Published_ 06 October 2023

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းအတွင်း ရွှေတူးဖော်ရာမှ အမျိုးသား ၂ဦး သေဆုံးခဲ့ ပြီး အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ အောက်တိုဘာ ၆ ရက် မွန်းတည့် ၁၂နာရီ ၁၅မိနစ် ခန့်က ကျင်းဟောင်းအတွင်း ဝင်ရောက်၍ ရွှေတူးဖော်ရာမှ မြေပြိုကျပြီး လူပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျင်းအတွင်းပိတ်မိနေသူ အမျိုးသား ၃ဦး အနက် အမျိုးသား၂ဦးသေဆုံးခဲ့ကာတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သ ဖြင့် မြို့နယ်ကြက်ခြေနီအသင်းယာဉ်နှင့် မိုးစေတနာပရဟိတအသင်းယာဉ်များဖြင့် ပျဉ်းမနားကုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group