခြင်း၊ တမူး- ကျီကုန်း - ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar တို့ ဧပြီလ ၄ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
ယင်းအပြင်အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post) တည်ဆောက်ရေး ကိစ္စရပ် တို့ကိုလည်း ထပ်မံ ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။
အလားတူ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း အလားအလာများ၊ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အသိပညာများ မျှဝေပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့ နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ဆွေးနွေးခဲ့ကြသေးကြောင်းလည်း သိရသည်။
၎င်းအပြင် အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့်လည်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုလည်းကောင်း၊ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း Bengal Initiative for MultiSectoral Technical and Economic Coo-peration (BIMSTEC - ဘင်းစတက်)အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ အခန်းကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ သုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်သွင်းတင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဧပြီလ ၃ ရက်ကလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar တို့ နှစ်နိုင်ငံအစိုးရတို့အကြား ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောများ ထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်း အစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန် များထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော် ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့်ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မှု အလားအလာတို့ကို ဆွေးနွေးခဲ့ကြသေးသည်။
ymg/mt
#Local_News #မြန်မာ-အိန္ဒိယလမ်းပန်းဆက်သွယ်
#YMG #Yangon_Media_Group
#World_Politics
Published 5 April 2023
အမေရိကန်သမ္မတဟောင်း 'ဒေါ်နယ်ထရမ့်'ဟာ လျှို့ဝှက်ငွေပေးခြင်းအမှုကိစ္စနဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်နေ့က ရုံးတင်စစ်ဆေးခံရပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဖလော်ရီဒါတောင်ပိုင်းရှိ ကမ်းခြေအိမ်ဂေဟာ Mar-a-Lago မှာ ပြောကြားခဲ့ရာမှာ ဒီလိုအဖြစ်အပျက်မျိုး အမေရိကမှာဖြစ်မယ်လို့ တစ်ခါမှမထင်မိကြောင်း ဆိုပါတယ်။
"ကျုပ်ကျူးလွန်ခဲ့တဲ့ပြစ်မှုဆိုလို့ ဒီတိုင်းပြည်ကိုဖျက်ဆီးဖို့ ကြိုးစားနေတဲ့သူတွေထံမှ အကြောက်အရွံ့မရှိ ကာကွယ်နေတာပါပဲ၊ ဒါဟာ ဒီတိုင်းပြည်ကို စော်ကားတာပါပဲ" လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
လက်ရှိသမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ အစိုးရအဖွဲ့ကိုလည်း မကျေနပ်ကြောင်းဆိုလိုက်ကာ အမေရိကက ပျက်စီးနေပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးက အမေရိကကို လှောင်ရယ်နေကြပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အဆိုးရွားဆုံးသမ္မတ ၅ ယောက်ကို ခေါ်ထားရင်တောင် ဂျိုးဘိုင်ဒင်တို့အဖွဲ့လောက် တိုင်းပြည်ကိုပျက်စီးစေမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
