Published_ 19 October 2023

သီတင်းကျွတ်ပွဲ‌တော် ကာလအတွက် အထူးရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါကဲ့သို့ ပြေးဆွဲရာတွင် ရန်ကုန်_နေပြည်တော် ၊ရန်ကုန်_မန္တလေး၊ရန်ကုန်_ပြည် အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

" သီတင်းကျွတ် အခါကြီးရက်ကြီးဆိုရင် ဝန်ထမ်းရထားပြေးဆွဲပေးတယ် ။ခရီးသည်တွေအတွက်လည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးတယ် ။လက်မှတ်တွေကိုလည်း အခက်ခဲမရှိအောင် ဆောင်ရွက်ပေးသွားပါမယ် "ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်_နေပြည်တော်၊ရန်ကုန်_မန္တလေး၊ရန်ကုန်_ပြည်အထူးရထားများ၏ လက်မှတ်ခနှုန်းထားများမှာ ပြောင်းလဲခြင်းမရှိဘဲ တစ်ဆင့်မြှင့်ထားသည့် မူလနှုန်းထားအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group