#Published_ 06 October 2023

EVကားမီးလောင်ခြင်းနှင့်ပတ်သက်၍ကားထုတ်လုပ်‌သည့် KSD Myanmarအမှတ်တံဆိပ်မှ မီးလောင်ရခြင်းအကြောင်းရင်းနှင့် ဖြေရှင်းချက်ကို၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်၌ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် KHAING KHAING SANGDA GROUP LIMITED မှ ထုတ်လုပ်ရောင်းချသော KSD အမှတ်တံဆိပ် ELECTRIC VEHICAL ယာဥ်များ ၀ယ်ယူအားပေးသူ လေးစားရပါသော Customer များထံအသိပေးတင်ပြခြင်းခေါင်းစဉ်ဖြင့်

        ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာ၅ရက်နေ့     ည (11) နာရီခန့်တွင် KSDV1-NE1 အမျိုးအစား (3S/------) ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယနေ့ (6-10-2023) နေ့တွင်   KHAING KHAING SANGDA GROUP LIMITED မှ တာ၀န်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် KSDV1-NE1 ယာဥ်အား Company မှ ရောင်းချစဥ် Battery ကုန်ပါက အားသွင်းရန် နေရာသို့ သွားရောက်ရန် (10-15 Kilometer) ခန့် မောင်းနှင် အသုံးပြုနိုင်မည့် ( 200 cc ) မီးစက်အင်ဂျင်အသေးတစ်လုံးတပ်ဆင်ထားကြောင်း၊

    အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် (3S/--------) ယာဥ်တွင် Customer မှ မိမိသဘောဖြင့်   ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီး၊ Battery Charging သွင်းသည့်စနစ် နှင့်   ၀ါယာရိန်း စနစ်အား ပြောင်းလဲတပ်ဆင် အသုံးပြုထား သည်ကိုတွေ့ရှိရကြောင်း၊

    သို့ပါသောကြောင့် အဆိုပါယာဥ် မီးလောင်မှုဖြစ်စဥ်တွင် Company ၏ မူလထုတ်လုပ်မှု ပုံစံ ချို့ယွင်းချက် တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှု ဖြစ်ပွားခြင်းသာ ဖြစ်ပါသောကြောင့် KSD အမှတ် တံဆိပ် ELECTRIC VEHICLE ယာဥ် များကို ၀ယ်ယူ အသုံးပြုထားသော Customer များနှင့် ထပ်မံ၀ယ်ယူမည့်မိဘပြည်သူများ အန္တရာယ်ကင်း စိတ်အေး ချမ်းသာစွာ စီးနှင်း အသုံးပြု ၀ယ်ယူနိုင်ပါရန် လေးစားစွာအသိပေးတင်ပြအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group