#World_Politics
Published 19 June 2023
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'ရဲ့ တရုတ်ခရီးစဉ်ဒုတိယနေ့နဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ တရုတ်ထိပ်သီးသံအမတ်'ဝမ်ယိ'နဲ့ တွေ့ဆုံခဲ့ပြီး ဗျူဟာကျပြိုင်ဘက်တွေအဖြစ် သဘောထားကွဲလွဲမှုတွေကနေ ပဋိပက္ခအထိဖြစ်မလာအောင် ဦးတည်ဆွေးနွေးခဲ့ကြပါတယ်။
သံတမန်နှစ်ဦးဟာ ပေကျင်းမြို့ ဒေါင်ယူထိုင်ပြည်နယ်ဧည့်ရိပ်သာမှာ တရုတ်နဲ့အမေရိကန်အလံများရှေ့မှောက် လက်ဆွဲနှုတ်ဆက်ကြပြီး သူတို့ရဲ့ကိုယ်စားလှယ်အဖွဲ့များနဲ့အတူ အစည်းအဝေးခန်းမသို့ သွားရောက်ခဲ့ကြပါတယ်။
ထိုနေ့နှောင်းပိုင်းမှာပဲ ဘလင်ကန်အနေနဲ့ တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့လည်း ဆက်လက်ဆွေးနွေးသွားဦးမလားဆိုတာကို အားလုံးကစောင့်ကြည့်နေကြကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပေမယ့် နိုင်ငံခြားရေးဌာနကတော့ အတည်မပြုသေးပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ၅ နှစ်အတွင်း တရုတ်ကိုပထမဆုံးအကြိမ် လာရောက်လည်ပတ်တာဖြစ်ပြီး တနင်္ဂနွေနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး'ချင်ကန်'နဲ့တွေ့ဆုံကာ ပွင့်လွင့်ပြီးအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို ၇ နာရီခွဲကြာတဲ့အထိ ပြောကြားခဲ့ကြပေမယ့် ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး၊ လူအခွင့်အရေး၊ ဖန်တနိုင်းထုတ်လုပ်မှုမှာ တရုတ်မှအမေရိကန်သို့ ကုန်ကြမ်းပစ္စည်းစီးဆင်းမှုတွန်းအားပေးရေး စတဲ့ကိစ္စအရပ်ရပ်တွေမှာတော့ တိုးတက်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေရန် နှစ်ဖက်စလုံးမှ ဆန္ဒရှိကြောင်းထုတ်ဖော်ခဲ့ကြပြီး ဆက်လက်ဆွေးနွေးဖို့ရန်အတွက် ချင်ကန်က ဝါရှင်တန်သို့ သွားရောက်လည်ပတ်ဖွယ်ရှိတယ်လို့ သဘောတူခဲ့ကြကာ ရက်အတိအကျတော့ မကြေညာသေးပါဘူး။
တရုတ်နိုင်ငံသို့ ဘလင်ကန်လာရောက်စဉ် တိုးတက်အောင်မြင်မှုရရှိမယ်လို့ မမျှော်လင့်ထားပေမယ့် နှစ်နိုင်ငံဆက်ဆံရေးမှာ အခြေခံအကျဆုံးအနေအထားကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်အစိုးရပိုင် Global Times က တနင်္လာနေ့မှာ ဖော်ပြထားပါတယ်။
ပြဿနာများကို အစည်းအဝေးအနည်းအကျဉ်းမျှဖြင့် ဖြေရှင်းနိုင်မှာမဟုတ်ပေမယ့် စတင်ဆွေးနွေးမှုများက အောင်မြင်ဖို့လမ်းစဖြစ်လာနိုင်ကြောင်း အမေရိကန်အရာရှိများက ဆိုပါတယ်။
အမေရိကန်လေပိုင်နက်မှာ တရုတ်သူလျှိုပူဖောင်းလို့ သံသယဖြစ်စရာအရာဝတ္ထုတွေ့ရှိပြီးနောက် ဘလင်ကန်ရဲ့ခရီးစဉ်ဟာ ဖေဖော်ဝါရီလက ရွှေ့ဆိုင်းခဲ့ကာ ထိုနှစ်နိုင်ငံကြား ဆက်ဆံရေးယိုယွင်းလာခြင်းက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်၊ ကုန်သွယ်ရေးအတိုင်းအတာများ၊ လမ်းကြောင်းများ၊ ထောက်ပံ့ရေးကွင်းဆက်များအပေါ် သက်ရောက်နေပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ထိပ်သီးဆက်ဆံရေးနဲ့ပတ်သက်ပြီး ထိုင်ဝမ်က အသေးစိတ်အကြောင်းအရာတွေကို အနီးကပ်လေ့လာနေပါတယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ်'ချန်ချင်ဂျန်'က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးဟာ ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီး လတ်တလောနှစ်များအတွင်း ပျက်စီးလာကာ တစ်နေ့နေ့မှာ စစ်ရေးအရထိပ်တိုက်ရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
