#Local_News
Published-16 October 2023


ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၈၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

အောက်တိုဘာလ (၃)ရက်မှ (၁၆)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၅၀၀)ခန့်၊ စုစုပေါင်း ဦးရေ (၈၀၀) ကျော် ခေါ်ယူရန် ဖော်ပြထားသည်။

 

အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန် နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက် အထားများ စိစစ်ပြီး ယင်း စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက် မှ အောက်တိုဘာလ (၂) ရက်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၁၄) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။

 

#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား(၈၀၀)
#Yangon_Times/PP