#Local_News
Published_ 5 April 2023
ပုဂံစူဠာမဏိဘုရားမှာ ရေဝပ်ရေလျှံမဖြစ်အောင် ပြုပြင်ထိန်းသိမ်းရေးတွေဆောင်ရွက်တာ ပြီးစီးသွားပြီလို့ ရှေးဟောင်းသုတသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲမှ သိရပါတယ်၊၊
#Local_News #ပုဂံစူဠာမဏိဘုရား #ရေဝပ်ရေလျှံ #ပြုပြင်ထိန်းသိမ်း #YMG #Yangon_Media_Group
#Asia_Entertainment
Published_ 5 April 2023
အချိန်က ညသန်းခေါင်အချိန်ရှိနေပြီ ဖြစ်ပေမယ့် စွန့်ပစ်ခံထားရတဲ့ ဘန်ကောက်ဈေးဝယ်စင်တာအထက်မှာ သရဲရေဒီယိုကတော့ အသံလွှင့်နေဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ဖူးသူတွေပြောပြတာကို လူထောင်ပေါင်းများစွာက အွန်လိုင်းပေါ်ကနေ နားဆင်ရင်း စတူဒီယိုဖန်သားပြင်မှာလည်း ကွန်မန့်များစွာမြင်ရမှာဖြစ်ပါတယ်။
#Asia_Entertainment #သရဲဝိဉာဉ်ဇာတ်လမ်းများ #ထိုင်းနိုင်ငံ #သရဲရေဒီယိုYouTubeချန်နယ် #YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်ကာလ နီးကပ်လာစဉ် ဓာတ်ဆီဈေးနှုန်းများမှာ ရှိရင်းလတ်တလောနှုန်းထားထက် ကျပ် ၁၀၀ ကျော်သို့ ရုတ်တရက် ခုန်တက်လာပြီး တစ်လီတာ ၂,၃၀၀ ဝန်းကျင် ဈေးအလှုပ်ဖြင့် တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ#ဓာတ်ဆီဈေးတက်
#YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်ပိတ်ရက်ရှည် ကာလမှာ လူငယ်တွေပြန်စုမိပြီး မူးယစ်ဆေးပြန်သုံးစွဲနိုင်တဲ့အတွက် သတိပြုကာကွယ်ဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း မြန်မာ(ဗဟို)မှသိရပါတယ်၊၊
#Local_News #သင်္ကြန်ပိတ်ရက် #မူးယစ်ဆေးပြန်သုံးစွဲ #သတိပြုကာကွယ်
#YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်ကာလအတွင်း စားသုံးဆီ ဖူလုံမှုရှိစေဖို့ စားအုန်းဆီတန်ချိန် (၇၅၀၀၀) တင်သွင်းဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ကနေ သိရှိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ပြည်ပစားအုန်းဆီ #တန်ချိန် ၇၅၀၀၀
#YMG #Yangon_Media_Group
#Daily_News
Published_ 5 April 2023
၁။သင်္ကြန်ကာလအတွက် ပြည်ပမှ စားအုန်းဆီ တန်ချိန် ၇၅၀၀၀ တင်သွင်းမည်
၂။သင်္ကြန်ပိတ်ရက်ရှည် ကာလတွင် လူငယ်များပြန်စုမိပြီး မူးယစ်ဆေးပြန်သုံးစွဲနိုင်သဖြင့် သတိပြုကာကွယ်ရန်လိုဟုဆို
၃။သင်္ကြန်ကာလ နီးကပ်လာစဉ် ဓာတ်ဆီဈေးတက်လာပြီး တစ်လီတာ ၂,၃၀၀ ဝန်းကျင်ရှိလာ
၄။သရဲဝိဉာဉ် ဇာတ်လမ်းများအကြောင်း ဖုန်းခေါ်ဆိုပြောကြားနိုင်သည့် ထိုင်းနိုင်ငံမှသရဲရေဒီယို YouTube ချန်နယ်တွင် နားဆင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 5 April 2023
ဧပြီလထဲမှာ ရန်ကုန်၊မန္တလေးအပါအဝင် ဒေသအချို့တွင်နေ့အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်အထက်ရောက်ရှိမှာဖြစ်ပြီး နေ့အပူချိန်ပြင်းတဲ့အတွက်မိုးတိမ်တောင်တွေဖြစ်ထွန်းကာဒေသအချိုမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်၊မန္တလေး #နေ့အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်ကျော်နိုင် #မိုးတိမ်တောင်ကြောင့်မိုးရွာမည် #YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