အမေရိကန်အရာရှိတွေက ဆွေးနွေးမှုမှာ ကြီးကြီးမားမားတိုးတက်မှု မရရှိပေမယ့် လာမယ့်လများအတွင်း ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယယ်လန်'နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး'ဂျီနာရေမွန်ဒို'တို့ရဲ့ ခရီးစဉ်များအပါအဝင် နှစ်နိုင်ငံအစည်းအဝေးများဖြစ်လာရန် လမ်းစဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက မျှော်မှန်းထားပါတယ်။
Source: France24 #World_Politics #တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်
#YMG #Yangon_Media_Group
#World_Health
Published 19 June 2023
အခုအချိန်မှာ လူပြောအများဆုံး စားသောက်မှုပုံစံက သွေးအမျိုးအစားပေါ်မူတည်တဲ့ စားသောက်မှုပဲဖြစ်ပါတယ်။
ကျန်းမာရေးကောင်းကျိုးအမြင့်မားဆုံး ရရှိဖို့အတွက် မိမိရဲ့သွေးအမျိုးအစားပေါ်မူတည်ပြီး အစားအသောက်ကို ရွေးချယ်စားသောက်ရမှာဖြစ်ပါတယ်။
လူတွေစားသောက်လိုက်တဲ့ အစားအစာတွေက သွေးအမျိုးအစားပေါ်မူတည်ပြီး ဓာတုနည်းအရ ကွဲပြားစွာဓာတ်ပြုကြပါတယ်။
ထိုနည်းလမ်းအတိုင်း စားသောက်မယ်ဆိုရင် ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပြီး နာတာရှည်ရောဂါဖြစ်နိုင်ချေကို လျော့နည်းစေမှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။
အဓိကသွေးအမျိုးအစားတွေက အေ၊ ဘီ၊ အေဘီ၊ အို တို့ဖြစ်ပြီး စားသုံးသင့်တဲ့အစားအစာတွေက တဖြည်းဖြည်းနဲ့ ဆင့်ကဲပြောင်းလဲလာပါတယ်။
အိုသွေးအမျိုးအစားက ရှေးအကျဆုံးဖြစ်ပြီး ၄ သောင်းဘီစီခန့်က စတင်ခဲ့ဟန်တူကာ ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး ပရိုတိန်းမြင့်မားတဲ့အစားအသောက်များ စားသုံးသင့်ပါတယ်။
အေသွေးအမျိုးအစားကတော့ အိုသွေးနောက်ပေါ်ပေါက်လာခဲ့ဟန်ရှိကာ အပင်အခြေပြုစားစရာတွေ စားသုံးသင့်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချရာမှာ ဒီလိုစားသောက်မှုပုံစံပေါ်လည်း မူတည်နေပါတယ်။
ဘီသွေးပိုင်ရှင်များကတော့ အသားနဲ့ နို့ထွက်ပစ္စည်းများ စားသုံးပေးသင့်ပါတယ်။
အေနဲ့ဘီသွေးရောစပ်နေတဲ့ အေဘီသွေးကတော့ ပေါ်ပေါက်တာ နှစ် ၁ ထောင်မပြည့်သေးကာ ကြက်ဆင်သား၊ တိုဖူး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်တို့ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
ဒီလိုမျိုးရွေးချယ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကိုဖယ်ရှားပေးကာ အကျိုးရှိတဲ့ရလဒ် ထွက်ပေါ်စေနိုင်မှာဖြစ်ကြောင်း အက်စ်တာ CMI ဆေးရုံမှ ဒေါက်တာ'အက်ဒ်ဝီနာရာဂျ်'က ဆိုပါတယ်။
ဒီစားသောက်မှုပုံစံအတိုင်း စားသောက်လို့ ကျန်းမာရေးအကျိုးကျေးဇူးရရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတော့ မရှိသေးဘူးလို့ အက်စ်တာ RV ဆေးရုံမှ ဒေါက်တာ'ဆူမီတာဘစ်ဝက်စ်'က ပြောပြလိုက်ပါတယ်။
Source: India Today #World_Health #သွေးအမျိုးအစားပေါ်မူတည်၍ရွေးချယ်စားသောက်ရ
#YMG #Yangon_Media_Group
#World_Science
Published 19 June 2023
ခွေးတွေက နေပူပူအချိန်မှာ ကိုက်ချင်စိတ်ပိုများပြီး မိုးရွာတဲ့အချိန်တွေမှာ ကိုက်ချင်စိတ်နည်းပါးတတ်ကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်မြို့ ၈ မြို့မှ ခွေးကိုက်မှုပေါင်း ၆၉,၅၂၅ ကြိမ်ကို သုံးသပ်ခဲ့ရာ တစ်နေ့ကို ၃ ကြိမ်ဖြစ်ပွားတာတွေ့ရပါတယ်။
ရာသီဥတုပူတဲ့အချိန်မှာ ရန်လိုတဲ့စိတ်ဖြစ်ပေါ်တာ ခွေးတွေသာမဟုတ်ဘဲ လူသားတွေလည်း ပိုမိုကြမ်းရမ်းတဲ့စိတ်ဖြစ်ပေါ်ပါတယ်။
