#Local_News
Published-15 Oct2023

မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော်ဘုရားကြီးအားလာမည့်နှစ်များတွင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရန်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား၏ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ မန်းရွှေစက်တော်၌ မိုခါမုန်တိုင်းအလွန်နှင့် မိုးများမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအားမန်းရွှေစက်တော်ဘုရားပွဲ‌ တော်အမီပြင်ဆင်ဆောင်ရွက်နေလျှက်ရှိကြောင်းသိရသည်။

 

"လာမယ့်နှစ်တွေမှာလည်း သဘာဝဘေးအန္တရာယ်ကနေကာကွယ်နိုင်ဖို့ ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုကပွဲတော်အမီ မိုခါမုန်တိုင်းနဲ့ဒီမိုးကာလမှာ မိုးများတာတွေကြောင့် ထိခိုက်တာလေးတွေလဲလုပ်ဆောင်နေပါတယ်။ ဒီအချိန်ကပွဲတော်အချိန်မဟုတ်ပေမယ့် စိမ်းစိုလှပနေ‌တာကြောင့် ဘုရားဖူးလာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် "ဟု၄င်းကဆက် ပြောသည်။



ပြီးခဲ့သည့်မိုးဦးကာလအတွင်းက ဖြစ်ပွားခဲ့သည့်မိုခါမုန်တိုင်းနှင့် မိုးတွင်းကာမိုးများခဲ့သည့်အတွက် ရေတိုက်စားခဲ့ခြင်းများရှိခဲ့ရာ မန်းချောင်းတစ်လျှောက်ပြင်ဆင် ဆောင်ရွက်ခြင်းများနှင့် မန်းရွှေစက်တော်ဘုရားဝန်းသုံးမိုင်လမ်း၌ ဘုရားဖူးကားများသွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင်အောက်စက်တော်ရာတိုင်လုံးကြီးများနှင့်ဘုံခုနှစ်ဆင့်ကိုမြန်မာမှုမပျက်ရှေးမူလက်ရာများအတိုင်းပြင်ဆင်ခြင်းများကိုလည်းပြုပြင်ဆောင်ရွက်‌နေကြောင်းသိရသည်။

 

မန်းရွှေစက်တော်ဘုရားပွဲတော်အားနှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ဘုရားပွဲတော်ကာလ၌ တစ်ရက်လျှင် ဘုရားဖူးဦးရေတစ်သောင်းခန့်လာရောက်လေ့ရှိကြောင်း သိရသည်။

 

#Local_News #မန်းရွှေစက်တော်ဘုရားကြီး #သဘာဝဘေးအန္တရာယ်မှကာကွယ် #YMG/NN