စီးပွားရေးမှတ်တမ်းမှားယွင်းဖော်ပြမှု ရာဇဝတ်မှုပေါင်း ၃၄ ခုမှာ အပြစ်မရှိကြောင်း အင်္ဂါနေ့မတိုင်ခင်က လျှောက်ထားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ထရမ့်ဟာ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုခံရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။
စွပ်စွဲချက်ပါထုတ်ပြန်မှုမှာ အပြာကားမင်းသမီးဒန်နီယယ်စ်၊ ပလေးဘွိုင်းမော်ဒယ်လ်'ကာရန်မက်ဒေါ်ဂယ်'၊ ထရမ့်တာဝါတံခါးမှူးဟောင်းတို့ထံ နှုတ်ပိတ်ငွေပေးခြင်းအကြောင်းတွေ ပါဝင်ပါတယ်။
၂၀၁၆ ရွေးကောက်ပွဲကာလ မဲဆန္ဒအချက်အလက်များဖုံးကွယ်ရန် ထရမ့်က နယူးယော့ခ်စီးပွားရေးအချက်အလက်များကို အကြိမ်ကြိမ်မှားယွင်းစွာ အသုံးချခဲ့ကြောင်း မန်ဟက်တန်ရှေ့နေများက ဆိုပါတယ်။
မန်ဟက်တန်ခရိုင်ရှေ့နေ'အယ်ဗင်ဘရက်ဂ်'က သတင်းထောက်တွေကို ပြောကြားရာမှာ ထရမ့်အနေနဲ့ ဥပဒေချိုးဖောက်မှုကနေ ရှောင်ပြေးခွင့်ပြုမှာ မဟုတ်ကြောင်း၊ မည်သူပဲဖြစ်ဖြစ် ရာဇဝတ်မှုမှ ပြေးမလွတ်ကြောင်း ဆိုသွားပါတယ်။
Source: WION
#World_Politics #အမေရိကန် #ဒေါ်နယ်ထရမ့်ဝေဖန်
#YMG #Yangon_Media_Group






#World_Health
Published_ 5 April 2023
အိပ်ရာစောစောထလေ့ရှိသူတွေအနေနဲ့ မနက်အစောပိုင်းပြေးခြင်းမျိုး ပြုလုပ်သင့်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကောင်းစွာအိပ်မပျော်တဲ့သူတွေမှာ စောစီးစွာအသက်ဆုံးရှုံးနိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
အိပ်ချိန်နည်းလွန်းခြင်းနဲ့ များလွန်းခြင်းတို့က အသက်တိုနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ထိုကဲ့သို့ဆိုးကျိုးတွေကို တုန့်ပြန်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
ဗြိတိန်လူမျိုး ၉၂,၀၀၀ ကျော်ထံမှ လေ့လာခဲ့ရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောရောဂါများ၊ ကင်ဆာရောဂါတို့ကြောင့် စောစီးစွာအသက်သေဆုံးနိုင်ချေကို လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အိပ်ချိန်တို့ကြား လေ့လာခဲ့ကြရာ အိပ်ချိန် ၆ နာရီအောက်အိပ်သူတွေက စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ၁၆ ရာခိုင်နှုန်းနဲ့ အိပ်ချိန် ၈ နာရီအထက်အိပ်သူတွေက ၃၇ ရာခိုင်နှုန်းပိုများတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုလူတွေကို တစ်ပတ်မှာ သာမန်လေ့ကျင့်ခန်း ၁၅၀ မိနစ် ဒါမှမဟုတ် ပြင်းထန်တဲ့လေ့ကျင့်ခန်း ၇၅ မိနစ်ခန့်ပြုလုပ်ခြင်းဖြင့် ထိုဘေးအန္တရာယ်ဖြစ်နိုင်ချေတွေ ပျောက်ကွယ်သွားတာကို တွေ့ခဲ့ရပါတယ်။
လေ့ကျင့်ခန်းလုံလုံလောက်လောက် မပြုလုပ်သူတွေနဲ့ ပုံမှန်အိပ်ချိန်မရှိသူတွေဟာ နှလုံးဖောက်ခြင်းဖြစ်နိုင်ချေ ၆၉ ရာခိုင်နှုန်း၊ ကင်ဆာကြောင့်သေဆုံးနိုင်ချေ ၂၁ ရာခိုင်နှုန်းပိုများလာကြောင်း တွေ့ရှိထားပါတယ်။
လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ထိုဘေးအန္တရာယ်များဖြစ်နိုင်ချေ လျော့ကျသွားကြောင်းကိုလည်း European Society of Cardiology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
သူတို့ရဲ့ရည်ရွယ်ချက်က အိပ်ချိန်မမှန်တဲ့သူတွေမှာ ဆိုးကျိုးသက်ရောက်မှုတွေကို တစ်စိတ်တစ်ပိုင်းချေဖျက်ပေးနိုင်တယ်လို့ ဖော်ပြသွားပါတယ်။