ဒါ့အပြင် မျောက်တွေ၊ ကြွက်တွေလည်း အလားတူရန်လိုစိတ်ပိုများကြောင်း တွေ့ရပါတယ်။
ဟားဗတ်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ'ကလက်စ်လင်းမန်း'က ထိုမြို့တွေမှ ခွေးကိုက်မှုအချက်အလက်တွေကို လေ့လာခဲ့ပါတယ်။
ခွေးကိုက်မှုနှုန်း၊ နေ့စဉ်အပူချိန်၊ အိုဇုန်းလေထုပမာဏ၊ အမှုန်အမွှားများ၊ ခရမ်းလွန်ရောင်ခြည်၊ မိုးနဲ့ နှင်းအခြေအနေတို့ကို ထည့်သွင်းလေ့လာခဲ့ပါတယ်။
ခရမ်းလွန်ရောင်ခြည်များတဲ့အချိန်မှာ ခွေးကိုက်မှုနှုန်း ၁၁ ရာခိုင်နှုန်း၊ အပူချိန်များတဲ့နေ့တွေမှာ ၄ ရာခိုင်နှုန်း၊ အိုဇုန်းပမာဏများတဲ့အချိန်မှာ ၃ ရာခိုင်နှုန်းအသီးသီး များပြားနေကြောင်း ဖော်ပြခဲ့ကြပါတယ်။
မိုးများများရွာတဲ့နေ့တွေမှာတော့ ခွေးကိုက်မှုနှုန်း ၁ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
အဆိုပါသုံးသပ်ချက်တွေဟာ ခွေးအမျိုးအစား၊ အထီးအမ၊ သင်းကွပ်ထားခြင်းစတဲ့ အခြေအနေတွေပေါ် ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။
အရင်သုတေသနတွေမှာတော့ ခွေးတွေက သူတို့သိပြီးသားလူတွေကို ပိုပြီးကိုက်တတ်သလို လူက ခွေးနဲ့ထိတွေ့ပြောဆိုဖို့ ကြိုးစားရင်း ကိုက်တတ်ကြတာကို တွေ့ရှိထားပါတယ်။
Source: Daily Mail #World_Science #ခွေးကိုက်မှုနှုန်းပိုများကြောင်းတိရိစ္ဆာန်အထူးကုသတိပေး
#YMG #Yangon_Media_Group
၁၈ ဇွန် ၂၀၂၃
မြန်မာနစကကိုယ်စားလှယ်များ၏ အသံကို နားထောင်နိုင်ဖို့ အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများမှကိုယ်စားလှယ်များ အတွက် ဖိုရမ်တစ်ခုကို ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရက ကျင်းပပေးတာဟာ ဒေသတွင်း အကျိုးစီးပွားအတွက်ဖြစ်ပြီး အာဆီယံကိုယ်စားပြု လုပ်ဆောင်ခြင်းမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝင်နိုင်းက ပြောကြား လိုက်ပါတယ်။
အစည်းအဝေးဟာ အာဆီယံအစည်းအဝေးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့တိုးတက်မှုတွေကို နားထောင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ဖိုရမ်ဖြစ်တယ်လို့ မစ္စတာဒွန်က ဆက်ပြောပါတယ်။
“ ဒီလိုအစည်းအဝေးမျိုး ထိုင်းကကျင်းပပေးတာ ဒါပထမဆုံးမဟုတ်ဘူး။ ဒါဟာ တတိယအကြိမ်ဖြစ်တယ်။ ဒီလိုအစည်းအဝေးမျိုးနှစ်ကြိမ်လုပ်ပြီးပြီ။ သတင်းမထုတ်ပြန်တာပဲရှိတယ်။ သူတို့ဟာ မြန်မာက ဘာတွေလုပ်ပြီး သလဲဆိုတာ အကြိတ်အနယ် စဉ်းစားကြပြီး နားထောင်ခဲ့ကြတယ်” လို့ သူကပြောပါတယ်။
သူက အာဆီယံနိုင်ငံက ဝန်ကြီးအဆင့်တွေအားလုံးဖိတ်ကြားခဲ့ပြီး မတက်ရောက်ခဲ့သူတွေက လုံးဝပျက်ကွက်တာနှင့် ကိုယ်စားလှယ်လွှတ်ခဲ့တာတွေရှိပါတယ်လို့ သူကပြောပါတယ်။
“ ဒီအလုပ်ကို ကျွန်တော်တို့ပွင့်လင်းမြင်သာစွာလုပ်တာဖြစ်တယ်။ မြန်မာက နိုင်ငံခြားရေးဝန်ကြီးကို အစားထိုးပြီးပြီ။ သူ့ဆီက ကျွန်တော်တို့နားထောင်သင့်တယ်။ မြန်မာ(စစ်အစိုးရ)နှင့် စကားပြောဆိုမှုမရှိဘဲ ကျွန်တော်တို့ဘယ်လို နည်းလမ်းရှာမလဲ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဒါဟာ အာဆီယံ ဒါမှမဟုတ် အာဆီယံဥက္ကဋ္ဌကို ကိုယ်စားပြုလုပ်တာမဟုတ်ဘူး။ ဒါပေမယ့် အာဆီယံဥက္ကဋ္ဌရဲ့ အလုပ်ကိ ကူညီထောက်ပံ့တဲ့အနေနှင့်ဖြစ်တယ်ဆိုတာ အာဆီယံနိုင်ငံတွေက ရှင်းပြပြီးပြီလို့လည်း မစ္စတာဒွန်ကပြောပါတယ်။
“ ထိုင်းက ဘယ်လိုနာမည်ကောင်းမှမလိုချင်ဘူး။ ဒါပေမယ့် အာဆီယံကို လုံခြုံမှုနှင့်တည်ငြိမ်ရေးပြန်ဖြစ်စေချင်တယ်။ ပြီးတော့ သူ့ရဲ့ အလားအလာအမှန်ကို ကောင်းစွာအသုံးချနိုင်စေချင်တယ်” လို့ မစ္စတာဒွန်ကပြောပါတယ်။
ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံ လာဘွမ်းဘာဂျိုမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင် အများစုက မြန်မာနှင့်အပြန်အလှန်ဆက်ဆံမှုရှိသင့်တယ်လို့ သဘောတူခဲ့ကြပေမယ့် ဘယ်သူကမှ လက်တွေ့ မလုပ်ခဲ့ကြဘူး လို့လည်း သူကပြောပါတယ်။
“ အခြေအနေတွေက မြန်မာနိုင်ငံမှာ အကြီးကြီးပြောင်းလဲခဲ့တယ်။ ပဋိပက္ခတွေပိုများလာတယ်။ အများစုဟ တိုင်းရင်းသား လူနည်းစုတွေနှင့်ပတ်သက်နေတယ်။ အဲဒါတွေဟာ မြန်မာနှင့် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့မြင်မိတဲ့ အကြောင်းရင်းတွေဖြစ်တယ်” လို့ မစ္စတာဒွန်ကပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနှင့် နယ်စပ်ခြင်း ၂၄၀၀ကီလိုမီတာထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ပြဿနာတွေ မြန်မြန်ပြီးလို့ ရရင် ပြီးစေချင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ သူကဆိုပါတယ်။
မြန်မာပြဿနာဟာ ဒေသဆိုင်ရာနိုင်ငံရေးကို အလွန်စိတ်ပူစရာဖြစ်ပြီး ကြီးထွားလာရင် ဒေသတစ်ခုလုံးကို ရိုက်ခတ် နိုင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
အလွတ်သဘော အစည်းအဝေးကို တနင်္ဂနွေနှင့် တနင်္လာနှစ်ရက်မှာ ပတ္တရားမှာ ကျင်းပသွားမယ်လို့ မစ္စတာဒွန်က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။ ထိုင်းအိမ်စောင့်အစိုးရက ဒီလိုအစည်းအဝေးတွေဆက်လုပ်မှာပဲဖြစ်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ထိုင်းနိုင်ငံဟာ အခြားအာဆီယံနိုင်ငံတွေနှင့်မတူဘဲ မြန်မာနိုင်ငံထဲက စစ်ပွဲတွေရဲ့ ဆိုးကျိုးကိုရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“ အစည်းအဝေးမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ အိမ်စောင့်အစိုးရရဲ့ အခန်းကဏ္ဍမဟုတ်ဘူး။ ဒါဟာ ဆက်သွားနေတယ့် မစ်ရှင်တစ်ခုဖြစ်တယ်။ ကိစ္စအသစ်မဟုတ်ဘူး။ ကျွန်တော်တို့ဟာ နိုင်ငံ့အကျိုးစီးပွားအတွက် ဒီကိစ္စကိုလုပ်နေ တာဖြစ်တယ်” လို့ သူကပြောပါတယ်။
အာဆီယံနိုင်ငံအချို့က ဝန်ကြီးတွေ အချိန်ကပ်အကြောင်းကြားလို့ မတက်ရောက်ပေမယ့် အစည်းအဝေးကိုဆက်လုပ်မယ် လို့ သူကပြောပါတယ်။
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စနှင့်ပတ်သက်ပြီး ထိုင်းအပေါ် မအီမသာဖြစ်နေတယ်။ ဒီအလုပ်ကို ခင်ဗျားအတွက် မေတ္တာလက်ဆောင်အဖြစ် ကျွန်တာ်တို့လုပ်တာလို့ သူတို့ကိုရှင်းပြခဲ့တယ်” လို့သူကပြောပါတယ်။
အလွတ်သဘောအစည်းအဝေးကို တနင်္လာနေ့မှာကျင်းပမယ်လို့ သူက နောက်ပိုင်းမှာပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအကျိုးဆက်ရိုက်ခတ်ခံရတဲ့ နိင်ငံတွေရဲ့ အလွတ်သဘောအစည်းအဝေးလို့သူကပြောပါတယ်။
အစည်းအဝေးကို ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊လာအို၊မြန်မာနှင့် ဗီယက်နမ်တို့က အဆင့်မြင်ကိုယ်စားလှယ် တွေတက်ရောက်လိမ့်မယ်လို့ သိရပါတယ်။
Source Bangkok Post
#Thailand Forum on Myanmar
#Myanmar_Thailand
#Myanmarpolitics
#Yangonmediagroup
#Yangontimes
#TV Yangon Times Matters အစီအစဉ်
Published_ 18 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဆုကဗျာ ( Hsu Yati Jewelry & Founder ) နှင့်အတူ
