Published-19 October 2023

အရှေ့တောင်အာရှချန်ပီယံ ရွှေတံဆိပ်ဆုများရှင် မြန်မာ့လက်ရွေးစင် အလေးမ အားကစားသမားဟောင်း ဦးစန်းမြင့် (ဗိုလ်ကြီးစန်းမြင့်- ငြိမ်း) အသက် (၇၂) နှစ်သည် ယမန်နေ့က (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဦးစန်းမြင့်သည် ၁၉၇၇ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု (၁၃) ခုအား ဆွတ်ခူးရယူပေးနိုင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။

၎င်းအတွက် နာရေးကူညီထောက်ပံ့ငွေ ၅၀၀၀ဝဝိ/- (ကျပ်ငါးသိန်းတိတိ) ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group