Published_ 19 October 2023

အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသ(၁၁)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အောက်တိုဘာလ(၂၀)ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။

မနက်ဖြန်အောက်တိုဘာလ(၂၀)ရက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့်ရက်များကခန့်မှန်းချက်ထုတ်ပြန်ထား သည်။

ထူးခြားသည့်အခြေအနေအဖြစ် အောက်တိုဘာမြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း “စန်ဘ” (Sanba) သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group