အသက် ၁၅ နှစ်အရွယ်မှ စတင်ကာ အနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး fair & loverly အလှမယ်ဆုရရှိခဲ့ပြီးမင်းသားကြီး ဒွေးနဲ့တွေ့ဆုံကာ" ချစ်ခြင်းဖွဲ့မေတ္တာ"ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း
သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အကြံဉာဏ်ရယူကာ ဆုရတီရတနာဆိုင် ဖွင့်ခဲ့ကြောင်း
ညောင်ဆယ်ပင် အဓိဌာန် ၁ လပြည့်သွားချိန်တွင် ရတနာဆိုင်ဖွင့်လှစ်ဖို့အတွက် ကူညီမယ့်သူပေါ်ပေါက်လာကြောင်း
Online တွင် ရတနာပစ္စည်များစတင်ရောင်းချခဲ့ပြီး ဆိုင်ဖွင့်လှစ်နိုင်ခဲ့တာ (၆)နှစ်ရှိပြီဖြစ်ကြောင်း
"စတဲ့ ..... စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ဆုကဗျာ ( Hsu Yati Jewelry & Founder ) #YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 18 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဆုကဗျာ ( Hsu Yati Jewelry & Founder ) နှင့်အတူ
အသက် ၁၅ နှစ်အရွယ်မှ စတင်ကာ အနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး fair & loverly အလှမယ်ဆုရရှိခဲ့ပြီးမင်းသားကြီး ဒွေးနဲ့တွေ့ဆုံကာ" ချစ်ခြင်းဖွဲ့မေတ္တာ"ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း
သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အကြံဉာဏ်ရယူကာ ဆုရတီရတနာဆိုင် ဖွင့်ခဲ့ကြောင်း
ညောင်ဆယ်ပင် အဓိဌာန် ၁ လပြည့်သွားချိန်တွင် ရတနာဆိုင်ဖွင့်လှစ်ဖို့အတွက် ကူညီမယ့်သူပေါ်ပေါက်လာကြောင်း
Online တွင် ရတနာပစ္စည်များစတင်ရောင်းချခဲ့ပြီး ဆိုင်ဖွင့်လှစ်နိုင်ခဲ့တာ (၆)နှစ်ရှိပြီဖြစ်ကြောင်း
"စတဲ့ ..... စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ဆုကဗျာ ( Hsu Yati Jewelry & Founder ) #YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 18 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဆုကဗျာ ( Hsu Yati Jewelry & Founder ) နှင့်အတူ
အသက် ၁၅ နှစ်အရွယ်မှ စတင်ကာ အနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး fair & loverly အလှမယ်ဆုရရှိခဲ့ပြီးမင်းသားကြီး ဒွေးနဲ့တွေ့ဆုံကာ" ချစ်ခြင်းဖွဲ့မေတ္တာ"ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း
သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အကြံဉာဏ်ရယူကာ ဆုရတီရတနာဆိုင် ဖွင့်ခဲ့ကြောင်း
ညောင်ဆယ်ပင် အဓိဌာန် ၁ လပြည့်သွားချိန်တွင် ရတနာဆိုင်ဖွင့်လှစ်ဖို့အတွက် ကူညီမယ့်သူပေါ်ပေါက်လာကြောင်း
Online တွင် ရတနာပစ္စည်များစတင်ရောင်းချခဲ့ပြီး ဆိုင်ဖွင့်လှစ်နိုင်ခဲ့တာ (၆)နှစ်ရှိပြီဖြစ်ကြောင်း
"စတဲ့ ..... စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ဆုကဗျာ ( Hsu Yati Jewelry & Founder ) #YMG #Yangon_Media_Group
၁၉ ဇွန် ၂၀၂၃
မြန်မာနိုင်ငံမှာ ဒီတစ်ကြိမ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ အရင်လောက်ကြာမယ်မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ် ” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်ရှ်နန်က ပြောပါတယ်။
သူဟာ ဇွန်လ ၁၆ရက်က ဝါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံအပြီး မြန်မာ့အရေးကိစ္စသတင်းထောက်များ ရဲ့မေးမြန်းချက်တွေကို ဖြေကြားခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
