#Local_News
Published_ 19 November 2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်(၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် ဆရာတော်၊ သံဃာတော်စုစုပေါင်း(၂၁၉)ပါး ဝင်ရောက်
ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်၊၊
(၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ ပရိယတ္တိစာလျှောက်မေးပွဲကို နိုဝင်ဘာ(၁၉)ရက်မှ(၂၅)ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီးခြားစာချတန်း (၃၀) ပါး၊ သီးခြားစာသင်တန်း (၁၈၉) ပါး၊ စုစုပေါင်း (၂၁၉ )ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်သည်၊၊
(၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကိုနိုဝင် ဘာလ(၁၉)ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြသည်၊၊
ဖွင့်ပွဲအခမ်းအနားကို နေ့လယ် ၁၂၀၀ နာရီအချိန်တွင် ရင်ပြင်တော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက စာလျှောက်မေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခဲ့သည်။
ဆက်လက်၍ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ စာလျှောက်မေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒါခံယူခဲ့သည်။
ဆက်လက်၍ စေတိယင်္ဂဏစာလျှောက်မေးပွဲတွင် စာထောက်စာမ ဆောင်ရွက်ကြမည့် ဆရာတော်များအား အာဂုံကြီးကြပ်ပလ္လင်သို့ပင့်ဆောင်ပြီးနောက် သီးခြားစာသင်တန်းဖြေဆိုမည့် သံဃာတော်များက အလှည့်ကျအာဂုံပြန်ဆိုတော်မူခဲ့ကြကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_19 November 2022
ရုရှားငွေကြေးဖြစ်သည့် ရူဘယ်နှင့် မြန်မာကျပ်ငွေကို တိုက်ရိုက်ချိတ်ဆက်ပြီး ဖလှယ်အသုံးပြုမည်ဆိုပါက ကျပ်ငွေတန်ကြေး မြင့်တက်လာနိုင်ကြောင်း နစက ပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံမှ ရေနံနှင့်စွမ်းအင်တွေကို ကမ္ဘာ့နိုင်ငံတွေသို့ ရောင်းချရာတွင် ဒေါ်လာနှင့် အဝယ်မခံတော့ဘဲ ရူဘယ်နှင့် ဝယ်ယူခိုင်းသည့်အခါတွင် ဝယ်သည့်နိုင်ငံများမှ ၎င်းတို့၏ ရူဘယ်ကို လဲရကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဒီဇယ်တန်ချိန် (၃ ဒသမ ၂) သန်းနှင့် ဓာတ်ဆီတန်ချိန် (၂) သန်းကျော်ခန့် လိုအပ်ချက်ရှိနေပြီး အဆိုပါ ကုန်ပစ္စည်းတွေကို ရူဘယ်ငွေကြေးရှိပါက တိုက်ရိုက်ချိတ်ဆက် ဝယ်ယူလို့ရနိုင်ကြောင်း ယင်းမှ ဆက်လက်ပြောကြားထားသည်။
မြန်မာ နှင့် ရုရှားနိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုပမာဏသည် ပျှမ်းမျှအနေဖြင့် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ မှ ၆၀ ကျော်အထိဖြစ်ပြီး ထိုပမာဏ၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှုဖြစ်ကာ ဆန် နှင့် ဆန်ကွဲ၊ ချုပ်ပြီး အဝတ်အထည် နှင့် ပဲအမျိုးမျိုးကို တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Politics
Published 19 November 2022
သောကြာနေ့က အာရှ-ပစိဖိတ်စီးပွားရေးထိပ်သီးအစည်းအဝေး ကျင်းပတဲ့အပြင် အမေရိကန်ဒုသမ္မတ'ကာမာလာအဲရစ်'ဟာ မဟာမိတ်ခေါင်းဆောင်များကို အရေးပေါ်ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်ကနေ အမေရိကန်အထိ ရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်နဲ့ အခြားနိုင်ငံ ၅ နိုင်ငံမှခေါင်းဆောင်များစုဝေးကာ မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ ၂၁ နိုင်ငံအာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပွဲ မကျင်းပမီ နာရီပိုင်းအလိုမှာပင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးပွဲအတွင်း 'အဲရစ်'ဟာ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ကနေဒါ၊ နယူးဇီလန်တို့မှ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
"မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းအမျိုးမျိုးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာကျပါတယ်၊ ဒေသတွင်းလုံခြုံရေးကို မတည်မငြိမ်ဖြစ်စေပြီး မလိုအပ်ဘဲ တင်းမာမှုတွေ မြင့်တက်လာစေပါတယ်" လို့ 'အဲရစ်'ကဆိုပါတယ်။
အမေရိကန်အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကလည်း "သောကြာနေ့က မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ဒုံးကျည်ဟာ အကွာအဝေးပိုရောက်တဲ့ ဒုံးကျည်မျိုးဖြစ်ပြီး နိုင်ငံအများအပြားကို ထိမှန်နိုင်ပါတယ်၊ ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယား အခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကုလရဲ့ပိတ်ဆို့အရေးယူမှုများကို အရှိန်မြှင့်တင်ရန်ကြိုးပမ်းနေတဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေကို တရုတ်နဲ့ရုရှားတို့က ပိတ်ဆို့နေကြပေမယ့် အမေရိကန်ဟာ တရုတ်နဲ့ ပုံမှန်ဆက်ဆံရေးရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရုတ်အနေနဲ့လည်း ဒီကိစ္စမှာပါဝင်ဖို့ အရေးကြီးကြောင်း အရာရှိကပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'က ဒုံးကျည်စမ်းသပ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကာ နောက်ထပ်ရန်ဆောင်တဲ့အပြုအမူတွေ ချက်ချင်းရပ်တန့်ဖို့ အသိပေးလိုက်ပါတယ်။
အိမ်ဖြူတော်လုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ 'ဂျွန်ကာဘီ'က "အမေရိကန်ဟာ မဟာမိတ်များဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်းပြီး ကာကွယ်ရေးအတိုင်းအတာများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်" လို့ ထပ်မံပြောကြားထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က မြောက်ကိုရီးယားမှ နောက်ထပ်ဒုံးကျည်ပစ်လွှတ်များ ပြုလုပ်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
အစည်းအဝေးပွဲလက်ခံကျင်းပတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်'ပရာယွတ်ချန်အိုချာ'က ပွဲကိုဖွင့်လှစ်ခဲ့ပြီး ဘန်ကောက်မှာရဲတွေက အစိုးရဆန့်ကျင်ဆန္ဒပြသူများကို လူစုခွဲစေရန် ရာဘာကျည်ဆံများပစ်ဖောက်ခဲ့ရပါတယ်။
ဒီမတိုင်ခင် အာရှအစည်းအဝေးပွဲများ ပြုလုပ်ခဲ့ကြပေမယ့် ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်၊ ကိုရီးယားကျွန်းဆွယ်ကိစ္စတွေကြောင့် မှေးမှိန်ခဲ့ရပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published_ 19 November 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံကွမ်ရှီးဆေးဘက်ဆိုင်ရာတက္ကသိုလ်နှင့် ပညာရေးဆိုင်ရာများ၊ ဆေးဘက်ဆိုင်ရာများပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်၊၊
ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မည့်အကြောင်းကို တရုတ်နိုင်ငံ ကွမ်ရှီးမြို့၌ (၈)ကြိမ်မြောက် တရုတ်- အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ရင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကVideo Key Note Speech ဖြင့်မိန့်ခွန်းပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီးက "တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်များ အား ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အထိ (၈) ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ကျင်းပသော (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာဆေးပညာ ဖိုရမ်၏ ဆောင်ပုဒ်မှာ All on “Cloud Silk Road” for Oral Health ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလတွင် ကျန်းမာရေးဆိုင်ရာ ဖလှယ်မှ များ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်းနှင့် ကိုက်ညီမှုရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်- ရန်ကုန်နှင့် Guangxi Medical University Hospital ၊ College of Stomatology တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိပြီး ယခုအချိန်အထိ Guangxi Medical University၊ College of Stomatology မှ မြန်မာနိုင်ငံ၏ ဘွဲ့ကြို၊ ဘွဲ့လွန်ဆရာဝန် (၃၀)နီးပါးကို ပြုစုပျိုးထောင်ပေးခဲ့ သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ယနေ့သည် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာနနှင့် Guangxi Medical University၊ College of Stomatology မှ ပညာရေးနှင့် ဆေးဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အွန်လိုင်းမှ တရားဝင်လက်မှတ် ရေးထိုးသည့် အခမ်းအနားလည်း ကျင်းပမည်ဖြစ်ပါ၍ နေ့ထူးနေ့မြတ်တစ်ရက်လည်း ဖြစ်ပါကြောင်း။
ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံမှ သွားဘက်ဆိုင်ရာဆရာဝန်များအကြား ဆေးပညာရပ်ပိုင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်သည် တရုတ် ကွမ်ရှီး-အာဆီယံ ကျွမ်းကျင် ပညာရှင်အကြံပေးကော်မတီ တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သွားဘက် ဆိုင်ရာဆေးပညာများ အပါအဝင် ကျန်းမာရေး အသိပညာများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမှ ပြည်သူပြည်သားများ၏ ကျန်းမာရေး ကိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း" ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် Guangxi Medical University၊ College of Stomatology မှ ပါမောက္ခချုပ်၊ Prof. Hongbing Liao တို့သည် သွားဘက်ဆိုင်ရာ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို Virtual စနစ်ဖြင့် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ချီးမြှင့်ခဲ့သည်၊၊
တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်ကို နိုဝင်ဘာ(၁၈)ရက်မှ (၁၉)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၊ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ သွားဘက်ဆိုင်ရာဆေးပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_19 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။
အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၈ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၁ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် လုပ်သား ၁ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန်လုပ်သား ၂၅ ဦး ၊ ကုန်ထုတ်လုပ်သား ၂၈ ဦးကို ထပ်မံစေလွှတ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#World_Health