Source: Daily Mail
#World_Health #လှုပ်ရှားလေ့ကျင့်ခန်း # အိပ်ရေးပျက်ခြင်း #ကျန်းမာရေးဆိုးကျိုးများ #YMG#Yangon_Media_Group
#Local_News
Published _5 April 2023
မြန်မာနိုင်ငံ၏အဓိကမြစ်ကြီး ၄ စင်းဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မြစ်တို့၏ဘေး လက်ဝဲလက်ယာတွင် မြစ်ရေတင်စီမံကိန်းများဖော်ဆောင်ရန် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအစည်းအဝေးအတွင်း နစက ဥက္ကဌ က ပြောကြားလိုက်သည်။
ယင်းမြစ်များ၏ လက်ဝဲလက်ယာတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်၍ သီးထပ်စွမ်းအားတိုးတက် အောင် ဆောင်ရွက်ရန်လိုအပ်သည့်အပြင် နွေ၊ မိုး၊ ဆောင်း ကာလသုံးပါးတွင် အဟောသိကံစီးဆင်းနေသည့် မြစ်ရေများကို သင့်တော်သည့် ရေထိန်းတမံ စနစ်များဖြင့် ဒွန်တွဲအကျိုးပြုသည့် အစီအမံများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်သင့် ကြောင်းလည်း ယင်းက ဆိုသည်။
ထိုသို့ ဆောင်ရွက်ပါက စိုက်ပျိုးမြေများတွင် ရေပိုမို ရရှိပြီးသီးထပ်သီးညှပ် စိုက်ပျိုးဆောင်ရွက်နိုင်မည့်အပြင် ယခုနှစ်ရေနည်း ကာလတွင် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သလောက်သာ ဆောင်ရွက် ကြရခြင်းကြောင့် နောင်နှစ်ရေနည်းကာလအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များကို ယခုကတည်းက စတင်လုပ်ဆောင်မှသာ စိုက်ဧကတိုးချဲ့စရာမလိုဘဲ နှစ်သီး၊ သုံးသီးစိုက်ပျိုးနိုင်ပြီး အထွက်တိုး စေမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌ က ပြောသည်။
မြန်မာနိုင်ငံရှိ မြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းကွန်ရက်များ ကနေ နှစ်စဉ်ရေချိုဧက ပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေသော်လည်း စီးဆင်းနေသည့် ရေချိုပမာဏ၏ (၅) ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံး ရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည့်အတွက် ရေအရင်းအမြစ်များကိုအခြေခံသည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလားအလာကောင်းများ ရှိနေကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လေ့လာမှုများအရ နှစ်စဉ် လူပေါင်း ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပေါ်သည့် ရောဂါ များနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရပြီး လူဦးရေ ၇၄ သန်းသည် တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်းလာသည်ကို တွေ့ရကြောင်း၊ ၂၀၁၁ ခုနှစ် WHO နှင့် UNICEF စာရင်းများအရ ကမ္ဘာ့နေရာ အနှံ့အပြားတွင် လူဦးရေ သန်း ၂၀၀၀ ခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိသေးသည့်အပြင် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်နီးပါးဖြစ်သည့်သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ် မရှိသေးကြောင်း စစ်တမ်းများကို ကိုးကား၍ နစကဥက္ကဌက ပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝမြစ်ချောင်းအင်းအိုင်များ ပေါများသည့်အတွက် နှစ်စဉ်မြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်သည့် ပမာဏသည် အာဆီယံ နိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဒုတိယအများဆုံးဖြစ်ကြောင်း၊ အာရှ တိုက်အတွင်းရှိ နိုင်ငံများအနေဖြင့် နှိုင်းယှဉ်လိုက်ပါက ၂၀၁၁ ခုနှစ် မှတ်တမ်းများ အရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ပြီးလျှင် ပဉ္စမအဆင့်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Local_News # မြစ်ရေတင်စီမံကိန်းများ #မြန်မာနိုင်ငံ၏အဓိကမြစ်ကြီး၄စင်း