“ လူတိုင်းနှင့်အတူထိုင်ပြီး ဆွေးနွေးအပေးအယူလုပ်ဖို့လိုတယ်။ အဲဒါဘယ်လောက်ကြာမလဲတော့ ကျွန်တော်မသိဘူး။ အရင်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်းကူးပြောင်းမှုပုံစံတစ်ခုဖြစ်ပေါ်လာဖို့တော့ ၂၅နှစ်ကြာခဲ့တယ်။ အခုတော့ အဲသလာက်ကြာမှမဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှုလက္ခဏာ မရှိသေးဘူးလို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် ဝါရှင်တန်အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။
တိုးတက်မှုမရှိခြင်းကြောင့် မြန်မာနှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံဖို့ အချိန်မဟုတ်သေးဘူးလို့လည်း ဘာလက်ခရစ်ရှ်နန်က ဆက်ပြောပါတယ်။ ဒါပေမယ့် လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ သက်ဆိုင်သူအားလုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနေတယ်လို့လည်း သူကပြောပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြောတာတွေကို သူလည်းသဘောတူတယ်လို့ဘလင်ကန်ကပြောလိုက်ပြီး မြန်မာကိစ္စ အာဆီယံ ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံတယ်လို့လည်းဆက်ပြောပါတယ်။
“ ကျွန်တော်တို့အားလုံး မြန်မာစစ်အစိုးရအပေါ် သင့်တင့်လျောက်ပတ်တဲ့ ဖိအားတစ်ခုဆက်ပေးနေဖို့နှင့် အတိုက်အခံနှင့် ထိတွေ့ဆက်ဆံဖို့ နည်းလမ်းဆက်ရှာနေဖို့ အလွန်အရေးကြီးပါတယ်” လို့ ဘလင်ကန်ကပြောပါတယ်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံတပ်မတော်ကို စင်္ကာပူကုမ္ပဏီတွေက စစ်လက်နက်ပစ္စည်း ဒေါ်လာ ၂၅၄သန်းတင်ပို့ခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးရဲ့စွပ်စွဲချက်တွေနှင့်ပတ်သက်ပြီးတော့လည်း စင်္ကာပူအစိုးရအနေနှင့် ဒါမျိုးမဖြစ်အောင် အစကောင်းဆုံး လုပ်ဆောင်နေပါတယ်လို့ပဲ သတင်းထောက်တွေရဲ့အမေးကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကပြန်ဖြေခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။
Source Reuters
#Singapore_Myanmar
#Myanmar_Politics
#Blinkin
#Balakrishnan
၁၈ ဇွန် ၂၀၂၃
တက်စ်လာ Tesla ဟာ ၄၅စက္ကန့်တိုင်းမှာ လျှပ်စစ်ကားတစ်စီးထုတ်လုပ်နိုင်တာကို Giga Lab ဖွင့်လှစ်ပြီးအများပြည်သူကို ပြသလိုက်ပါပြီ။
တကယ်တမ်းတော့ တက်စ်လာရဲ့ ဂစ်ဂါ စက်ရုံတစ်ရုံရဲ့ နောက်ကွယ်ကမြင်ကွင်းတွေကို သိပ်မြင်တွေ့ဖူးကြလေ့မရှိပါဘူး။
တစ်ခါတစ်ခါ တက်စ်လာကုမ္ပဏီရဲ့ ကြော်ငြာက ဗွီဒီယိုအပိုင်းအစတိုကလေးတွေမှာသာတွေ့ဖူးကြတာပါ။
အခုအဲဒါတွေပြောင်းလဲသွားပါပြီ။ တက်စ်လာက ယင်းရဲ့ Giga Lab ဂစ်ဂါလက်ဗ် အသစ်ဟာ လျှပ်စစ်ကားတွေ ဘယ်လို တည်ဆောက်ထုတ်လုပ်နေတယ်ဆိုတာကို ပြည်သူတွေကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်နေပါပြီ။
တရုတ်နိုင်ငံမှာရှိတဲ့ တက်စ်လာရဲ့ အယူအဆသစ် စတိုးဟာ ၄၅ စက္ကန့်လောက်နှင့် ကားတစ်စီးထုတ်လုပ်နိုင်အောင် တည်ဆောက်ထားပါတယ်။ ဒါဟာလည်း လက်ရှိရှန်ဟိုင်းက ဂစ်ဂါစက်ရုံမှာ တကယ်ထုတ်လုပ်နေတာကို ပုံပွားပြသထားတာပဲဖြစ်ပါတယ်။
ကားဝယ်ချင်သူတွေအတွက် အဲဒီပြခန်းဟာ တက်စ်လာအရောင်းပြခန်းပဲဖြစ်ပြီး လျှပ်စစ်ကားတွေကို အဲဒီမှာဝယ်နိုင်တယ်လို့ တက်စ်လာ အေးရှားကပြောပါတယ်။အတွေ့အကြုံသစ်ကြီးတစ်ခုကို ထပ်တိုးပေးကမ်း တာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
Source CCTV/Tesla Asia
#World_Health
Published_ 18 June 2023
မက္ကဆီကိုရှိ စတော်ဘယ်ရီးခင်းတွေမှာ ပျံ့ပွားနေတဲ့ အသည်းရောင်အသားဝါ-အေရောဂါပိုးဟာ အမေရိကန်မှာ ကူးစက်ပျံ့ပွားနေပြီး ရက် ၉၀ အတွင်းမှာပင် စတော်ဘယ်ရီပြန်လည်သိမ်းဆည်းရခြင်း ၃ ကြိမ်တိုင် ဖြစ်ပွားခဲ့ပါတယ်။
