Published_ 06 October 2023

360 Fight Club V အမည်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့အောင်လံ ဗိုလ်လုပွဲကို အောက်တိုဘာလ ၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၁၃ ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၅၂-၅၄ ကီလိုတန်း အောင်လံ ထိန်းပွဲစဉ်အဖြစ် မြတ်မြတ်ဟိန်း (လုံးချောကလပ်)နှင့် အောင်ကောင်းကျော် (Ray))၊ ၅၄-၅၇ ကီလိုတန်း အောင်လံထိန်း ပွဲစဉ်များအဖြစ် နော်နော် (Python)နှင့် အောင်ကို (Tiger Gym)၊ စိုးနောင်နောင် (ဒေါနသွေး)နှင့် သန်းလင်းအောင် (Ray)၊ ရိန်နော် (KCK )နှင့်စောထီး (ကျားမနိုင်)၊ ၅၇-၆၀ ကီလိုတန်း အောင်လံ ထိန်းပွဲစဉ်များအဖြစ် ရဲကျော်အောင် (360 Sports)နှင့် ဈာန်ထွန်း (အဖြူရောင်သွေးသစ်)၊ ကျားရိုင်း (ကျားဘုရင်) နှင့် ကဲဒိုစေး (ရိုးရာကျား)၊ မင်းခန့်စိုး (နဂါးမာန်) နှင့် အောင်ခန့် (Smart Fight) တို့ ယှဉ်ပြိုင်မည်ဟုသိရသည်။

အလားတူ ၆၀-၆၃ ကီလိုတန်း အောင်လံထိန်း ပွဲစဉ်များအဖြစ် ရိန်ကြယ်နော် (Python) နှင့် ကောင်းဆက်နိုင် (ရိုးရာကျား)၊ ညီရဲခန့် (YFC) နှင့် ရဲလင်းဇော် (Smart Fight)၊ ၆၇-၇၀ ကီလိုတန်း အောင်လံထိန်းပွဲစဉ်အဖြစ် ရဲမင်း (Python) နှင့် အဒူး(Eagle)၊ ၅၄-၅၇ ကီလိုတန်း အောင်လံဗိုလ်လုပွဲစဉ် အဖြစ် စောကဲဒို (Holy Power) နှင့် အောင်ရဲနိုင် (Power Punch )၊ ၆၀-၆၃ ဒသမ ၅ ကီလိုတန်း အောင်လံဗိုလ်လု ပွဲစဉ်အဖြစ် လောကွာဒူး (တော်ဝင်ရိုးရာ) နှင့် ဂေါ်ဒိုထူး (ရိုးရာကျား)၊ ၆၇-၇၁ ကီလိုတန်း အောင်လံဗိုလ်လု ပွဲစဉ်အဖြစ် အာကာဖြိုး (Tiger Gym) နှင့် ဇော်သက်နောင် (Knight) တို့ ယှဉ်ပြိုင်မည်ဟုသိရသည်။

အဆိုပါပြိုင်ပွဲအတွက် လက် မှတ်ခများကို ရိုးရိုးတန်း ၁၀၀၀၀ ကျပ် ၊ အထူးတန်း ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး 360 Fight Club ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူများ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group