ချောင်းသာမှပုသိမ်သို့သွားသည့် ခရီးသည်တင်ယာဉ် Minibus တောင်ကမ်းပါးသို့ဝင်တိုက်မိပြီး တိမ်းမှောက်သွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်၊၊
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် ကျား(၁)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် ကျား(၁)ဦး (သေဆုံး)တို့အား ချောင်းသာမြို့ဓမ္မပါလ လူမှုကူညီရေးအသင်းယာဉ်များဖြင့် ချောင်းသာတိုက်နယ်ဆေးရုံနှင့် ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်၊၊
ဧပြီလ(၅)ရက် ၀၈:၀၀ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကန်ကြီးကျေးရွာအုပ်စု၊ မျက်ရှကျေးရွာအနီး၊ မိုင်တိုင်(၂၉/၇)နှင့် (၃၀/ဝ)ကြားတွင် ချောင်းသာမြို့မှ ပုသိမ်မြို့သို့ မောင်းနှင်လာသော Minibus (အဝါ/အဖြူကြား) ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိတောင်ကမ်းပါးယံသို့ ဝင်တိုက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းသာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ချောင်းသာ #ပုသိမ် #ခရီးသည်တင်ယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group


#Local_News
Published_ 5 April 2023
မတ်လ၃၁နေ့ကျော်လွန်လာပြီဖြစ်သော်လည်း ဖောင်းကြွနံပါတ်ပြားပုံစံအသစ် လဲလှယ်ရန် ယာဉ်အချို့ ကျန်ရှိနေသည့်အတွက် ၂၀၂၃ ခုနှစ် ဧပြီလ အား ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်အား (၃၁.၃.၂၀၂၃) တွင် နောက်ဆုံးထား၍ ပြောင်းလဲတပ်ဆင်ရန် အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။
ပညာပေး ကာလ ကျော်လွန်ပါက လိုအပ်သည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိဖေါင်းကြွနံပါတ်မပြောင်းလဲရသေးသောမော်တော်ယဉ်များအနေဖြင့် သက်ဆိုင်ရာ ကုန်လမ်းညွန်ကြားမှုဦးစီးဌာနများတွင် ဖေါင်းကြွနံပါတ်လဲလှယ်မှုဆောင်ရွက်နိုင်ကြောင်းသိရသည်။
ymg/ppk
#Local_News #ဖောင်းကြွနံပါတ်ပြားပုံစံသစ် #ပညာပေးကာလထပ်တိုး
#YMG #Yangon_Media_Group

#Local_News
Published_ 5 April 2023
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အရိုးအထူးကုဆေးရုံကြီးရှေ့၌ ယမန်နေ့ ညဦးပိုင်းက အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဧပြီလ ၄ ရက်၊ ည ၇ နာရီ ၁၂ မိနစ်ဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အရိုးအထူးကုဆေးရုံရှေ့၌ အငှားယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ စုံစမ်းသိရသည်။
ဖြစ်စဉ်အရ အဆိုပါအငှားယာဉ်မှာ မောင်းလာရင်း အရိုးဆေးရုံရှေ့အရောက်၌ စက်ထိုးရပ်သွားစဉ် ယာဉ်မောင်းဖြစ်သူက ဆင်းကြည့်ရာမှာ ကား၏ ဆီတိုင်ကီအောက်ဘက်နားမှ မီးခိုးများထွက်လာသည်ကို တွေ့ရှိရပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပရဟိတအသင်းမှ သိရသည်။
ymg/ppk
#Local_News #ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံ #မော်တော်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား #YMG #Yangon_Media_Group

#Local_News
Published_ 5 April 2023