Trader Joe's ၊ Costco ၊ Aldi နဲ့ အော်ရီဂွန်အခြေစိုက် Willamette Valley Fruit ကုမ္ပဏီတို့ဟာ သူတို့ရဲ့ပစ္စည်းတွေမှာ ရောဂါပိုးကူးစက်နေမှာ စိုးရိမ်ရတဲ့အတွက် ဝယ်ယူထားတဲ့စတော်ဘယ်ရီတွေကို လွှင့်ပစ်ဖို့ ဝယ်ယူသူများကို တောင်းဆိုထားပါတယ်။
ဒီလိုပြန်လည်သိမ်းဆည်းမှုများကြောင့် မက္ကဆီကိုမှာစိုက်ပျိုးတဲ့ အသီးတွေမှာ ဗိုင်းရပ်စ်က ဘယ်လောက်အထိပျံ့နှံ့နေလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်လာစေပါတယ်။
Great Value Strawberries ၊ Great Value Mixed Fruit ၊ Great Value Antioxidant Blend အမည်ဖြင့်ထုတ်လုပ်တဲ့ စတော်ဘယ်ရီတွေကို ပြည်နယ် ၃၂ ခုမှာ ဖြန့်ဝေရောင်းချခဲ့ပါတယ်။
ထိုထုတ်ကုန်များနဲ့ပတ်သက်ပြီး မတ်လအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ဒါဟာ မနှစ်က ကမ္ဘာတဝှမ်းက ကလေးတွေမှာ အသည်းရောင်အသားဝါ-အေ ကူးစက်မှုဖြစ်ပွားခဲ့တဲ့မျိုးဗီဇကွဲနဲ့ တူညီနေပြီး ဘာဂျာကယ်လီဖိုးနီးယားမှတင်ပို့တဲ့ အော်ဂဲနစ်စတော်ဘယ်ရီတွေကနေ ဆက်စပ်နေပါတယ်။
ရောဂါပိုးကူးစက်ထားတဲ့ စားသောက်စရာတွေ စားမိပြီး ၁၅ ရက်ကနေ ရက် ၃၀ အတွင်း ကူးစက်ဖျားနာတတ်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။
အသည်းရောင်အသားဝါ-အေက အလွန်ကူးစက်တတ်တဲ့ အသည်းရောဂါတစ်မျိုးဖြစ်ပြီး ရောဂါကူးစက်သူရဲ့အညစ်အကြေးထံမှ ကူးစက်မိတဲ့စားစရာတွေကို စားမိတဲ့ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ အဓိကကူးစက်တတ်ပါတယ်။
ဒီရောဂါပိုးနဲ့ထိတွေ့သူတိုင်း ရောဂါလက္ခဏာမဖြစ်တတ်သလို ကူးတဲ့သူတွေမှာတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါ်လာတတ်ပါတယ်။
များသောအားဖြင့်လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်အားနည်းခြင်း၊ ရုတ်တရက်မူးဝေခြင်း၊ ဝမ်းလျှောပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရွှံ့စေးရောင် မီးခိုရောင်လို ကျင်ကြီးသွားခြင်း၊ စားချင်စိတ်နည်းပါးခြင်း၊ ဆီးအနက်ရောင်သွားခြင်း၊ အသားဝါခြင်း၊ ယားယံခြင်းတို့ဖြစ်တတ်ပါတယ်။
ကာကွယ်ဆေးမထိုးထားသူတွေနဲ့ အဆိုပါရောဂါမဖြစ်ဖူးသူတွေမှာ ကူးစက်နိုင်ချေအများဆုံးဖြစ်ပါတယ်။
သာမန်အားဖြင့် ကုသမှုမလိုအပ်ပေမယ့် တစ်ခါတစ်ရံတော့ ကြီးကြီးမားမားနေမကောင်းတာမျိုး ဖြစ်တတ်ပါတယ်။
ရောဂါအစပျိုးရာနေရာတွေမှာ သန့်ရှင်းမှုနည်းပါးခြင်းကြောင့် အစားအစာတွေမှာ ကူးစက်နေတတ်ပါတယ်။
မက္ကဆီကိုသို့မသွားခင်မှာ အသည်းရောင်အသားဝါ-အေကာကွယ်ဆေး ထိုးနှံရန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက မှာကြားထားပါတယ်။
အမေရိကန်မှာ ကူးစက်ပျံ့ပွားနေခြင်းက တရားမဝင်ဆေးသုံးစွဲနေသူတွေ၊ အိမ်ခြေရာမဲ့တွေ၊ ယောက်ျားချင်းအတူနေသူတွေမှာ ကူးစက်နိုင်တယ်လို့ သတိပေးထားပါတယ်။
Source: Daily Mail
#YMG #Yangon_Media_Group
၁၈ ဇွန် ၂၀၂၃
ယူကရိန်းအနေနှင့် နေတိုးကို ဝင်ရောက်ဖို့ ရုရှားကျူးကျော်မှုရှိနေသော်ငြား အမေရိကန်က အထူးအစီအစဉ်လုပ်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့ကပြောကြားခဲ့ပါတယ်။
“ သူတို့ဟာ တစ်မျိုးတည်းသောစံသတ်မှတ်ချက်တွေနှင့် ပြည့်စုံဖို့လိုတယ်။ ကျွန်တော်တို့ လွယ်ကူအောင်လုပ်ပေးမှာ မဟုတ်ဘူး” လို့ အမေရိကန် သမ္မတက ဝါရှင်တန်မြို့တော်မှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။
