#Local_News
Published-13 October 2023

ကျန်းမာရေးထိခိုက်နိုင်သည့် တာရှည်ခံဓာတု ပစ္စည်းများ ခွင့်မပြုဆိုးဆေးပါဝင်သည့် စားသုံးရန်မသင့်သည့်အစားအသောက်(၁၉)မျိုးကို သုံးသွဲရန်မသင့်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးထားသည်။

 

ဈေးကွက် များတွင်ရောင်းချလျက်ရှိသော အစားအသောက် များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာမှ အဆိုပါ အစားအသောက်များကို စစ်ဆေးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းတို့မှာ ထူးကဲပို 240g Plastic bottle (Exp-10-3-2023) ပုန်းရည်ကြီးကျော်၊ (ဘုရင်မ -/Cap ရှောက်သီးပေါင်း ၊ ( -/Cap (Exp-12-4-2023) ဇယန်းအစပ်နှပ်၊ ချိုဝင်း 50g/Plastic Pack (Exp 8-2023)သုံံရာပေါင်း၊ July Egg /Plastic cup ဂျယ်လီ၊ Fruity 200ml/Plastic cup ဂျယ်လီ(အညိုရောင်)၊(အနီရောင်)၊(အစိမ်းရောင်) ၊ ကောင်းထက်စံ(-/Plastic pack) ယိုစုံ၊ ရွှေမိ(-/Plastic pack)ယိုစုံ၊ ဘော့(စ်)10g/Plastic pack (Exp-30-2-2024)သုံပုရာအချိုရည်အမှုန့်နှင့် လိမော်အချိုရည်အမှုန့်၊ MR-POWER 220ml/ Plastic Pack (Exp:30-12-2023)၊ ဌေးဌေး (-/Plastic Pack) သစ်သီးယိုစုံ၊ စားဖိုမှူးစိတ်ကြိုက်(-/Plastic pack) ငရုတ်ဆော့၊ မြတ်-/Plastic pack)ရောသမမွှေယိုစုံ၊ ရှမ်းမလေး(-/Plastic bottle)သစ်သီးယို၊ လျှာရင်းမြတ်10g 6Sachets /Plastic pack (Exp:12-2023)နှင့် ခွင့်မပြုဆိုးဆေး Sudanlll ပါဝင်နေသောအရောင်တင်မှုန့်တို့ဖြစ်သည်။

 

အဆိုပါအစားအသောက် များကို ရေရှည်စားသုံးမိပါက အစာ အိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ကြောင်းလည်း ဖော်ပြထားသည်။

 

အစားအသောက်ထုတ်လုပ်ရောင်းချ၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့်လည်း သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံဓာတု ပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ခွင့်ပြုအစားအသောက်ထပ်ဖြည့် ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

#Local_News #အစားအသောက်(၁၉)မျိုး #FDA ထုတ်ပြန်
#Yangon_Times/PP