သင်္ကြန်တေးသီချင်းများကို အခမဲ့သုံးစွဲခွင့်ပြုရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ အများပြည်သူအတွက် သီဆိုဖျော်ဖြေခြင်း၊ထုတ်လွှင့်ဖော်ပြခြင်းများတွင် အသုံးပြုမည်ဖြစ်၍ မေတ္တာဖြင့်အခမဲ့သုံးစွဲခွင့်ပြုပါရန် ပန်ကြားထားခြင်းဖြစ်သည်၊၊
ထုတ်ပြန်ချက်တွင် ယခုနှစ်ကျင်းပမည့်မဟာသင်္ကြန်ပွဲတော်ဆင်နွဲရာတွင်ဖျော်ဖြေမှုအနေဖြင့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များနှင့်ဌာနဆိုင်ရာများတွင်မဟာသင်္ကြန်တေးသီချင်းများကိုဖျော်ဖြေသီဆိုတင်ဆက်ကပြကြမည်ဖြစ်ကြောင်း၊
ထိုသို့နိုင်ငံတော်အစိုးရကိုယ်စားပြုပြုလုပ်သည့်မြို့တော်ဝန်မဏပ်များ၊လမ်းလျှောက်သင်္ကြန်များတွင် သင်္ကြန်နှင့်သက်ဆိုင်သောတေးသီချင်းများကို သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံရုပ်မြင်သံကြားမှ အခမဲ့ထုတ်လွှင့်မည်ဖြစ်၍ သင်္ကြန်သီချင်းများအခမဲ့သုံးစွဲခွင့်ပြုရန်မူပိုင်ခွင့်ရှိသူများအားမေတ္တာရပ်ခံပန်ကြားချက်ကိုပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းနှင့် အသုံးပြုခွင့်ပေးသူတစ်ဦးချင်းစီအား ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားသည်၊၊
ymg/tthl
#Local_News #သင်္ကြန်တေးသီချင်းများ #အခမဲ့သုံးစွဲခွင့်ပြုရန် #မေတ္တာရပ်ခံပန်ကြားချက် #YMG #Yangon_Media_Group
#Local_news
Published_ 5 April 2023
ဘဏ်လုပ်ငန်းစနစ် လမ်းညွှန်ချက်နှင့်အတည်ပြုချက်ရရှိပါက ပိုကုန်/သွင်းကုန် လုပ်ငန်း ရှင်များထံသို ရူပီး/ကျပ် အကောင်အထည်ဖော်မှုအစီအစဉ်များ အသိပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဧပြီ (၄) ရက်က ကျင်းပစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်ခြင်းတွင် နယ်စပ် ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှု အတွက်လည်း ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတိုနှင့် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်နှင့် ဘတ်/ကျပ်ငွေ ကြေးတိုက်ရိုက်အသုံးပြုပေးချေရေး စနစ်များ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတိုပူးပေါင်းပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားဆောင်ရွက်မည့် ရူပီး/ကျပ် ငွေပေးချေမှုစနစ် Concept Paper တစ်ရပ် ဖော်ထုတ်ခဲ့ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ် (Reserve Bank of India) မှ သဘောတူပြီး ဖြစ်ကာ Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) account လက်ခံဆောင်ရွက်ရမည့် designated bank အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
နှစ်နိုင်ငံဗဟိုဘဏ်များ သဘောတူပြီး ငွေပေးချေမှုပုံစံနည်းလမ်းများကို ဆွေးနွေး ခဲ့ရာ တက်ရောက်လာသည့် သက်ဆိုင်ရာအစိုးရဌာနများမှ အကြီးအကဲများ၊ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများက ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_news #ရူပီး/ကျပ် #ဘဏ်လုပ်ငန်းစနစ် #ပိုကုန်/သွင်းကုန်လုပ်ငန်း
#YMG #Yangon_Media_Group
Page 1150 of 1854