Published 20 October 2023

ထိုင်းနိုင်ငံ လုပ်ငန်းခွင် အတွင်း ဖော့ကလစ်ကားတိမ်းမှောက် မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား အတွက် နစ်နာကြေး ဘတ်၁သန်းကျော် ကို မိသားစုထံ ပေးအပ် ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှိ မြန်မာသံရုံး ၏သတင်းထုတ်ပြန်ချက်အရ သိရသည်.။

အဆိုပါ သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား သည်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ Evergrowing Resources Recycling (Thailand) Co., Ltd သို့ လာေရာက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ဖြစ်ကာ ၁၂-၅-၂၀၂၂ ရက်နေ့တွင် လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကားတိမ်းမှောက်၍ သေဆုံးခဲ့ ခြင်း ဖြစ်သည်။

လုပ်ငန်းခွင် အတွင်းသေဆုံးခဲ့ သည့် မြန်မာအလုပ်သမား အတွက် ချာချင်ဆောင်မြို့ လူမှုဖူလုံရေးရုံးမှ နစ်နာကြေးငွေ ဘတ် (၁,၀၁၇,၂၄၄.၂၂ ) ကို ၄-၁၀-၂၀၂၃ ရက်နေ့နှင့် ၁၂-၁၀-၂၀၂၃ ရက်နေ့တို့တွင် အသီးသီးပေးအပ်ခဲ့ရာ အဆိုပါနစ်နာကြေးငွေများကို အလုပ်သမားသံအရာရှိရုံးမှ မိခင်ဖြစ်သူ ၏ လက်ဝယ်သို့ ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီး၏ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် အတွက် မြန်မာ သံရုံးမှ တိုက်တွန်းထားသည်။
Yangon_Times/LW
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group