Published 19 November 2022
ယူကေမှာ နှစ်စဉ် ဦးနှောက်ကင်ဆာဖြစ်ပွားသူ ၁၂,၃၀၀ ခန့်ရှိနေကြောင်း ယူကေကင်ဆာသုတေသနအဖွဲ့က ဆိုပါတယ်။
များသောအားဖြင့် ဦးနှောက်မှာ အကျိတ်အနေနဲ့ရှိတတ်ပြီး ရောဂါလက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။
အဖြစ်များတဲ့လက္ခဏာတွေက ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ ရုတ်တရက်ရောဂါထခြင်းတို့ ဖြစ်ပါတယ်။
နောက်ထပ်လက္ခဏာတစ်ခုကတော့ နားထင်မှာဖြစ်တဲ့အကျိတ်ဖြစ်ပြီး ခေါင်းထဲမှာ အသံတွေကြားရတာမျိုး ခံစားရတတ်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
အကျိတ်ဖြစ်တဲ့နေရာပေါ်မူတည်ပြီး မှတ်ဉာဏ်စွမ်းရည်တွေမှာ ပြဿနာဖြစ်ပေါ်နိုင်ပါတယ်။
ယာယီမှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စကားပြောဆိုရခက်ခဲခြင်းနဲ့ နားထောင်ရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ဦးနှောက်အကျိတ်ဖြစ်ပြီဆိုရင် ခေါင်းထဲမှာ နေရာကျဉ်းသွားတာကြောင့် ဦးခေါင်းကိုဖိထားသလို ခံစားရမှာပါ။
အကျိတ်ကြီးလာတာနဲ့အမျှ ဦးခေါင်းထဲမှာ ဖိအားများလာမှာဖြစ်ပြီး အောက်ပါအခြေအနေများ ခံစားရနိုင်ပါတယ်။
(၁) ခေါင်းကိုက်ခြင်း
အရင်တုန်းက အဆိုပါဝေဒနာမခံစားရဘဲ လနဲ့ချီအောင် ခေါင်းကိုက်လာပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါပြီ။
(၂) အကြောကပ်ခြင်း
လက်တွေ ခြေတွေ အကြောတက်ခြင်း၊ အကြောကပ်ခြင်းတို့ဖြစ်ပေါ်ပြီး အခြားဖျားနာခြင်းပါ ခံစားလာရရင် ဆရာဝန်ပြသင့်ပါတယ်။
(၃) ဖျားနာခြင်း
ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ မျက်လုံးပြဿနာများနဲ့အတူ ဖျားနာခြင်းခံစားရလေ့ရှိပါတယ်။
(၄) ငိုက်မျဉ်းခြင်း၊ သတိလစ်ခြင်း
ဦးခေါင်းတွင်းဖိအားများပြီး ဦးနှောက်ဆီ သွေးရောက်ရှိမှုနည်းသွားတဲ့အခါ အဆိုပါလက္ခဏာ ခံစားရတတ်ပါတယ်။
(၅) မျက်လုံးပြဿနာများ
မျက်စိကျန်းမာရေးပိုဆိုးလာတာဟာ ဦးနှောက်အကျိတ်ကြောင့်ဖြစ်နိုင်ပြီး အမြင်ဝါးခြင်း၊ အမြင်အာရုံကျဉ်းခြင်း၊ ကျယ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
(၆) နေထိုင်မှုပုံစံပြောင်းလဲလာခြင်း
စိတ်ရှုပ်ထွေးလာပြီး သာမန်အတိုင်းစဉ်းစားဖို့တောင် ခက်ခဲလာတတ်ပါတယ်။
စာဖတ်ခြင်း၊ စာရေးခြင်းတို့မှာ ပြဿနာရှိလာပြီး စကားပြောခြင်း၊ နားလည်သဘောပေါက်ခြင်းတို့မှာ အခက်အခဲရှိလာပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published _ 19 november 2022
ရန်ကုန်မြို့အလယ် ကျောက်တံတားမြို့နယ်တွင် လူစည်ကားချိန်၌ ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း (အလယ်ဘလောက်)မှာ အသက် ၃၀ ဝန်း ကျင်ရှိ အမျိုးသားတစ်ဦးဟာ ဓားထိုးခံရကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကူညီပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဓားထိုးခံရသည့် အမျိုးသားကို ကျောက်တံတား အရန်မီးသတ်တပ်ဖွဲ့ (Auxiliary Fire Force) မှ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနတွင် ရရှိဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားကြောင်း သိရှိခဲ့ရသည်။
ဖြစ်စဉ်အသေးစိပ်ကို အတိအကျမသိရှိရသေးဘဲ သေဆုံးသူဟာ မုန့်ဟင်းခါးစားနေရင်း ဓားထိုးခံရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#World_Health
Published 19 November 2022
ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ချေကို ၇၂ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အပြေးလေ့ကျင့်ခန်းဟာ ကိုယ်တွင်းအင်္ဂါတွေထဲက ဂလူးကို့စ်သကြားဓာတ်ကို ပိုမိုအသုံးပြုရတာကြောင့် အကျိတ်ဖြစ်စေနိုင်တဲ့ စွမ်းအင်ပမာဏကိုလျှော့ချပေးနိုင်ကြောင်း တဲလ်အေဗစ်တက္ကသိုလ်မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
"လူတွေရော ကြွက်တွေမှာပါ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ကြည့်ခဲ့ကြပါတယ်၊ ကြွက်တွေကို နေ့စဉ် မိနစ်အနည်းငယ်မျှပြေးခိုင်းပြီးတော့ သူတို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ဆန်းစစ်ခဲ့ပါတယ်၊ လှုပ်ရှားမှုကို ရေရှည်ပြုလုပ်တဲ့အခါမှာတော့ တစ်ရှူးတွေပြောင်းလဲသွားတာကို အံ့အားသင့်ဖွယ်တွေ့ခဲ့ရပါတယ်၊ လှုပ်ရှားမှုလုပ်တဲ့အခါ အင်္ဂါအားလုံးမှာ ဂလူးကို့စ်ကို များစွာအသုံးချရပြီး ဇီဝဖြစ်စဉ်အများအပြားဖြစ်ခဲ့ပါတယ်" လို့ လူ့မော်လီကျူးမျိုးဗီဇဆိုင်ရာ ပရော်ဖက်ဆာ'ကာမစ်လဲဗီ'က ပြောကြားခဲ့ပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကြွက်တွေမှာ အကျိတ်ဖြစ်ပွားမှုလျော့နည်းလာကြောင်း တွေ့ရှိခဲ့ကြပါတယ်။
လူပေါင်း ၃,၀၀၀ ကျော်ကို နှစ်ပေါင်း ၂၀ တိုင်အောင် လေ့လာမှုပြုလုပ်ခဲ့ရာ ပြင်းထန်တဲ့အပြေးမျိုးပြုလုပ်သူတွေဟာ မပြေးတဲ့သူတွေထက် ကင်ဆာဖြစ်နိုင်ချေ ၇၂ ရာခိုင်နှုန်း ပိုမိုနည်းပါးခဲ့ပါတယ်။
ကင်ဆာရောဂါက ကမ္ဘာမှာ အသေအပျောက်အများဆုံးအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ကြွက်တွေရော လူတွေမှာပါစမ်းသပ်ချက်များအရ ကင်ဆာအကျိတ်ပျံ့ပွားနိုင်ချေနည်းပါးခြင်းဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဂလူးကို့စ်သုံးစွဲမှုများလာကာ အကျိတ်တွေဖြစ်ပေါ်မလာတော့တာဖြစ်ပါတယ်။
"အခြားလေ့ကျင့်ခန်းတွေ မလေ့လာရသေးပေမယ့် ပြေးခြင်းကတော့ အတွင်းတစ်ရှူးတွေ ဇီဝဖြစ်စဉ်ချေဖျက်မှုများလာပြီး အကာအကွယ်ပေးနိုင်တာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
အဆီချလေ့ကျင့်ခန်းလို သာမန်လှုပ်ရှားမှုတွေနဲ့မတူတာက ပြင်းထန်တဲ့လှုပ်ရှားမှုတွေဟာ ကင်ဆာကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။
အရင်လေ့လာမှုတွေမှာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အချို့သောကင်ဆာတွေကို ၃၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိပါတယ်။
ဇီဝဖြစ်စဉ်တွေနဲ့ ဇီဝကမ္မသက်ရောက်မှုတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ ကင်ဆာကာကွယ်ရာမှာ ဆေးကုသမှုများထက် ပိုမိုထိရောက်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 19 November 2022
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့ခြင်းကို ကန့်ကွက်ပယ်ချကြောင်း နစက နိုင်ငံခြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အီးယူနှင့် အိုအိုင်စီတို့က နှစ်စဉ် ကမကထပြု တင်သွင်းသည့် ရှည်လျားလှသော ဆုံးဖြတ်ချက်အဆို တွင် အခြေအမြစ်မရှိသော ထပ်တလဲလဲ စွပ်စွဲချက်များ ပါဝင်သည်။ ဆုံးဖြတ်ချက်အဆိုတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ယခုဆုံးဖြတ်ချက်အဆိုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက်အဆိုတွင် ဖြစ်စဉ်၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေ အနေမှန်ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ်များ နှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ် လက်ခံရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိကျင်းပလျက် ရှိသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အတည်ပြုခဲ့ သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုလျက် နိုင်ငံရေးသွတ်သွင်းတဲ့ အဆိုသာဖြစ်ပြီး၊ မျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် လက်တွေ့ကျမှု မရှိဘူးလို့ ဆိုပါတယ်။