Yangon_Media_Group


#World_Science
Published 5 April 2023
အပင်တွေဟာလည်း လူတွေကဲ့သို့ပင် နာကျင်ခံစားရတဲ့အခါ အသံအမျိုးမျိုးဖြင့် အော်ဟစ်ကြကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ရေပြတ်သွားတဲ့အခါ ဒါမှမဟုတ် ဖိစီးမှုဖြစ်လာတဲ့အခါ အခြားသတ္တဝါတွေကြားနိုင်လောက်တဲ့အထိ အာထရာဆောနစ်အသံတွေ ထုတ်လွှတ်ပေးကြောင်း Cell ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အပင်တွေရဲ့အသံကြိမ်နှုန်းက လူသားတွေမကြားနိုင်လောက်တဲ့အထိ မြင့်မားလွန်းပေမယ့် အင်းဆက်တွေ၊ အခြားနို့တိုက်သတ္တဝါတွေ၊ အခြားအပင်များမှ ကြားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ထိုအသံတွေက အပင်တွေရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
"အပင်တွေက ဖိစီးမှုဖြစ်တဲ့အခါ အသံထွက်လေ့ရှိသလို ဖိစီးမှုတစ်ခုစီတိုင်းဟာ အသံတစ်မျိုးချင်းစီနဲ့ ဆက်စပ်နေပါတယ်" လို့ သုတေသီများက ဆိုပါတယ်။
လူတွေရဲ့နားမှာမကြားနိုင်ပေမယ့် အပင်ကထုတ်လွှတ်တဲ့အသံတွေကို လင်းနို့များ၊ ကြွက်များ၊ အင်းဆက်များစတဲ့ သတ္တဝါတွေကြားနိုင်ပါတယ်။
တယ်လ်အေဗစ်တက္ကသိုလ်မှ 'လီလက်ဟာဒါနီ'ဦးဆောင်ပြီး စမ်းသပ်မှုပြုလုပ်ရာမှာ ဆေးရွက်ကြီးနဲ့ ခရမ်းချဉ်သီးပင်တို့ကို ပုံးလေးထဲမှာထည့်ပြီး ၁၀ စင်တီမီတာအကွာမှာ အာထရာဆောနစ်မိုက်ခရိုဖုန်း တပ်ထားပါတယ်။
နာကျင်မှုခံစားရတာမျိုး ရေမလောက်တဲ့အခါမျိုးတို့မှာ မိုက်ခရိုဖုန်းနဲ့သာကြားနိုင်မယ့် အသံမျိုးကို အပင်တွေကထုတ်လွှတ်ပါတယ်။
အပင်သံတွေက ၂၀ မှ ၂၅၀ ကီလိုဟာ့ဇ်ကြိမ်နှုန်းရှိတဲ့အသံတွေကို ထုတ်လွှတ်ပြီး လူတွေကတော့ ကြိမ်နှုန်း ၁၆ ကီလိုဟာ့ဇ်အထိရှိတဲ့ အသံတွေကိုသာ ကြားနိုင်ပါတယ်။
အပင်တွေနဲ့ သူတို့ထုတ်လွှတ်တဲ့အသံအမျိုးအစားတွေကို ခွဲခြားပေးနိုင်တဲ့ အထူး AI အယ်လ်ဂိုရစ်သမ်များဖြင့် ခွဲခြမ်းမှတ်တမ်းတင်တာဖြစ်ပါတယ်။
အပင်တွေဟာ ရေပြတ်တာမျိုး၊ ထိခိုက်တဲ့အါမျိုးတွေမှာ အသံပေါင်းဒါဇင်နဲ့ချီပြီး နာရီတိုင်းထုတ်လွှတ်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: WION
#World_Science #ထိခိုက်နာကျင်ခြင်း #ရေပြတ်လတ်ခြင်း #အော်ဟစ်ငိုကြွေး
#YMG#Yangon_Media_Group
#Local_News
Published _5 April 2023
အွန်လိုင်းမှ Federal School of AungMyay Thar Zan အမည်ဖြင့် တရားမဝင်ပညာသင်ကြားမှုပြုလုပ်နေသူ ၁၅ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာ သင်ကြားခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ ၏ အိရွှေစင်မြင့် အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်များအရ တရားမဝင် Federal School of Aung Myay Thar Zan တွင် သင်ကြားရေးဆောင်ရွက် နေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများကို PDF များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကား၍ အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုအခါ ဖမ်းဆီးရမိသည့် ၁၅ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်ပညာသင်ကြားမှု အစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား၊ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Local_News #အွန်လိုင်း #ပညာသင်ကြားသူ #၁၅ ဦးဖမ်းဆီးမိ