နေတိုးခေါင်းဆောင်တွေ လာမယ့် လမှာ လစ်သူယေးနီးယားမှာ မတွေ့ဆုံခင် ဘိုင်ဒင်ရဲ့ မှတ်ချက်ပေါ်ပေါက်လာတာပါ။
အထင်ကရအဆင့်တစ်ခုအဖြစ် နေတိုးမဟာမိတ်ခေါင်းဆောင်တွေဟာ နေတိုး-ယူကရိန်းကောင်စီရဲ့ ပထမဆုံး အစည်းအဝေးကို လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်နီးယပ်စ်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးနှင့်အတူ ကျင်းပပေးဖို့ရှိနေတယ်လို့ နေတိုးအကြီးအကဲ ဂျင်းစ်စတိုတင်ဘတ်က ဘရတ်ဆဲမှာ သောကြာနေ့ကပြောထားပါတယ်။
အဲဒီအစည်းအဝေးဟာ ယူကရိန်းကို လုံခြုံရေးကိစ္စအကြံပေးဆုံးဖြတ်ဖို့ အဆင့်တူနေရာတစ်ခုပေးမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
နေတိုးဟာ အဲဒီထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးအရ ချည်နှောင်မှုကို ပိုမိုခိုင်မာအောင်လုပ်ကြမှာဖြစ်ပေမယ့် ယူကရိန်းအဖွဲ့ဝင်ဖြစ်ဖို့ကိုတော့ ဆွေးနွေးကြမှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။
နေတိုးအဖွဲဝင်ဖို့ဖိတ်ခေါ်မှာမဟုတ်ပေမယ့် ယူကရိန်းကို နေတိုးနှင့်ပိုနီးလာအောင်တော့လုပ်ကြမယ်လို့လည်း သူက ပြောပါတယ်။
နေတိုးဟာ ပြီးခဲ့တဲ့နှစ်ဖော်ဖော်ဝါရီမှာ ရုရှားတိုက်ခိုက်ကတည်းက ယူကရိန်းကို ဆယ်ဂဏန်းဘီလျံရှိတဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းကို အဖွဲ့ဝင်ပေးလိုက်ရင် စစ်ပွဲမှာ ရုရှားးနှင့်တိုက်ရိုက် ပဋိပက္ခဖြစ်လာ မှာကို အချို့သော နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စိတ်ပူနေကြတာဖြစ်ပါတယ်။
သတင်းအရင်းအမြစ်-အေအက်ဖ်ပီ
#Russia_Ukraine
#Joe_Biden
#Yangonmediagroup
#Yangontimes
#World_Science
Published_ 18 June 2023
လူသားများအနေနဲ့ အင်္ဂါဂြိုဟ်လိုမျိုး အာကာသသို့ခရီးဝေးသွားတဲ့အခါမှာ အချို့ကောက်ပဲသီးနှံများ စိုက်ပျိုးရန်လိုပြီး အာကာသထဲမှာ အပင်များကြီးထွားပုံကို နားလည်ရန်လိုအပ်ပါတယ်။
ဒီအတွက် နာဆာ(NASA)က ၂၀၁၅ ခုနှစ်ကတည်းက အာကာသထဲမှာ ပန်းပင်များစိုက်ပျိုးခဲ့ပြီး နာဆာအာကာသယာဉ်မှူး'ရှဲလ်လင်ဂရင်'က အသက်သွင်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာအာကာသစခန်းမှာ မျိုးစေ့ချစိုက်ပျိုးထားတဲ့ ဇီနီယာအပင်ပွင့်လာတဲ့ပုံကို နာဆာက ဖော်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ၁၉၇၀ ခုနှစ်များကတည်းက အာကာသအတွင်းရှိအပင်များကို လေ့လာခဲ့ပေမယ့် ဒီစမ်းသပ်ချက်ကိုတော့ ရှဲလ်လင်ဂရမ်က ၂၀၁၅ ကစတင်ခဲ့ပါတယ်။
နိုင်ငံတကာအာကာသစခန်းမှာ ဆလတ်၊ ခရမ်းချဉ်သီး၊ ငရုတ်ပင်များစိုက်ပျိုးထားပြီးဖြစ်ပြီး နောက်ထပ်အပင်များ ထပ်စိုက်ဦးမှာဖြစ်ပါတယ်။
ဒီလိုအာကာသဥယျာဉ်ကို နိုင်ငံတကာအာကာသစခန်းမှ တီထွင်ခဲ့တာဖြစ်ပြီး ကြီးထွားလာနိုင်ချေကို ဖော်ပြနေပါတယ်။
ဇီနီယာပန်းပွင့်တဲ့လုပ်ငန်းစဉ်က ဆွဲငင်အားအလွန်နည်းပါးတဲ့နေရာမှာ အပင်တွေဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို ပိုမိုနားလည်လာစေရန် အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။
ဝေးလံတဲ့အာကာသတာဝန်တွေထမ်းဆောင်ရန် အာကာသယာဉ်မှူးများအတွက် လက်တွေ့လုပ်ကိုင်နိုင်ရန် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
အဆိုပါဓာတ်ပုံကြောင့် သိပ္ပံပညာဝါသနာရှင်များအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး အများအပြားမှတ်ချက်ပေးခဲ့ကြပါတယ်။
Source: WION
#YMG #Yangon_Media_Group
Page 1144 of 1959