#Local_News
Published_ 16 October 2023


စတုတ္ထအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု(ဒုတိယနေ့)အဖြစ် မင်္ဂလာဒုံ၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင်တူဖြစ်သူအသည်းအလှူရှင်ကိုနိုင်လင်း၏ အသည်းကိုယူပြီး အဒေါ်ဖြစ်သူ ဒေါ်ညိုညိုထွေးအား အသည်းအစားထိုးခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

 

ယင်းအသည်းအစားထိုးကုသမှုကို အောက်တိုဘာလ(၁၅)ရက်တွင် ဆောင်ရွက်ခဲ့ပြီး အသည်းအလှူရှင်နှင့် လူနာတို့သည် ခွဲစိတ်ကုသပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်းနှင့် အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု၊ ကျွမ်းကျင်သူများ ကဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။

 

တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နှင့်(၂၈) ရက်တို့တွင် ပထမအကြိမ်အသည်းအစားထိုးလူနာ(၂)ဦးအား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀)၊(၃၁) ရက်နှင့် ဖေဖော်ဝါရီလ(၁)ရက်တို့တွင် ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလူနာ ၃ ဦး ၊ တတိယ အကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင်လ (၁၈)ရက်တွင်အားလည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #အသည်းအစားထိုးခွဲစိတ်ကုသ  #tthl  #Yangon_Times