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
၂၀၁၉ခုနှစ်က ပြဌာန်းခဲ့တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေဟာ အခုနှစ်၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်နေ့မှာ အာဏာသက်ဝင်လာပြီဖြစ်ပါတယ်၊၊
အဲဒီ့လိုကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာ သက်ဝင်လာပြီဖြစ်တဲ့အတွက်ကုန်အမှတ်တံဆိပ်တွေကို တရားဝင်မှတ်ပုံတင်ထားဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။
#Local_News #ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ #မှတ်ပုံတင်
#YMG#Yangon_Media_Group
#World_Geopolitics
Published_ 4 April 2023
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှာ ပါဝင်ဖို့ကြိုးစားနေတဲ့နိုင်ငံတွေ ပိုများလာပါတယ်။
ဆော်ဒီအာရေးဗီးယားအစိုးရအဖွဲ့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ဆွေးနွေးမိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ စာတမ်းကိုလည်း ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။
#World_Geopolitics #ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
သင်္ကြန်ကာလမှာ မျက်လုံးနဲ့နားထဲရေတွေဝင်ပြီး ထိခိုက်တာတွေမျိုး ဖြစ်နိုင်တဲ့အတွက် သတိပြုကာကွယ်ကြဖို့လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှသိရပါတယ်၊၊
#Local_News #င်္ကြန်ကာလတွင်း #မျက်လုံးနှင့်နား #သတိပြုကာကွယ်ရန်#YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ယခုလအတွင်း အသားတိုးကြက် ခြံဖမ်းဈေးများ အနေနဲ့ ယခင်လကထက် ငွေ ၁၇၀၀ကျပ်အကျော် ဈေးပြန်တက်လာခဲ့ကြောင်း ကြက်သားလက်ကားအရောင်းဈေးကြီးဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်ဘဲဈေးကနေသိရပါတယ်။
#Local_News #အသားတိုးကြက် #ကျပ်၁၇၀၀အကျော်ဈေးပြန်တက်လာ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ဧပြီလ ၆ရက်နေ့မှ ၁၁ရက်နေ့အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးအချိုမှာ လက်ရှိအပူချိန်ထက် 5C° လောက် ရုပ်ချည်းမြင့်တက်လာဖို့ရှိနေတယ်လို့ခန့်မှန်းပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။
#Local_News #ရန်ကုန်တိုင်းဒေသကြီး #နေ့အပူချိန်များ5C°ခန့်ပိုမိုမြင့်တက်လာနိုင် #YMG#Yangon_Media_Group
#Daily_News
Published_4 April 2023
၁။လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်များ 5C° ခန့်ပိုမိုမြင့်တက်လာနိုင်
၂။အသားတိုးကြက်ဈေး တစ်လကြာအတွင်း ကျပ် ၁၇၀၀ အကျော် ဈေးပြန်တက်လာ
၃။သင်္ကြန်ကာလတွင်း မျက်လုံးနှင့်နားမထိခိုက်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၄။ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားကြိုးစားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1151 of 1854