အဆိုတွင် အကြမ်းဖက်မှုနှင့် ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့် ရေး တောင်းဆိုထားသော်လည်း ကလေးသူငယ် ၁၀၀ ဦး ကျော်အပါအဝင် လက်နက်မဲ့ အရပ်သား ၄,၀၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်လုပ်ရပ် များကို ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြထားပါတယ်။
ထို့အပြင် လက်ရှိတွင် “NUG” ဆို သည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြု လျက်ရှိ သော ကျော်မိုးထွန်း၏ ပါဝင်တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အခြားလုပ်ရပ် များကိုလည်း ခြွင်းချက်မရှိ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 18 Nov 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကထုတ်လုပ်တဲ့ ဒုံးပျံတစ်စီးကို သောကြာနေ့က ကမ္ဘာ့လေထုရဲ့အထက်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ တွန်းအားပေးဆောင်ရွက်နေမှုမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
တန်တစ်ဝက်ရှိတဲ့ အဲဒီ Vikram-S ဒုံးပျံဟာ သောကြာနေ့ နေ့လယ်မတိုင်ခင် ပစ်တင်ခဲ့တာဖြစ်ပြီး စက်ဝိုင်းပြတ်ထဲမှာ ရွေ့လျားခဲ့ပါတယ်။
အဲဒီလွှတ်တင်မှုတွေကို အိန္ဒိယအာကာသသုတေသနဌာနရဲ့ တိုက်ရိုက် ဗွီဒီယိုထုတ်လွှင့်မှုမှာ မြင်တွေ့ကြရပါတယ်။
ခြောက်မိနစ်အကြာမှာ အဲဒီဒုံးပျံဟာ ပင်လယ်ထဲကို ဆင်းသက်ခဲ့တယ်လို့ အေဂျင်စီကနေသိရပါတယ်။
ယခုဒုံးပျံကို ပြည်တွင်းက Skyroot Aerospace ကုမ္ပဏီက ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၅၅ မိုင်အမြင့်အထိ ရောက်ရှိပါတယ်။ အဲဒီအမြင့်ဟာ ကမ္ဘာမြေကြီးနှင့် ပြင်ပအာကာသတို့ကိုပိုင်းခြားထားတဲ့ ၁၀၀ ကီလိုမီတာ ကာမန်မျဉ်းရဲ့ အောက်ဖြစ်ပါတယ်။
Source: AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook >>> https://fb.watch/gTlVii-a23/
#Breaking_News
Published 18 Nov 2022
အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင် (၄၁)ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်၇၅/၂၀၂၂ ကို ယနေ့ နိုဝင်ဘာ (၁၈)ရက်ရက်စွဲဖြင့် နစက,က ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါအမိန့်စာအရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေက AA လက်နက်ကိုင်အဖွဲ့မှ (၁၇)ဦး၊ KIA မှ (၁၇)ဦး၊ RCSS/SSA. မှ (၅)ဦးနှင့် KNU/KNLA မှ(၂)ဦးတို့ဖြစ်ကြပါတယ်။
ထို့အပြင် တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ AA မှ(၁)ဦးနှင့် KIA မှ(၃)ဦး ပေါင်း(၄)ဦးတို့ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သီးခြားအမိန့်၇၆/၂၀၂၂ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-ymg/knl
#EAO_Amnesty
#Local_News
Published _ 18 November 2022
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
Page 1145 of 1645